Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:

News » Local News

ရိုမေးနီးယားနိုင်ငံနှင့် တူရကီနိုင်ငံတို့မှ ကွန်ပျူတာပရောဂျက်ပြိုင်ပွဲများတွင် မြန်မာကျောင်းသားများ ရွှေတံဆိပ်ဆုရ

 

ရိုမေးနီးယားနိုင်ငံနှင့် တူရကီနိုင်ငံတို့တွင် ကျင်းပခဲ့သည့် Computer Project ပြိုင်ပွဲများတွင် မြန်မာကျောင်းသားများ ရွှေတံဆိပ်ဆုရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ ရိုမေးနီးယားနိုင်ငံတွင် မေလ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပသော နဝမအကြိမ်မြောက် Informatics Computer Project တွင် Horizon International School မှ 3ds Max Software နှင့် Auto CAD Software ကို အသုံးပြုပြီးယှဉ်ပြိုင်ခဲ့ရာ နိုင်ငံပေါင်း ၃၂ နိုင်ငံ၊ ပရောဂျက်ပေါင်း ၁၀၁ ခုအနက်မှ ရွှေတံဆိပ်ဆုရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ပရောဂျက်ကိုပင် တူရကီနိုင်ငံ Ankara မြို့တော်တွင် မေလ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ကျင်းပခဲ့သည့် Computer Project ပြိုင်ပွဲတွင် Computer Art Category ၌လည်း ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်ဆု ထပ်မံရရှိခဲ့ကြောင်းသိရသည်။ Horizon International School သည် နှစ်စဉ်နှစ်တိုင်း International Project များကို ဝင်ရောက် ယှဉ်ပြိုင်လေ့ရှိပြီး ယခုနှစ်တွင် USA, Huston, Georgia, Azerbaijan, Romania, Turkey နိုင်ငံများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ Project တစ်ခုချင်းစီတွင် ကျောင်းသား၊ ကျောင်းသူ နှစ်ဦးမှ လေးဦးအထိ အုပ်စုဖွဲ့ယှဉ်ပြိုင်ခဲ့သည်။ ရွှေတံဆိပ်ဆု ရရှိခဲ့ကြသူများမှာ Horizon International School မှ ဆရာ Mr.Kemalchary Amangeldiyev ၏ ဦးဆောင်မှုဖြင့် Grade 8 မှ မေးရှင်လျှန်၊ သိင်္ဂီမိုး၊ ဆုဆင့်ဆင့်ရီ တို့ဖြစ်ကြောင်း သိရသည်။ “နိုင်ငံတကာပြိုင်ပွဲတွေကို နှစ်စဉ်ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ကျောင်းသား၊ ကျောင်းသူတွေကို အထူးလေ့ကျင့် သင်ကြားပေးထားပြီးဝင်ရောက် ယှဉ်ပြိုင်ဖြစ်တာပါ။ ဒီနှစ်မှာ Computer Project မှာ ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်” ဟု Horizon International School မှ တာဝန်ရှိသူက ဆိုပါသည်။



 

(31-5-2011)
Source: Weekly Eleven Journal


                  “သြစတြေးလျ တက္ကသိုလ် JCU မှ MBA ဝင်ခွင့်အကြောင်းနှင့် Special Promotion အနေနှင့် .
                                                        Laptop လက်ဆောင်ပေးမည့် အစီအစဉ်”
.  . .. .. .    .. .  .  . . .  .  . . . .  . . .  .  . . . .      .    . ..
.         .     .      . . .  .  . . .                      
        
 

မြန်မာကျောင်းသားများ သွားရောက်ပညာသင်ယူမှုအများဆုံး ကျောင်းတစ်ကျောင်းဖြစ်သည့် James Cook University, Australia (Singapore Campus) တွင် Business နှင့် ITဘာသာရပ်များကို တက်ရောက်လိုသူများအတွက် ပညာရေးဆွေးနွေးပွဲတစ်ခုကို ၂၀၁၁ ခုနှစ်၊ မေလ ၂၃ ရက် မွန်းလွဲ ၃း၃၀ နာရီမှ ၅း၃ဝ နာရီ ထိ SR Education Center တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်သည်။ James Cook University (JCUS) သည် Edu-Trust ကို (၄) နှစ် ဆက်တိုက် ရရှိထားသော University ဖြစ်ကာ၊ အဆိုပါ ပညာရေးဆွေးနွေးပွဲတွင် James Cook University (JCUS) မှ တာဝန်ရှိသူကိုယ်တိုင် စီးပွားရေးနှင့် ကွန်ပျူတာ ဘာသာရပ်များကို Diploma မှစ၍ Advanced Diploma, Bachelor Degree နှင့် Post Graduate Diploma, Master Program တို့ ထိဆက်လက်သင်ယူနိုင်မည့် Path-way များ၊ ကျောင်းပြီးပါက ရရှိနိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများ၊ စင်္ကာပူ မှ သြစတြေးလျသို့ Exchange Program သွားရောက်သင်ယူနိုင်သည်များ၊ 2011, Oct Intake အတွက် ကျောင်းလျှောက်ထားနိုင်ပြီး၊ ကျောင်းလျှောက်ထားရာတွင် Every Degree နှင့် Post-graduate Degree များအတွက် Laptop လက်ဆောင်ပေးသွားမည့် အစီအစဉ်များရှိကြောင်းကို ရှင်းလင်း ပြောကြားသွားမည်ဟုသိရသည်။ ဆွေးနွေးပွဲတက်ရောက်လိုသူများအနေနှင့် ဖုန်းနံပါတ် - ၃၇၄၇၄၇၊ ၃၇၄၇၄၈၊ ၃၈၁၆၁၀ သို့ စာရင်းပေးသွင်း စုံစမ်းနိုင်ကြောင်းလဲသိရှိရပါသည်။




 

(31-5-2011)
Source: Ko Lin (Myanmar Training)


                                       Career Pass မှ Principle of Management သင်တန်းဖွင့်မည် .  .   . . ..  . .  .  . . . . .  .  .  .  .  . .  .  .  .. . . . . .  . ..  .  .  . . .   . . ... . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

Career Pass Job Training Centre မှ Principle of Management သင်တန်းကို June လဆန်းပိုင်း တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။ Principle of Management သင်တန်းမှာ လူစွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု သဘောတရားကို သိရှိနားလည်ပြီး လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်ရန် သင်ကြားပေးခြင်း ဖြစ်သည်။ Principle of Management သင်တန်းကို တက်ရောက်ခြင်းဖြင့် မိမိ၏လုပ်ငန်းတာဝန်များကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ပြီး ဆုံးဖြတ်ချက်များမည်သို့ချမှတ်ရမည်ကိုပါ နားလည်လာမည့်အပြင် စီမံခန့်ခွဲ့မှု ဆိုင်ရာ Diploma များဖြစ်သည့် (D.B.A, D.B.M, D.M.M, M.B.A) စသည့် မဟာဘွဲ့များ အတွက် လိုအပ်တဲ့ အခြေခံကောင်းများကိုပါ ရရှိနိုင်ပါသည်။ Career Pass Job Training Centre မှ ဖွင့်လှစ်ပေးသော Principle of Management သင်တန်းတွင် အဖွဲ့အစည်းတခုစနစ်တကျ ဖွဲ့စည်းဆောင်ရွက်နိုင်ရန်အတွက် သိသင့်သော အခြေခံအချက်များ၊ တစ်ဦးနှင့်တစ်ဦး ဆက်ဆံရာတွင် အရေးပါ အရာရောက်သည့် Communication အကြောင်း များကို နားလည်သွားစေရန် လက်တွေ့လုပ်ငန်းခွင်အတွင်း၌ ကြုံတွေ့နိုင်သော ပြဿနာများနှင့် တွဲဖက်၍ ဝါရင့်ဆရာမကိုယ်တိုင် ထိရောက်စွာ သင်ကြားပေးလျက်ရှိပါသည်။ သင်တန်းချိန်များကိုလည်း ရုံးဝန်ထမ်းများအဆင်ပြေစေရန်အတွက် ရုံးချိန်ပြင်ပတန်းခွဲများအဖြစ် စီစဉ်ပေးထားပါသည်။ စိတ်ဝင်စားသူများ၊ သင်တန်းတက်ရောက်လိုသူများ အနေဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ရန်နှင့် အသေးစိတ် အချက်အလက်များကို စုံစမ်းနိုင်ရန် “STUDY ABROAD Information Centre” အမှတ် ၂၉၀ အေ၊ ပထမထပ်၊ ပြည်လမ်း (ဒဂုံစင်တာနှင့် မဟာမြိုင်ဆေးခန်းကြား)၊ မြေနီကုန်း၊ စမ်းချောင်း။ ဖုန်း - ၀၉၈၀ ၂၂၁၈၄ ၊ ၀၉၈၀ ၂၁၀၂၇ ၊ ၀၁ ၇၀၁၃၃၁ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။



 

 

 

(4-6-2011)
Source: Ko Lin (Myanmar Training)


မိုက်ခရိုဆော့ဖ် ၏ အမြင့်ဆုံးအောင်လက်မှတ်ဖြစ်သော MCITP သင်တန်းဖွင့်မည် . .   . .  

. . .  . 

နိုင်ငံတကာမှာ အလုပ်အကိုင်အခွင့်အလမ်းပေါများပြီး နိုင်ငံတကာအဆင့်မီ Network Professional တစ်ဦး ဖြစ်လိုသူများအတွက် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်တစ်ခုဖြစ်သော MCITP (Microsoft Certified IT Professional) သင်တန်းကို ရုံးချိန်လွတ်ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း IMCS သင်တန်းမှ သိရပါသည်။ MCITP Package တွင် Enterprise Administrator (၅ ဘာသာ) နှင့် Server Administrator (၄ ဘာသာ) ဟူ၍ နှစ်ပိုင်းရှိပြီး မိမိနှစ်သက်ရာ အပိုင်းကို ရွေးချယ်တက်ရောက် နိုင်မည်ဖြစ်သည်။ သင်တန်းတွင် Pre Exam Test များ၊ အခန်းအလိုက် ပရောဂျက်များနှင့် Presentation များကို ပြုလုပ်ရမည်ဖြစ်ပြီး သင်တန်းသားများအတွက် သင်ထောက်ကူအနေဖြင့် Update မေးခွန်းများကို လေ့လာနိုင်ရန်အတွက် Wifi Access နှင့် E-Library ကိုလည်း ထားရှိပေးထားကြောင်းသိရသည်။ သင်တန်းကို ၂၀၁၁ ခုနှစ် ဇွန်လ (၁၀) ပုံမှန်တန်းခွဲနှင့် ဇွန်လ ၁၁ ရက် (ရုံးချိန်ပြင်ပတန်းခွဲ) ဟူ၍ နှစ်မျိုး ဖွင့်လှစ် သင်ကြားမည်ဖြစ်ပြီး တန်းခွဲတစ်ခုလျှင် ကျောင်းသား ၅ ဦးသာ လက်ခံသင်ကြားမည်ဖြစ်သည်။ ကွန်ပျူတာအခြေခံ လုံးဝမရှိသူများအတွက် MCITP သင်တန်းကို တက်ရောက်နိုင်ရန်အတွက် IT Engineering Course (A+, N+) ကိုအခမဲ့နှစ်ပတ်တက်ရောက်သင်ကြားရမည်ဖြစ်ပြီး ဇွန်လ ၁၀ ရက်မတိုင်မီ MCITP Package ဖြင့် ကျောင်းအပ်နှံသူများကို တစ်ဘာသာအခမဲ့အနေဖြင့် လက်ခံသင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကို စိတ်ပါဝင်စားသူများအနေဖြင့် ဖုန်းနံပါတ်- ၅၃၆၅၆၄၊ ၀၉ ၇၃၀၂၅၄၉၅ တွင် ဆက်သွယ်စာရင်းပေးသွင်းတက်ရောက်နိုင်မည်ဖြစ်သည်။




 

 

(10-6-2011)
Source: Internet Journal

 


                              Leadership Skills For Successful Manager ရက်တိုသင်တန်းဖွင့်မည် .   . . .  . ..  . . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

လက်ရှိလုပ်ငန်းခွင်တွင် Manager (သို့) Supervisor အနေဖြင့်လုပ်ကိုင်နေသူများ၊ ၎င်းရာထူးဖြင့် လုပ်ငန်းခွင်သို့မိမိကိုယ်ကိုယုံကြည်မှုရှိစွာ ၀င်ရောက် လိုသူများအတွက် ရည်ရွယ်၍ Leadership Skills For Successful Manager ရက်တိုသင်တန်းကို ၂၀၁၁ ခုနှစ် ဇွန်လ၁၀ ရက်မှ ၁၂ ရက် အထိ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း OESC Training Centre မှ သိရသည်။ သင်တန်းတွင်သင်ကြားပေးမည့် ခေါင်းစဉ်များမှာ ခေါင်းဆောင်ဆိုတာ ဘယ်လိုလူလဲ၊ ခေါင်းဆောင်မှုပုံစံ၊ ခေါင်းဆောင်နဲ့ မန်နေဂျာဘာကွာလဲ၊ ခေါင်းဆောင်များ၏ ဆောင်ရန် ရှောင်ရန်များ၊ အဖွဲ့အစည်းကိုဦးဆောင်ရာမှာ ဘယ်လိုအရည်အချင်းတွေ လိုအပ်သလဲစသည့်မသိမဖြစ် သိရမည့်အချက်များကို ထည့်သွင်းသင်ကြားပေးမည်ဖြစ်သည်။ သင်တန်းသားဦးရေကို ကန့်သတ်ထားသောကြောင့် သင်တန်း တက်ရောက် လိုသူများ အနေဖြင့် OESC ဖုန်း- ၅၁၉၀၉၂၊ ၀၉၇၃၀၉၄၀၆၀၊၀၉၅၀၈၆၈၁၉ သို့ ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်းသိရပါသည်။




 

(10-6-2011)
Source: Internet Journal

 


                               လက်တွေအသုံးချ Programming သင်တန်းများဖွင့်မည် . . . .  . . . .  . ..  . . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

လူငယ်များ၊ Programming နည်းစနစ်များကို စနစ်တကျနားလည်တတ်ကျွမ်း၍ လက်တွေ့လုပ်ငန်းခွင်၌ ထိထိရောက်ရောက် အသုံးချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် လက်တွေအသုံးချ Programming သင်တန်းများကို ၂၀၁၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် Gusto ကွန်ပျူတာနည်းပညာ သင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။ Programming ဆိုင်ရာ အနှစ်သာရများ၊ အယူအဆများကို စနစ်တကျနားလည် သဘောပေါက်ခဲ့ခြင်းဖြင့် အသစ်ပေါ်လာမည့် Programming Language များကို ကိုယ်တိုင် လေ့လာရုံဖြင့် အလွယ်တကူနားလည် တတ်ကျွမ်းနိုင်မည်ဖြစ်သည်။ သင်တန်းတွင် Programming ၏ အယူအဆများကို ပိုမိုသဘောပေါက်စေရန်နှင့် JAVA နှင့် C# Language နှစ်မျိုးကို အသုံးပြုကာ သင်ကြားပေးမည်ဖြစ်ပြီး ပြည်ပသို့ သွားရောက်ပညာသင်ကြားရန် ရည်ရွယ် ထားသူများအတွက် အခြေခံကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကို ကွန်ပျူတာအခြေခံရှိပြီး မည်သူမဆို တက်ရောက်နိုင်ပြီး သင်တန်းကာလမှာ ၃ လ ကြာမြင့်မည်ဖြစ်သည်။ သင်တန်းသားဦးရေကို ၁၅ ဦးသာ ကန့်သတ်ထားသောကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် Gusto ကွန်ပျူတာနည်းပညာ သင်တန်းကျောင်း ဖုန်း- ၀၉၈၆၂၈၈၀၆၊ ၀၉၇၃၀၃၁၃၀၂၊၂၂၄၄၉၆ တွင် ကြိုတင်စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။




 

(10-6-2011)
Source: Internet Journal

 

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats