Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' တွင် Linux သင်တန်း၊ Memory Stick၊ Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


News » Local News

Sr Education တွင် IELTS သင်တန်းဖွင့်လှစ်မည်.

Sr Education တွင် IELTS အခြေခံနှင့် အဆင့်မြင့်သင်တန်းများကို ဇန်နဝါရီလ ၂၂ ရက်နေ့မှ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း Sr Education တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။အဆိုပါသင်တန်းကို Australia Native Teacher ကိုယ်တိုင်သင်ကြားပို့ချပေးမည်ဖြစ်ပြီး Education Consultation Free, Scholarship, grant, Loan Advice Exam Registration, hardauts, Notes, Fully Air Conditioned, Mini-library (multimedia) with full Internet Access တို့ အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။ သင်တန်းအမျိုးအစားမှာ Foundation and Preparation Courses ဟူ၍ ၂ မျိုးရှိပြီးသင်တန်းများကို ဇန်နဝါရီ ၂၂ ရက်နေ့မှ စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလ ၃ လကြာမြင့်မည်ဖြစ်သည်။

သင်တန်းဖွင့်လှစ်ခြင်းအထူး Discount အဖြစ် Sr Education ကျောင်းသား/သူများအတွက် ၂ဝ% Sr Education ကျောင်းသားမိသားစုဝင်များအတွက် ၁၅% Sr ကျောင်းသားမှ ထပ်ဆင့်လမ်းညွှန်သော ကျောင်းသား/သူ များအတွက် ၁ဝ% သင်တန်းကြေး လျော့၍ လက်ခံပေးသွားမည်ဖြစ်သည်။
သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းလိုပါက Sr Education ဖုန်း - ၃၇၄၇၄၇ ၊ ၃၇၄၇၄၈ သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။ လူကိုယ်တိုင်လာရောက်ပြီး Singapore Education Specialist ဦးနေလင်းဖြိုးနှင့် တိုင်ပင်ဆွေးနွေးရန် ရက်ချိန်းရယူနိုင်ပါသည်။

(22-1-2010)
Source: Ko Lin (Myanmar Training)


ကျွမ်းကျင် Computer Graphic Designer ဖြစ်လိုသူများအတွက် သင်တန်းဖွင့်မည်.

ထုတ်ကုန်ပစ္စည်းများပြိုင်ဆိုင်ရာတွင် ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် အထူးပြုလုပ်ချက်များ၊ အကျိုးသက်ရောက်မှုနှင့် အသုံးဝင်ပုံများ အစရှိသော အချက်အလက်များကို အသုံးပြုသူများသိရှိပြီး အသုံးပြုလာအောင်ဆောင်ရွက်ရာတွင် တီဗီဖန်သားပြင်ပေါ်မှ သရုပ်ဆောင်များဖြင့်် ဆွဲဆောင်ခြင်း၊ လူအများအသုံးပြုလျက်ရှိသော ဂျာနယ်စာစောင်များ၊ မဂ္ဂဇင်းစာစောင်များနှင့် လူအများသွားလာလျက်ရှိသော နေရာများတွင် ကြော်ငြာဘုတ်များဖြင့် ဆွဲဆောင်ကာ ဈေးကွက်ရယူလျက်ရှိသည့် လုပ်ငန်းခွင်တွင် ကျွမ်းကျင်သော Computer Graphic Designer တစ်ဦးအဖြစ် အသက်မွေးလိုသူများအတွက် RDS Media Group မှ သင်တန်းဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သင်တန်းတွင် ကျွမ်းကျင်သော Designer တစ်ယောက်အဖြစ်ရန်အတွက် ပတ်ဝန်းကျင်ဆိုင်ရာအရောင် သဘောတရားများနှင့် ဖန်တီးမှု (Color Theory & Creation), Product များ၏နေရာချထားမှု (Design Layout), Design တစ်ခုကိုပြုလုပ်ရန် အခြေခံလိုအပ်သော စဉ်းစားပုံစဉ်းစားနည်း (Conception Skills), မိမိတာဝန်ယူလုပ်ဆောင်သော ထုတ်ကုန်ပစ္စည်းအကြောင်း အခြေခံလေ့လာမှု (Product Knowledge) စသည်တို့ကို သင်ကြားပို့ချမည်ဖြစ်တာကြောင့် သင်တန်းပြီးဆုံးပါက Design Project များကို ကိုယ်တိုင်ပြုလုပ်နိုင်မည့်ဖြစ်ကြောင်းနှင့် သင်တန်းတက်ရောက်လိုသူများအနေဖြင့် အမှတ် (၁၆၆-အေ)၊ ပထမထပ်၊ စမ်းချောင်းလမ်း၊ မြေနီကုန်းရှိ RDS Media Group ဖုန်း-ဝ၉၅ဝ၁၇၆၂ဝ၊ ဝ၉၅ဝ၆၃၂၇၈ သို့ဆက်သွယ်နိုင်ကြောင်းသိရသည်။

(20-1-2010)
Source: Net Guide Journal


အဆင့်မြင့် လေ့လာလိုသူများအတွက် Practical A+ ဖွင့်မည်.

Hardware နှင့်ပတ်သက်၍ အဆင့်မြင့် လေ့လာလိုသူများအတွက် အခြေခံသင်တန်းဖြစ်သည့် Practical A+ သင်တန်းကို Glory Hope Education Centre မှ ဖေဖေါ်ဝါရီလအတွင်း ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။သင်ကြားပို့ချမည့် Practical A+ Course များမှာ Hardware ဆိုင်ရာ Knowledge အခြေခံများ၊ Antivirus installation နှင့် Virus Defination Driver installation (VGA၊ Sound, modum) Hardware, Software installation နှင့် Internet Set up and Email Configuration များကို သင်ကြားမှာဖြစ်ကြောင်း၊ ယင်းသင်ရိုးညွှန်းတမ်းများကြောင့် A+ ကို အဆင့်မြင့်လေ့လာလိုသူများသာမက maintenance ကို ကျွမ်းကျင်စွာ မလုပ်နိုင်ခြင်းကြောင့် Computer ပျက်စီးလွယ်ခြင်း၊ သာမန်အသေးစားပြင်ဆင်မှုမျာအတွက် ဆိုင်သို့ပို့ရခြင်းကြောင့် ပျက်စီးလွယ်ခြင်း၊ ကရိကထပိုများခြင်းအစရှိသည့် Computer User များလည်း တက်ရောက်သင်ယူနိုင်ကြောင်း ထပ်မံသိရှိရသည်။

အဆိုပါသင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် အမှတ် ၉၂၊ ၁၅လမ်း(လယ်)၊ လမ်းမတော်မြို့နယ်ရှိ Glory Hope ဖုန်း- ၂၂၄၉၄၈၊ ၂၁ဝ၅၈၉ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရှိရသည်။

(22-1-2010)
Source: Net Guide Journal

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats