Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:

News » Local News

Fureai Japanese Language School မှ အထူးအစီအစဉ်တစ်ရပ်ပြုလုပ်

 

Fureai Japanese Language School မှ အထူးအစီအစဉ်တစ်ရပ်အဖြစ် Special Private Course I နှင့် Special Private Course II ကို ၂၀၁၁ ခုနှစ်၊ မေလမှ စတင်ကာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။ Special Private Course I မှာ ဂျပန်စာကို သီးသန့်သင်လိုသူများ၊ အလုပ်တစ်ဘက်ကျောင်း တစ်ဘက်နှင့် သင်တန်းချိန်အတိုင်း လေ့လာရန် အခက်အခဲရှိသူများ အတွက် ရည်ရွယ်ခြင်းဖြစ်ပြီး တက်ရောက်လိုသူများ အနေဖြင့် မိမိတို့နှင့် အဆင်ပြေမည့် အချိန်၊ နေရာတို့ကို ညှိနှိုင်းနိုင်မည်ဖြစ်သည်။ အဆိုပါ Course တွင် မိမိတို့နှင့် လိုက်ဖက်ညီမည့် သင်ရိုးပုံစံများဖြင့် ဂျပန်စာ လေ့လာရာတွင် အခက်အခဲမရှိစေရန် ကျွမ်းကျင်သောဆရာ၊ ဆရာမများမှ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ Special Private Course II မှ မြန်မာနိုင်ငံတွင် လာရောက်နေထိုင်လျက်ရှိသော ဂျပန်လူမျိုးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။ နေ့စဉ်လုပ်ငန်းခွင်အတွင်း မြန်မာလူမျိုးများနှင့် ဆက်ဆံပြောဆိုအလုပ် လုပ်ကိုင်ရာတွင် မြန်မာစကားမပြောတတ်၍ အခက်အခဲရှိနေသူများ၊ မြန်မာစာကို စိတ်ဝင်စားလေ့လာလိုသူများအတွက် အခြေခံမှစကာပြောတတ်၊ ရေးတတ်၊ ဖတ်တတ်စေရန်အတွက် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။ ပုံမှန်းတန်းများ ဖြစ်သည့် Basic Level (N5) ကို မေလ ၁၀ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းနေ့ရက်နှင့် အချိန်ကို (အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ ညနေ ၃း၃၀ မှ ၅းဝဝ) သတ်မှတ်ထားသည်။ မေလ ၁၄ ရက် အတန်းအတွက်မူ သင်တန်းနေ့ရက်နှင့် အချိန်ကို (စနေ၊ တနင်္ဂနွေ မွန်းလွဲ ၁း၃၀ မှ ညနေ ၃း၀၀) အထိ သတ်မှတ်ထားရှိသည်။ ၎င်းသင်တန်းနှစ်မျိုးမှာ သင်တန်းကာလ ၃ လ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကြေးမှာ ၄၂ဝဝဝ ကျပ် သတ်မှတ်ထားကြောင်းသိရသည်။ စိတ်ပါဝင်စားသူများအနေဖြင့် Fureai Japanese Language School ဖုန်း - ၅၃၇၂၁၁ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည် ဖြစ်သည်။






 

(18-5-2011)
Source: Internet Journal


                      နိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာသင်တန်းအပတ်စဉ် (၁/၂ဝ၁၁) ဖွင့်မည် .
.  . .. .. .    .. .  .  . . .  .  . . . .  . . .  .  . . . .      .    . ..
.         .     .      . . .  .  . . .                      
        
 

နိုင်ငံတကာအသိအမှတ်ပြု UK နိုင်ငံမှ တိုက်ရိုက်ချီးမြှင့်သည့် Programming, Software, Network, System ဆိုင်ရာ IT Diploma သင်တန်းအပတ်စဉ် (၁/၂ဝ၁၁) ကို ၂ဝ၁၁ ခုနှစ်၊ မေလ အတွင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Ocean Gate Training Centre မှသိရသည်။ အဆိုပါသင်တန်းတွင် Computer Application များနှင့် ICT အခြေခံ ဘာသာရပ်များကို Foundation Level အဖြစ်သင်ကြားပေးမည်ဖြစ်သည်။ ဆက်လက်၍ Programming, Software စိတ်ဝင်စားသူများအနေဖြင့် Programming နှင့် Software ပိုင်းဆိုင်ရာအထူးပြုဘာသာရပ်များကို လေ့လာ သင်ယူပြီးနောက် Diploma for Software Developers ကိုရရှိမည်ဖြစ်သည်။ Network, System ကို ဝါသနာပါသူများ အနေဖြင့် သက်ဆိုင်ရာအထူးပြု ဘာသာရပ်များကို လေ့လာသင်ယူပြီးပါက Diploma in IT System Support ကိုရရှိမည်ဖြစ်သည်။ အဆိုပါ IT Diploma ကို UK ရှိ City & Guilds မှ တိုက်ရိုက်ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး City & Guilds မှ တိုက်ရိုက်ပေးအပ် ချီးမြှင့်ခြင်းဖြစ်ပြီး City & Guilds syllabus များသည် Theory နှင့် Knowledge ကို အခြေခံပြီး Practical ကို တတ်ကျွမ်းစေရန် ရေးဆွဲထားသဖြင့် သင်တန်းပြီးဆုံးပါက စာတွေ့လက်တွေ့ပိုင်နိုင် ကျွမ်းကျင်သွားမည် ဖြစ်ကြောင်းသိရသည်။ ထို့ပြင် စာမေးပွဲဖြေဆိုရာတွင်လည်း Theory/ Practical နှစ်မျိုးစလုံး ဖြေဆိုရသောကြောင့် ဘာသာရပ်ဆိုင်ရာ တက်မြောက်အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိစေမည်ဖြစ်သည်။ သင်တန်းသို့ အနိမ့်ဆုံး ပညာအရည်အချင်း တက္ကသိုလ်ဝင်တန်းဖြေဆိုပြီးသူများ တက်ရောက်နိုင်ပြီး ဒီပလိုမာနှင့် ဒီဂရီရရှိထားသူများလည်း Skills Upgrade အတွက် တက်ရောက်နိုင်မည် ဖြစ်သည်။ လုပ်ငန်းအတွေ့အကြုံရှိသူများအနေဖြင့် External Candidate အဖြစ် မှတ်ပုံတင်ပြီး စာမေးပွဲများ တိုက်ရိုက်ဖြေဆိုနိုင်ရန် စီစဉ်ပေးကြောင်းသိရသည်။ အသေးစိတ် အချက်အလက်များကို Ocean Gate Training Centre အမှတ် (၃၅၅)၊ အခန်း (၂၀၆)၊ သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖုန်း -၃၈၀၁၃၀ သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။






 

(18-5-2011)
Source: Internet Journal


                                           နှလုံးသားနှင့်ရင်းသော စာနာမှုတို့ဖြင့် Device .  . . ..  . .  .  . . . . .  .  .  .  .  . .  .  .  .. . . . . .  . ..  .  .  . . .   . . ... . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

Device Business Management Academy မှ နှလုံးသားနှင့်ရင်းသောစာနာမှုတို့ဖြင့် ပရဟိတလုပ်ငန်းများ အတွက် ရည်ရွယ်သော Heart-Felt Sympathy Activity ဟောပြောပွဲကို (၁၇-၅-၂၀၁၁) တွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ UMFCCI ခန်းမတွင် နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ကျင်းပခဲ့ပါသည်။ ၄င်းဟောပြောပွဲတွင် စာရေးဆရာချစ်ဦးညိုနှင့် စာရေးဆရာမ မသီတာ (စမ်းချောင်း) တို့မှ အနာဂတ်လူငယ်များအားလုံး လင်းလက်သော ကြယ်ပွင့်များအဖြစ် အမြဲထွန်းလင်းနိုင်စေရန်နှင့် မိမိ၏လုပ်ငန်းခွင်တွင်လည်း တိုးတက်လာသော စွမ်းရည်များကို အောင်မြင်စွာပြသနိုင်စေရန် ရည်ရွယ်၍ “နှလုံးရည်နှင့် ဥာဏ်ရည်မြင့်ကြစို့” ဟူသော ခေါင်းစဉ်အောက်တွင် ဆွေးနွေးဟောပြောပေးခဲ့ပါသည်။ ဟောပြောပွဲတွင် MAMEE ခေါက်ဆွဲ နှင့် Premier Coffee တို့မှ မေတ္တာဖြင့်ကူညီပေးခဲ့ကြပြီး SP Gems, Shoe Galley, Maw Shann, Follow me, Autumn Dream, Camella, 7 Picture, W.H.K, YKKO, Steel Stone, EVA Construction , Oishi, Columbus, ခင်ပြုံးမွန်ပါတိတ်, မိုးသောက်ကြယ် နှင့် ရေစက်မိသားစုတို့မှ ပူးပေါင်းပါဝင်ပေးပြီး အခြားကုမ္ပဏီကြီးများမှလည်း တစ်ဦးချင်းစီအလိုက် ပူပေါင်းပါဝင် လှူဒါန်းပေးခဲ့ ကြပါသည်။ ဟောပြောပွဲမှရရှိသော အကျိုးအမြတ်အလုံးစုံကို အမှန်တကယ် အသက်ရှင်ရပ်တည်ရန် ခက်ခဲလျက်ရှိသော ပရဟိတလုပ်ငန်းများသို့ ပေးအပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ထပ်မံ၍လည်း Heart-Felt Sympathy Activity ဟောပြောပွဲများကို (၁၉-၆-၂၀၁၁) တွင် စာရေးဆရာမ ဂျူး၊ စာရေးဆရာ မောင်သာချို နှင့် (၁၄-၈-၂၀၁၁) တွင် ဆရာအော်ပီကျယ် ၊ စာရေးဆရာဖေမြင့် တို့မှ ဟောပြော၍ ကျင်းပပြုလုပ်သွားမည်ဟု သိရှိရပါသည်။ ၄င်း Activity များတွင် တစ်တပ်တစ်အား ပါဝင်လှူဒါန်း ကုသိုလ်ယူလိုပါက ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ အထက်ပန်းဆိုးတန်းလမ်း ၊ မြန်မာ့ဂုဏ်ရည်အိမ်ဟာရှိ Device Business Management Academy ဖုန်းနံပါတ် ၀၁-၃၉၃၃၁၈ ၊ ၀၁-၃၉၃၀၆၈ ၊ ၀၁-၄၄၁၂၅၉၈ ၊ ၀၉-၇၃၀၄၅၁၄၀ ၊ ၀၉-၄၉၃၁၇၄၅၇ ၊ ၀၉-၅၀၃၅၀၁၃ ၊ ၀၉-၅၁၄၀၉၁၆ ၊ ၀၉-၅၁၁၁၇၅၈ ၊ ၀၉-၅၁၇၀၄၇၃ သို့ ဆက်သွယ်နိုင်ပါကြောင်း သတင်းရရှိပါသည်။


 

(24-5-2011)
Source: Ko Lin (Myanmar Training)


PSB Academy မှ Application Fee ကင်းလွတ်ခွင့်ပေး .  . .   .

. . .  . 

စကာင်္ပူနိုင်ငံမှ ပေးအပ်ချီးမြှင့်သော Best Education Experience Award 2010 ဆု ကို ရရှိထားသော PSB Academy မှ တာဝန်ရှိသူ ကိုယ်တိုင်လာရောက်၍ ကျောင်းသားတစ်ဦးချင်းစီနှင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်ပေးမည့် အစီအစဉ်ကို မေလ-(၁၉)ရက်-၂၀၁၁၊ နံနက် (၁၀) နာရီ မှ နေ့လည် (၁၂:၃၀) နာရီထိ Smart Resources Education Center တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းအပြင် PSB Academy ၏ Program အသစ်များအကြောင်းကိုလည်း တစ်ပါတည်း ရှင်းလင်းပြောပြမည် ဖြစ်ကာ အဆိုပါနေ့တွင် ကျောင်းအပ်နှံသော ကျောင်းသားများအတွက်လည်း PSB Academy မှ Application Fee စကာင်္ပူဒေါ်လာ (၃၅၃) ကို ကင်းလွတ်ခွင့်ပေးမည်ဖြစ်ပြီး စကာင်္ပူဒေါ်လာ (၃၀) သာ ပေးသွင်းရမည့် အထူးအစီအစဉ်များလည်း ရှိကြောင်းသိရှိရပါသည်။ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်လိုသော ကျောင်းသားများ အနေနှင့် ကြိုတင်စာရင်းပေးသွင်းလိုပါက ဖုန်းနံပါတ်- ၃၇၄၇၄၇၊ ၃၇၄၇၄၈ နှင့် ၃၈၁၆၁၀ တို့သို့ တိုက်ရိုက် ဆက်သွယ်စုံစမ်း မေးမြန်းကာ စာရင်းပေးသွင်းနိုင်ကြောင်း သိရှိခဲ့ရပါသည်။


 

 

(24-5-2011)
Source:
Ko Lin (Myanmar Training)

 


                                   Informatics မှ Dip in Business (၄) လသင်တန်းများဖွင့်လှစ်မည် . . . . .  . ..  . . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

လုပ်ငန်းခွင်ဝင်စီးပွားရေးနှင့်ဈေးကွက်စီမံခန့်ခွဲမှု သင်တန်းဖြစ်သော Dip in Business သင်တန်းကို Themes Management Centre (Yangon) တွင်စတင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သင်တန်းမှတာဝန်ရှိသူတစ်ဦးက ပြောကြားပါသည်။ ၎င်းသင်တန်းများ၏ ရည်ရွယ်ချက်မှာ စီးပွားရေးနယ်ပယ်အသီးသီးတွင် ၀င်ရောက် လုပ်ကိုင်မည်ဆိုပါက အခြေခံကျသည့် စီမံခန့်ခွဲမှုဆိုင်ရာမူဝါဒများကို သိရှိနားလည်ပြီး စီမံကိန်းများရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ စီးပွားရေးနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ စုပေါင်းရှာဖွေပြီး အချိန်မှီစီစစ် တွက်ချက်နိုင်ရန်လည်းကောင်း၊ ဘဏ္ဍာရေးနှင့် ငွေစာရင်းများကို စနစ်တကျ ကိုင်တွယ် ဆောင်ရွက်ဆုံးဖြတ်နိုင်ရန်လည်းကောင်း၊ စီးပွားရေးနှင့် ဈေးကွက်အတွင်း စနစ်တကျရှိရမည့် လူထုဆက်သွယ်ရေးဆိုင်ရာ နည်းပညာရပ်များကို တတ်ကျွမ်းရန် အတွက်လည်းကောင်း၊ စီးပွားရေးလုပ်ငန်းခွင်အတွင်း မဖြစ်မနေတတ်မြောက်ထားရမည့် Internet နှင့် Email အသုံးပြုပုံများနှင့် အခြေခံကျသော ကွန်ပျူတာပိုင်းဆိုင်ရာ ပညာရပ်များအား တတ်ကျွမ်းစေရန်အတွက် လည်းကောင်း၊ ပြည့်စုံလုံလောက်သည့် လုပ်ငန်းခွင်ဝင် စီးပွားရေးနှင့် ဈေးကွက်စီမံခန့်ခွဲမှု ပညာရပ်များကို အချိန်ကုန်၊ ငွေကုန် သက်သာစွာဖြင့် လေ့လာသင်ယူခွင့် ရရှိနိုင်ရန် ရည်ရွယ်ကြောင်းသိရသည်။

၎င်းသင်တန်းတွင် ဘာသာရပ် (၄) ခုပါရှိမည် ဖြစ်ပါသည်။ ၎င်းဘာသာရပ်(၄) ခုမှာ Computer Application, Accounting Fundamental, Essentials of Management Skills, Communication Skills at Work စသည့်ဘာသာရပ်များ ပါရှိမှာဖြစ်ကြောင်းသိရပါသည်။ သင်တန်းကာလမှာ (၄) လကြာမြင့်မှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက သွင်းကုန်ထုတ်ကုန် လုပ်ငန်းကြီးများ၊ ဟိုတယ်နှင့် စားသောက်ဆိုင်များ၊ Shopping Centre များ၊ စတိုးဆိုင်ကြီးများ၊ ဘဏ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းကုမ္ပဏီများနှင့် စက်ရုံအလုပ်ရုံကြီးများ အစရှိသော စီးပွားရေးလုပ်ငန်း နယ်ပယ်အသီးသီးတွင် အလုပ်အကိုင် အခွင့်အလမ်းများစွာကို ရရှိစေနိုင်မည်ဖြစ်ပါသည်။ အသေးစိတ် သိလိုပါက Thames Management Centre, Yangon ဖုန်း-၀၁-၅၂၅၉၇၁၊ ၅၀၁၄၅၀၊ ၇၀၆၇၄၀ မြေနီကုန်းပလာဇာ၊ ဒုတိယထပ် (ဒဂုံစင်တာနှင့်ဂမုန်းပွင့်ကြား) ဗားကရာလမ်း၊ စမ်းချောင်းမြို့နယ် ရန်ကုန်မြို့၊ Thames Management Centre, Mandalay ဖုန်း-၀၂ ၆၉၃၁၈၊၆၉၃၁၉၊ အမှတ် C-44 ၃၂ လမ်းx၃၃လမ်းကြား၊ ၇၇လမ်းx၇၈ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေး သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။


 

(27-5-2011)
Source: Ko Lin (Myanmar Traiining)

 


                               United Network မှ AIT ၀င်ခွင့်သင်တန်းများဖွင့်လှစ်မည် . .  . . . .  . ..  . . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

United Network-Management & Business Center မှ ထိုင်းနိုင်ငံရှိ (AIT) တွင်အင်ဂျင်နီယာဘွဲ့ (၄) နှစ်သင်တန်းများတက်ရောက် နိုင်ရန် Pre-University Preparation for AIT-UGAT သင်တန်းများကို ဇွန်လ ၂၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၊ ရွှေလ၀င်းလမ်း၊ ရွှေနန်းတော် ဟိုတယ်တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။ အဆိုပါ Pre-University Preparation သင်တန်းများကို တက္ကသိုလ်ဝင်တန်းဖြေဆို အောင်မြင်ပြီးသူများ၊ GCE’ O’ LEVEL, IGCSE နှင် International Secondary School အောင်မြင်ပြီးသူများ၊ တက္ကသိုလ်ကျောင်းသား/ သူများ ၃၁ တက်ရောက်သင်ကြားနိုင်ပါသည်။ သင်တန်းပြီးဆုံးပါက AIT မှ တာဝန်ရှိသူများက AIT-UGAT AIT (Asian Institute of Technology) တွင် အင်ဂျင်နီယာဘွဲ့ (၄) နှစ်သင်တန်းများကို တိုက်ရိုက်တက်ရောက် နိုင်မည်ဖြစ်ပါသည်။ အသေးစိတ်သိလိုပါက United Network ဖုန်း-၀၉-၅၁၅၇၂၇၆၊ ၀၉-၇၃၁၁၃၇၅၈ သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။








 

(27-5-2011)
Source: Ko Lin (Myanmar Training)

 

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats