ထူးချွန်မြန်မာလူငယ် ၂ ဦးပေါ်ထွက်လာ
၂၀၁၀
ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သော The Association of Business
Executives (ABE, UK) စာမေးပွဲတွင် MHR စီမံခန့်ခွဲမှုပညာ
သင်တန်းကျောင်းမှ သင်တန်းသား ၂ ဦးသည် ကမ္ဘာ့အမှတ်အများဆုံးဆုများ
ရရှိကြောင်းသတင်းရရှိသည်။ Marketing Diploma Level I မှ သင်တန်းသား
ဒေါက်တာသက်ထွန်းအောင်သည် Principles of Marketing ဘာသာရပ်ကို
ကမ္ဘာ့အမှတ်အများဆုံးဆုရရှိပြီး Marketing Diploma Level II မှ
သင်တန်းသား မောင်ကောင်းမြတ်ဟန်သည် Marketing in Action ဘာသာရပ်ကို
ကမ္ဘာ့အမှတ်အများဆုံး ရရှိကြောင်း၊ MHR သင်တန်းကျောင်းသည် ABE
ဒီပလိုမာများကို ၁၉၉၈ ခုနှစ်ကတည်းက သင်ကြားလာခဲ့ပြီး
စုစုပေါင်းကမ္ဘာ့အမှတ်အများဆုံးဆုရှင် (၁၇)ဦး မွေးထုတ်နိုင်ခဲ့ကြောင်း၊
ABE တွင် Diploma Level 4 , Higher Diploma Level 5, Graduate Diploma
Level 6 နှင့် Post Graduate Diploma Level 7 စသည့် ဒီပလိုမာအဆင့် ၎
မျိုးရှိကြောင်း၊ Diploma Level 4 အောင်မြင်လျှင်
နိုင်ငံတကာတက္ကသိုလ်ကြီးများတွင် ပထမနှစ်သို့
တိုက်ရိုက်တက်ရောက်နိုင်ကြောင်း၊ Graduate Diploma Level 7 သည် Credit
Transfer 90 Points အထိရရှိသဖြင့် MBA ဒုတိယနှစ်သို့
တိုက်ရိုက်တက်ရောက်နိုင်ကြောင်း၊ ABE ဒီပလိုမာအောင်မြင်ထားလျှင်
ပြည်တွင်း/ ပြည်ပ ကုမ္ပဏီကြီးများတွင် အလုပ်အကိုင်
အခွင့်အလမ်းကောင်းများ ရရှိကြောင်း၊ Business Management Diploma,
Travels Tourism & Hospitality Management Diploma, Human Resource
Management Diploma, Marketing Management Diploma သင်တန်း (၄)
မျိုးအနက်မှ မိမိနှစ်သက်ရာရွေးချယ် တက်ရောက် နိုင်ကြောင်းနှင့်
လူဦးရေကန့်သတ်ထားသဖြင့် အခန်း(၉၀၅)၊ ၉ လွှာ၊ သံဈေးကွန်ဒို၊
လမ်းမတော်လမ်း၊ ဖုန်း-၇၀၇၈၂၂၊ ၃၉၅၈၀၂၊ ၂၁၆၁၆၈ သို့ အမြန်ဆုံး
စာရင်းပေးသွင်း တက်ရောက်နိုင်ပြီဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။
(3-5-2011)
Source: HR Journal
EVER UP Human Resources Institute မှ
နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များ မေလတွင်စမည်
.
.
. .. ..
.
..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. ..
.
.
.
.
.
.
.
. . .
EVER
UP Human Resources Institute သည် အင်္ဂလန်အခြေစိုက် (The Association of
Business Executive- ABE) မှ အသိအမှတ်ပြု ပေးအပ်ချီးမြှင့်သော
ဒီပလိုမာလက်မှတ်များကို (Diploma, Higher Diploma & Graduate Diploma)
အဆင့်သုံးဆင့်ဖြင့် Business Management, Financial Management, Human
Resources Management & Marketing Management ဘာသာရပ်များကို
ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။ ထိုသင်တန်းကို သင်ကြားမှုလုပ်သက် (၁၅)
နှစ်ကျော်ရှိပြီး Australia, USA, UK, Japan, India အစရှိသော
နိုင်ငံကြီးများမှ မဟာဘွဲ့ (MA, MSc, MBA) နှင့် ပါရဂူဘွဲ့ (PhD)
ရရှိခဲ့သည့်ဆရာ ဆရာမ (၁၅) ဦးအပြင် ABE သင်ကြားမှုအတွေ့အကြုံရှိ
ဆရာဦးညီညီမောင်တို့မှ သင်ထောက်ကူပစ္စည်းအပြည့်အစုံဖြင့် စ လယ် ဆုံး
ပံ့ပိုးကူညီသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းများကိုမေလမှစတင်၍
ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။ အသေးစိတ်ကို အခန်းအမှတ် (၄၀၂) MGW Tower
ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ဖုန်း ၂၅၆၅၂၃၊
၀၉၇၃၁၇၅၁၃၇၊ ၀၉၈၆၃၀၈၉၄ သို့ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါသည်။
(3-5-2011)
Source: HR Journal
IGCSE သင်တန်းအား တက်ရောက်မည့် ကျောင်းသား/သူများအတွက် SR Education
Center မှ Workshop ပြုလုပ်မည်
.
.
.
. ..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
..
.
.
.
.
.
. . ...
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
IGCSE
သင်တန်းအား တက်ရောက်မည့် (သို့) တက်ရောက်လိုသော ကျောင်းသား/သူများအတွက်
SR Education Center မှ ကျင်းပပေးသော IGCSE Workshop ကို ၂၉ ရက်၊
ဧပရယ်လ၊ ၂၀၁၁ (သောကြာနေ့) က ဒဂုံမြို့နယ်၊ MWEA Tower၊ ပထမထပ် SR
Education Center တွင် နံနက် ၁၀ နာရီမှ- နေ့လည် ၂ နာရီထိ အဆိုပါ
ကျောင်းသား/သူများ (အခမဲ့) တက်ရောက် လေ့လာခွင့်ရရှိခဲ့ကြသည်။ SR
Education Center အနေနှင့် ထိုကဲ့သို့ IGCSE Workshop
ပြုလုပ်ပေးရခြင်းမှာ ကျောင်းသားများအနေနှင့် IGCSE သင်တန်းတွင်
တက်ရောက်သင်ယူနိုင်မည့် ဘာသာရပ်များအားသိရှိရန်၊ မိမိဆက်လက်
သင်ယူလိုသော ပညာရပ်အတွက် ရွေးချယ်ရမည့် ဘာသာရပ်များကိုသိရှိစေရန်၊
IGCSE သင်တန်းတက်ရောက်ရခြင်းကြောင့် ရရှိနိုင်မည့် ပညာရပ်ဆိုင်ရာ/
ကိုယ်ရည် ကိုယ်သွေးဆိုင်ရာ တိုးတက်မှုများအား သိရှိစေရန်၊ IGCSE သင်တန်း
တက်ရောက်အောင်မြင်ပြီး သူများအတွက် နိုင်ငံတက္ကသိုလ်ကြီးများမှ
Scholarship နှင့် ကျောင်းဝင်ခွင့် ရရှိနိုင်မည့် အခွင့်အလမ်းများအား
သိရှိစေရန် တို့အတွက် ဖြစ်သည်ဟု SR Education center မှ
တာဝန်ရှိသူတစ်ဦးမှပြောကြားခဲ့ပါသည်။ ထို့ IGCSE Workshop
သို့တက်ရောက်လာကြသော ကျောင်းသားများ နှင့် ကျောင်းသားမိဘများအား IGCSE
နှင့် ပတ်သတ်၍ သိသင့်သိထိုက်သည်များ၊ ပညာရပ်ဆိုင်ရာ
သင်ကြားမှုပုံစံများ၊ စည်းကမ်းပိုင်းဆိုင်ရာများကို SR Education Center
မှ Local Teacher နှင့် Native Teacher များမှ ရှင်းလင်း
ပြောကြားကြပါသည်။ ထို့နောက် SR ၏ တာဝန်ရှိသူမှ SR Education Center မှ
ဖွင့်လှစ်သော IGCSE သင်တန်းတွင် ကျောင်းသားများပညာသင်ယူမှုတွင်
အဆင်ပြေလွယ်ကူချောမွေ့စေရန် Academic Officer နှင့် Guide Teacher
များထားရှိပေးထားကြောင်း၊ သင်ထောက်ကူပစ္စည်း (Library, Laboratory, WiFi
Zone, Locker စသည်တို့) စုံလင်စွာ ထားရှိပေးထားကြောင်းကို
ရှင်းလင်းပြောကြားပြသခဲ့ပါသည်။ ထို့ပြင် Workshop သို့
တက်ရောက်လာသောကျောင်းသားနှင့် ကျောင်းသားမိဘများအား
အစားအသောက်များဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးကာ ၎င်းတို့သိလိုသမျှကို
ဆွေးနွေးဖြေကြားပေးခဲ့ပါသည်။ မေလနောက်ဆုံးပတ်၌ SR Education Center
တွင် ထပ်မံဖွင့်လှစ်မည့် IGCSE
သင်တန်းသို့တက်ရောက်မည့်ကျောင်းသားများမှာ ဆရာတစ်ဦးချင်းစီနှင့်
မိမိတို့ရွေးချယ်ထားသည့် ဘာသာရပ်နှင့် ပတ်သတ်ပြီး သိလိုသမျှကို
မေးမြန်းဆွေးနွေးခဲ့ကြောင်းလဲ သိရှိခဲ့ရပါသည်။ IGCSE သင်တန်း (သို့)
ဘာသာရပ်များ နှင့် ပတ်သတ်ပြီး အသေးစိတ် သိရှိလိုပါက Smart Resources
Education Center ဖုန်းနံပါတ် - ၃၇၄၇၄၇၊ ၃၇၄၇၄၈၊ ၃၈၁၆၁၀
သို့တိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းလဲ ထပ်မံ
သိရှိခဲ့ရပါသည်။
(3-5-2011)
Source: Ko Lin (Myanmar Training)
Strategic of Human Resources Management သင်တန်းဖွင့်မည်
.
.
.
.
.
.
စီမံခန့်ခွဲ အုပ်ချုပ်နေသူများအတွက် Strategic of Human Resources
Management သင်တန်းကို ၂၀၁၁ ခုနှစ်၊ မေလ ၈ ရက်တွင် ဖွင့်လှစ်မည်
ဖြစ်ကြောင်း Caree Pass Job Training Centre မှ သိရသည်။
လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံရှိသူများနှင့် Fundamental of HR
Management အခြေခံရှိသူများ တက်ရောက် သင်ကြားနိုင်မည်ဖြစ်သည်။
သင်တန်းကာလမှာ တစ်လခွဲကြာမြင့်မည်ဖြစ်ပြီး
လုပ်ငန်းခွင် ဝင်ရောက်နေသော သူများအတွက် ရုံးချိန်ပြင်ပ (တနင်္ဂနွေ)
တန်းခွဲကို စီစဉ်ပေးထားကြောင်းသိရသည်။ သင်တန်းကို
လူဦးရေ ကန့်သတ်ထားပြီး တက်ရောက်လိုသူများအနေဖြင့် ဖုန်း - ၇၃၁၃၃၁၊
၀၉၈၀၂၁၀၂၇ တွင် ကြိုတင်စာရင်းပေးသွင်း တက်ရောက်နိုင်မည်ဖြစ်သည်။
(6-5-2011)
Source: Internet Journal
အင်္ဂလိပ်စာအရည်အသွေးတိုးတက်လိုသူများအတွက် သင်တန်းများဖွင့်လှစ်
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူများနှင့် အင်္ဂလိပ်စာကို
ပိုင်နိုင်စွာ လေ့လာလိုသူများအတွက် General English, Pre University
Course, IELTS, Business Communication စသည့် အင်္ဂလိပ်စာသင်တန်းများကို
ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း ULEC မှ သိရသည်။ General English
သင်တန်းတွင် Reading, Writing, Speaking, Listening (4 Skills)
သင်ကြားပေးမည်ဖြစ်ကာ သင်တန်းကာလ ၃ လကြာမြင့်မည်ဖြစ်သည်။ Pre University
Course သင်တန်းတွင် English 4 Skills အပြင် Business Communication,
Assignment Writing, Report Writing, Referencing Skills စသည်ဖြင့်
ကျောင်းသားများ ပညာသင်ကြားရာ၌ အထောက်အကူဖြစ်စေရန်နှင့်
လုပ်ငန်းခွင်ဝင်ရန် လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။ IELTS သင်တန်းတွင်
Band 6.0 ရရှိရန် အထူးကြပ်မတ် သင်ကြားပေးမည် ဖြစ်ပြီး English 4 Skills
အပြင် Mock Exams, Do and Don’t, Tips & Tick စသည်ဖြင့် ကျောင်းသားများ
စာမေးပွဲဖြေဆိုရာတွင် လွယ်ကူစွာဖြေဆိုနိုင်ရန်
တစ်ဦးချင်းစီအလိုက် လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်သည်။ Pre University
သင်တန်းအတွက် Free Placement Test ကို ၂၀၁၁ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ULEC တွင် လာရောက် ဖြေဆိုနိုင်မည်ဖြစ်ပြီး သင်တန်းများနှင့် ပတ်သက်၍
အသေးစိတ်အချက်အလက်များကို ULEC ဖုန်း - ၅၄၂၆၉၁၊ ၀၉၅၁၃၅၁၁၅ တွင်
ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။
(6-5-2011)
Source: Internet Journal
NGO မိတ်ဆက်သင်တန်းထပ်မံ ဖွင့်လှစ်မည်
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရသော ယခုခေတ်ကာလကြီးတွင်
လူမှုကယ်ဆယ်ရေးလုပ်ငန်းများ၊ လူထုစွမ်းရည်မြှင့်တင်သော လုပ်ငန်းများ၌
ပါဝင် လုပ်ကိုင်လိုသူများအတွက် အရည်အသွေးမြှင့်တင်ပေးလိုသည့်
ရည်ရွယ်ချက်ဖြင့် NGO မိတ်ဆက် သင်တန်းကို ၂၀၁၁ ခုနှစ်၊ မေလ ၇ ရက်တွင်
ထပ်မံဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ NGO
မိတ်ဆက်သင်တန်းတွင် NGO ဆိုတာဘာလဲ၊ စီမံချက်တွေကို
ဘယ်လိုဆောင်ရွက်ကြလဲ၊ စီမံချက်တစ်ခုအောင်မြင်အောင်
ဘယ်လို ဆောင်ရွက်ကြမလဲ၊ လူမှုပါဝင်ပူးပေါင်း ဆောင်ရွက်ခြင်း
နည်းလမ်းတွေကို ဘယ်လို ဆောင်ရွက်ကြမလဲ စသည့်ခေါင်းစဉ်များ
ပါဝင်မည်ဖြစ်သည်။ သင်တန်းတွင် ဆရာနှင့် ကျောင်းသားများ
အပြန်အလှန်ဆွေးနွေးသည့် ပုံစံ Two-Way Communication Style ဖြင့်
သင်ကြားပေးမည်ဖြစ်ပြီး ၎င်း သင်တန်းပြီးဆုံးပါက NGO အဖွဲ့အစည်းများ၏
လုပ်ငန်းဆောင်ရွက်မှုကို ယေဘုယျသဘော သိရှိသွားနိုင်ခြင်း၊
အလုပ်ခွင်ဝင်ရန် ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်နိုင်ခြင်း စသည့်
အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။ သင်တန်းတွင် NGO
အဖွဲ့အစည်းများမှ ခေါ်ယူလျက်ရှိသော အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း
သင်တန်းသားသင်တန်းသူများ သိရှိရန် Notice board ၌ လည်းကောင်း၊ E-mail
များမှ တဆင့်လည်းကောင်း အသိပေးခြင်းများ ပြုလုပ်ပေးမည် ဖြစ်သည့်အပြင်
NGO အဖွဲ့အစည်းများ၌ လစ်လပ်လျက်ရှိသော ရာထူးများအတွက် လျှောက်ထားရာတွင်
အထောက်အကူပြုစေရန် NGO field ၌ အတွေ့အကြုံရှိသော ဆရာ၊ ဆရာမများမှ
အနီးကပ်ပံ့ပိုးကူညီပေးမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းတက်ရောက်သူများ
အဆင်ပြေစေရန် သင်တန်းချိန်ကို စနေ၊ တနင်္ဂနွေ သီးသန့်စီစဉ်ထားရှိပြီး
သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို OESC ဖုန်း - ၅၁၉၀၉၂၊
၀၉၇၃၀၉၄၀၆၀ သို့ ဆက်သွယ်စုံစမ်း နိုင်မည်ဖြစ်သည်။
(6-5-2011)
Source: Internet Journal