Excel for Manager & Accountant သင်တန်းဖွင့်လှစ်
Computer
Application Software များကို မိမိတို့၏ လုပ်ငန်းခွင်တွင်
ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် ရည်ရွယ်၍ It is not just for Manager
& Accountant သင်တန်းကို ၃၀-၄-၂၀၁၁ စနေနေ့တွင် Bizsoft တွင်
ဖွင့်လှစ်မည် ဖြစ်ပါသည်။ ၎င်းသင်တန်းတွင် Microsoft Excel ကိုအသုံးပြု၍
Financial Plan ပြုလုပ်ပုံ၊ Management Reporting အသုံးပြုပုံ၊
Decision Support Tools များအတွက် အသုံးပြုပုံ၊ Excel ကို Small
Application အဖြစ်အသုံးပြုပုံများကို လက်တွေ့လုပ်ငန်းခွင်တွင် ဥပမာများ
Case Study များဖြင့် အကျယ်တဝင့် ရှင်းလင်းသင်ကြားပြသမှာ ဖြစ်ပါသည်။
သင်တန်းတက်ရောက်မည့်သူများ အနေဖြင့် အခြေခံ Excel ကို
တက်မြောက်ရန်လိုအပ်ပါသည်။ အသေးစိတ် သိရှိလိုပါက Bizsoft (၃၈) လမ်း၊
ပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း (အပေါ်) သို့ လာရောက်စုံစမ်း
မေးမြန်းနိုင်ပါသည်။ ဖုန်း ၃၈၃၈၇၁ သို့လည်း ဆက်သွယ်မေးမြန်း
စုံစမ်းနိုင်ပါသည်။
(26-4-2011)
Source: Opportunity Journal
အစ္စရေးနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်း ပညာသင်ဆု (၂) ဆု အတွက်
မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ လျှောက်လွှာခေါ်ယူ
.
.
. .. ..
.
..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. ..
.
.
.
.
.
.
.
. . .
အစ္စရေးနိုင်ငံ၊
ရာမက်နီဂျိဗ် သဲကန္တာရစိုက်ပျိုးရေးသုတေသန ဗဟိုဌာနမှ ခေါ်ယူသော (၁၁)လကြာ
စိုက်ပျိုးရေးသင်တန်း ပညာသင်ဆု(၂)ဆု အတွက် ၃၀-၄-၂၀၁၁ (စနေ) နေ့ တွင်
အသက် (၃၀) နှစ်ထက်မကျော်လွန်သေးသူ၊ ကောလိပ်/ တက္ကသိုလ်တစ်ခုခုမှဘွဲ့
(ဒီဂရီ) ရရှိခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းများကို လက်တွေ့
လုပ်ကိုင်နေသူများ လျှောက်ထားနိုင်ကြောင်းသိရှိရသည်။
လျှောက်ထားလိုသူများသည် နိုင်ငံသားစိစစ်ရေးကဒ်မိတ္တူ၊ (၁၀) တန်းအောင်
လက်မှတ်မိတ္တူ၊ ဘွဲ့လက်မှတ်မိတ္တူ၊ စိုက်ပျိုးရေးလုပ်ငန်းအတွေ့အကြုံအတွက်
လုပ်ငန်းထောက်ခံစာ၊ ပတ်စ်ပို့အရွယ်ဓာတ်ပုံ (၂)ပုံတို့နှင့် ၂၇-၄-၂၀၁၁
(ဗုဒ္ဓဟူး) နေ့ နောက်ဆုံးထား၍ ဦးမြင့်စိုး (CEO) ၊ ဖုန်း-၀၉-၅၁၄၁၃၂၂၊
၅၁၉၆၇၃-၆ (လိုင်းခွဲ-၂၀၉)၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၊
တက္ကသိုလ်များ (လှိုင်နယ်မြေ)၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ တင်သွင်း
လျှောက်ထားနိုင်ပါသည်။
(26-4-2011)
Source: Opportunity Journal
Optimum Knowledge Studies မှ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးသူများအတွက်
ကွန်ပျူတာ သင်တန်းများဖွင့်လှစ်မည်
.
.
. ..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
..
.
.
.
.
.
. . ...
