လုပ်ငန်းစီမံကွပ်ကဲမှု လက်တွေ့ အသုံးချနည်းစနစ် သင်တန်းဖွင့်မည်
WISE
International School for Executives (ABE Accredited College) မှ
ကြီးမှူး၍ Certificate in Operations Management အမည်ရှိ
လုပ်ငန်းစီမံကွပ်ကဲမှု လက်တွေ့အသုံးချနည်းစနစ်သင်တန်းကို မေလ ၁၄ ရက်၊
စနေနေ့မှစ၍ ညနေ (၅း၃၀-၇း၃၀) အထိ ထပ်မံဖွင့်လှစ်မည်ဖြစ်ပါသည်။ အဆိုပါ
သင်တန်းကို Business Owner, Executives, Admin Manager, HR Manager,
BDM, Marketing Manager, Project Manager များနှင့် Management ကို
စိတ်ပါဝင်စားသူများ တက်ရောက်သင့်ပါသည်။ သင်တန်း ကာလမှာ (၁၀) ရက်၊ နာရီ
(၂၀) ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေးမှာ ၅ဝဝဝဝ ကျပ် ဖြစ်ကာ Member
Program အသင်းဝင်များအား သင်တန်းကြေး ၄၀ ရာခိုင်နှုန်း လျော့၍
ခံစားခွင့်ပေးမည်ဖြစ်သည်။ အဆိုပါသင်တန်းကို မေလ ၁၄ ရက်နေ့မှစ၍ စနေ၊
တနင်္ဂနွေ ညနေ (၅း၃၀-၇း၃၀) အထိ သင်ကြားပေးမည်ဖြစ်သည်။
စိတ်ပါဝင်စားသူများနှင့် တက်ရောက်လိုသူများသည် အသေးစိတ်
အချက်အလက်များကို WISE International School For Executives (ABE
Accredited College) အခန်းအမှတ် (၁၀၀၉) ၊ (၁၀) လွှာ၊ ယုဇနတာဝါ၊
ကမ္ဘာအေးစေတီလမ်းနှင့် ရွှေဂုံတိုင်လမ်းဆုံ၊ ဗဟန်းမြို့နယ်၊
ရန်ကုန်မြို့။ Ph: 01-556183/ 09-5157032 တို့ကို ဆက်သွယ်စုံစမ်းကာ
ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။
(13-5-2011)
Source: HR Journal
WISE မှ ABE သင်တန်းများဖွင့်လှစ်မည်
.
.
.
. .. ..
.
..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. ..
.
.
.
.
.
.
.
. . .
The
Association of Business Executives (ABE), UK မှ အသိအမှတ်ပြုထားသော
WISE International School for Executives (ABE Accredited College) မှ
ABE Diploma in Business Management သင်တန်းများကို June လ တွင်
ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။ WISE မှ ဖွင့်လှစ်သင်ကြားလျှက်
ရှိသော ABE (Business Management Diploma) သင်တန်းများတွင် အသက် (၁၆)
နှစ်ပြည့်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုပြီးသူတိုင်း တက်ရောက်
သင်ကြားနိုင်သော Diploma သင်တန်းများ၊ တက္ကသိုလ်တစ်ခုခုတွင်
ပညာသင်ကြားနေသော ကျောင်းသားများနှင့် ဘွဲ့ရပြီးလုပ်ငန်းခွင်တွင်
ဝင်ရောက်လုပ်ကိုင် နေသူများအတွက် Higher Diploma သင်တန်းများ၊
တက္ကသိုလ်တခုခုမှဘွဲ့ရပြီး အုပ်ချုပ်ရေးနှင့်
စီမံခန့်ခွဲမှုရာထူးများတွင် အနည်းဆုံး လုပ်သက်နှစ်နှစ် ရှိသူများအတွက်
Graduate Diploma သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျှက်ရှိပါသည်။
သင်တန်းကာလမှာ (၆)လ ဖြစ်ပြီး စာမေးပွဲကို ၂၀၁၁ ခုနှစ်၊ December
လဆန်းတွင် ABE, UK မှ ကြီးမှူး၍ တိုက်ရိုက်စစ်ဆေး သွားမည်ဖြစ်ပါသည်။
WISE သင်တန်းကျောင်းတွင် စီးပွားရေး နယ်ပယ်နှင့် နိုင်ငံတကာသင်ကြားမှု
အတွေ့အကြုံရှိ ပါမောက္ခကြီးများ၊ ဆရာကြီးများ၊ ဆရာမကြီးများ၏
သင်တန်းသားတစ်ဦးချင်းအလိုက် ထိရောက်သော လေ့ကျင့်သင်ကြားမှုများ၊
နေ့စဉ်အနီးကပ် လေ့ကျင့်သင်ကြားမှုများ၊ Tutorial များ၊ Brain Storming
နှင့် Presentation လုပ်ခြင်း၊ မေးခွန်းဟောင်းများဖြင့်
အောင်ချက်ကောင်းများ၊ ရမှတ်ကောင်းများ ရရှိအောင် အထူးဂရုပြု
သင်ကြားပေးလျှက်ရှိပါသည်။ ၎င်းအပြင် WISE မှ
လစဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော Management Marketing စသည့်
စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော Management Training များကိုလည်း
သင်တန်းကြေးအခမဲ့ဖြင့် တက်ရောက်သင်ကြားနိုင်မည့် အခွင့်အရေးလည်း
ရရှိမည်ဖြစ်ပါသည်။ အထူးအစီအစဉ်အနေဖြင့် May -၁၄ ရက် မတိုင်မီ
ကျောင်းအပ်သော သင်တန်းသားများအတွက် ခံစားခွင့်များလည်း ရရှိပါမည်။
အဆိုပါသင်တန်းသို့ စိတ်ပါဝင်စားသူ ကျောင်းသားများ၊ ကုမ္ပဏီများ၊
လုပ်ငန်းအဖွဲ့အစည်းများသည် Wise International School for Executives
(ABE Accredited College) အခန်းအမှတ် (၁၀၀၉)၊ (၁၀) ထပ်၊ ယုဇနတာဝါ၊
ကမ္ဘာအေးဘုရားလမ်းနှင့် ရွှေဂုံတိုင်လမ်းဆုံ၊ ဗဟန်းမြို့နယ်။
ရန်ကုန်မြို့။ ဖုန်း - 01-556183/ 09-5157032/ 09-5021810/ 09-73015959
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။
(10-5-2011)
Source: Internet Journal
သြစတြေလျထိပ်တန်း Secondary ကျောင်းများတွင် ပညာသင်ကြားခြင်း နှင့်
ဝင်ခွင့်လျောက်ထားခြင်းအကြောင်း
.
ရှင်းလင်းပြောကြားမည်
.
. ..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
..
.
.
.
.
.
. . ...
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
သြစတြေလျထိပ်တမ်း
Secondary ကျောင်းများတွင် ပညာသင်ကြားခြင်း နှင့်
ဝင်ခွင့်လျောက်ထားခြင်းအကြောင်း ရှင်းလင်း ပြောကြားမည်၊၊ သြစတြေလျနှင့်
ထိုင်းနိုင်ငံ အခြေစိုက် CETA နှင့် CROWN Education တို
့ပူးပေါင်းစီစဉ် မှု့ ဖြင့် မြန်မာနိုင်မှ အသက် (၁၀) - (၁၆)
နှစ်အတွင်းရှိ ကလေးများ အတွက်၊ သြစတြေလျ Secondary ကျောင်းများတွင်
ပညာသင်ကြားခြင်းဆိုင်ရာ သိမှတ်ဘွယ်ရာများ နှင့်
ဝင်ခွင့်လျောက်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်းကို မေလ(၂၈)ရက်
စနေနေ့  ညနေ (၂) နာရီမှ (၃) နာရီအထိ ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ
Traders Hotel တွင် Mr Andrew မှ ရှင်းလင်းပြောကြား မည်ဖြစ်ပါသည်၊၊
အဆိုပါဟောပြောပွဲတွင် သြစတြေလျထိပ်တမ်း Secondary ကျောင်းများအကြောင်း၊
သြစတြေလျ အခြေခံ ပညာရေး စနစ်များ အကြောင်းနှင့် Secondary
ကျောင်းများတွင် လေ့လာရာတွင် ကုန်ကျနိုင်သည့် ကုန်ကျစားရိတ်များ၊
လျောက်ထားမည့် ကလေးများတွင် ရှိထားရမည့် ပညာအရေး အရည်အချင်းများ၊
ဝင်ခွင့်လိုအပ်ချက်များကို Mr Andrew (Managing Director, CETA) မှ
ရှင်းလင်းပြောကြားမည်ဖြစ်ပါသည်၊၊ CROWN Education နှင့်
သြစတြေလျနိုင်ငံရှိ Secondary ကျောင်းများနှင့် ပူးပေါင်း ဆောင်ရွက်ကာ
မြန်မာနိုင်ငံမှ မိဘများအနေဖြင့်၊ မိမိတို့၏ ကလေးများအတွက်
သြစတြေးလျနိုင်ငံတစ်ဝှမ်း၊ စိတ်ကြိုက်သင့်လျော်သော ကျောင်းများ
ရွေးချယ်အပ်နှံ နိုင်စေရန်၊ Australian Secondary School Tour များကို
စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး၊ စိတ်ပါဝင်စားသည့် မိဘများ အဆိုပါ
ဆွေးနွေးပွဲနေ့တွင် စုံစမ်း မေးမြန်းနိုင်မည်ဖြစ်ပါသည်၊၊ သြစတြေလျ
Secondary ကျောင်းများတွင် တက်ရောက်ရန် လျောက်ထားရာတွင် အသက် (၁၀)
နှင့် (၁၆) နှစ်အရွယ် ကလေးများအတွက် IELTS အမှတ်တင်ပြရန်မလိုအပ်ပဲ၊၊
Australian Education Assessment Services (AEAS) မှစီစဉ်သည့်
အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုပြီး သြစတြေလျနိုင်ငံတစ်ဝှမ်းရှိ၊
Primary/ Secondary ကျောင်းများကိုလျောက်ထားနိုင်ပါသည်၊၊
အဆိုပါစာမေးပွဲသည် ကျောင်းသားကျောင်းသူများ၏ အင်္ဂလိပ်စာစွမ်းရည်နှင့်
သင်္ချာစွမ်းရည်တို့ကို စစ်ဆေးမည့် (၃)နာရီခန့်ကြာ မေးခွန်းဖြစ်ပါသည်၊၊
Australia နိုင်ငံအတွက် ပညာရေးဝန်ဆောင်မှု့ကို ဦးတည်ပြီး
သီးသန့်ရည်ရွယ်၍ CROWN Education, Australia ကိုသီးသန့်ထားရှိကာ
သြစတြေးလျနိုင်ငံသား ပညာရေးအတိုင်ပင်ခံများမှ ကြီးကြပ်လျက်
၎င်းနိုင်ငံ၏ နေထိုင်မှုပုံစံ၊ ယဉ်ကျေးမှုနှင့် ပညာရေးစနစ်အစရှိသော
ဗဟုသုတတွေများကို ၄င်းတို့ကိုယ်တိုင် တိုက်ရိုက်မျှဝေပေးမည်ဖြစ်ပြီး၊
ဆွေးနွေးပွဲတက်ရောက်ရန်နှင့် အသေးစိတ် အချက်အလက်များကို CROWN
Education, Summit Parkview Hotel, Room 228-229, ဖုန်းနံပါတ် 211 888
(Ext 228-229), နဲ့  09 5085 185, 09 732 732 77 တို့ တွင်ဆက်
သွယ်စုံစမ်းနိုင်ပါသည်၊၊
(13-5-2011)
Source: Ko Lin (Myanmar Training)
“WEC မှ နိုင်ငံခြားပညာသင်များအတွက် အထောက်အကူပြု သင်တန်းများဖွင့်မည်”
.
.
.
.
.
.
.
WEC
(Wisdom Education Centre) မှ နိုင်ငံခြားတက္ကသိုလ်များသို့
သွားရောက်ပညာသင်လိုသူများနှင့် International School များမှ
ကျောင်းသား၊ ကျောင်းသူများအတွက် IGCSE, GCE “O”, GCE “A”, SAT နှင့်
Pre-University Foundation Course များဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
IGCSE နှင့် GCE “A” စာမေးပွဲဖြေဆိုမည့်သူများ အတွက် ဘာသာစုံသင်ကြား၊
လေ့ကျင့်ပေးခြင်း၊ British Council တွင် စာမေးပွဲဝင်ခွင့်
လျှောက်ထားခြင်းမှ အောင်စာရင်း ထွက်သည်အထိ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်
ဖြစ်သည်။ Singapore Polytechnic ဝင်ခွင့်နှင့် Singapore Cambridge GEC
“O” Level စာမေးပွဲများအတွက် အထူးလေ့ကျင့် ပြင်ဆင်ပေးလျှက်ရှိသည်။
ထိုင်းနိုင်ငံရှိ အာရှနည်းပညာတက္ကသိုလ် (AIT) တွင် အင်ဂျင်နီယာဘွဲ့ (၄)
နှစ် သင်တန်းများတိုက်ရိုက် တက်ရောက်နိုင်ရေးအတွက် United Network
Management and Business Center တွင်
Pre-University Course for AIT-UGAT သင်တန်းကို ဖွင့်လှစ်
သင်ကြားပေးလျှက်ရှိသည်။ ထို့ပြင် Singapore နိုင်ငံရှိ Shelton College
International တွင် GCE “O” Level နှင့် Business Diploma Advanced
Diploma Degree ရယူလိုသူများအတွက် အခမဲ့ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။
International School များမှ ကျောင်းသား/သူများအတွက် Pre-IGCSE, IGCSE
Classes (Secondary-3, Secondary-4) များနှင့် အိမ်အရောက်
စာသင်ဝိုင်းများကိုပါ တာဝန်ယူစီစဉ်ပေးလျက်ရှိသည်။ အသေးစိတ်သိရှိလိုပါက
WEC, 785၊ (၃)လွှာ- (၅)လွှာ၊ ဇေယျာသုခလမ်း၊ မေတ္တာညွန့် ရပ်ကွက်၊
တာမွေမြို့နယ်။ ဖုန်း ၀၉-၄၃၀၂၀၆၄၅၊ ၀၉-၇၃၀၀ ၅၉၃၈
ဆက်သွယ်စုံစမ်းနိုင်ပါသည်။
(18-5-2011)
Source:
Ko Lin (Myanmar Training)
Idea For Business Men သင်တန်းဖွင့်မည်
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
စီးပွားရေးလုပ်ငန်း
စတင်လုပ်ကိုင်မည့် လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ ပွင့်လင်း
လာမည့် ဈေးကွက်စီးပွားရေးတွင် မိမိလုပ်ငန်းအောင်မြင်စွာ
လည်ပတ်နိုင်ရေးအတွက် ရည်ရွယ်၍ Idea For Business Men သင်တန်းကို Tip
Top Capacity Development Institute of Myanmar မှ ရန်ကုန်နှင့်
မန္တလေးမြို့များတွင် မတ်လ (၁၆) ရက်နေ့မှစ၍ တပြိုင်နက်ဖွင့်လှစ်
သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းတွင်
လုပ်ငန်းစီမံချက်ချခြင်းနှင့် ဆုံးရှုံးနိုင်ခြေ လျှော့ချခြင်း၊
ထုတ်ကုန်အသစ်နှင့် ဈေးကွက်ရှာဖွေခြင်း၊ လုပ်ငန်းဦးဆောင်ခြင်း၊
စွန့်ဦးတည်ထွင် လုပ်ငန်းရှင်၏ ကျင့်ဝတ်၊ အခွင့်အလမ်းကို
ရှာဖွေလေ့လာခြင်း၊ လူအများ၏စိတ်ကို အောင်နိုင်ခြင်း၊
ခုန်ပျံကျော်လွှားအောင်မြင်ခြင်း၊ လင်းယုန်တို့၏ ကျင့်စဉ်၊
စည်းရုံးဦးဆောင် ခေါင်းဆောင်မှုစသည့် ဘာသာရပ်များကို
လုပ်ငန်းအတွေ့အကြုံရှိသော စီးပွားရေးနှင့် လူမှုရေး ပညာရှင်ကြီးများ၊
လုပ်ငန်းရှင်ကြီးများမှ ပူးပေါင်းဆွေးနွေးပို့ချ ပေးမည်ဖြစ်ပြီး
သင်တန်းကာလကို ၁၀ ရက်သက်မှတ်ထားကြောင်း၊ သင်တန်းကို ညနေ ၅ နာရီခွဲမှ ၇
နာရီအထိ သင်ယူရမည် ဖြစ်ကြောင်းသိရသည်။
(18-5-2011)
Source: Internet Journal
လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသော Database Design & Development
သင်တန်းဖွင့်မည်
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
နိုင်ငံတကာရှိ
လုပ်ငန်းခွင်များတွင် Database နှင့် ပါတ်သက်၍
လုပ်ငန်းလုပ်ကိုင်လိုသူများနှင့် လက်ရှိလုပ်ငန်းတွင် Database Admin
တစ်ဦးအဖြစ် ကြိုးစားနေသူများအတွက် ရည်ရွယ်ကာ Database တစ်ခုအား
စနစ်တကျ Design ချ၍ အကောင်အထည်ဖော်နိုင်စေရန် Database Design &
Development သင်တန်းကို Gusto ကွန်ပျူတာ နည်းပညာသင်တန်းကျောင်းမှ
ဖွင့်လှစ်ပေးသွားမည်ဖြစ်သည်။ Commercial Software Application တွင်
Database သည် မပါမဖြစ်အရေးကြီး အစိတ်အပိုင်းတစ်ခု ဖြစ်လာသည်နှင့်အညီ
Software Developer ဖြစ်လိုသူများသည် Programming နည်းပညာကိုသာမက
Database တစ်ခုကို စနစ်တကျ Design ချ၍ အကောင်အထည်ဖော်
ဆောင်ရွက်နိုင်ရန် လေ့လာထားရမည်ဖြစ်သည်။ “Database Design တစ်ခု
ထွက်လာအောင်ဘယ်လို လုပ်မလဲဆိုတာကို အရင်လေ့လာရမှာဖြစ်ပါတယ်။
ကောင်းမွန်ကျစ်လစ်တဲ့ Database Design တစ်ခုဖြစ်လာဖို့အတွက် အဆင့်
ဆင့်စဉ်းစားသွားဖို့လိုပါတယ်။ Requirement Analysis, Conceptual
Design, Logical Design, Physical Design စသဖြင့်
အဆင့်ဆင့်စဉ်းစားရမှာဖြစ်ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ Physical Design
ထွက်လာပြီ ဆိုရင်တော့ ဒီ Design ကိုဆက်လက်အကောင်အထည် ဖော်မယ့်နည်းစနစ်
(Development) ကို ဆက်ပြီး လေ့လာရမှာပါ။ Development လုပ်တဲ့အခါမှာလည်း
Advanced SQL Statements တွေအပြင် အစွမ်းထက်မြက်တဲ့ Stored Procedure,
Trigger စတာတွေကို လေ့လာရမှာ ဖြစ်ပါတယ်” ဟု Gusto Professional ICT
Training Center မှ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့အပြင် သင်တန်းပြီးဆုံးပါက Microsoft Company မှစစ်ဆေးသော (70-433
SQL Server 2008) Exam ကိုဖြေဆိုနိုင်ပြီး Microsoft ကုမ္ပဏီမှ
ချီးမြှင့်သောနိုင်ငံတကာ အသိအမှတ်ပြု MCTS (Microsoft Certified
Technology Specialist – SQL Server 2008) Certificate ကို
ရရှိမည်ဖြစ်သည်။ အဆိုပါသင်တန်းသို့ ပြည်တွင်း၊ ပြည်ပတွင် Software
Developer, Database Developer, System Analysis အဖြစ်လုပ်ကို
လုပ်လိုသူများအပြင်၊ INGO များ၊ NGO များ၊
စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများတွင် Database Officer
အဖြစ်လုပ်ကိုင်နေသူများ တက်ရောက်သင့်ကြောင်း သိရသည်။ Database Design &
Development သင်တန်းအား စိတ်ပါဝင်စားသူများအနေဖြင့် Gusto
ကွန်ပျူတာနည်းပညာ သင်တန်းကျောင်း (ဖုန်း - ၀၁၂၂၄၄၉၆) သို့
ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်း သိရှိရသည်။
(18-5-2011)
Source: Internet Journal