အသက်မွေးဝမ်းကျောင်း အတတ်ပညာသင်တန်းများပို့ချ
Pentronas
Company နှင့် GLORY Career Training Centre တို့ ပူးပေါင်းဆောင်ရွက်မှု
အစီအစဉ်အရ အသက်မွေးဝမ်းကျောင်းအတတ်ပညာရပ်ဆိုင်ရာ သင်တန်းများကို
ထားဝယ်ဒေသသို့ သွားရောက်ကာ ပို့ချပေးခဲ့ကြောင်း သတင်းရရှိပါသည်။ GLORY
သင်တန်းကျောင်းမှ Trainer များပို့ချခဲ့သော သင်တန်းများမှာ Electrical
Installation and Wiring သင်တန်းများနှင့် Refrigeration and
Air-conditioning သင်တန်းတို့ဖြစ်ပြီး အဆိုပါ သင်တန်းများကို Yetagon
Socio-Eco Development Program အစီအစဉ်အရ ထားဝယ်နှင့်
ကန်ဘောက်ဒေသခံများကို စိစစ်ရွေးချယ်ကာ အခမဲ့ သင်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အစီအစဉ်ကို MOGE, PTTEP, NIPPON OIL နှင့် PC Myanmar တို့၏
ပံ့ပိုးကူညီမှုဖြင့် ဘန်ကောက်မြို့တွင် မေ(၅)ရက်၌ စတင်ဖွင့်လှစ်ခဲ့ပြီး
ဖွင့်ပွဲအခမ်းအနားတွင် POC (Pipeline Operating Centre) မှ မန်နေဂျာ
Mr.David နှင့် PC Myanmar မှ တာဝန်ရှိသူများမှ
အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ
အခမ်းအနားကို ရပ်မိရပ်ဖများနှင့် သင်တန်းသား (၆၀) ဦး တက်ရောက်ခဲ့သည်။
သင်တန်းကာလမှာ (၁၄) ရက်ကြာပြီး စာတွေ့လက်တွေ့ အချိန်ပြည့် သင်တန်းအဖြစ်
အနာဂတ်ထားဝယ် ဒေသတွင် ပေါ်ပေါက်လာမည့် အခွင့်အလမ်းများအတွက် ရည်ရွယ်ကာ
ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
(21-6-2011)
Source: Opportunity Journal
တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးဖြင့် အောင်မြင်သူများအတွက် Techno Point မှ
City & Guilds သင်တန်းများ
.
အထူးလျှော့ဈေးဖြင့် လက်ခံမည်
.
. .. ..
.
..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. ..
.
.
.
.
.
.
.
. . .
2010-2011
ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းကိုဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ကြသော
ကျောင်းသား/သူများအတွက် Techno Point သင်တန်းကျောင်း မှ City & Guilds
Diploma သင်တန်းများကို အထူးဈေးနှုန်းဖြင့် သင်တန်းအပ်
လက်ခံပေးသွားမည်ဟု သိရသည်။ 2010-2011 ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း ကို
ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်သော ကျောင်းသား/သူ နှစ်ဦးကို City &
Guilds Diploma မည်သည့်သင်တန်းမဆို 50 % Discount, ၅ ဘာသာဂုဏ်ထူးရှင်
(၂) ဦးကို 40% ၄ ဘာသာ၊ ၃ဘာသာ ဂုဏ်ထူးရှင် (၅) ဦးစီကို 30% ၂
ဘာသာဂုဏ်ထူးရှင် (၅) ဦးကို 25% ရိုးရိုးအောင်သော ကျောင်းသား/
သူများကို 20 % ဖြင့် သင်တန်းများကို ဇူလိုင် (၁၅) ရက်နေ့အထိ
လက်ခံပေးသွားမည်ဖြစ်ကြောင်း Techno Point သင်တန်းကျောင်း မှ
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ အသေးစိတ်သိရှိလိုပြီး
သင်တန်းအပ်လိုပါက Techno Point သင်တန်းကျောင်း အမှတ် (၅၄ ဒုထပ် (ညာ)
စံရိပ်ငြိမ်(၄) လမ်း၊ အင်းစိန်လမ်းမကြီး လှည်းတန်းနှင့်
စံရိပ်ငြိမ်မှတ်တိုင်ကြား၊ ကမာရွတ်မြို့နယ်၊ ဖုန်း ၀၉ ၇၃၀၉၁၃၄၁ သို့
ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
(21-6-2011)
Source: Ko Lin (Myanmar Training)
IELTS ဖြေဆိုမည့်သူများ မိမိ အင်္ဂလိပ်စာအဆင့်ကို ချက်ချင်းသိနိုင်မည့်
အခမဲ့အစီအစဉ် Future Way မှစီစဉ်
.
.
.
.
.
. ..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
..
.
.
.
.
.
. . ...
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
Future
Way Co.ltd မှ IELTS ဖြေဆိုမည့် ကျောင်းသား/သူများအတွက် IELTS
မဖြေဆိုခင် မိမိတို့၏ အရည်အချင်းကို စစ်ဆေးနိုင်ရန်အတွက် Online Test
တစ်ခုကို စီစဉ်ထားကြောင်းသိရသည်။ Future Way Co.ltd မှ စီစဉ်သည့်
Online Test ကို Password Test လို့အမည်တွင်ပြီး IELTS နှင့် တူညီသော
Level အဆင့်တွင်ရှိသည်။ ၎င်း Test ကို UK အထင်ကရ တက္ကသိုလ်တစ်ခုဖြစ်သည့်
University of Essex အပါအ၀င် အခြားသော universities ကြီး (၇၅) ခုမှလည်း
၎င်း တို့၏ ၀င်ခွင့်အတွက်လက်ရှိအသုံးပြုနေသော Test ဖြစ်သည့်အပြင် British
Society မှလည်း အသိအမှတ်ပြုထားသော Test တစ်ခုဖြစ်သည်။ ယင်း Exam တွင်
Reading နှင့် Writing သာဖြေဆိုရမည်ဖြစ်ပြီး မိမိတို့၏ Results ကို
Online တွင် ချက်ချင်းသိရှိနိုင်ပြီး UK ရှိ အဖွဲ့အစည်းတစ်ခုဖြစ်သော
Password Society မှ ပေးအပ်မည့် UK Certificate ကို
လည်းရရှိမည်ဖြစ်သည်။ ၎င်း Test ကို Future Way မှ အခမဲ့ဖြေဆိုနိုင်ရန်
Offer ပေးထားပါသည်။ ဖြေဆိုလိုသူများအနေဖြင့် Future Way Education &
Services ၌ Register ပြုလုပ်နိုင်ပြီး Register ပြုလုပ်ရာတွင် IELTS
ဖြေဆိုရန်ငွေသွင်းထားသည့် Slip၊ Passport (သို့) မှတ်ပုံတင်နှင့်
ပညာရေးဆိုင်ရာစာရွက်စာတမ်းများကိုသာယူဆောင်လာရန်လိုကြောင်း Future Way
မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ယခုလို အခွင့်အရေးတွင်
ကျောင်းသားများ မိမိတို့၏ အရည်အချင်းကို စစ်ဆေးရန်လက်မလွှတ်သင့်ကြောင်း
နှင့် ထိုအစီအစဉ်ကိုပါဝင်လိုသူများအနေဖြင့် Future Way Education &
Services ဖုန်း(241099,254185) သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
(18-6-2011)
Source: Internet Journal
Capacity Development Institute of Myanmar (Tip Top) က
ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်များကို အချိန်တိုသင်တန်းများအဖြစ်
.
မိတ်ဆက် ပို့ချသွားမည်
.
.
.
.
.
.
.
.
.
.

စီးပွားရေးစလုပ်မည့် လူငယ်များ၊ လုပ်ငန်းလုပ်ဆဲလူလတ်များအတွက်
စီးပွားရေးလုပ်ငန်း တစ်ခုတွင် သိသင့်သိထိုက်သည့် အသိပညာ၊ အတတ်ပညာ နှ့င်
စီးပွားရေးဆိုင်ရာ အထွေထွေ ဗဟုသုတများ ရရှိစေရန် နှင့်
လက်တွေလုပ်ငန်းခွင်တွင် အကျိုးရှိရှိပြန်လည် အသုံးချနိုင်ရန်ရည်ရွယ်၍
အောက်ပါဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်များကို အချိန်တိုသင်တန်းများအဖြစ်
the Association of Business Executive, UK ၏ accredited College
ဖြစ်သော TIPTOP: Capacity Development Institute of Myanmar တွင်
မိတ်ဆက် ပို့ချသွားမည်
1) Branding (အမှတ်တံဆိပ်တည်ထောင်ခြင်း)
2) Business Attire for Business People (လူမှုစီးပွားနယ်ပယ်တွင်
ဝတ်စားဆင်ယင်နည်း)
3) Customer Service (စားသုံးသူဝန်ဆောင်မှု အနုပညာ)
4) CV Writing (အလုပ်လျှောက်ရာတွင် စံနစ်ကျသော
ကိုယ်ရေးပုံစံရေးသားနည်း)
5) Disaster Management (သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲခြင်းဆိုင်ရာ
သိကောင်းစရာ)
6) Eagles Principles (လင်းယုန်တို့၏ကျင့်စဉ်များ)
7) Fresh Water Harvesting (ရေချိုစုဆောင်းထိန်းသိမ်းခြင်း)
8) Introduction to Hotel and Restaurant Management (
ဟိုတယ်နှင့်စားသောက်ဆိုင် စီမံခန့်ခွဲမှုဆိုင်ရာ သိကောင်းစရာများ)
9) Knowledge about ASEAN Free Trade Area (AFTA မိတ်ဆက်)
10) Knowledge Management (ဥာဏစွမ်းအား ကို စီမံခန့်ခွဲခြင်း)
11) Learning Organization (မိမိအဖွဲ့အစည်းအတွင်း သင်ယူခြင်း)
12) Managing Your Time (အချိန်ကို စီမံခန့်ခွဲခြင်း)
13) Presentation Skills (ဦးဆောင်သူအား ရှင်းလင်းတင်ပြခြင်း)
14) Raising Friends (မိတ်ဆွေဖွဲ့ရအောင်)
15) Simple and Applied Management (နေ့စဉ်ဘဝကို ရိုးရှင်းစွာ
စီမံခန့်ခွဲခြင်း)
16) S W O T Analysis (ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်း)
စသည့် ဘာသာရပ်များကို အရည်အသွေးပြည့်ဝပြီး လုပ်ငန်းခွင်အတွေ့အကြုံရှိ
စီးပွားရေးနှင့် လူမှုရေး ပညာရှင်ကြီးများ လုပ်ငန်းရှင်ကြီးများမှ
ပူးပေါင်းဆွေးနွေး ပို့ချပေးမည်ဖြစ်ပါသည်။ သင်တန်းများအားလုံးမှာ
အချိန်တိုသင်တန်း (ရက်တိုသင်တန်း) များသာဖြစ်ပြီး
အနည်းဆုံးသင်တန်းချိန်မှာ ၅နာရီ ဖြစ်ကာ အကြာဆုံး သင်တန်းချိန်မှာ ၂၄
နာရီဖြစ်သည်။ အသေးစိတ်အချက်အလက်များသိလိုပါက TIPTOP:CDIM (ရန်ကုန်)
09-9100-1818 (မန္တလေး) 09-20-34291 နှင့် Hot Line:09-51-62062,
email:tiptop.edu@gmail.com သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
စိတ်ပါဝင်စားသူများသည် BJ Complex (ပထမထပ်) အမှတ်၄၈ ။ လမ်း၎ဝ၊
၇၂-၇၃လမ်းကြား၊ မန္တလေး တက္ကသိုလ်အနီး၊ မန္တလေးတွင် ဖွင့်လှစ်ထားသော Tip
Top: Capacity Development Institute of Myanmar သို့ ဆက်သွယ်
စာရင်းသွင်းနိုင်ကြောင်းဖိတ်ခေါ်ပါသည်။
(28-6-2011)
Source: Ko Lin (Myanmar Training)
၂၀၁၁ ခုနှစ်အတွင်း အထူးခြားဆုံး Global
Education Exhibition (GEE)
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
ပညာရေးဝန်ဆောင်မှု
ကုမ္ပဏီတစ်ခုဖြစ်သော Smart Resources Co.,ltd မှ ကြီးမှုးကျင်းပသော
Global Education Exhibition (GEE) ကို တပ်မတော်ခန်းမတွင် ဇူလိုင်လ ၁
ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပြပွဲအားစည်ကားသိုက်မြိုက်စွာ
ကျင်းပနိုင်ရေးအတွက် အစီအစဉ်များစွာရှိကြောင်း နှင့် ပြပွဲသို့
လာရောက်လေ့လာ သူတိုင်းအား Lucky Draw နှင့် Door Gift
များပေးမည်ဖြစ်ကြောင်း သိရပါသည်။ Smart Resources Co.,ltd ၏ Managing
Director ဖြစ်သော ဦးနေလင်းဖြိုးမှ “မြန်မာပြည် တစ်ဝှမ်းလုံးမှာ
Education Fairတွေ Exhibition တွေအမြောက်အမြား လုပ်ခဲ့ကြတယ်။
အကြီးကျယ်ဆုံးပွဲ ဆိုတာတွေကို လုပ်ခဲ့ပြောခဲ့ကြတယ်။ အခု ကျွန်တော်ကတော့
Global Education Exhibition ပွဲဟာအကြီးကျယ်ဆုံးထက် အစုံလင်ဆုံး
အချိန်ကြာဆုံးနှင့် Career Talks များပါ ပါဝင်တဲ့ပညာရေးပြပွဲလို့
ပြောချင်ပါတယ်။ ပညာရေးဆိုတာက အခုလုပ် အခု ဝယ်လို့ရတဲ့ပစ္စည်းမဟုတ်ပါဘူး။
ဒါ့ကြောင့် အတွေ့အကြုံရှိ ပညာရေး အတိုင်ပင်ခံတွေနဲ့ သေသေချာချာ
ဆွေးနွေးတိုင်ပင်ပြီးမှ မိမိသားသမီးတွေနဲ့လိုက်ဖက်ပြီး သားသမီးတွေလည်း
ဆန္ဒရှိတဲ့ကျောင်း နိုင်ငံကို ရွေးချယ်တတ်ရောက်သင့်ပါတယ်။ အခု GEE
ပွဲမှာ ဆိုရင် နိုင်ငံကြီးတွေဖြစ်တဲ့ USA, UK, Canada, Australia, New
Zealand, Japan, China, Singapore, Malaysia နှင့် Thailand
နိုင်ငံများမှ University တွေသာမက International Qualification Board
တွေပါ လာရောက်ပြသမှာပါ။ British Council, American Centre, New Zealand
Education တို့ကိုလည်း ဖိတ်ကြားထားပါသေးတယ် ” လို့ Global Education
Exhibition နှင့် ပတ်သက်ပြီး အသေးစိတ်ရှင်းလင်း ပြောပြသွားပါတယ်။
အဆိုပါပြပွဲတွင် Booth ပေါင်း (၃ဝ)
လောက်အထိ ပါဝင်မှာဖြစ်ပြီး Pavilion တွေနဲ့ Partition ကာထားမှာဖြစ်ပြီး
ဆူညံမှုမရှိစေရန်လည်း သေချာစွာစီစဉ် ပေးထားပါသည်။ အဲဒီအပြင် Career Talk
အတွက် ဟောပြောရန် သီးသန့်စီစဉ်ထားရှိပြီး
ပွဲစဉ်ကျင်းပနေစဉ်တစ်လျှောက်လုံး၌လည်း Career Talks များကိုလည်း
ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်သည်။ ထို့အပြင် ယခု တပ်မတော်ခန်းမတွင်
ပြုလုပ်မည့် Exhibition မှာ ပညာရေးကဏ္ဏတွင်သာမက အခြား ပစ္စည်းများလည်း
စုံစုံလင်လင်ပြသမှာ ဖြစ်ပါသောကြောင့် မိသားစုအားလုံး တစ်နေရာတည်းမှာ
စုံစုံလင်လင်ကြည့်ရှုလို့ရမှာ ဖြစ်ပါတယ်ဟု SR Education Centre မှ
တာဝန်ရှိသူမှ ပြည့်ပြည့်စုံစုံ ပြောပြခဲ့ပါတယ်။ GEE
ပွဲကိုလာရောက်ကြည့်ရှုမည့်သူများကို ပြောချင်တာ ကတော့ မိဘနှင့်
ကျောင်းသား အတူတူ လာစေချင်ပါတယ်။ တစ်ခါတလေ
ကျောင်းသားကတက်ချင်တာကတစ်ကျောင်း၊ မိဘရွေးချယ်ထားတာက
တစ်ကျောင်းဖြစ်နေတာတွေအများအပြားတွေ့ရတယ်။ ပြီးတော့ မိဘ Budget အခြေအနေ
ကျောင်းသား လူငယ်တွေကို ပြောချင်တာက GEE ကိုတစ်ယောက်ချင်းလာမယ့်အစား
သူငယ်ချင်းအုပ်စုလိုက် လာတာက သူတို့အတွက် ပိုထိရောက်ပါတယ်။ ဒါမှ
နိုင်ငံခြား Counselor တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့အခါ
အချင်းချင်းတိုင်ပင်လို့ရတယ်လေ။ ပြီးတော့ပညာရေးအတွက်
ဆွေးနွေးမေးမြန်းရာမှာ ပိုမိုအဆင်ပြေနိုင်ဖို့ အတွက်ကျောင်းသားများကို
မိမိတို့၏ အောင်လက်မှတ် အမှတ်စာရင်းမိတ္တူတွေယူလာဖို့
ပြောချင်ပါတယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။
(28-6-2011)
Source: Ko Lin (Myanmar Training)
England နိုင်ငံမှ ပေးအပ်သည့်ဟိုတယ်စီမံခန့်ခွဲမှု ဒီပလိုမာသင်တန်း
ဖွင့်လှစ်သည့်အကြောင်း ဆွေးနွေးပွဲ
..
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
Star
Resources Hospitality & Tourism Management Academy မှ
ကြီးမှုးကျင်းပသော England နိုင်ငံမှ London Hotel School College (UK)
နှင့် ပူးပေါင်းပြီး England နိုင်ငံမှပေးအပ်သည့် ဟိုတယ်စီမခံခန့်ခွဲမှု
ဒီပလိုမာသင်တန်း ဖွင့်လှစ်မည့်အကြောင်း ဆွေးနွေးပွဲကို ဇွန်လ ၂၆ ရက်
(တနင်္ဂနွေ) နေ့၊ နံနက် (၁ဝ)နာရီတွင် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ
Traders Hotel တွင်ကျင်းပသွားခဲ့ပါသည်။ ထိုအခမ်းအနားတွင် London Hotel
School College ကျောင်းအုပ်ကြီး Mr.Roderick Hardingham မှ
ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ပေးအပ်သည့် ဒီပလိုမာသင်တန်းနှင့်
ပတ်သတ်၍ အသေးစိတ်များကို ဆွေးနွေးပြောကြားသွားခဲ့ပါသည်။
နိုင်ငံတကာအသိအမှတ်ပြု Diploma ဘွဲ့ကို ရယူလိုကြသောလူငယ်များအတွက်
ရည်ရွယ်၍ England နိုင်ငံအစိုးရမှ တိုက်ရိုက် ချီးမြှင့်သော Higher
National Diploma in Hotel Management ဘွဲ့ကို StarResources
Hospitality & Tourism Management Academy တွင် ပထမပိုင်း (၆) လ
သင်ယူအောင်မြင်ပြီးပါက ဒုတိယပိုင်း (၆)လ နှင့်အချိန်ပြည့်အလုပ်သင်
(Internship) (၄)လကို England နိုင်ငံရှိ ဟိုတယ်ကြီးများတွင်
ဝင်ရောက်လုပ်ကိုင်ရမည်ဖြစ်သည်။ ထို့အပြင် England နိုင်ငံအစိုးရမှ
တိုက်ရိုက်ချီးမြှင့်သော Higher National Diploma in Hotel Management
ဘွဲ့တစ်ခုလုံးကို မြန်မာပြည်တွင် ပြီးဆုံးသည့်တိုင်အောင်
တက်ရောက်နိုင်ရန် Star Resources Hospitality & Tourism Management
Academy တွင် ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်သည်။ StarResources အနေဖြင့်
London Hotel School College ကိုရွေးချယ်၍
ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းမှာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင်
နိုင်ငံတကာခရီးသွားများ၊ စီးပွားရေးသမားများနှင့်
ရင်းနှီးမြှုပ်နှံသူများအား အထူးဆွဲဆောင်မှုပေးလျှက်ရှိသော
လန်ဒန်မြို့ရှိ (N.H.S) မှအခမဲ့ ဆေးကုသခွင့်နှင့်အတူ
နိုင်ငံတကာကျောင်းသားတို့၏ ရပိုင်ခွင့် အရပ်ရပ်ကိုခံစားခွင့်
ရရှိနိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ တက်ရောက်လိုပါက ရန်ကုန်မြို့ရှိ
Star Resources Hospitality & Tourism Management Academy ၊ တိုက်
(၂၆၇)၊ အခန်း (၃ဝ၂)၊ ပြည်လမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊
ဖုန်းနံပါတ် 01-523623 , 523200 , 4412256 , 09 50 20302 တို့သို့
ဆက်သွယ်ကြိုတင် စာရင်းပေးသွင်းနိုင်ပြီး ပညာရေးဆွေးနွေးပွဲသို့
အခမဲ့တက်ရောက်နိုင်ကြောင်းသိရသည်။
(28-6-2011)
Source:
Ko Lin (Myanmar Training)