Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:

News » Local News

“IELTS စာမေးပွဲဖြေဆိုရန် ပြင်ဆင်နေသော ကျောင်းသားများအတွက် Exam Preparation Course အား 2nd April တွင် ဖွင့်လှစ်မည်”

 

နိုင်ငံတကာတက္ကသိုလ်များသို့ ပညာသွားရောက်သင်ယူရာတွင် မရှိမဖြစ် ဝင်ခွင့်လိုအပ်ချက် တစ်ခုဖြစ်သည့် IELTS အရည်အချင်းရမှတ်ကောင်းများ ရလိုသည့် ကျောင်းသားများအတွက် Exam Preparation Course များဖွင့်လှစ်တော့မည် ဖြစ်ကြောင်း ဦးထင်အောင်ကျော် IELTS သင်တန်းမှ သိရှိရပါသည်။ သင်တန်းကာလ (၃)လကြာမြင့်မည့် ၎င်းသတန်းတွင် IELTS 4 Skills အတွက် (Foundation + Exam Practice) များကို ပြင်ဆင်ပေးရုံမျှသာမက Exam tips and notes များကိုလည်း ပြင်ဆင်ပေးသွားမည်ဟု သိရှိရပါသည်။ Before Exam ပုံစံဖြင့် စာမေးပွဲဖြေဆိုမှု့များ ကိုလည်း စာသင်ခန်းမအတွင်းတွင် ပြုလုပ်ကျင်းပသွားမည်ဟု သိရှိရပါသည်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားပြီးသူများနှင့် IELTS စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ပြင်ဆင်နေသူများအတွက် စနေနှင့် တနင်္ဂနွေနေ့များတွင် Exam Preparation Course များကို 2nd April တွင် စတင်ဖွင့်လှစ်မည်ဟုသိရှိရပါသည်။ သင်ကြားမှု့ (course structure) အနေဖြင့် Applied Grammar၊ Lexical Resource (စကားလုံး အသုံးအနှုန်း) ၊ Old questions & Modal Answer၊ Special Focus On Essay Writing II နှင့် အခြား IELTS နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာ အခြေခံအကြောင်းအရာများကိုပါ သင်ကြားပေးသွားမည်ဟု သိရှိရပါသည်။ ၎င်းပြင် Writing နှင့် Speaking တို့အတွက် သိမှတ်ဖွယ်ရာ general knowledge & thinking တို့ကိုပါ ၎င်းသင်တန်းတွင် ပို့ချသွားမည်ဟု သိရှိရပါသည်။ အသေးစိတ်သိရှိလိုလျှင် ဆရာဦးထင်အောင်ကျော် (IELTS) သင်တန်းကျောင်းရှိရာ မြေနီကုန်းပလာဇာ (ဒုတိယထပ်)၊ ဂမုန်းပွင့် နှင့် ဒဂုံစင်တာကြား၊ စမ်းချောင်းမြို့နယ်သို့ လူကိုယ်တိုင်လာရောက်မေးမြန်းနိုင်ပြီး ဖုန်းနံပါတ် - ၀၉ ၇၃၁ ၄၇၃ ၇၉၊ ၀၁ ၅၂၅၉၇၁ သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်းသိရှိရပါသည်။








 

(1-4-2011)
Source: Ko Lin (Myanmar Training)


                                                    မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း .
                                                                “2011 Developer Conference”
                                                                             ပြုလုပ်မည်
.  . .. .. .    .. .  .  . . .  .  . . . .  . . .  .  . . . .      .    . ..
.         .     .      . . .  .  . . .                      
        
 

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ ပထမအကြိမ် Developer Conference 2011 ကို သြဂုတ်လ (၂၀-၂၁) ရက်တွင် ကျင်းပရန် စီစဉ်ထားရှိပါသည်။ 2011 Developer Conference သည် Software Development လုပ်နေသော IT Professional များအတွက် ရည်ရွယ်၍ကျင်းပခြင်း ဖြစ်ပါသည်။ IT Software Development နှင့် ပတ်သက်သော IT ပညာရှင်များသည် မိမိတို့၏ လုပ်ငန်းအတွေ့အကြုံများ နှင့် အတွေးခေါ်များကို အသိဖလှယ်ဆွေးနွေး တင်ပြနိုင်ရန်ဖိတ်ခေါ်အပ်ပါသည်။ Software Development လုပ်နေသည့် မည်သည့်ပညာရှင်မဆို ပါဝင်နိုင်ပါသည်။ 2011 Developer Conference သို့ စိတ်ပါဝင်စားသည့် IT ပညာရှင်များသည် စာတမ်းများကို မေလ (၃၁) ရက် နောက်ဆုံးထားပြီး Developer Conference Working Group သို့တင်သွင်းရမည်ဖြစ်ပါသည်။  အစီအစဉ်အသေးစိတ်အချက်အလက်များကို www.mcpamyanmar.org နှင့် Facebook– www.facebook.com/ mcpamyanmar.org တို့တွင်ဖော်ပြသွားမည်ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အဆောင်(၄) အခန်း(၄)၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်မြို့နယ်၊ ရန်ကုန်၊ ဖုန်း- 652276၊ 09-73088300 ၊ Email- office@mcpamyanmar.org သို့ ဆက်သွယ် စုံစမ်းမေးမြန်း နိုင်ပါသည်။







  

 

(1-4-2011)
Source: Ko Lin (Myanmar Training)


       မူကြိုဆရာ/ဆရာမ လုပ်လိုသူများအတွက် Early Child Hood Education ကို နှစ်သစ်ကူးရုံးပိတ်ရက်အတွင်းဖွင့်မည် . . ..  . .  .  . . . . .  .  .  .  .  . .  .  .  .. . . . . .  . ..  .  .  . . .   . . ... . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

နိုင်ငံတကာကျောင်း (International Schools) များ၊ Pre-School မူကြိုကျောင်းများတွင် ဆရာ/ဆရာမ ဖြစ်လိုသူများ နှင့် ကိုယ်ပိုင်မူကြို ထူထောင်လုပ်ကိုင်လိုသူများ အတွက် Certificate in Early Childhood Education သင်တန်းကို ABE, UK ၏ accredited college ဖြစ်သော TIP TOP Education Service Provider တွင် နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်သော ဧပြီ (၁၈) မှ (၂၄) ရက်ထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။  အဆိုပါ သင်တန်းတွင် ပညာရေးသဘောတရား (Educational Theory)၊ ကလေးစိတ်ပညာ( Child Psychology)၊ ကလေးသူငယ်ဖွံ့ဖြိုးရေး (Child Development)၊ ပညာရေးစိတ်ပညာ (Educational Psychology, Psychological Impact on Teacher & Learning Process)၊ သင်ပြနည်းနှင့် သင်ပြနည်းပညာ (Methods & Methodology Especially for Teaching English)၊ စာသင်ခန်းစီမံအုပ်ချုပ်မှု (Educational Administration, Including School Health & Physical Education) ထိရောက်သောသင်ကြားနည်း (Effective Teaching) စသည့်ဘာသာရပ်များကို နိုင်ငံတကာပညာရေး အတွေ့အကြုံရှိ ဆရာကြီးဦးကျော်ဆန်း (B Econ, Bed, Dip inEng IFL) မှ လက်တွေ့ ပို့ချပေးမည်ဖြစ်သည်။ ထို့ပြင် အင်္ဂလိပ်စာ သင်ပြနည်းသီးသန့်ကိုလည်း အထူးသင်ကြားပေးမည်ဖြစ်သည်။ သင်တန်းတက်ရောက်လိုသူများသည် အနိမ့်ဆုံး အထက်တန်းစာမေးပွဲအောင်မြင်သူဖြစ်ရမည်ဖြစ်ပြီး ဘွဲ့ရသူများလည်း လျှောက်ထားနိုင်ပါသည်။ လူဦးရေကန့်သတ်ထားပြီး လက်ရှိမူကြိုများနှင့် နိုင်ငံတကာ ကျောင်းများတွင် လုပ်ကိုင်နေသူများကို ဦးစားပေးလက်ခံ သင်ကြားပေးမည် ဖြစ်ပါသည်။  တက်ရောက်လိုသူများ စိတ်ပါဝင်စားသူများ အနေဖြင့် TIPTOP: International Education Service Provider * *ဖုန်း - 01-539791 (ရန်ကုန်) ၊ 02-9100 1818 (မန္တလေး ) နှင့် Hot Line- 09-51-62062 သို့ ဖုန်း ဖြင့်ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ပါသည်။



 

(1-4-2011)
Source: Ko Lin (Myanmar Training)


            စင်္ကာပူတွင်ပညာသင်မည့်ကျောင်းသားများအတွက် Job Hunting in Singapore (၁) လ သင်တန်းဖွင့်မည် .  . ....  .. . . . . . . . .  .  . .. .. . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

စင်္ကာပူနိုင်ငံသို့ ကျောင်းများလျှောက်ထားရာတွင်၊ မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများ စိတ်ဝင်စားမှု့  အများဆုံး ဘာသာရပ်တစ်ခုဖြစ်သော ACCA – CAT ဘာသာရပ်များ အပါအ၀င် စင်္ကာပူတွင်ကျောင်းလျှောက်ထားသူ အတွက်၊ CROWN Education မှ Job Hunting in Singapore (၁) လ သင်တန်းကို အခမဲ့ပိုချပေးမည်ဖြစ်ပါသည်၊၊ ကမ္ဘာ့စီပွားပျက်ကပ်ရဲ့ အရှိန်ကြောင့် ၂၀၀၉ နှစ်စပိုင်းတွင် အဆိုပါဘာသာရပ်များကို လျှာက်ထားသူ လျှော့နည်းခဲ့သော်လည်း ကမ္ဘာ့စီးပွားရေး ပြန်လည်ဖွံ့ဖြိုးမှု့နှင့်အတူ လျှောက်ထားမှု့များပြန်လည်ပြုလုပ်လာကြပါသည်၊၊ CAT အား စိတ်ဝင်စားသူများအနေဖြင့် Introductory Level, Intermediate Level, Final Level ဟု အဆင့် (၃) ဆင့်ရှိပြီး စုစုပေါင်း ဘာသာရပ်ကိုးခု လေ့လာဖြေရမည်ဖြစ်ပါသည်၊၊ ACCA လေ့လာသင်ယူလိုသူများ အနေဖြင့်၊ ပြီးမြောက်ရန် (၁၄)ဘာသာဖြေဆို အောင်မြင်ရန် လိုအပ်ပြီး၊ သင့်တော်သောအလုပ် အတွေ့အကြုံ အနည်းဆုံး(၃) နှစ်နှင့် Professional Ethis Module ကိုဖြေဆို အောင်မြင်ရန် လိုအပ်ပါသည်၊၊ ACCA ဘာသာရပ်များကို Fundamental Level နှင့် Professional Level ဟုခွဲခြား ထားပြီး၊ Fundamental Level တွင် Knowledge Level (၃) ဘာသာ နှင့် Skill Level (၆) ဘာသာ ဟုခွဲခြား ထားပါသည်၊၊ Professional Level တွင် မဖြစ်မနေ ဖြေဆိုရမည့် (၃) ဘာသာနှင့် P4 မှ P7 (၄)ဘာသာ ထဲမှစိတ်ကြိုက် (၂)ဘာသာ ရွေးချယ်ဖြေဆိုနိုင်ပါသည်၊၊ 

“ဒီသင်တန်းက အလုပ်ရမယ်ဆိုပြီး အာမခံချက်ပေးတဲ့သဘောမျိုးမဟုတ်ပါဘူး၊ ကျောင်းသူ ကျောင်းသားတွေ အများစုက အချိန်အတိုင်းအတာတစ်ခု ရောက်ရင် အလုပ်ရှာကြမှာ ဆိုတော့ သူတို့ကို ဒီအတိုင်းကျောင်းလျှောက်ပေးလိုက်တာထက်၊ စင်္ကာပူ နိုင်ငံအလုပ်အကိုင် အခွင့်အလမ်း အကြောင်းတွေ၊ အလုပ်လုပ်ကိုင်ခွင့် ပါမစ် အမျိုးအစားအကြောင်းတွေ၊ Cover Letter and Resume အတွက်ပြင်ဆင်တာတွေ၊ Job Hunting နဲ့ ပတ်သက်တာလေး တွေကိုပြင်ဆင် ပေးလိုက်တဲ့အတွက်၊ အတိုင်းအတာတစ်ခုအထိသူတို့အတွက် အထောက်အကူပြုမယ်လို့ ယုံကြည်လို့ပါ၊၊ နောက်ပြီး မြန်မာနိုင်ငံမှာကလည်း ကျွန်တော်သိသလောက် ကျောင်းသူ ကျောင်းသားတွေအတွက် ဒါမျိုး ပြင်ဆင်ပေးတဲ့သင်တန်းမျိုး မတွေ့ရသေးပါဘူး၊၊ ” ဟု CROWN Education မှ ပညာရေး အတိုင်ပင်ခံ ဦးအောင်ကျော်ဆန်း မှ အကြံပြုပြောကြားပါတယ်၊၊  ACCA ကျောင်းသားများအပြင် Business Management, Finance and Accounting, Information Technology, Hospitality and Tourism ဘာသာရပ်များကို စင်္ကာပူတွင်လေ့လာပြီး အလုပ်ရှာမည့် ကျောင်းသား ကျောင်းသူများပါတက်ရောက်နိုင်ပြီး၊ အထောက်အကူပြုစေရန်၊ အလုပ်ရှာဖွေ လျှောက်ထားသည့် အခါသိထားရမည့် စင်္ကာပူနိုင်ငံ Ministry of Manpower ၏ စည်းကမ်းသတ်မှတ်ချက်များ၊ ကျောင်း လျောက်ထားရာတွင် ပြင်ဆင်ထည့်သွင်းရမည့် အချက်များအပါအ၀င် Cambridge Job Hunting Syllabus မှ :-

(၁) Researching Market
(၂) Identifying Key Skills
(၃) Interview Technique
(၄) Cover Letter and Resume Writing
(၅) Job Hunting Technique

စတဲ့အချက်တွေပါဝင်မယ်လို့သိရပါတယ်၊၊ လျှောက်ထားလိုသူများ နှင့် အသေးစိတ်အချက်အလက်ကို သိရှိလိုသူများ CROWN Education, 228-229 Summit Parkview Hotel, Phone no. 211888 (Ext 228) နှင့် 095 085 185 တို့တွင် ဆက်သွယ်စုံစမ်းစာရင်းပေးနိုင်ကြောင်းသိရပါသည်၊၊







 

 

(1-4-2011)
Source: Ko Lin (Myanmar Training)

 


    စင်္ကာပူအစိုးရ အင်ဂျင်နီယာကျောင်းဝင်ခွင့်ကို Future Way မှတဆင့် မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ဖြင့် ဖြေဆိုခွင့်ရရှိနိုင်ပြီ .  . ..  . . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

စင်္ကာပူအစိုးရ အင်ဂျင်နီယာကျောင်း BCA Academy ၏ ဝင်ခွင့်စာမေးပွဲများကို မြန်မာနိုင်ငံတွင် တရားဝင်ကိုယ်စားလှယ် အဖြစ်ကြီးမှူး ကျင်းပလျှက်ရှိသော Future Way Co.,Ltd မှ ရန်ကုန်မြို့တွင် May 28 ရက်၌ ကျင်းပမည်ဖြစ်သည်။ ထိုဝင်ခွင့်စာမေးပွဲကို Future Way Co.,Ltd မှ ကျောင်းမှတ်ပုံတင်ကြေး အခမဲ့ဖြင့် ပထမဦးဆုံးအကြိမ် စစ်ဆေးပေးသွားမည်ဖြစ်သည်။ မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ဖြင့် လျှောက်ထားရာတွင် ယခင်က မတ်လ (၁၉) ရက်နေ့အတွင်း လာရောက်လျှောက်ထားသူများမှ ရွေးချယ်လျက်ရှိပြီး ယခုအခါ လျှောက်ထားရမည့်ရက်ကို မေလ(၇) ရက် နေ့အထိ ရက်တိုး သတ်မှတ်လိုက်သည်။ လျှောက်ထားလိုသူများသည် မေ (၇) ရက်နေ့အတွင်း Future Way သို့လာရောက်လျှောက်ထားနိုင်မည်ဖြစ်သည်။


BCA Academy ဆိုသည်မှာ………..

BCA Academy သည် စင်္ကာပူနိုင်ငံ ဆောက်လုပ်ရေးအာဏာပိုင်အဖွဲ့အစည်းမှ တိုက်ရိုက်ဖွင့်လှစ်ထားသော အင်ဂျင်နီယာဘာသာရပ်များကိုသာ အဓိက သင်ကြားပေးနေသည့် အစိုးရအင်ဂျင်နီယာကျောင်းဖြစ်သည်။ စာသင်နှစ်များအတွင်း စာတွေ့လက်တွေ့သင်ကြားရခြင်း၊ ခိုင်မာသောသင်ရိုးများသာ သင်ကြားပေးခြင်း၊ အလုပ်သင်များအနေဖြင့် စင်ကာပူဆောက်လုပ်ရေးများတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည် ဖြစ်သည်။
ဖော်ပြပါ ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်သည်။
1. Construction Information Technology
2. Construction Engineering
3. Mechanical Engineering (Green Building Technology)
4. Design (Interior and Landscape)
5. Strategic Facilities Management
6. Electrical Engineering and Clean Energy


ဝင်ခွင့်ဖြေဆိုရန် လိုအပ်ချက်များ

ဝင်ခွင့်ဖြေဆိုလိုသူများသည် အခြေခံပညာဆယ်တန်း (သို့) GCE ‘O’ Level (၃) ဘာသာအောင်မြင်ထားရန် လိုအပ်သည်။ ဆယ်တန်း အမှတ်စာရင်းအနည်းအများ နှင့် IELTS/ TOEFL ရမှတ်များလည်း မလိုအပ်ဘဲ လျှောက်ထားနိုင်သည်။


Future Way မှ ဝင်ခွင့်ဖြေဆိုရန် ဆောင်ရွက်ပေးမှုများ
BCA Academy ၏ ဝင်ခွင့်ဖြေဆိုမည့် ကျောင်းသား/သူများအား Future Way Co.,Ltd မှ ဝင်ခွင့်တွင် ထူးချွန်စွာ အောင်မြင်နိုင်ရန် အကြိုပြင်ဆင်မှုရက်တို သင်တန်းများကို ကျွမ်းကျင်ဆရာ/ ဆရာမများဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ February 12 ရက်နေ့တွင် စစ်ဆေးပေးခဲ့သော ၂ဝ၁၁ ခုနှစ် ဧပြီကျောင်းဝင်ခွင့်စာမေးပွဲတွင် ကျောင်းသားများ၏ ထူးချွန်ထက်မြက်မှုများကြောင့် ၁ဝဝ% အောင်ချက် ကောင်းမွန်ခဲ့သည်။ ဝင်ခွင့်တွင် ထူးချွန်စွာ အောင်မြင်သူများအနေဖြင့်လည်း BCA Academy ၏ ကျောင်းလခ ပညာသင်ထောက်ပံ့ကြေးများ ကင်းလွတ်ခွင့် ရရှိနိုင်မည့် အစီအစဉ်တွင် ခံစားခွင့်ရမည်ဖြစ်သည်။
အထူးအခွင့်အရေးအနေဖြင့် ၂ဝ၁၁ ခုနှစ် မတ်လတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသော ကျောင်းသား/သူများလည်း BCA Academy ၏ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုလိုပါက Future Way Co.,Ltd တွင်လျှောက်ထားနိုင်ပြီဖြစ်သည်။ ဝင်ခွင့်ဖြေဆိုရန် စိတ်ဝင်စားသူများ၊ မှတ်ပုံတင်ကင်းလွတ်ခွင့်ဖြင့် ဖြေဆိုရန် လျှောက်ထားလိုသူများသည် Future Way Co.,Ltd သို့သတ်မှတ်ချက်ရက် မတိုင်မီ ဖုန်းဖြင့်ဆက်သွယ်၍ဖြစ်စေ၊ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။





 

(7-4-2011)
Source:
Ko Lin (Myanmar Training)

 


    YIUS ကျောင်းနှင့် Navitas (Australia) တို့ ပူးပေါင်းဖွင့်လှစ်သော နိုင်ငံတကာအသိအမှတ်ပြု University Foundation Program . .  . ..  . . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

YIUS ကျောင်းတွင် သြစတြေးလျနိုင်ငံအသိအမှတ်ပြု Australian Foundation Courses ကို ၂၀၀၅ ခုနှစ်မှစ၍ ပထမဆုံးသင်ကြားပေးလျှက်ရှိပြီး ယခုအခါ သြစတြေးလျနိုင်ငံ Navitas Group of Colleges နှင့် ပူးပေါင်း၍ နိုင်ငံတကာအသိအမှတ်ပြု University Foundation Program ကို မေလ ၁၆ ရက်နေ့တွင် စတင်သင်ကြားပေးတော့မှာဖြစ်ကြောင်းသိရှိရပါသည်။ Navitas သည် အမေရိကန်ပြည်ထောင်စုတွင် UPP (University Preparation Program), ဗြိတိန်နိုင်ငံတွင် IFP (International Foundation Programme) , ကနေဒါနိုင်ငံတွင် UTP (University Transfer Program), သြစတြေးလျနိုင်ငံတွင် Certificate IV အစရှိသော နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဝင်ခွင့်သင်တန်းများကို ဖွင့်လှစ်သင်ကြားလျှက်ရှိပြီး မြန်မာနိုင်ငံတွင် UFP (University Foundation Program) ကို YIUS ကျောင်းနှင့် ပူးပေါင်း၍ သင်ကြားမှာဖြစ်ပါသည်။ UFP (University Foundation Program) သည် နိုင်ငံတကာကျောင်းများ၏ ၁၂ တန်း (သို့) GCE A Level နှင့် ညီမျှပြီး နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဝင်ခွင့် သင်တန်းလည်းဖြစ်ပါသည်။ အဆိုပါ UFP (University Foundation Program) တွင် Commerce, Engineering, IT နှင့် Biomedical Science, Public Health, Architecture, Nursing, Graphic Design, Hospitality & Tourism, Media & Communication, Community Development, Pharmacy အစရှိသော ဘာသာရပ်များကို တက်ရောက်သင်ကြားနိုင်သော အခွင့်အလမ်းများပါရရှိမှာဖြစ်ပါတယ်။

အဆိုပါ UFP ကို မြန်မာနိုင်ငံတွင် ၈ လသင်ယူအောင်မြင်ပြီးပါက ကမ္ဘာတစ်ဝှန်းရှိ Navitas နှင့် ချိတ်ဆက်ထားသော Australia, UK, USA, Canada, Singapore, Malaysia နိုင်ငံများရှိ Universities များတွင် First Year Bachelor Degree ကို တိုက်ရိုက် တက်ရောက်နိုင်မှဖြစ်ကြောင်း သိရှိရပါသည်။ Australia, UK, USA & Canada နိုင်ငံများတွင် သင်ကြားလျှက်ရှိသော သင်ကြားမှုပုံစံ နည်းစနစ်အတိုင်းလေ့ကျင့်သင်ကြားပေးသောကြောင့် ကျောင်းသားများကိုယ်တိုင် ဝေဖန်ပိုင်းခြားနိုင်မှုစွမ်းရည် (Critical Thinking Skill) ကိုပိုမိုတိုးတက်စေ၍ နိုင်ငံတကာတက္ကသိုလ်များတွင် အခက်အခဲမရှိ ဆက်လက်တက်ရောက် နိုင်မည်ဖြစ်ပါသည်။ နိုင်ငံခြားတက္ကသိုလ်မှ ဝါရင့်ဆရာဆရာမများနှင့် နိုင်ငံခြားသားဆရာကိုယ်တိုင်သင်ကြားပို့ချပေးခြင်း၊ နိုင်ငံတကာပညာရေးစနစ်နှင့်အညီ ခေတ်မှီသင်ထောက်ကူပြုပစ္စည်းများနှင့် သင်ကြားပေးခြင်း၊  အင်တာနက်အခမဲ့သုံးစွဲနိုင်ခြင်း၊ သန့်ရှင်းသပ်ရပ်ကျယ်ဝန်းပြီး လုံခြုံစိတ်ချရသော ကျောင်းဝန်းအတွင်း ဖွင့်လှစ်ထားတယ်လို့သိရပါသည်။ အခြေခံပညာအထက်တန်း (သို့) IGCSE အောင်မြင်ပြီး နိုင်ငံခြားသို့ သွားရောက်ပညာသင်ယူလိုသော ကျောင်းသား ကျောင်းသူတိုင်း တက်ရောက်နိုင်မှာဖြစ်ပြီး အဆိုပါ UFP ကိုတက်ရောက်လိုသော ကျောင်းသားကျောင်းသူများအနေဖြင့် အရည်အချင်းစစ်စာမေးပွဲ English Placement Test ဖြေဆိုအောင်မြင်ပါက တိုက်ရိုက်တက်ရောက်ခွင့် ရရှိမှာဖြစ်တယ်လို့သိရှိရပါသည်။

YIUS ကျောင်းတွင် တက်ရောက်သင်ကြားလျှက်ရှိသော ကျောင်းသားကျောင်းသူများကို ပြည်ပတက္ကသိုလ်များတွင် တက်ရောက်သင်ကြားလျှက်ရှိသော ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံပွဲကိုလည် မကြာခဏ ပြုလုပ်ပေးလျှက်ရှိပြီး သြစတြေးလျမှတက္ကသိုလ်မှာ ဘွဲ့ရရှိခဲ့သော ကျောင်းသူတစ်ဦးမှလည်း ပညာရေးအတိုင်ပင်ခံအဖြစ် ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရှိရပါသည်။ အဆိုပါ University Foundation Program ကိုတက်ရောက်လိုသော ကျောင်းသား ကျောင်းသူများအတွက် Education Week @ YIUS ကို မေလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ နံနက် ၁၀ နာရီမှ နေ့လည် ၃ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ အသေးစိတ်သိရှိလိုသော ကျောင်းသားကျောင်းသူများအနေဖြင့် YIUS ကျောင်းတည်ရှိရာ အခန်းအမှတ် (၂/၄/၈) ၊ အဆောင် (၇) ၊ မြန်မာအင်ဖိုတက် ၊ လှိုင်တက္ကသိုလ်နယ်မြေ ၊ လှိုင်မြို့နယ်။ ဖုန်း-၆၅၂၃၁၁ ၊ ၆၅၂၂၉၇ ၊ ၀၉-၇၃၁၄၈၇၃၉ (သို့) www.yiusmyanmar.org သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်းသိရှိရပါသည်။






 

(7-4-2011)
Source:
Ko Lin (Myanmar Training)

 

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats