Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:

News » Local News

၂၁ ရာစုနှစ် အထူးခြားဆုံးသော ထိရောက်သည့် ကြော်ငြာခြင်း စီမံခန့်ခွဲမှုသင်တန်း Device မှ ပို့ချ

 

၂၁ ရာစုနှစ် အထူးခြားဆုံးသော ထိရောက်သည့် ကြော်ငြာခြင်း စီမံခန့်ခွဲမှုသင်တန်း (Advertising Management) သင်တန်းကို မတ်လ ၁၉ ရက်နေ့က Device Business Management Academy မှ ပို့ချခဲ့ပါသည်။ (Advertising Management) သင်တန်းကို Device Business Management Academy မှ MD ဦးတင်ဇံကျော် ကသင်ကြားပေးခဲ့ပြီး သင်တန်းကို မတ်လ ၁၉ ရက်နေ့ နှင့် ၂၀ ရက်နေ့များတွင် မြန်မာအင်ဖိုတက် တွင် ၂ ရက်တာပို့ချခဲ့ပါသည်။ ယင်းသင်တန်းတွင် အထူးအစီအစဉ်အဖြစ် မြန်မာပြည်တွင်း စီးပွားရေးလုပ်ငန်း ကြော်ငြာများ၊ စီးပွားသုတေသနလုပ်ငန်း နယ်ပယ်များမှ လုပ်ငန်းရှင်ကြီးများ၊ နိုင်ငံတကာအတွေ့အကြုံရှိ Professional ပုဂ္ဂိုလ်များမှလည်း အထူးဆွေးနွေးပို့ချခြင်း အစီအစဉ်များ ပါဝင်ပါသည်။ ထို့ပြင် အဆိုပါသင်တန်းကိုအားပေးကူလီ၍ ပံ့ပိုးမှုများပြုလုပ်ပေးသော ကုမ္ပဏီများမှလည်း မိမိတို့၏ ထုတ်ကုန်ပစ္စည်းများအား နမူနာ လက်ဆောင်များပေးခြင်း၊ အစားအသောက်များနမူနာကျွေးခြင်း၊ သင်တန်းအားလပ်ချိန်များတွင် သင်တန်းသားအချင်းချင်းအပြန်အလှန် မိတ်ဆက်ပေးခြင်း၊ ဆွေးနွေးခြင်း၊ စပွန်ဆာကုမ္ပဏီများ၏ ကြော်ငြာများအား ကြော်ငြာဆလိုက်များဖြင့် ပြသပေးခြင်းစသည့် လှုပ်ရှားမှုများဖြင့်ထူးခြားစွာ တင်ဆက်ခဲ့ကြောင်း သိရပါသည်။






 

(22-3-2011)
Source: Ko Lin (Myanmar Training)


                        Gusto မှ ICT Foundation နှင့် Programming Fundamental သင်တန်းများဖွင့်မည် .  . .. .. .    .. .  .  . . .  .  . . . .  . . .  .  . . . .      .    . .. .         .     .      . . .  .  . . .                      
        
 

ICT Information နှင့် Programming Fundamental သင်တန်းများကို Gusto နည်းပညာသင်တန်းကျောင်းမှ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်းသိရသည်။ ICT Foundation သင်တန်းတွင် Microsoft Office Module, Basic Programming Module, Database Module, Graphic Design Module, Networking Module များကို မတူညီသောရူထောင့်များမှ သင်ကြားပေးသွားမည် ဖြစ်သည်။ သင်တန်းကိုမတ်လ ၂၅ ရက်မှစတင်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလ ၃ လကြာမြင့်မည်ဖြစ်ကာ သင်တန်းသားဦးရေ ၁၀ ဦးသာကန့်သတ်ထားသဖြင့် မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။ Programming Fundamentals သင်တန်းတွင် Programming Language အားလုံးအတွက် အသုံးဝင်သော အခြေခံ Concepts & Process, Ways of Thinking နှင့် Techniques များကို နေ့စဉ်ကြုံတွေ့နေရသော လက်တွေ့ပြဿနာများကို အခြေခံ၍ လုပ်ငန်းခွင်ဖြင့် ချိတ်ဆက်စဉ်းစားနိုင်ရန် သင်ကြားပေးမည်ဖြစ်ပြီး Case Study များဖြင့် လေ့လာရမည်ဖြစ်သည်။ သင်တန်းကိုမတ်လ ၂၆ ရက်မှ စတင်ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ၃ လကြာမြင့်မည်ဖြစ်ကာ သင်တန်းသားဦးရေ ၁၅ ဦးကန့်သတ်ထားသဖြင့် တက်ရောက်လိုသူများ အနေဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။ သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်ထပ်မံသိရှိလိုပါက ဖုန်း-၀၉-၈၆၂၈၈၀၆၊ ၂၂၄ ၄၉၆ သို့ဆက်သွယ် မေးမြန်းစုံစမ်းနိုင်သည်။