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
Certificate
in Academic Computing သင်တန်းများကို ၂၀၁၁ ခုနှစ်
တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို ဖြေဆိုပြီးကြပြီဖြစ်သော
ကျောင်းသား/သူများ အတွက် ရည်ရွယ်ပြီး Optimum Knowledge Studies မှ
Certificate in Academic Computing သင်တန်းများအား ၂၀၁၁ ခုနှစ်၊
ဧပြီလတွင် ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။ ပြည်တွင်း
ပြည်ပတက္ကသိုလ်များ ဆိုင်ရာသိကောင်းစရာများနှင့် အနာဂတ်ကာလတွင်
ထူးချွန်အောင်မြင်သော လူငယ်ပညာရှင်များ ဖြစ်ပေါ်လာစေရေး အတွက် Career
Development Planning များကိုပါ ပူးတွဲသင်ကြားပေးသွားမည်ဖြစ်ပြီး
အသေးစိတ် သိရှိလိုပါက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊
ဗိုလ်ကလေးဈေးလမ်း (အပေါ်ဘလောက်)ရှိ Optimum Knowledge Studies ဖုန်း
၃၉၈၀၂၉၊ ၃၉၂၀၄၈ သို့ ဆက်သွယ်စုံစမ်း နိုင်ပါသည်။
(26-4-2011)
Source: Opportunity Journal
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ ပထမအကြိမ် Developer
Conference (Dev Con 2011-Yangon) ကို ၂၀၁၁
.
ခုနှစ် ဩဂုတ်လ (၂၀) ရက်မှ (၂၁) ရက်နေ့အထိ ရန်ကုန်မြို့
မြန်မာအင်ဖိုတက်ခ်တွင် ကျင်းပမည်
.
.
.
.
.
Dev
Con 2011 Yangon တွင် အသုံးပြုမည့် Logo Design ကို
စိတ်ဝင်စားသူမည်သူမဆို ဝင်ရောက်ယှဉ်ပြိုင် နိုင်ပါရန်
ဖိတ်ခေါ်အပ်ပါသည်။
မိမိတို့၏ Logo Design များကို အောက်ဖော်ပြပါ သတ်မှတ်ချက်ဖြင့်
ပြုလုပ်ရပါမည်။ (Illustrator or Photoshop
with layers preserved and PNG format, 300 DPI resolution)
မည်သူမဆို Design တစ်ခုထက်ပိုပြီး ပေးပို့ယှဉ်ပြိုင်နိုင်ပါသည်။
Design Logo များကို (E-mail: office@mcpamyanmar.org) သို့ မေလ
(၉)ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့
ရမည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ Design လက်ခံရရှိကြောင်း
E-mail ဖြင့် ပြန်လည်
အကြောင်း ပြန်ပါမည်။
ရွေးချယ်ခံရသော Logo အသုံးပြုခွင့်ကို
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသို့ ပေးအပ်ရမည် ဖြစ်ပါသည်။
ရွေးချယ်ခံရသော Logo Designer အား
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ဂုဏ်ပြုလက်မှတ်နှင့် Logo
ပုံစံတူ Trophy အား မှတ်တမ်းတင်ချီးမြှင့်မည်ဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များကို သိရှိလိုပါက
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း (၄) ၊
မြန်မာအင်ဖိုတက်ခ်၊ ဖုန်း - ၆၅၂၂၇၆၊ ၀၉ ၇၃၀၈၈၃၀၀
သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(26-4-2011)
Source: Ko Lin (Myanmar Training)
စင်္ကာပူအစိုးရ အင်ဂျင်နီယာကျောင်းဝင်ခွင့်ကို Future Way မှတဆင့်
မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ဖြင့် ဖြေဆိုခွင့်ရရှိနိုင်ပြီ
.
.
..
.
.
.
.
.
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
စင်္ကာပူအစိုးရ
အင်ဂျင်နီယာကျောင်း BCA Academy ၏ ဝင်ခွင့်စာမေးပွဲများကို
မြန်မာနိုင်ငံတွင် တရားဝင်ကိုယ်စားလှယ် အဖြစ်ကြီးမှူး
ကျင်းပလျှက်ရှိသော Future Way Co.,Ltd မှ ရန်ကုန်မြို့တွင် May 28 ရက်၌
ကျင်းပမည်ဖြစ်သည်။ ထိုဝင်ခွင့်စာမေးပွဲကို Future Way Co.,Ltd မှ
ကျောင်းမှတ်ပုံတင်ကြေး အခမဲ့ဖြင့် ပထမဦးဆုံးအကြိမ်
စစ်ဆေးပေးသွားမည်ဖြစ်သည်။ မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့်ဖြင့်
လျှောက်ထားရာတွင် ယခင်က မတ်လ (၁၉) ရက်နေ့အတွင်း
လာရောက်လျှောက်ထားသူများမှ ရွေးချယ်လျက်ရှိပြီး ယခုအခါ
လျှောက်ထားရမည့်ရက်ကို မေလ(၇) ရက် နေ့အထိ ရက်တိုး သတ်မှတ်လိုက်သည်။
လျှောက်ထားလိုသူများသည် မေ (၇) ရက်နေ့အတွင်း Future Way
သို့လာရောက်လျှောက်ထားနိုင်မည်ဖြစ်သည်။
BCA Academy ဆိုသည်မှာ
..
BCA Academy သည် စင်္ကာပူနိုင်ငံ ဆောက်လုပ်ရေးအာဏာပိုင်အဖွဲ့အစည်းမှ
တိုက်ရိုက်ဖွင့်လှစ်ထားသော အင်ဂျင်နီယာဘာသာရပ်များကိုသာ အဓိက
သင်ကြားပေးနေသည့် အစိုးရအင်ဂျင်နီယာကျောင်းဖြစ်သည်။
စာသင်နှစ်များအတွင်း စာတွေ့လက်တွေ့သင်ကြားရခြင်း၊
ခိုင်မာသောသင်ရိုးများသာ သင်ကြားပေးခြင်း၊ အလုပ်သင်များအနေဖြင့်
စင်ကာပူဆောက်လုပ်ရေးများတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည် ဖြစ်သည်။
ဖော်ပြပါ ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်သည်။
1. Construction Information Technology
2. Construction Engineering
3. Mechanical Engineering (Green Building Technology)
4. Design (Interior and Landscape)
5. Strategic Facilities Management
6. Electrical Engineering and Clean Energy
ဝင်ခွင့်ဖြေဆိုရန် လိုအပ်ချက်များ
ဝင်ခွင့်ဖြေဆိုလိုသူများသည် အခြေခံပညာဆယ်တန်း (သို့) GCE O Level (၃)
ဘာသာအောင်မြင်ထားရန် လိုအပ်သည်။ ဆယ်တန်း အမှတ်စာရင်းအနည်းအများ နှင့်
IELTS/ TOEFL ရမှတ်များလည်း မလိုအပ်ဘဲ လျှောက်ထားနိုင်သည်။
Future Way မှ ဝင်ခွင့်ဖြေဆိုရန် ဆောင်ရွက်ပေးမှုများ
BCA Academy ၏ ဝင်ခွင့်ဖြေဆိုမည့် ကျောင်းသား/သူများအား Future Way
Co.,Ltd မှ ဝင်ခွင့်တွင် ထူးချွန်စွာ အောင်မြင်နိုင်ရန်
အကြိုပြင်ဆင်မှုရက်တို သင်တန်းများကို ကျွမ်းကျင်ဆရာ/ ဆရာမများဖြင့်
ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ February 12 ရက်နေ့တွင်
စစ်ဆေးပေးခဲ့သော ၂ဝ၁၁ ခုနှစ် ဧပြီကျောင်းဝင်ခွင့်စာမေးပွဲတွင်
ကျောင်းသားများ၏ ထူးချွန်ထက်မြက်မှုများကြောင့် ၁ဝဝ% အောင်ချက်
ကောင်းမွန်ခဲ့သည်။ ဝင်ခွင့်တွင် ထူးချွန်စွာ
အောင်မြင်သူများအနေဖြင့်လည်း BCA Academy ၏ ကျောင်းလခ
ပညာသင်ထောက်ပံ့ကြေးများ ကင်းလွတ်ခွင့် ရရှိနိုင်မည့် အစီအစဉ်တွင်
ခံစားခွင့်ရမည်ဖြစ်သည်။
အထူးအခွင့်အရေးအနေဖြင့် ၂ဝ၁၁ ခုနှစ် မတ်လတွင် တက္ကသိုလ်ဝင်တန်း
ဖြေဆိုထားသော ကျောင်းသား/သူများလည်း BCA Academy ၏ ဝင်ခွင့်စာမေးပွဲကို
ဖြေဆိုလိုပါက Future Way Co.,Ltd တွင်လျှောက်ထားနိုင်ပြီဖြစ်သည်။
ဝင်ခွင့်ဖြေဆိုရန် စိတ်ဝင်စားသူများ၊ မှတ်ပုံတင်ကင်းလွတ်ခွင့်ဖြင့်
ဖြေဆိုရန် လျှောက်ထားလိုသူများသည် Future Way Co.,Ltd
သို့သတ်မှတ်ချက်ရက် မတိုင်မီ ဖုန်းဖြင့်ဆက်သွယ်၍ဖြစ်စေ၊
လူကိုယ်တိုင်လာရောက်၍ဖြစ်စေ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း
သတင်းကောင်းပါးအပ်ပါသည်။
(7-4-2011)
Source:
Ko Lin (Myanmar Training)
YIUS ကျောင်းနှင့် Navitas (Australia) တို့ ပူးပေါင်းဖွင့်လှစ်သော
နိုင်ငံတကာအသိအမှတ်ပြု University Foundation Program
.
.
.
..
.
.
.
.
.
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
YIUS
ကျောင်းတွင် သြစတြေးလျနိုင်ငံအသိအမှတ်ပြု Australian Foundation
Courses ကို ၂၀၀၅ ခုနှစ်မှစ၍ ပထမဆုံးသင်ကြားပေးလျှက်ရှိပြီး ယခုအခါ
သြစတြေးလျနိုင်ငံ Navitas Group of Colleges နှင့် ပူးပေါင်း၍
နိုင်ငံတကာအသိအမှတ်ပြု University Foundation Program ကို မေလ ၁၆
ရက်နေ့တွင် စတင်သင်ကြားပေးတော့မှာဖြစ်ကြောင်းသိရှိရပါသည်။ Navitas သည်
အမေရိကန်ပြည်ထောင်စုတွင် UPP (University Preparation Program),
ဗြိတိန်နိုင်ငံတွင် IFP (International Foundation Programme) ,
ကနေဒါနိုင်ငံတွင် UTP (University Transfer Program),
သြစတြေးလျနိုင်ငံတွင် Certificate IV အစရှိသော နိုင်ငံတကာအသိအမှတ်ပြု
တက္ကသိုလ်ဝင်ခွင့်သင်တန်းများကို ဖွင့်လှစ်သင်ကြားလျှက်ရှိပြီး
မြန်မာနိုင်ငံတွင် UFP (University Foundation Program) ကို YIUS
ကျောင်းနှင့် ပူးပေါင်း၍ သင်ကြားမှာဖြစ်ပါသည်။ UFP (University
Foundation Program) သည် နိုင်ငံတကာကျောင်းများ၏ ၁၂ တန်း (သို့) GCE A
Level နှင့် ညီမျှပြီး နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဝင်ခွင့်
သင်တန်းလည်းဖြစ်ပါသည်။ အဆိုပါ UFP (University Foundation Program)
တွင် Commerce, Engineering, IT နှင့် Biomedical Science, Public
Health, Architecture, Nursing, Graphic Design, Hospitality &
Tourism, Media & Communication, Community Development, Pharmacy
အစရှိသော ဘာသာရပ်များကို တက်ရောက်သင်ကြားနိုင်သော
အခွင့်အလမ်းများပါရရှိမှာဖြစ်ပါတယ်။
အဆိုပါ UFP ကို မြန်မာနိုင်ငံတွင် ၈ လသင်ယူအောင်မြင်ပြီးပါက
ကမ္ဘာတစ်ဝှန်းရှိ Navitas နှင့် ချိတ်ဆက်ထားသော Australia, UK, USA,
Canada, Singapore, Malaysia နိုင်ငံများရှိ Universities များတွင်
First Year Bachelor Degree ကို တိုက်ရိုက် တက်ရောက်နိုင်မှဖြစ်ကြောင်း
သိရှိရပါသည်။ Australia, UK, USA & Canada နိုင်ငံများတွင်
သင်ကြားလျှက်ရှိသော သင်ကြားမှုပုံစံ
နည်းစနစ်အတိုင်းလေ့ကျင့်သင်ကြားပေးသောကြောင့် ကျောင်းသားများကိုယ်တိုင်
ဝေဖန်ပိုင်းခြားနိုင်မှုစွမ်းရည် (Critical Thinking Skill)
ကိုပိုမိုတိုးတက်စေ၍ နိုင်ငံတကာတက္ကသိုလ်များတွင် အခက်အခဲမရှိ
ဆက်လက်တက်ရောက် နိုင်မည်ဖြစ်ပါသည်။ နိုင်ငံခြားတက္ကသိုလ်မှ
ဝါရင့်ဆရာဆရာမများနှင့်
နိုင်ငံခြားသားဆရာကိုယ်တိုင်သင်ကြားပို့ချပေးခြင်း၊
နိုင်ငံတကာပညာရေးစနစ်နှင့်အညီ ခေတ်မှီသင်ထောက်ကူပြုပစ္စည်းများနှင့်
သင်ကြားပေးခြင်း၊ အင်တာနက်အခမဲ့သုံးစွဲနိုင်ခြင်း၊
သန့်ရှင်းသပ်ရပ်ကျယ်ဝန်းပြီး လုံခြုံစိတ်ချရသော ကျောင်းဝန်းအတွင်း
ဖွင့်လှစ်ထားတယ်လို့သိရပါသည်။ အခြေခံပညာအထက်တန်း (သို့) IGCSE
အောင်မြင်ပြီး နိုင်ငံခြားသို့ သွားရောက်ပညာသင်ယူလိုသော ကျောင်းသား
ကျောင်းသူတိုင်း တက်ရောက်နိုင်မှာဖြစ်ပြီး အဆိုပါ UFP
ကိုတက်ရောက်လိုသော ကျောင်းသားကျောင်းသူများအနေဖြင့်
အရည်အချင်းစစ်စာမေးပွဲ English Placement Test ဖြေဆိုအောင်မြင်ပါက
တိုက်ရိုက်တက်ရောက်ခွင့် ရရှိမှာဖြစ်တယ်လို့သိရှိရပါသည်။
YIUS ကျောင်းတွင် တက်ရောက်သင်ကြားလျှက်ရှိသော
ကျောင်းသားကျောင်းသူများကို ပြည်ပတက္ကသိုလ်များတွင်
တက်ရောက်သင်ကြားလျှက်ရှိသော ကျောင်းသားကျောင်းသူများနှင့်
တွေ့ဆုံပွဲကိုလည် မကြာခဏ ပြုလုပ်ပေးလျှက်ရှိပြီး
သြစတြေးလျမှတက္ကသိုလ်မှာ ဘွဲ့ရရှိခဲ့သော ကျောင်းသူတစ်ဦးမှလည်း
ပညာရေးအတိုင်ပင်ခံအဖြစ် ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရှိရပါသည်။
အဆိုပါ University Foundation Program ကိုတက်ရောက်လိုသော ကျောင်းသား
ကျောင်းသူများအတွက် Education Week @ YIUS ကို မေလ ၂ ရက်နေ့မှ ၇
ရက်နေ့အထိ နံနက် ၁၀ နာရီမှ နေ့လည် ၃ နာရီအထိ
ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။ အသေးစိတ်သိရှိလိုသော
ကျောင်းသားကျောင်းသူများအနေဖြင့် YIUS ကျောင်းတည်ရှိရာ အခန်းအမှတ်
(၂/၄/၈) ၊ အဆောင် (၇) ၊ မြန်မာအင်ဖိုတက် ၊ လှိုင်တက္ကသိုလ်နယ်မြေ ၊
လှိုင်မြို့နယ်။ ဖုန်း-၆၅၂၃၁၁ ၊ ၆၅၂၂၉၇ ၊ ၀၉-၇၃၁၄၈၇၃၉ (သို့)
www.yiusmyanmar.org သို့ဆက်သွယ်
စုံစမ်းမေးမြန်းနိုင်ကြောင်းသိရှိရပါသည်။
(7-4-2011)
Source:
Ko Lin (Myanmar Training)