Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:

News » Local News

Application Development with ADO.NET သင်တန်း ဖွင့်လှစ်မည်

 

Software များ ကို ကိုယ်တိုင် Design ချ ရေးသားတတ်လို သူများ အတွက် WHIZZO SYSTEM မှ Application Development with ADO.NET သင်တန်းကို ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း စုံစမ်း သိရှိရပါသည်။ Software တစ်ခုတည်ဆောက်ရာတွင် အရေးကြီး ဆုံး အပိုင်းဖြစ်သော Physical Database Design ကို လက်တွေ့ Design ချတတ် စေရန် ရိုးရှင်း လွယ်ကူသော Exercise များ၊ Real Life Example များ ဖြင့် လေ့ကျင့် သင်ကြားပေးကြောင်း၊ Structure Query Language (SQL) + Microsoft SQL Server ကို ကျွမ်းကျင်စွာ အသုံးချတတ်စေရန် အခြေခံ မှစတင် သင်ကြားပေး နေကြောင်း သိရှိရပါသည်။ C# Language နှင့် Database Server ကိုပေါင်းစပ် ပေးသော ADO.NET ကို ကျွမ်းကျင်စွာ အသုံးချတက် စေရန် သင်တန်းသား/သူ များ ကိုယ်တိုင် Real Life Project များစွာ Real Life Project များ ဖန်တီးရေးသား ရမည် ဖြစ်ကြောင်း၊ Software ဖန်တီးရေးသား နိုင်မှုစွမ်းရည် တိုးတက်စေရန် Project Base ဖြင့် နိုင်ငံတကာတွင် သွားရောက် လုပ်ကိုင်ခဲ့သော အတွေ့အကြုံ ရင့် Professional System Analyst များက အာမခံဖြင့် သင်ကြားသော သင်တန်း ဖြစ်ကြောင်း သိရှိရပါသည်။  သင်တန်းကာလမှာ နာရီ (90) ခန့်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေးမှာ ပညာသင်ယူနေဆဲ ကျောင်းသား/သူများ တက်ရောက်နိုင်ရန် အထူးချိုသာသော နှုန်းထားဖြင့် သင်ကြားနေကြောင်း၊ သင်တန်း တက်ရောက် လိုသူများ အနေဖြင့် WHIZZO SYSTEM အခန်း(302)၊ ဓနလှိုင်တာဝါ၊ (272) ပြည်လမ်း၊ မြေနီကုန်း။(ဖုန်း) 09 730 313 72 သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရှိရပါသည်။







 

(29-3-2011)
Source: Ko Lin (Myanmar Training)


                                      Project Base ASP.NET သင်တန်း ဖွင့်လှစ်မည် ..  . .. .. .    .. .  .  . . .  .  . . . .  . . .  .  . . . .      .    . .. .         .     .      . . .  .  . . .                      
        
 

Web Application များ တည်ဆောက်ရာတွင် မသိမဖြစ် အရေးကြီး သော HTTP PROTOCOL, HTML ,JAVASCRIPT နှင့် ASP.NET ၏ အခြေခံ Server Side Object များ ဖြစ်သော APPLICATION OBJECT, SESSION OBJECT, VIEWSTATE OBJECT , Server Side Web Controls များကို အခြေခံမှ စတင် သင်ကြားသာ Web Application Development with ASP.NET သင်တန်းကို ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း WHIZZO SYSTEM မှ စုံစမ်း သိရှိရပါသည်။  သင်တန်းသားများ ကိုယ်တိုင် Web Application များ တည်ဆောက်နိုင်စေရန် အတွက် Projects များဖြင့် Project Base သင်ကြားသောသင်တန်း ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Web Application များ ကို ကိုယ်တိုင် ဖန်တီးတည်ဆောက် နိုင်စေရန် နိုင်ငံတကာတွင် သွားရောက် လုပ်ကိုင်ခဲ့သော အတွေ့အကြုံ ရင့် Professional System Analyst များက အာမခံ ဖြင့် သင်ကြားသောသင်တန်း ဖြစ်ကြောင်း သိရှိရပါသည်။ အထူးအစီအစဉ်အနေဖြင့် အရည်အချင်း ပြည့်မှီသူများကို Job Training နှင့် အလုပ်အကိုင် ရရှိစေရန် စီစဉ် ဆောင်ရွက်ပေး နေကြောင်း WHIZZO SYSTEM မှ သိရှိရပါသည်။ သင်တန်းကာလမှာ နာရီ(90)ခန့် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေးမှာ ပညာသင်ယူနေဆဲ ကျောင်းသား/သူ များ တက်ရောက်နိုင်ရန် အထူးချိုသာသော နှုန်းထားဖြင့် သင်ကြားနေကြောင်း၊ သင်တန်း တက်ရောက်လိုသူများ အနေဖြင့် WHIZZO SYSTEM အခန်း(302)၊ ဓနလှိုင်တာဝါ၊ (272) ပြည်လမ်း၊ မြေနီကုန်း။(ဖုန်း) 09 730 313 72 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းသိရှိရပါသည်။






  

 

(29-3-2011)
Source: Ko Lin (Myanmar Training)


                     ကွန်ပျူတာ အခြေခံ လုံးဝ မရှိသေးသော သူများအတွက် ပညာဒါနသင်တန်းကျောင်း . ..  . .  .  . . . . .  .  .  .  .  . .  .  .  .. . . . . .  . ..  .  .  . . .   . . ... . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

ကွန်ပျူတာ အခြေခံ လုံးဝ မရှိသေးသော သူများအတွက် ကွန်ပျုတာ၏ အခြေခံ အကျဆုံး ဗဟုသုတ ၊ ကွန်ပျုတာ နှင့် ချိတ်ဆက် အသုံးပြုနိုင်သော ကိရိယာ(Devices) များ အကြောင်း၊ ကွန်ပျုတာ အလုပ်အကိုင်များ အကြောင်း ၊ IT ဗဟုသုတ နှင့် Internet ဗဟုသုတ များ အကြောင်း ပို့ချသင်ကြားသော ကွန်ပျုတာ ဗဟုသုတ အခြေခံ သင်တန်း(Basic Computer Knowledge) ကို ပညာဒါန အဖြစ် လစဉ် ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း WHIZZO SYSTEM မှ စုံစမ်း သိရှိရပါသည်။ ကွန်ပျုတာ အခြေခံ လုံးဝ မရှိ သေးသော သူများ ပထမဆုံး တက်ရောက်သင့်သော သင်တန်း ဖြစ်ပြီး သင်တန်း ပြီးဆုံးပါက မိမိ ဝါသနာ နှင့် ကိုက်ညီသော ကွန်ပျုတာ သင်တန်းများကို ကိုယ်တိုင် ရွေးချယ်လာနိုင်မည်ဖြစ်ကြောင်း၊ ကွန်ပျုတာတစ်လုံး ဝယ်ယူရာတွင် အရေးကြီးသောအချက်များကို သိရှိလာမည်ဖြစ်ပြီး ကိုယ်တိုင် ဆုံးဖြတ်ချက်ချ ဝယ်ယူလာနိုင်မည်ဖြစ်ကြောင်း နှင့် Computer Advance သင်တန်းများကို တက်ရောက်ရန်အတွက် အခြေခံကောင်းများကို ရရှိလာမည်ဖြစ်ကြောင်းသိရှိရပါသည်။ လူငယ်/ လူကြီး(36 နှစ် အထက်) သီးသန့် တန်းခွဲ ရှိပြီး သင်တန်းကြေးမှာ အခမဲ့ (ပညာဒါန) ဖြစ်ကြောင်း ၊ တက္ကသိုလ် တက်ရောက်မည့် ကျောင်းသား/သူများ ၊ တက္ကသိုလ် တက်ရောက်ဆဲ ကျောင်းသား/သူများ ၊ IT ကို လေ့လာလိုက်စား နေသူများ၊ အစိုးရဝန်ထမ်း နှင့် အရာရှိကြီးများ၊ သား/သမီးကို ခေတ် နှင့် အညီ ထိန်းကြောင်းလိုပြီး ဗဟုသုတ ကြွယ်ဝလိုသော မိဘများ၊ ကွန်ပျုတာ ဗဟုသုတ လေ့လာလိုက်စား နေသူများ တက်ရောက်သင့် သော သင်တန်း ဖြစ်ကြောင်း သိရှိရပါသည်။ မည်သူမဆို လွတ်လပ်စွာတက်ရောက် နိုင်ပြီး သင်တန်းကာလ မှာ (၁၄) နာရီခန့် ကြာမြင့်မည် ဖြစ်ကြောင်း တတ်ရောက်လိုသူများ အနေဖြင့် WHIZZO SYSTEM အခန်း(302)၊ ဓနလှိုင်တာဝါ၊ (272) ပြည်လမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ် ၊ (ဖုန်း) ၊ 09 730 313 72 သို့ဆက်သွယ်မေးမြန်း အပ်နှံနိုင်ကြောင်း သိရှိရပါသည်။

WHIZZO SYSTEM သည် Software တည်ဆောက်ခြင်း နှင့်သက်ဆိုင်သော သင်တန်းများ၊ Web Application တည်ဆောက်ခြင်း နှင့်သက်ဆိုင်သော သင်တန်းများ နှင့် IT သင်တန်းများ ကို သင်ကြားပို့ချနေသော သင်တန်းကျောင်း ဖြစ်ကြောင်းသိရှိရပါသည်။









 

(29-3-2011)
Source: Ko Lin (Myanmar Training)


Myanmar Noble College သင်ကြားရေးအစီအစဉ် (Teaching Plan) နှင့် သင်ကြားမှုနည်းစနစ် (Teaching System) .
                                                                ညှိနှိုင်းဆောင်ရွက်မှု အောင်မြင်ခြင်း အခမ်းအနား
. ....  .. . . . . . . . .  .  . .. .. . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

မြန်မာနိုင်ငံ Myanmar Noble College နှင့် ဗြိတိန်နိုင်ငံ City of Sunderland College တို့၏ နည်းပညာပူးတွဲဆောင်ရွက်မှု သဘောတူညီချက်အရ HND-Engineering, Business, Computing, Health & Social Care ဘာသာရပ်များအတွက် သင်ရိုးညွှန်းတမ်း ညှိနှိုင်းပေးအပ်ပွဲတစ်ရပ်ကို ၂၀၁၁ မတ် ၂၆ (ကြာသပတေးနေ့) မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ Myanmar Noble College ၏ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ဗြိတိန်နိုင်ငံ City of Sunderland College ၏ ဒုတိယကျောင်းအုပ်ကြီးဖြစ်သူ Dr Trevor Ashton နှင့် သင်ကြားရေးဌာနမှူးကြီး Dr Suzie Wagstaff တို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားရာတွင် မြန်မာကျောင်းသား၊ ကျောင်းသူများအတွက် MNC ၏ ပညာရေးဆိုင်ရာ အားထုတ်မှုကို အထူးလေးစားပါကြောင်း၊ မြန်မာပညာရှင်များနှင့် ပူးတွဲဆောင်ရွက်ရခြင်းအတွက် များစွာဝမ်းမြောက်မိပါကြောင်း။ မိမိတို့ City of Sunderland College သည် နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ အဆင့်မြင့်ပညာရပ်များ ပို့ချနေသော နိုင်ငံပိုင်ကောလိပ် ဖြစ်သဖြင့် မြန်မာကျောင်းသားများ နောက်ဆုံးပေါ် နည်းပညာသင်ယူနေကြရသော HND/ SQA HND ဘာသာရပ်များကို မြန်မာနိုင်ငံ၌ ဆည်းပူးခွင့်ရသဖြင့် ကုန်ကျမည့်ငွေ ၇ဝ% ကျော် သက်သာသွားမည်ဖြစ်ပြီး မိမိတို့ သင်ကြားမည့်မူအရ MNC တွင် ပညာသင်ယူမည့် ကျောင်းသားတိုင်း စည်းကမ်းမြတ်နိုးစိတ်၊ ပညာကို လိုလားစူးစမ်းစိတ်၊ မိမိကိုယ်ကို မိမိ ယုံကြည်အားကိုးစိတ်၊ နိုင်ငံတကာဆက်ဆံရေးကျွမ်းဝင်ပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာသန်စွမ်းမှုတို့ကို အပြည့်အဝ ပိုင်ဆိုင်သွားစေရန် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ City of Sunderland College အနေဖြင့် သင်ထောက်ကူ ပစ္စည်းများကိုပါ ကူညီပံ့ပိုးမည်ဖြစ်သဖြင့် ကျွမ်းကျင်တတ်မြောက်မှု အပြည့်အဝရရှိနိုင်မည်ဖြစ်ကြောင်း၊ MNC တွင် ၈- တန်းအောင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းများမှ Secondary Level II အောင် ကျောင်းသား၊ ကျောင်းသူများ (၂)နှစ် ကြာတက်ရောက်ပြီး ဗြိတိန်မှချီးမြှင့်မည့် High School Graduation Certificate ရရှိမည်ဖြစ်သဖြင့် နိုင်ငံတကာ တက္ကသိုလ်များသို့ တိုက်ရိုက်သွားရောက် သင်ယူခွင့်ရရှိမည်ဖြစ်ကြောင်း၊ (၁၀) တန်းဖြေဆိုထားသူများနှင့် အောင်မြင်ပြီးသူများအတွက် ဖွင့်လှစ်လိုက်သော HND/ SQA HND သင်တန်းသည်လည်း အထူးအခွင့်အလမ်းတစ်ခုဖြစ်ကြောင်း။ ငွေကြေးကုန်ကျမှုများစွာ သက်သာသည့်အပြင် မိမိနိုင်ငံတွင်း၌ ဆည်းပူးခွင့်ရသဖြင့် စိတ်ပိုင်းဆိုင်ရာအင်အား ပိုမိုရရှိမည်ဖြစ်ကြောင်း။ HND ဘွဲ့ရရှိပါက အလုပ်အကိုင်အခွင့်အလမ်းအပြင် ဗြိတိန်တက္ကသိုလ်များ၏ ဂုဏ်ထူးတန်းဘွဲ့ Honours Degree ကို (၃) နှစ်သင်ယူရန်မလိုတော့ဘဲ၊ နောက်ဆုံးနှစ် Final Year တန်းသို့ တိုက်ရိုက်သင်ယူခွင့် ရမည်ဖြစ်ကြောင်း။ Myanmar Noble College ၏ ပညာရေးဆိုင်ရာ ကြိုးပမ်းမှု အောင်မြင်ခြင်းကြောင့် မြန်မာနိုင်ငံအတွက် Brain Gain ခေါ် ပညာရှင်များ ပေါ်ထွန်းမည့် အကျိုးအမြတ် ရရှိမည်ဖြစ်ကြောင်းပြောကြားပြီး အခမ်းအနားကို ညနေ (၄း၃၀) တွင် အောင်မြင်စွာပြီးစီသည်။





 

 

(1-4-2011)
Source: Ko Lin (Myanmar Training)

 


                           ၂၀၁၁ မေ နွေရာသီအင်္ဂလိပ်စာ စာသင်အွန်လိုင်းမှလျှောက်ထား တက်ရောက်နိုင်မည် . . . .  . . .  .  .  .  . .  . .   .. . .  . . . . . . .  .  . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

ကံကော်ပညာရေးစင်တာမှ ၂၀၁၁ ခုနှစ်၊ မေလမှစ၍ ဖွင့်လှစ် သင်ကြားမည့် နွေရာသီအင်္ဂလိပ်စာ သင်တန်းများအွန်လိုင်းမှ တစ်ဆင့် လျှောက်ထားတက်ရောက်နိုင်မည် ဖြစ်ကြောင်းသိရသည်။ သင်တန်းကို ညနေပိုင်းသင်တန်းနှင့် ရုံးချိန်လွတ် စနေ၊ တနင်္ဂနွေ သင်တန်းများထားရှိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းများအနေဖြင့် Academic Reading & Writing သင်တန်း၊ General English သင်တန်း၊ Academic Listening သင်တန်းများ အပြင် သင်တန်းသစ်များ အနေဖြင့် IELTS Foundation သင်တန်း၊ TOEFL Vocabulary နှင့် TOEFL Foundation သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်းသိရသည်။

သင်တန်းတက်ရောက်လိုသူများ အနေဖြင့် လျှောက်လွှာဖောင်များကို http://goo.gl/qloUb တွင် ရယူဖြည့်စွက်ကာ appli-cation@kantkaw.com သို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။ အဆိုပါသင်တန်းများအတွက် ပညာသင်ဆု များကိုလည်း ပေးအပ်မည်ဖြစ်ပြီး ပညာသင်ဆု လျှောက်ထားလိုသူများအနေဖြင့် ပညာသင်ဆုလျှောက်လွှာဖောင်များကို www.kantkaw.com (သို့) http://goo.gl/zHIKU တွင် ရယူဖြည့်စွက်၍ applicationkantkaw.com သို့ ပေးပို့ လျှောက်ထားနိုင်ကြောင်းသိရသည်။ သင်တန်းတက်ရောက်မည့်သူများအနေဖြင့် ဧပြီလ ၂၁ ရက် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပြီး သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်ထပ်မံ သိရှိလိုသူများအနေဖြင့် ဖော်ပြပါဝက်ဆိုက်များတွင် ကြည့်ရှုနိုင်မည့်အပြင် ဖုန်း-၅၂၄ ၄၃၁ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည် ဖြစ်သည်။







 

(1-4-2011)
Source: Internet Journal

 


                                     Graces English Academy မှသင်တန်းများတွင် ဧပြီလတွင်စမည် . ..  . . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

Graces English Academy မှ အင်္ဂလိပ်စာသင်တန်းများကို ၂၀၁၁ ခုနှစ်၊ ဧပြီလမှ စတင်ဖွင့် လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။ Graces English Academy သည် စင်ကာပူနိုင်ငံမှ အဆင့်မြင့် အင်္ဂလိပ်စာသင်တန်းကျောင်း တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်ခြင်းဖြစ်ကာ မည်သည့် သင်တန်းကျောင်းများတွင်မှ စတင်ခြင်းမရှိသေးသော Speech and Drama သင်တန်းများဖြစ်ကြောင်းသိရသည်။ Speech and Drama သင်တန်းများသည် အင်္ဂလိပ်စာပေ၊ ကဗျာနှင့် စာအရေးအသားများကို အဓိကထားသင်ကြားပေးသည့် ပုံစံဖြစ်ပြီး ပျော်ရွှင်စရာကစားနည်းများ၊ အမူအရာဖြင့် စကားပြောနည်းများ၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စကားပြောခြင်းများဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ Speech and Drama သင်တန်းကို တက်ရောက်ခြင်းဖြင့် ကလေးများသည် အင်္ဂလိပ်စကားကို အသံထွက် မှန်ကန်ပြီး ဟန်အမူအရာဖြင့် ပြောဆိုတတ်ခြင်း၊ အသံအတက်အကျ အနိမ့်အမြင့် မှန်ကန်စွာဖြင့် ပြောဆိုတတ်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။ Graces English Academy တွင် ကလေးများ၏ အသက်အရွယ်အလိုက် အထူးတန်းခွဲများဖြင့် သင်ကြားပို့ချသွားမည် ဖြစ်ရာ အသက် (၄) နှစ်မှ (၆) နှစ်အတွင်း ကလေးငယ်များအတွက် အင်္ဂလိပ်စာ အရေးအဖတ် သင်တန်း၊ အသက် (၇) နှစ်မှ (၁၂) ကလေးများအတွက် Effective Readers တန်းခွဲများ အပြင်ကလေးများနှင့် လူကြီးများအတွက် Public Speaking သင်တန်းများကိုလည်း သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။ Graces English Academy ကျောင်းမိတ်ဆက်ခြင်း အခမ်းအနားနှင့် ကျောင်းအပ် လက်ခံခြင်းကို ၂၀၁၁ ခုနှစ်၊ မတ်လ ၁၈ ရက်နှင့် ၁၉ ရက်များတွင် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီ အတွင်း UMFCCI- မြန်မာနိုင်ငံကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များအသင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ၎င်းအခမ်းအနားသို့ ပထမဦးဆုံးတက်ရောက်လာသူ ၅၀ ဦးအား အထူးလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။ သင်တန်းများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဦးမိုးလွင် (ဒါရိုက်တာ) ဖုန်း - ၀၉-၇၃၀၅ ၂၄၈၀ သို့ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ြဖစ်သည်။








 

(1-4-2011)
Source: Internet Journal

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats