Sunway University Malaysia (One to One Consulling - MSI) တွင်
ကျင်းပမည်ဖြစ်ကြောင်း
မလေးရှားနိုင်ငံ
Bandar Sunway တွင် ရှိသော Sunway University သည် Ministry of
International Trade and Industry မှ ချီးမြှင့်သော MATRADE Export
Excellence Award for Services 2005 ၊ Excellent in International
Student Enrolment Award by (University Category 2005) Ministry of
Higher Education, Malaysia ၊ Platinum Approved Learning Partner
Award by ACCA, UK on 2007 ၊ Outstanding Support Recognition Award by
British Malaysia Chamber of Commerce and the Public Services
Department (JPA) ၊ Gold Award For Industry Excellent in Education
2006
- Malaysia Canada Business Council၊ Canadian High Commissioner’s
Award 2008
- Malaysia Canada Business Council၊ Gold Award for Good Corporate
Citizen 2008
- Malaysia Canada Business Council၊ Gold Award for Industry
Excellent in
Education 2008
- Malaysia Canada Business Council၊ Launch of the Jeffrey Cheah
Foundation၊ Industry Excellent Award 2009 (Export Excellence Award
2009)၊
Putra Brand Award
- Gold for Education and Learning ၊ Rated EXCELLENT in the Rating
System for Institutions of Higher Learning (SETARA) by Malaysian
Qualifications Agency (MQA) ၊ partnership with SAS Institute Inc. USA (SAS)
to run a specialization in Business Intelligence and Data Mining in
BSc (Hons) Information Systems၊ Partnership with the renowned Le Cordon
Bleu၊ စသည့်ဆုတံဆိပ်များစွာ ဆွတ်ခူးရရှိခဲ့သော ထပ်တန်းဝင်တက္ကသိုလ်
ကျောင်းတစ်ကျောင်းဖြစ်သည်။
၎င်းတက္ကသိုလ်သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် Sunway University College မှ
Sunway University သို့မြင့်တက်လာခဲ့ပြီးသင်ယူနိုင်သော ဘာသာရပ်များမှာ
- Pre-University Program, Business Studies, Business Management,
Business Administration, Information Technology, Information System,
International Hospitality Management, Psychology, Master in
Management, MBA, Nursing, Hotel Management, Tourism Management, Fine
Arts, Events Management, Accounting and Finance တို့ဖြစ်သည်။
တစ်ဦးချင်းအသေးစိတ်ဆွေးနွေးပွဲပြုလုပ်မည့်ရက်၊ အချိန်၊ နေရာမှာ -
Date : 30 May 2011 (Monday)
Time : 11 am to 1 pm
Venue : MSI Office
Event : One to one consultation
Speaker : Alan Ng (Mr.) International Student Office (International
Marketing)
ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ရုံးခန်းတည်ရှိရာ - အမှတ် (၂၃၄) ၊
ဒုတိယထပ် (ညာ)၊ ရွှေဘုံသာအလယ်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ်မှာ - 01-250929, 01389915, 09-5103915 နှင့်
myanmarsearchinternational@gmail.com
သို့ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။
(27-5-2011)
Source: Ko Liin (Myanmar Training)
နိုင်ငံတကာတွင် အင်ဂျင်နီယာတစ်ဦးအဖြစ်
အသက်မွေးဝမ်းကြောင်းပြုနိုင်မည့် အခွင့်အရေး
.
.
.
. .. ..
.
..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. ..
.
.
.
.
.
.
.
. . .
Golden
Crown သင်တန်းကျောင်းသည် City & Guilds (UK) Approved Centre No.826810
အင်္ဂလန်နိုင်ငံ အသိအမှတ်ပြုသင်တန်းကျောင်းဖြစ်သည်။ အင်္ဂလန်နိုင်ငံ
အသိအမှတ်ပြု ဒီပလိုမာတန်းများဖြစ်သော Mechanical & Electric
Electronic, Electrical, Mechanical, Construction (Civil) စသော
Diploma သင်တန်းများထဲမှ မိမိဝါသနာပါရာ သင်တန်းများကို
ရွေးချယ်တက်ရောက်နိုင်ပြီး သင်တန်းကာလမှာ (၁) နှစ် ကြာမြင့်မည်ဖြစ်သည်။
တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများသည် Diploma သင်တန်းသို့
ုတက်ရောက်နိုင်ပြီး၊ AGTI, B.Tech အောင်မြင်ပြီးသူများသည် Advanced
Diploma မှစ၍ တက်ရောက်နိုင်သည်။ တန်းခွဲသစ်အား ဇွန် ဒုတိယပတ်တွင်
စတင်ဖွင့်လှစ်မည် ဖြစ်ပြီး (10.6.2011) ထိ (10%) off
ပေးသွားမည်ဖြစ်သည်။ နှစ်စဉ် ဇွန်လနှင့် ဒီဇင်ဘာလများတွင်
စာမေးပွဲကျင်းပပေးပြီး မိမိဖြေဆိုနိုင်သည့် ဘာသာရပ်များကို ခွဲ၍
ဖြေဆိုနိုင်သည်။ စာမေးပွဲ အောင်မြင်ပြီးသူများသည် အင်ဂျင်နီယာ
တစ်ယောက်အဖြစ် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်များ
ဝင်ရောက်လုပ်ကိုင်နိုင်ပြီး၊ နိုင်ငံတကာကျောင်းများတွင်
ဆက်လက်ပညာသင်ကြားလိုပါက second years မှ စတင်တက်ရောက် နိုင်ပါသည်။
အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက အမှတ် (၁၅၀) ၊ တတိယထပ် ၊
ဆိပ်ကမ်းသာလမ်း (အောက်ဘလောက်) မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြားဘလောက်
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ Ph- 01-391476, 09-5054622
သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(27-5-2011)
Source: Ko Lin (Myanmar Training)
ဂျပန်ဘာသာစကားသင်တန်း MAJA ဖွင့်မည်
.
.
. ..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
..
.
.
.
.
.
. . ...
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
မြန်မာနိုင်ငံ
ဂျပန်ပြန်ဟောင်းအသင်း (MAJA) က ဂျပန်ဘာသာစကား အခြေခံရှိသူများအတွက်
ဂျပန်ဘာသာစကား 4 Skills သင်ကြားမည့် သင်တန်းကို ဇွန်လ ၁ ရက်နေ့တွင်
စတင်ဖွင့်မည်ဖြစ်ကြောင်း MAJA ၏တွဲဖက်အတွင်းရေးမှူး
(ပညာရေး)ထံမှသိရသည်။ ယင်းသင်တန်းသည် တစ်ပတ်တစ်ရက်နှုန်းဖြင့် ၁၄ ပတ်ကြာ
သင်ကြားမည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းချိန် တစ်နာရီခွဲနှုန်းဖြင့်
သင်ကြားမည်ဖြစ်ပြီး သင်တန်းကြေးမှာ စာရွက်စာတမ်းဖိုး တစ်တန်းလျှင် ကျပ်
၇ဝဝဝ ဖြစ်ကြောင်း၊ Level အလိုက် ခြောက်တန်း ဖွင့်ထားကြောင်း၊
ပြည်တွင်းဆရာပါမက ပြည်ပမှ ဂျပန်ဆရာမတစ်ဦး
ပါဝင်သင်ကြားမည်ဖြစ်ကြောင်းနှင့် စိတ်ဝင်စားသူများက MAJA အခန်း ၇ဝ၇၊
ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ ဖုန်း -
၀၉-၈၆၁၂၁၅၁/၀၉-၈၆၁၃၁၄၈၊ ၀၁-၅၃၄၃၄၈ ထံ စုံစမ်းနိုင်ကြောင်းလည်း ၎င်းထံမှ
ထပ်မံသိရသည်။
(31-5-2011)
Source: Voice Journal
LCCI Marketing Diploma သင်တန်းဖွင့်မည်
.
.
.
.
.
.
.
.
ULEC
(Unique Life Education Centre) ၌ LCCI Marketing Diploma သင်တန်းကို
ပထမဆုံးအကြိမ်အဖြစ် ဇွန်လ ၁၀ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း
အဆိုပါသင်တန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါသင်တန်းတွင်
Marketing, Advertising, Selling and Sales Management, Public
Relations အစရှိသည့် ဘာသာရပ်များကို သင်ကြားမည်ဖြစ်ပြီး
ဘာသာရပ်လေးခုကို စာမေးပွဲဖြေဆိုရာတွင် သုံးဘာသာအောင်မြင်ပါက
ဗြိတိန်နိုင်ငံမှ ချီးမြှင့်သော LCCI Marketing Diploma ကို
ရရှိမည်ဖြစ်ကြောင်း၊ သင်တန်းကာလမှာ လေးလခန့်ကြာမြင့်မည်ဖြစ်ပြီး
အသေးစိတ်သိရှိလိုသူများသည် ULEC သင်တန်းကျောင်း၊ ဖုန်း - ၀၁-၅၄၂၆၉၁၊
၀၉-၅၁၃၅၁၁၅ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း ၎င်းထံမှသိရသည်။
(31-5-2011)
Source: Voice Journal
MCPA
အသိအမှတ်ပြုစာမေးပွဲ ကြိုတင်ပြင်ဆင်နိုင်ရန် သင်တန်းဖွင့်မည်
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
မြန်မာနိုင်ငံ
ကွန်ပျူတာပညာရှင်အသင်း (MCPA) အသိအမှတ်ပြု စာမေးပွဲများကို
ကျင်းပစစ်ဆေးမည်ဖြစ်ရာ ယင်းအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် MCPA
Certified Network Associate Exam Preparation (Intensive Course) ကို
ဇွန်လ ၃ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း MCPA
တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ အဆိုပါသင်တန်းကို ဇွန်လ ၃ ရက်မှ
၅ရက်နေ့အထိ သောကြာ၊ စနေ၊ တနင်္ဂနွေ နေ့များတွင် နံနက် ၉ နာရီမှ ညနေ ၎
နာရီ အထိ MCFe-Learning Centre အဆောင် (၁) Myanmar Info-Tech
လှိုင်မြို့နယ်တွင် တက်ရောက် ရမည်ဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့တွင်
စစ်ဆေးမည့် MCPA အသိအမှတ်ပြု စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူများ
တက်ရောက်နိုင်ကြောင်း သင်တန်းတွင် မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း
အလုပ်အမှုဆောင် ဆရာများက သင်ကြားပေးမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
အသေးစိတ်သိရှိလိုသူများသည် မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်
အသင်းရုံးခန်း အဆောင် (၄)၊ အခန်း (၄)၊ ဖုန်း - ၀၁-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀
သို့ ဆက်သွယ်စုံစမ်း၍ မေလ ၂၃ ရက်နေ့မှစတင် စာရင်းပေးသွင်း နိုင်ကြောင်း
MCPA ထံမှသိရှိရသည်။
(31-5-2011)
Source: Voice Journal
နေပြည်တော်ဟိုတယ်ဇုန်တွင် ဝန်ဆောင်မှုသင်တန်းများဖွင့်လှစ်မည်
.
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
နေပြည်တော်
ဟိုတယ်ဇုန်တွင် ဟိုတယ်လုပ်ငန်းဝန်ဆောင်မှုဆိုင်ရာ သင်တန်းများကို
ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ ယင်းသင်တန်းကို
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၏ ကြီးကြပ်မှု၊
နေပြည်တော်ဟိုတယ်ဇုန်အသင်း၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သွားမည်ဖြစ်သည်။
ဟိုတယ် ဧည့်ဝန်ဆောင်မှုသင်တန်းတွင် နိုင်ငံတကာ
အဆင့်မီဝါရင့်သင်တန်းနည်းပြဆရာများ၊ စားဖိုမှူးကြီးများ ကိုယ်တိုင်
စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်သည်ဟု သိရှိရသည်။ သင်တန်း
အမျိုးအစားများသည် အစားအစာနှင့် အဖျော်ယမကာ ထုတ်လုပ်ရေးသင်တန်း၊
ဟိုတယ်ဧည့်ခံ ကျွေးမွေးရေးသင်တန်း၊ ဟိုတယ် ဧည့်ကြိုသင်တန်း၊ ဟိုတယ်
အိပ်ခန်းဆောင် ထိန်းသိမ်းရေးသင်တန်းတို့ဖြစ်ကာ တော်ဝင်ကုမုဒြာဟိုတယ်၊
ရွှေနန်းတော်ဟိုတယ်၊ ဇမ္ဗူသီရိဟိုတယ်၊ အမရဟိုတယ်တို့တွင် သင်တန်းတစ်ခုစီ
ဖွင့်လှစ်သွားမည်ဖြစ်သည်။ သင်တန်းကို လာမည့် ဇွန်လ ၂ ရက်နေ့မှ ၂၂
ရက်နေ့အထိ သင်ကြားမည်ဖြစ်ကာ သင်တန်းသားဦးရေ ကန့်သတ်ထားသည်ဟု
သိရှိရသည်။ သင်တန်းတက်ရောက် လိုသူများသည် ပညာအရည်အချင်းအားဖြင့်
တက္ကသိုလ်ဝင်တန်းအဆင့် ရှိရမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက
ပြည်တွင်းပြည်ပဟိုတယ်များတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်ကာ
သင်တန်းဆင်းသင်တန်းသားများအား ဟိုတယ်နှင့် ခရီးသွားလာရေး
လုပ်ငန်းဝန်ကြီးဌာနမှ သင်တန်းဆင်းအောင်လက်မှတ်နှင့်
သင်တန်းဆင်းအဆင့်တံဆိပ်များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း
သိရပါသည်။ သင်တန်းနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းလိုပါက ဟိုတယ်နှင့်
ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန၊ (သတင်းအချက်အလက်နှင့် မှတ်တမ်းဌာန)၊
မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း (ဟိုတယ်လုပ်ငန်းဌာန)၊
နေပြည်တော်ဟိုတယ်ဇုန်အသင်း (မင်္ဂလာသီရိဟိုတယ်) တို့သို့
စုံစမ်းမေးမြန်းနိုင်သည်ဟု သိရှိရသည်။
(31-5-2011)
Source: Weekly Eleven Journal