နိုင်ငံတကာအသိအမှတ်ပြု UK မှ တိုက်ရိုက်ချီးမြှင့်သည့် Programming/
Software, Network/System ဆိုင်ရာ IT Diploma သင်တန်းအပတ်စဉ် (1/2011)
Ocean Gate Training Centre တွင် ဖွင့်လှစ်မည်
စရိတ်စကသက်သာစွာဖြင့်
အချိန်တို (၆) လမှ (၈) လ အတွင်းတွင်၊ UK မှ တိုက်ရိုက်ချီးမြှင့်ပြီး
နိုင်ငံတကာကလက်ခံ အသိအမှတ်ပြုထားသော City & Guilds Diploma in IT
သင်တန်းများကို ဇူလိုင်လဆန်း အတွင်းတွင် Ocean Gate သင်တန်းကျောင်း၌
ထပ်မံဖွင့်လှစ်မည်ဖြစ်ပါသည်။ ၎င်းသင်တန်းများတွင် Computer Application
များနှင့် ICT အခြေခံဘာသာရပ်များကို Foundation Level အဖြစ်
သင်ကြားပေးမည်ဖြစ်သည်။ ဆက်လက်ပြီး Programming / Software
စိတ်ဝင်စားသူများသည် Programming နှင့် Software ပိုင်းဆိုင်ရာ
အထူးပြုဘာသာရပ်များကို လေ့လာသင်ယူကြရပြီးနောက် Diploma for Software
Developers ကိုရရှိကြမည်ဖြစ်သည်။ Network/ System အပိုင်းကို
ဝါသနာပါသူများအနေနှင့် သက်ဆိုင်ရာ အထူးပြုဘာသာရပ်များကို လေ့လာသင်ယူ
ကြပြီးလျှင် Diploma in IT Systems Support ကို ရရှိကြမည်ဖြစ်သည်။ City
& Guilds syllabus များသည် Theory နှင့် Knowledge ကို အခြေခံပြီး
Practical ကို တတ်ကျွမ်းစေရန် ရေးဆွဲထားသဖြင့် ကျောင်းသားများသည်
သင်တန်းပြီးဆုံးအောင်မြင်သောအခါတွင် စာတွေ့လက်တွေ့ သေချာစွာ
ပိုင်နိုင်ကျွမ်းကျင်သွားကြမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုရာတွင်လည်း
Theory/ Practical နှစ်ခုစလုံးကို ဖြေဆိုရသောကြောင့်
တတ်မြောက်ထားမှုအတွက် မိမိကိုယ်ကိုမိမိ ယုံကြည်မှုရရှိစေမည်ဖြစ်ပါသည်။
အနိမ့်ဆုံးပညာအရည်အချင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုထားပြီးသူများ
တက်ရောက်နိုင်ပြီး၊ ဒီပလိုမာနှင့် ဒီဂရီရရှိပြီးသူများသည်လည်း Skills
Upgrade အတွက် တက်ရောက်နိုင်ပါသည်။
လုပ်ငန်းအတွေ့အကြုံရှိသူများအနေနှင့် External Candidate အဖြစ်
မှတ်ပုံတင်ပြီး စာမေးပွဲများကို တိုက်ရိုက်ဖြေဆိုရန် စီစဉ်ပံ့ပိုး
ပေးပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ စိတ်ဝင်စား၍ ဆက်လက်စုံစမ်းလိုပါက
Ocean Gate Training Centre တည်ရှိရာ အမှတ် (၃၅၅)၊ အခန်း (၂၀၆)၊
သိမ်ဖြူလမ်း၊ သိမ်ဖြူဈေးမှတ်တိုင်အနီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊
ရန်ကုန် ဖုန်း - ၃၈၀၁၃၀၊ E-mail: oceangate@myanmar.com.mm သို့
ဆက်သွယ် မေးမြန်းနိုင်ပါသည်။
(10-6-2011)
Source: Ko Lin (Myanmar Training)
.Net အခြေပြု Programming သင်တန်းများဖွင့်မည်
.
.
. .. ..
.
..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. ..
.
.
.
.
.
.
.
. . .
လူငယ်များ
Programming နည်းစနစ်များကို စနစ်တကျနားလည်တတ်ကျွမ်း၍
လက်တွေ့လုပ်ငန်းခွင်၌ ထိရောက်စွာအသုံးချနိုင်စေရန် ရည်ရွယ်ချက်ဖြင့်
Microsoft.Net နည်းပညာများကို Level နှစ်ဆင့်ခွဲ၍ သင်ကြား Gusto
ကွန်ပျူတာနည်းပညာ သင်တန်း ကျောင်းမှသိရသည်။ Level 1 ဖြစ်သည့် .Net
Framework with OOP သင်တန်းတွင် Web Application ကိုရေးသည်ဖြစ်စေ၊
Windows Application ကိုရေးသည်ဖြစ်စေ၊ Mobile Application
ကိုရေးသည်ဖြစ်စေ အခြေခံသိသင့်သိထိုက်သော Core Techniques များနှင့်
Concepts များကိုလေ့လာရမည်ဖြစ်ပြီး သင်တန်းသားများ၏ Programming နှင့်
စပ်လျဉ်းသော အတွေးအခေါ် အယူအဆများ မြင့်မားတိုးတက်စေရန်
လေ့ကျင့်မှုများလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ အဆင့်မြင့် Level-2
ဖြစ်သည့် ASP.Net 3.5 with AJAX တွင် Database နှင့်ချိတ်ဆက်၍
အင်တာနက်ပေါ်တွင် အသုံးပြုနိုင်သော Dynamic Web Application တစ်ခုကို
တည်ဆောက်နိုင်စေရန် သင်ကြားပေးမည် ဖြစ်ကြောင်းသိရသည်။ သင်တန်းတွင် Web
Application တစ်ခုရေးသားရာတွင် လက်ရှိ အသုံးများသော ASP.Net 3.5 ကို
AJAX နည်းပညာနှင့် တွဲဖက်သင်ကြား ပေးမည်ဖြစ်ပြီး ကျောင်း
Thesis/Project များကို ရေးသားရန် ရှိသူများနှင့် Web Application
တစ်ခုကို ကိုယ်တိုင်အစအဆုံး ရေးတတ်ချင်သူများ အထူး တက်ရောက်သင့်ပြီး
သင်တန်းပြီးဆုံးပါက မိမိလေ့လာထားပြီးသည်များကို လက်တွေ့အသုံးချနိုင်ရန်
Practical Project တစ်ခုပြုလုပ်ရမည်ဖြစ်သည်။ ၎င်းသင်တန်းများကို
Programming အခြေခံရှိသူမည်သူမဆို တက်ရောက်နိုင်ပြီး
အခြေခံမရှိသူများအနေဖြင့် Programming Fundamental သင်တန်းမှ တဆင့်
တက်ရောက်နိုင်မည် ဖြစ်သည်။ စိတ်ပါဝင်စားသူများအနေဖြင့် Gusto
ကွန်ပျူတာနည်းပညာသင်တန်းကျောင်း အမှတ် (၂၆)၊ ၁၄ လမ်း(အောက်ဘလောက်)၊
လမ်းမတော်မြို့နယ်၊ ဖုန်း - ၀၉-၇၃၀၃ ၁၃၀၂၊ ၂၂၄၄၉၆ နှင့် ၀၉-၈၆၂၈ ၈၀၆
တွင် ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။
(18-5-2011)
Source: Internet Journal
MBA တက်လိုသူများ လျှောက်လွှာစတင်ခေါ်ယူ
.
.
.
.
. ..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
..
.
.
.
.
.
. . ...
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
စင်ကာပူနိုင်ငံတွင်
စီးပွားရေးစီမံခန့်ခွဲမှု MBA သင်တန်းကို တက်ရောက်လိုသူများအတွက်
လျှောက်လွှာများ စတင်ခေါ်ယူ နေပြီဖြစ်ကြောင်းသိရသည်။ စင်ကာပူနိုင်ငံတွင်
MBA သင်တန်းကို တက်ရောက်ပြီး အမေရိကန်၊ အင်္ဂလန်နှင့် သြစတြေးလျတို့မှ
ပေးအပ်သော MBA ဘွဲ့ကို ရယူနိုင်ကြောင်း ဆေးပညာ၊ MBBS, BDS, B.Tech,
Med, B.N.Sc ဘွဲ့များအတွက် MBA (Health Service Management)
အင်ဂျင်နီယာနည်းပညာ B.E, B.Tech ဘွဲ့များအတွက် MBA, ME (Engineering
Management)၊ ကွန်ပျူတာ B.C.Sc, B.C.Tech, B.E (IT) ဘွဲ့များအတွက် MBA/
ME (IT Management), MIT (e-business, Networking) Joint MIT & MBA,
ဟိုတယ် နှင့် ခရီးသွားဝန်ဆောင်မှု လုပ်လိုသူများအတွက် MBA (Hotel
Management/ Tourism Management), Master of International Tourism and
Hospitality Management စသည့် ဘာသာရပ်များကို
လျှောက်ထားနိုင်ကြောင်းသိရသည်။ အဆိုပါ MBA သင်တန်းများကို ဇွန်လ ၁၇ ရက်
နောက်ဆုံးထား၍ Tip Top International Education Service Provider ဖုန်း
- ၀၉-၉၁၀၀၁၈၁၈တွင် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။
(18-6-2011)
Source: Internet Journal
မလေးရှားနိုင်ငံ SEGi College (Sarawak) မှ
အလုပ်ရုံသင်တန်းအခမဲ့ပြုလုပ်မည်
.
.
.
.
.
.
.
.
.
မလေးရှားနိုင်ငံ
SEGi College (Sarawak) မှ Early Childhood Education
အလုပ်ရုံသင်တန်းကို အခမဲ့ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းကို ဇွန်လ ၁၉ ရက်တွင် Park Royal Hotel မင်္ဂလာခန်းမတွင်
ကျင်းပပြုလုပ်မည်ဖြစ်သည်။ SEGi College (Sarawak) နှင့် Jenko-Rexpo
တို့မှ ၎င်းအလုပ်ရုံသင်တန်းကို ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ပြီး
သင်တန်းတက်ရောက်ပြီးပါက SEGi မှ ဂုဏ်ပြုလက်မှတ်ချီးမြှင့်
ပေးမည်ဖြစ်သည်။ Early Childhood ကို သင်ကြားနေသော ဆရာ/ဆရာမများ၊ Early
Childhood ဖြင့် အသက်မွေးဝမ်းကြောင်းပြုလိုသူများ၊ မိမိကလေးအား
နားလည်ပြီး လမ်းမှန်သို့ ပို့ဆောင်လိုသော မိဘများ၊
စိတ်ပါဝင်စားသူမည်သူမဆို တက်ရောက်နိုင်မည် ဖြစ်သည်။
လူဦးရေကန့်သတ်ထားသဖြင့် ကြိုတင်စာရင်းပေးသွင်း၍ တက်ရောက်ရမည် ဖြစ်ကာ
Jenko-Rexpo ရုံး၊ ဖုန်း -09-506 2891၊ 09-4302 8760 သို့
ဆက်သွယ်စာရင်း ပေးသွင်းနိုင်သည်။
(18-6-2011)
Source: Internet Journal
နိုင်ငံတကာလေကြောင်းလိုင်းများတွင်
ဝင်ရောက်လုပ်ကိုင်နိုင်မည့် သင်တန်းသစ်ဖွင့်လှစ်
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .

နိုင်ငံတကာလေကြောင်းလိုင်းများတွင်
Flight Attendant တစ်ယောက်အဖြစ် ဝင်ရောက်လုပ်ကိုင် လိုသူများနှင့်
နိုင်ငံတကာ Hotel များ၊ သင်္ဘောလိုင်း များတွင် Receptionist
တစ်ယောက်အဖြစ် ဝင်ရောက် လုပ်ကိုင်လိုသူများအတွက် ရည်ရွယ်၍ Receptionist
& Flight Attendant သင်တန်းအပတ်စဉ်အသစ်ကို ဇွန်လ နောက်ဆုံးအပတ်အတွင်း
Star Resources Hospitality Management Academy ၌ ဖွင့်လှစ်မည်ဖြစ်သည်။
International Hospitality Management Course သင်တန်း အပတ်စဉ်အသစ်၊
IELTS Foundation Course နှင့် Preparation Course အပတ်စဉ်အသစ်ကိုလည်း
ဇွန်လ နောက်ဆုံးပတ်အတွင် ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပြီး
သင်တန်းကာလမှာ (၃)လ ကြာမြင့်မည်ဖြစ်သည်။ စိတ်ပါဝင်စားသူများ အနေဖြင့်
Star Resources Hospitality Management Academy တိုက် (၂၆၇)၊ အခန်း
(၃၀၂)၊ ပြည်လမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်။ ဖုန်း - ၅၂၃၆၂၃၊
၅၂၃၂၀၀၊ ၀၉-၅၀၂၀ ၃၀၂ သို့ စုံစမ်းဆက်သွယ်
စာရင်းပေးနိုင်ကြောင်းသိရပါသည်။
(21-6-2011)
Source: Opportunity Journal
B.Sc (Hons) Business IT ဘွဲ့ သင်တန်းဖွင့်လှစ် သင်ကြားမည်
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
၂၀၀၉
ခုနှစ်၊ ဇွန်လတွင် မန္တလေးတိုင်း၊ ပြင်ဦးလွင် မြို့နယ်၊ ရတနာပုံ
နည်းပညာမြို့သစ်တွင် တည်ထောင်ဖွင့်လှစ် ခဲ့သော MCC Training Institute
(Yatanarpon) မှ ၂၀၁၁ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့တွင် အင်္ဂလန်နိုင်ငံရှိ
University of Greenwich မှ တိုက်ရိုက် ပေးအပ်ချီးမြှင့်မည့်
နိုင်ငံတကာ အသိအမှတ်ပြု ကွန်ပျူတာဘွဲ့သင်တန်း B.Sc (Hons) Business IT
အား စတင်ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါဘွဲ့သင်တန်းသို့ မြန်မာနိုင်ငံတစ်ဝန်းတိုင်းနှင့် ပြည်နယ်
အသီးသီးမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသော ကျောင်းသား/
ကျောင်းသူများအမှတ်စာရင်း မလိုဘဲ လျှောက်ထားနိုင်မည်ဖြစ်ပြီး
အချိန်ပြည့် (၃) နှစ် ဆက်တိုက်တက်ရောက်ရမည်ဖြစ်သည်။ အထူးအစီအစဉ်
အနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော
ကျောင်းသား ကျောင်းသူ များအား ဂုဏ်ပြုသည့်အနေဖြင့် ဂုဏ်ထူး (၁)
ဘာသာလျှင် ကျပ် (၁) သိန်းနှုန်းဖြင့်
ပညာသင်ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏
ပြောကြားချက်အရ သိရှိရသည်။ သင်တန်းတက်ရောက်နိုင်ရန်အတွက်
အသေးစိတ်သိရှိလိုပါက MCC Training Institute (Yatanarpon) ဖုန်း -
၀၂-၅၁၇၈၁၁၂၊ ၀၂-၅၁၇၈၁၁၃၊ ၃၉၅၅၁၂ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(21-6-2011)
Source: Opportunity Journal