  

 

(22-3-2011)
Source: Internet Journal


             THAMES LANGUAGE CENTER မှ စင်ကာပူနိုင်ငံအသိအမှတ်ပြု အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်မည် .  . .  .  . . . . .  .  .  .  .  . .  .  .  .. . . . . .  . ..  .  .  . . .   . . ... . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

THAMES LANGUAGE CENTER မှ စင်ကာပူနိုင်ငံအသိအမှတ်ပြု အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ အင်္ဂလိပ်စာကို အခြေခံကျကျ စနစ်တကျ လေ့လာလိုသူများအတွက် သင်တန်းများကို မတ်လလယ်မှ စ၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ သင်တန်းရှိ Courses များကို ကျွမ်းကျင်သော ဆရာ၊ ဆရာမကြီးများနှင့် နိုင်ငံတကာ အဆင့်မီသင်ရိုးများကို သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Singapore Thames International မှ အသိအမှတ်ပြု Certificate များကိုပေးအပ်မည်ဖြစ်ကြောင်းသိရသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတိုင်း တက်ရောက်နိုင်ပြီး သင်ကြားမည့်ပုံစံမှာ Read, Write, Listening, Speaking စသည့် 4 Skills နှင့်သင်ကြားမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကို မတ်လ ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းချိန်မှာ စနေ၊ တနင်္ဂနွေ (မနက် ၁၀ ခွဲမှ နေ့လည် ၁ ခွဲ) ထိသင်ကြားမည်ဖြစ်ကြောင်းသိရသည်။ တန်းခွဲတစ်ခုကို မတ်လ ၃၀ ရက်တွင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းချိန်မှာ အင်္ဂါ၊ ဗုဒ္ဓဟူး (မနက် ၇းဝဝ မှ ၉းဝဝ) ထိသင်ကြားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းသားရဲ့ အင်္ဂလိပ်စာ အရည်အချင်းမြင့်ပါက Placement test ကိုဖြေဆိုပြီး level 2 ကို တိုက်ရိုက်တက်ရောက်နိုင်ကြောင်း သိရသည်။ Level တစ်ခုလျှင် USD 40 နှင့် ညီမျှသော ကျပ်ငွေသွင်းပြီး International Exam ဖြေဆိုနိုင်ကြောင်း သိရှိရသည်။ အသေးစိတ် သိရှိလိုပါက THAMES LANGUAGE CENTER ဒုတိယထပ်၊ မြေနီကုန်းပလာဇာ၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၅၀၁ ၄၅၀ ၊ ၇၀၆ ၇၄၀၊ ၅၂၅ ၉၇၁ တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။








 

(22-3-2011)
Source: Internet Journal


                                       “ပုဂ္ဂလိကကျောင်းဥပဒေမူကြမ်း ရေးဆွဲပြီးစီးကြောင်းသိရ” . ....  .. . . . . . . . .  .  . .. .. . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

မြန်မာနိုင်ငံ၌ ပုဂ္ဂလိက ကျောင်းဥပဒေမူကြမ်းကို ရေးဆွဲပြီုးစီးပြီဖြစ်ကြောင်း အခြေခံပညာနှင့် ပုဂ္ဂလိက ပညာသင် အသိုင်းအဝိုင်းမှ စုံစမ်း သိရှိရပါသည်။ အဆိုပါဥပဒေ အတည်ပြုပြဋ္ဌာန်းပြီး ထွက်ရှိလာမည်ဆိုပါက အစိုးရကျောင်းများ နည်းတူ အတန်းတင်စာမေးပွဲကို စမ်းသပ်လုပ်ကိုင်ခွင့်ပြုထားခဲ့သော ရန်ကုန်၊ မန္တလေး ၊ နေပြည်တော်ရှိ လက်ရှိဘော်ဒါကျောင်းများအပြင် အခြားကျောင်းများကိုပါ တရားဝင်မှတ်ပုံတင်ခွင့်ပြုသွားရမည်ဖြစ်သည်ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန နေပြည်တော်မှ တာဝန်ရှိသူက မတ်လ ၁၅ ရက်နေ့တွင် ဖုန်းမှ ဖြေကြားခဲ့သည်။ “ပုဂ္ဂလိကကျောင်း ဥပဒေအရ တရားဝင်ဖွင့်ခွင့်တွေ ဘယ်ကျောင်းရမလဲဆိုတာ ကျွန်တော်တို့က ကြားကနေ ညွှန်ကြားချက်တွေအတိုင်း လုပ်ပေးရတာဖြစ်တော့ အတိအကျပြောပိုင်ခွင့် မရပါဘူး။ သို့သော် ဥပဒေထွက်လာတာနဲ့ လက်ရှိစမ်းသပ်လုပ်ကိုင်ခွင့်ပေးထားခဲ့တဲ့ တစ်နိုင်ငံလုံးကဘော်ဒါတွေအပြင် တခြားဘော်ဒါတွေ ကလည်း မှတ်ပုံတင်ခွင့်တွေ ရလာကြမှာပါ” ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန နေပြည်တော်မှ တာဝန်ရှိသူအား မတ်လ ၁၅ ရက်နေ့တွင် ဖုန်းဖြင့်မေးမြန်းစဉ် ၎င်းက ပြန်လည်ဖြေကြားခဲ့ ပါသည်။ အစိုးရကျောင်းများနည်းတူအတန်းတင်စာမေးပွဲကို လက်ရှိစမ်းသပ်ခွင့်ပြုထားပြီးသော် ဘော်ဒါများရန်ကုန်တွင် မည်မျှရှိသည်နှင့် ပတ်သက်၍ အမှတ် (၃) အခြေခံပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူအား မတ်လ ၁၁ ရက်နေ့က ဆက်သွယ်မေးမြန်းရာ၌ ၎င်းက “လက်ရှိ ပုဂ္ဂလိကဘော်ဒါတွေမှာ စာမေးပွဲ စစ်ခွင့်ပြုတယ်ဆိုတာစမ်းသပ်လုပ်ကိုင်ခွင့် ဦးစွာပေးထားတဲ့ သဘောပါ” ဟုဖြေကြားခဲ့သည်။

၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ပုဂ္ဂလိကဘော်ဒါဆောင်များအား ပုဂ္ဂလိကကျောင်းများအဖြစ် စမ်းသပ်လုပ်ကိုင်ခွင့်ပြုမည်ဆိုသည့် သတင်းများ ၂၀၁၀ ပြည့်နှစ်မတ်လမှ စတင်ထွက်ပေါ်ခဲ့သည်။ ရန်ကုန်ပညာရေးလောကတွင် နှစ်ရှည် အထင်ကရနှင့် နာမည်ရှိခဲ့သည့် ပုဂ္ဂလိကဘော်ဒါ ၁၀ ကျောင်းအား ၂၀၁၀-၂၀၁၁ ပညာသင်နှစ်စမှ စတင်ကာ လစဉ် အခန်းဆုံးစစ်ဆေးခြင်းများအပြင် အခန်းဆုံးစစ်ဆေးခြင်းများ အပြင် အတန်းတင်စာမေးပွဲစစ်ဆေးခွင့်၊ ကိုယ်ပိုင်မေးခွန်းထုတ်ခွင့်များကိုပါ စမ်းသပ်ခွင့်ပြုလုပ်ကိုင်ပေးခဲ့သည်ဟု ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်ရှိ ဘော်ဒါကျောင်းပိုင်ရှင် ဆရာတစ်ဦးက ဖြေကြားခဲ့သည်။ သို့သော် မန္တလေးဘော်ဒါများနှင့် ပတ်သက်၍မူ အမှတ်(၂)အခြေခံပညာ ဦးစီးဌာန၏ မူဝါဒများအတိုင်း လုပ်ဆောင်ကြရပြီး အတန်းတင်စာမေးပွဲစစ်ဆေးခွင့်နှင့် ပတ်သက်၍ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှ စတင်ကာ စမ်းသပ်လုပ်ကိုင်ခွင့်ရရှိခဲ့သည်ဟု သိရသည်။ လက်ရှိပညာသင်နှစ်၌ အစိုးရကျောင်းများနည်းတူ အတန်းတင်စာမေးပွဲကို စမ်းသပ်လုပ်ကိုင်ခွင့်ပြုထားပြီးဖြစ်သော ပုဂ္ဂလိက ဘော်ဒါများအနေဖြင့် ငါးတန်းမှ ကိုးတန်းအထိအား အခြေခံပညာကျောင်းများနှင့် တွဲဖက်ထားရကြောင်းသိရသည်။




 

 

(22-3-2011)
Source: Ko Lin (Myanmar Training)

 


                                 အရောင်းမြှင့်တင်ခြင်း ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်း . . .  . . .  .  .  .  . .  . .   .. . .  . . . . . . .  .  . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

Career Pass Job Training Centre မှ လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းများကို လစဉ် တန်းခွဲသစ်များ ဖွင့်လှစ်သင်ကြားပေးလျှက်ရှိရာ လုပ်ငန်းရှင်များ ၊ အရောင်းပိုင်းတွင် တာဝန်ယူ လုပ်ကိုင်နေရသည့် ၀န်ထမ်းများအတွက် အရောင်းမြှင့်တင်ခြင်းဆိုင်ရာ သင်တန်းကို ဧပြီလ (၂၀) ရက်နေ့ တွင် ဖွင့်လှစ်ပေးမည် ဖြစ်ပါသည်။ Sale Force Motivation & Customer Orientation သည် အရောင်းမြင့်တင်ခြင်းဖြစ်၍ သင်တန်းကို တက်ရောက်ခြင်းဖြင့် ရောင်းချခြင်း၏ အဓိပ္ပယ်ကို သိရှိပြီး ရောင်းကုန်၏ အသွင်သဏ္ဍန် အကျိုးပြု ရောင်းချခြင်း မည်သို့ဖြစ်သည်ကို ရှင်းပြလာနိုင်မည်။ ရောင်းကုန်မှပေးသော သတင်းအချက်အလက်များကို ညွန်းပြနိုင်ပြီး ဈေးဝယ်သူတို့၏၀ယ်ယူမှု၊ ဆုံးဖြတ်မှုတို့ကို ညွှန်းပြနိုင်မည်ဖြစ်သည်။ ထို့ကြောင့် စိတ်ဝင်စားသူများ၊ သင်တန်းတက်ရောက်လိုသူများ အနေဖြင့် ကြိုတင် စာရင်းပေးသွင်းနိုင်ရန် နှင့် အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ရုံးလိပ်စာ “STUDY ABROAD Information Centre” အမှတ် ၂၉၀ အေ၊ ပထမထပ်၊ ပြည်လမ်း (ဒဂုံစင်တာနှင့်မဟာမြိုင်ဆေးခန်းကြား)၊ မြေနီကုန်း၊ စမ်းချောင်း။ ဖုန်း ၀၉၈၀ ၂၂၁၈၄၊ ၀၉၈၀ ၂၁၀၂၇၊ ၀၁ ၇၀၁၃၃၁၁ သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။







 

(23-3-2011)
Source: Ko Lin (Myanmar Training)

 


                                     ISS (SA Diploma) Preparation Course ဖွင့်လှစ်မည် . ..  . . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

Institute of System Science (NUS) မှ ဖွင့်လှစ်သော Post Grad Diploma in System Analysis ကို တက်ရောက်ရန် ပြင်ဆင်နေသူများ အတွက် Preparation Course ကို WHIZZO SYSTEM မှ ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ISS (System Analysis Diploma) မှ အဓိကဘာသာရပ်များဖြစ်သော Fundamental of Programming with C#, ADO.NET with Database Application Development နှင့် Web Application Development with ASP.NET များကို ISS တွင် လက်ရှိသင်ကြားနေသော သင်ရိုးညွှန်းတမ်းများအတိုင်း ISS မှ ဘွဲ့ရ System Analyst များ ကိုယ်တိုင် ISS မှ သင်ကြားသော နည်းစနစ်များအတိုင်း အနီးကပ် ကြိုတင် သင်ကြားလေ့ကျင့်ပေးကြောင်း သိရှိရပါသည်။ သင်တန်းပြီးဆုံးပါက ISS တွင် အခက်အခဲမရှိ လေ့လာသင်ယူနိုင်မည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ ISS Entrance Exam အတွက် လိုအပ်သော စာရွက်စာတမ်းများ၊ မေးခွန်းဟောင်းများ နှင့် Interview ပြင်ဆင်ပုံ နည်းလမ်းများ ကို WHIZZO SYSTEM တွင် မည်သူမဆို အခမဲ့ ကူးယူနိုင်ကြောင်း သတင်းရရှိပါသည်။ သင်တန်း တက်ရောက် လိုသူများ အနေဖြင့် WHIZZO SYSTEM အခန်း(302)၊ ဓနလှိုင်တာဝါ၊ (272) ပြည်လမ်း၊ မြေနီကုန်း။(ဖုန်း) 730 313 72 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရှိရပါသည်။







 

(29-3-2011)
Source: Ko Lin (Myanmar Training)

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats