Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:

News » Local News

English Language တတ်မြောက်မှုကို စစ်ဆေးပေးသည့် Password English Test ကို ရန်ကုန်မြို့တွင် စတင်ဖြေဆိုနိုင်

 

Online ပေါ်တွင် တက်ရောက်ဖြေဆိုရသော Password English Test ကို ရန်ကုန်မြို့တွင် စတင်ဖြေဆိုနိုင်ပြီ ဖြစ်ကြောင်းကို Product Development တာဝန် ယူထားသော SpringBoard4Myanmar က သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါ Password English Test သည် အဆင်ပြေထိရောက်မှုရှိပြီး Result ကို မြန်ဆန်စွာ သိရှိနိုင်သည့် ခေတ်မှီစာမေးပွဲစနစ်ကို ဖြေဆိုလိုသော ကျောင်းသားနှင့် တိကျသေချာလုံခြုံ စိတ်ချရသော စာမေးပွဲ၏ အဖြေမှန်ကိုသိလိုသော ပညာရေးကျောင်းအကြား ပေါင်းကူး တံတားတစ်ခုဖြစ်ကြောင်း၊ ဥရောပဘုံစံနှုန်းသတ်မှတ်ချက် ၀င်အောင်လက်မှတ်တစ်ခု ဖြစ်ကြောင်းတို့ကို တာဝန်ရှိသူတစ်ဦးက Global Education Exhibition 2011 တွင် ပြောကြားသွားသည်။ ထို့အတူ Password English Test Centre ဖြစ်သော SR International Education ကလည်း နိုင်ငံတကာရှိ တက္ကသိုလ်ကောလိပ်ကျောင်းများတွင် Password English Test ကိုစစ်ဆေးအသုံးပြုနေသည့် ပုံစံများအတိုင်း မိမိတို့ SR Education တွင်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းသားများ၏ English Language အခြေအနေမှန်ကို စစ်ဆေးသိရှိနိုင်၍ နိုင်ငံခြားသို့ ကျောင်းသွားတက်မည့်သူများကို အတိုင်ပင်ခံဆွေးနွေးရာတွင်လည်းကောင်း၊ မိမိတို့ကျောင်းတွင် စတက်မည့်သူများ၏ English Level ကိုဆန်းစစ်ရာတွင်လည်းကောင်း၊ လက်ရှိတက်နေသော ကျောင်းသားများ၏ English Level တိုးတက်မှုကို စောင့်ကြည့် အကဲဖြတ်ရာတွင် လည်းကောင်း၊ ကာယကံရှင်ကျောင်းသားများအတွက် အကျိုးများစွာရှိကြောင်းတို့ကို ပူးတွဲသတင်းထုတ်ပြန်သွားပါသည်။ UK ရှိ တက္ကသိုလ်ကြီး (၇၅) ကျောင်းဖြင့် ဖွဲ့စည်းထားသော BALEAP ခေါ် အင်္ဂလိပ်စာသင်ကြားရေး ဆရာများ အဖွဲ့အစည်းက လက်ခံအသိအမှတ်ပြုထားပြီး UK ကျောင်းပေါင်း ၇၀ ကျော်တွင် အသုံးပြုလျှက်ရှိသော Password English Test ကို Australia ပညာရေးတွင်လည်း လက်ခံမှုနှုန်းတိုးတက်လာလျှက်ရှိသည်။ လာမည့်နှစ်အနည်းငယ် အတွင်း ဒေသတွင်းကျောင်းကြီးများကလည်း လက်ခံလာရန် အခြေအနေကောင်းများ ရှိနေသည်ဟုလည်း SpringBoard4Myanmar မှ Operation Director ကမှတ်ချက်ပြုပါသည်။ အသေးစိတ် အချက်အလက်များ သိလိုသောမိဘများနှင့် ကျောင်းသားများသည် ရန်ကုန်မြို့ရွှေတိဂုံဘုရားလမ်း၊ MWEA Tower ပထမထပ်ရှိ Smart Resources International Education & Consultancy သို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ် ၀၁ ၃၇၄၇၄၇၊ ၃၇၄၇၄၈ သို့ ဆက်သွယ်စုံစမ်း နိုင်ပါသည်။




 

(5-7-2011)
Source: Ko Lin (Myanmar Training)


                        ဆရာ ဦးဝင့်ကျော် LCCI Level I+II ပညာသင်ဆုလျှောက်လွှာခေါ်ယူုခြင်း .
.  . .. .. .    .. .  .  . . .  .  . . . .  . . .  .  . . . .      .    . ..
.         .     .      . . .  .  . . .                      
        
 

ဆရာဦးဝင့်ကျော် LCCI ပညာသင်ဆု အပတ်စဉ် (၂) အတွက် အောက်ပါအရည်အချင်းဖြင့် ကိုက်ညီသူများ ဇူလိုင် ၁၄ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။
၁။ အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
၂။ မိဘနှစ်ပါးစလုံး ကွယ်လွန်သူများ၊ မိဘတစ်ပါးပါးကွယ်လွန်သူများ၊ မိဘနှစ်ပါးစလုံးပင်စင်စားများ၊ မိဘနှစ်ပါးစလုံးလစာနည်းဝန်ထမ်းများနှင့်
    ကိုယ်ထူးကိုယ်ချွန်ကြိုးစားနေကြသော လစာနည်းဝန်ထမ်းတစ်ဦးဦးဖြစ်ရမည်။
၃။ ပညာသင်ဆုရရှိသင့်ကြောင်း မိသားစုအခြေအနေကိုဖော်ပြထားသော ရပ်ကွက်အုပ်ချုပ်ရေးမှုးထောက်ခံစာ။
၎။ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ
၅။ တက္ကသိုလ်ဆရာ၊ ဆရာမ (သို့) အထက်တန်းပြဆရာ/ဆရာမ (သို့) သင်တန်းတစ်ခုခုမှ အကြီးအကဲ သင်တန်းဆရာတစ်ဦးဦး၏ ပညာသင်ဆုပေးသင့်ကြောင်း
    ထောက်ခံစာ
၆။ မှတ်ပုံတင်မိတ္တူနှင့် မူရင်း
၇။ အိမ်ထောင်စုဇယားမိတ္တူနှင့် မူရင်း
၈။ ဓါတ်ပုံ ၂ ပုံ

မှတ်ချက်။ ။ LCCI Level I+II အောင်မြင်ပြီးသူများသည် သက်ဆိုင်ရာ သင်တန်းကျောင်းမှ သင်တန်းတက်ရက်မှန်ကန်ကြောင်းနှင့် ရိုးသားစွာကြိုးစားကြောင်း ထောက်ခံချက်များအရ LCCI III ပညာသင်ဆုအတွက် ဆက်လက်ထည့်သွင်းစဉ်းစားပေးမည်ဖြစ်သည်။

လျှောက်လွှာတင်ရမည့်လိပ်စာ
ဆရာဦးဝင့်ကျော် LCCI ပညာသင်ဆုရွေးချယ်ရေးအဖွဲ့
(MHR သင်တန်းကျောင်း)
အမှတ် (၉၀၅) (၉) လွှာ၊ သံဈေးကွန်ဒို လမ်းမတော်လမ်း၊
လသာမြို့နယ်၊ ရန်ကုန်မြို့။







 

(12-7-2011)
Source: Ko Lin (Myanmar Training)


         UK, US, Canada နှင့် Australia နိုင်ငံများ တွင် ပညာသင်ကြားမည့် သူများအား EF International Academy မှ .
                                                                     ပညာသင်ဆုများ ချီးမြှင့်မည်
  . .  .   . . ..  . .  .  . . . . .  .  .  .  .  . .  .  .  .. . . . . .  . ..  .  .  . . .   . . ... . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

UK, US, Canada နှင့် Australia နိုင်ငံများတွင် ပညာသင်ကြားလိုသော ထူးချွန်ထက်မြက်သည့် ကျောင်းသား၊ကျောင်းသူများအား UK ရှိ EF International Academy မှ ပညာသင်ဆုများ ချီးမြှင့်မည်ဖြစ်ကြောင်း Synergy Education မှ သိရသည်။ ၄င်းပညာသင်ဆုများကို (၂၀၁၁)ခုနှစ်၊ စက်တင်ဘာလ တွင်ဖွင့်လှစ်မည့် IGCSE, GCE A Level, International Baccalaureate (IB) Diploma, US High Schools Grades 9-12, High School Preparation , University Foundation , Diploma, Accelerated College Degree, Pre-Master’s နှင့် Pre-MBA Programme များအတွက် ချီးမြှင့်မည်ဖြစ်သည်။ ထိုပညာသင်ဆုများကို အသက်(၁၄)နှစ်ပြည့်ပြီးသော International School မှ ကျောင်းသား၊ ကျောင်းသူများ၊ IGCSE တက်နေဆဲ နှင့် အောင်မြင်ပြီးသူများ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများနှင့် တက္ကသိုလ်တက်နေဆဲ ကျောင်းသား၊ကျောင်းသူမည်သူမဆို ဇူလိုင်လကုန်တွင် နောက်ဆုံးထား၍ Synergy Education တွင်လျှောက်ထားနိုင်သည်။ ယခု ချီးမြှင့်မည့် ပညာသင်ဆုများမှာ မြန်မာနိုင်ငံအတွက် EF မှ ပထမဆုံး အကြိမ်ချီးမြှင့်ခြင်းဖြစ်သည်။ EF သည် UKရှိ သက်တမ်း (၄၅)နှစ် ရှိသော ခိုင်မာထင်ရှားသည့် ကျောင်းတစ်ကျောင်းဖြစ်ပြီး UK, US, Canada, Australia နှင့် စင်္ကာပူနိုင်ငံများတွင် ကျောင်းခွဲများရှိသည်။ UK တွင် Oxford, Cambridge, London နှင့် Torquay မြို့များတွင် ၄င်း၊ US တွင် New York, Boston, Seattle, Santa Barbara နှင့် San Francisco မြို့များတွင်၎င်း၊ Canada တွင် Vancouver မြို့တွင်၎င်း၊ သြစတြေးလျနိုင်ငံ Sydney မြို့နှင့် စင်္ကာပူနိုင်ငံတို့တွင် ကျောင်းခွဲများရှိခြင်းကြောင့် ကျောင်းသားများ အနေဖြင့် မိမိတို့နှစ်သက်ရာ နိုင်ငံများတွင် ရွေးချယ်တက်ရောက်နိုင်ပါသည်။ EF မှ အောင်မြင်သော ကျောင်းသား၊ကျောင်းသူများ၏ (၅၀)ရာခိုင်နှုန်းမှာ UK နှင့် US ရှိ Oxford, Cambridge, Harvard အစရှိသည့် ထိပ်တန်းတက္ကသိုလ်ကြီးများတွင် ဆက်လက် ပညာဆည်းပူးလျက် ရှိသည်။

EF မှချီးမြှင့်မည့် Scholarship နှင့်ပတ်သက်၍ “Scholarship လျှောက်တဲ့ ကျောင်းသားတွေရဲ့ Academic result တွေ ပေါ်မူတည်ပြီး ချီးမြှင့်မှာပါ။ ဥပမာ- IGCSE မှာ 5As ရထားတဲ့ ကလေး၊ (၁၀)တန်းမှာ ဘာသာစုံ ဂုဏ်ထူးရထားတဲ့ ကလေးတွေက ပညာသင်ဆု(၅၀%)အထက် ရနိုင်သလို သူတို့လောက် အမှတ်မကောင်းတဲ့ ကလေးတွေကိုလည်း ရထားတဲ့ အမှတ်တွေပေါ်မှာ မူတည်ပြီး (၂၀%) ၊ (၃၀%) အစရှိသဖြင့် ချီးမြှင့်သွားမှာပါ။ EF ရဲ့ အဓိကအားသာချက်ကတော့ ကိုယ်တက်ချင်တဲ့ Programme အတွက် ကိုယ်ကြိုက်တဲ့ နိုင်ငံနဲ့မြို့ကို ရွေးချယ်တက်ရောက်နိုင်ခြင်းပါပဲ။ ဥပမာ- UK မှာ ဆိုရင် London, Oxford, Cambridge, Torquay စတဲ့ မြို့တွေထဲက ကိုယ်အနှစ်သက်ဆုံးမြို့မှာ ပညာသင်ကြားနိုင်ပါတယ်။ US မှာလည်းအတူတူပါပဲ” ဟု Synergy Education မှ ဒေါ်နန်းမြမာလာမောင်က ရှင်းပြသွားပါသည်။ EF မှ ချီးမြှင့်သော ပညာသင်ဆုများကို လျှောက်ထားလိုပါက EF ၏ တရားဝင် ကိုယ်စားလှယ် ဖြစ်သော Synergy Education ၊ ခြံအမှတ်(၅၂၀/ဒီ-၁) ၊ ရွှေဂုံတိုင်(Excel Tower အနောက်ဖက်) ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ ဖုန်း - ၅၅၈၄၂၈ နှင့် ၀၉၅၅၀၄၉၃၁ များသို့ ဆက်သွယ်လျှောက်ထားနိုင်ပါသည်။ EF မှ Scholarship ချီးမြှင့်မည့် Programme အသီးသီးအတွက် ၀င်ခွင့်လိုအပ်ချက်များမှာ အောက်ပါ အတိုင်းဖြစ်သည်။ IGCSE , US High Schools Grade 9-12 နှင့် High School Preparation Programme များကိုတက်ရောက်လိုသူများမှာ Grade 8 (သို့မဟုတ်) Secondary 2 အောင်မြင်ထားပြီး IELTS (4.5) ရှိရမည်။ အသက်(၁၄)နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။ GCE A Level နှင့် IB Diploma Programme တို့အတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး IELTS (5.5) ရှိရမည်။ သို့မဟုတ်ပါက GCE O Level /IGCSE တွင် သချာင်္အပါအ၀င် ဘာသာရပ်ငါးခု၌ အနည်းဆုံး Grade C ရထားရမည်။(၆)လ (သို့မဟုတ်) (၉)လကြာ တက်ရောက်ရသော EF University Foundation Programme အတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး (သို့မဟုတ်) GCE O Level / IGCSE တွင် သချာင်္အပါအ၀င် ဘာသာရပ် ငါးခု၌ Grade (C) ရထားပြီး IELTS (5.0) / TOFEL 510 ရှိထားရမည်။ Australia ရှိ EF Sydney Campus အတွက်မူ IELTS (5.5) လိုသည်။ ဤ Foundation Programme ကိုအောင်မြင်ပြီးပါက တက္ကသိုလ်ပထမနှစ်မှ စတင် တက်ရောက်နိုင်သည်။

EF Diploma in Business & Management ကို GCE A Level (သို့) IB Diploma (သို့) EF University Foundation အောင်မြင်ထားပြီး IELTS (5.5) ရှိထားသူများ တက်ရောက်နိုင်သည်။ (၁၁)လကြာ တက်ရောက်ရပါမည်။ EF Diploma အောင်မြင်ပြီးပါက UK ရှိတက္ကသိုလ်များတွင် ဒုတိယနှစ်မှ စတင် တက်ရောက်နိုင်သည်။ Pre-Master’s & Pre-MBA Programme များအတွက်(၆)လ (သို့မဟုတ်) (၉)လကြာမြင့်မည်ဖြစ်ကာ ဘွဲ့တစ်ခုခု ရထားပြီး IELTS (5.5)ရှိထားသည့်အပြင် အလုပ်အတွေ့အကြုံအနည်းဆုံး (၁)နှစ် ရှိထားသူများ တက်ရောက်နိုင်သည်။  Accelerated College Degree Programme (ACDP) သည် US နှင့် Canada နိုင်ငံတို့တွင် အချိန်တိုအတွင်း ဘွဲ့ရလိုသူများအတွက် အမြန်ဆုံးပညာရေးလမ်းကြောင်းဖြစ်သည်။ ဤ Programme တွင် (၂)ဆင့်ပါဝင်သည်။ ပထမအဆင့်မှာ တက္ကသိုလ်ဝင်တန်း(သို့မဟုတ်) IGCSE အောင်မြင်ပြီးသူများမှာ EF University Preparation Programme ကို US ရှိ New York, Boston, Seattle, Santa Barbara, San Francisco နှင့် Canada ရှိ Vancouver မြို့ကြီးများတွင် မိမိတို့၏ အင်္ဂလိပ်စာ အရည်အချင်း ပေါ်မူတည်၍ (၆)လမှ (၉)လ ကြာတက်ရောက်ရသည်။ ထို့နောက် ဒုတိယအဆင့်အနေဖြင့် High School Diploma နှင့် Associate’s Degree ကို US ရှိ Green River Community College , Seattle Central Community College သို့မဟုတ် Canada ရှိ Columbia College တို့တွင် (၂)နှစ်ကြာ သင်ကြားနိုင်သည်။ ဤ ACDP Programme ဖြင့် US နှင့် Canada တွင် ပုံမှန် ပညာရေးလမ်းကြောင်းထက် (၁)နှစ်စော၍ ဘွဲ့ရသဖြင့် အချိန်ကုန်ငွေကုန်သက်သာစေပါသည်။ အထက်ပါ Programme များအတွက် IELTS အမှတ်မရှိပါက EF ၏ အင်္ဂလိပ်စာ စာမေးပွဲကို Synergy Education တွင် ဖြေဆိုနိုင်ပါသည်။

Website : www.ef.com
 

 

(22-7-2011)
Source: Ko Lin (Myanmar Training)


Software Design & Development သင်တန်း ဖွင့်လှစ်မည် .  . . . .   . .  

. . .  . 

Software Engineer @ System Analyst အဖြစ်အသက်မွေးဝမ်းကျောင်းပြုလိုသူများ အတွက်ရည်ရွယ်၍ Software Design & Development သင်တန်းကို CREATIVE Web Studio သြဂုတ်လတွင် ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းတွင် Software Project များကို ကိုယ်တိုင် Design ချပြီး ရေးသားတတ်လိုသူများ၊Software Project ဖန်တီးရေးသားသော အတွေ့အကြုံလိုချင်သူများ၊ နိုင်ငံခြားတက္ကသိုလ် သို့သွားရောက် ပညာသင်ကြား မည့်သူများ၊ Software Engineer/System Analyst အဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသူများအတွက် ရည်ရွယ်ပြီးဖွင့်လှစ်သောသင်တန်းဖြစ်ပါသည်။ C# Language နှင့် Database Server ကိုပေါင်းစပ်အသုံးချတတ် စေရန် ADO.NET ကိုအထူးပြု သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။Physical Database Design ကိုလက်တွေ့ Design ချတတ်စေရန် ရိုးရှင်းလွယ်ကူသော Exercise များ၊Real Life Example များဖြင့်လေ့ကျင့် သင်ကြားပေးမည့်အပြင် Structure Query Language (SQL)+ MS SQL Server ကိုကျွှမ်းကျင်စွာ အသုံးချတတ်စေရန်အခြေခံ မှစတင်သင်ကြားပေးသွားမည်ဖြစ်ပါသည်။ သင်တန်းကာလမှာ ၃လခွဲ(သို့) နာရီ (80-100) ကြာမြင့်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Software and Database Application များကို ကိုယ်တိုင်ဖန်တီးရေးသားတတ်မှာ ဖြစ်ကြောင်း၊ သင်တန်းကြေးမှာ ကျပ် ၁၅၀,၀၀၀ ဖြစ်ကြောင်း သိရှိရပါသည်။ Software Engineering လောကတွင် သက်တမ်း(၁၀)ကျော်ရှိပြီး နိုင်ငံတကာတွင် သွားရောက်လုပ်ကိုင်ခဲ့သော အတွေ့အကြုံရင့် Software Engineering @ System Analystများကိုယ်တိုင် သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ထိုသင်တန်း ပြီးဆုံးပြီးလျှင် Project Base Web Application Development with ASP.NET သင်တန်းကိုဆက်လက် တက်ရောက်နိုင်မည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက CREATIVE WEB Studio (လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်ရှိ အဆောင်-၆ အခန်း-၃) ဖုန်း-၀၁-၅၀၇၀၅၁၊ ၅၀၇၀၄၉ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းသိရှိရပါသည်။




 

(12-8-2011)
Source: Internet Journal

 


                                                MBA သင်တန်းများဖွင့်လှစ်မည် .  . .   . . .  . ..  . . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

Genius Management Centre မှ MBA သင်တန်းများအား ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။ GMC မှ ဖွင့်လှစ်မည့် သင်တန်းများမှာ 20 Hours Mini MBA သင်တန်း၊ Fundamental Of Applied Management သင်တန်း၊ Sunday Particular Trainings သင်တန်းများ ဖြစ်ကြသည်။ 20 Hours Mini MBA သင်တန်းမှာ တနလာင်္နေ့မှ သောကြာနေ့အထိ နှစ်ပတ်တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းချိန်မှာ ညနေ၆နာရီမှ ၈နာရီအထိဖြစ်သည်။ အဆိုပါ သင်တန်းတွင် Sales & Marketing ,Professional Leadership , HR Management ,Project Management ဘာသာရပ်များအား သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကြေးမှာ တစ်သိန်းငါးသောင်းကျပ် ဖြစ်ကြောင်းသိရသည်။ Fundamental of Applied Management သင်တန်းမှာ တနင်္ဂနွေနေ့ ညနေ၄နာရီ မှ ၅နာရီ၃၀မိနစ်ထိ တစ်လခွဲ တက်ရောက်ရမည်ဖြစ်သည်။ သင်တန်းကြေးမှာ ကျပ်သုံးသောင်းဖြစ်ပြီး အဆိုပါသင်တန်းအား BELMASOrg, UK မှ Member ဖြစ်သော ဦးမြင့်ထွန်းမှ သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။ Sunday Particular Training သင်တန်းမှာ သင်တန်းကာလ လေးပတ်ကြာမြင့်မည်ဖြစ်ပြီး Sales & Marketing, Plan Written Skills, HR Management ဘာသာရပ်များအား အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကြေးမှာ ကျပ်တစ်သောင်း ဖြစ်ကြောင်းသိရသည်။ စိတ်ပါဝင်စား၍ တက်ရောက်လိုသူများအနေဖြင့် Genius Management Centre အမှတ်(ဘီ-၉) အောင်ဆန်းကွင်း၊ မြောက်ဘက်မင်္ဂလာတောင်ညွှန်မြို့နယ်၊ ဖုန်း-၀၁-၃၈၀၅၁၅သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

 





 

(12-8-2011)
Source: itzen Journal

 


Stark သင်တန်းကျောင်းမှ ၃နှစ်ပြည့်အထိမ်းအမှတ် Digital Video Editing (SD & HD) နှင့် Concept Art & 3D .
                                                     Animation သင်တန်းအား 50% discount ဖြင့်ဖွင့်လှစ်
.. . . . .  . . . .  . ..  . . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

Media လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်ရန်အတွက် Stark သင်တန်းကျောင်းမှ ၃နှစ်ပြည့် အထူးအစီအစဉ် အဖြစ် Concept Art & 3D Animation သင်တန်းအား ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ သင်တန်းအား 3D Artist တစ်ဦးအနေဖြင့် Gaming , Interior & Exterior design , Cartoon animator တစ်ယောက်အနေဖြင့် ရပ်တည်လိုသူများ တက်ရောက်သင့်သည့် သင်တန်းဖြစ်ကြောင်းသိရသည်။ Stark တွင် ၄င်းသင်တန်းအပြင် ၃နှစ်ပြည့် အထိမ်းအမှတ်ဖြင့် မည်သည့်သင်တန်း အမျိုးအစားမဆို သင်တန်းကြေးအား ၅၀ ရာခိုင်နှုန်း discount ဖြင့် သင်တန်းဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းအား စက်တင်ဘာ ၅ ရက်နေ့မှစ၍ အပတ်စဉ်များကိုပါ ကြာသပတေးနေ့တန်းခွဲများအပြင်၊ စနေ၊ တနင်္ဂနွေတန်းခွဲများကိုပါ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ၂လ ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။ Stark သင်တန်းကျောင်းတွင် professional graphic design course, digital video editing course,2D 3D animation course, concept art & 3D animation course များကိုပါ တက်ရောက် သင်ကြားနိုင်ကြောင်း သိရသည်။ အဆိုပါ သင်တန်းများ တက်ရောက်ခြင်းအားဖြင့် နိုင်ငံတကာတွင် graphic designer, video editor,3D artist များအဖြစ် အလုပ်လုပ်ကိုင်လိုသူများ နှင့် နိုင်ငံတကာရှိ ကျောင်းများတွင် multimedia diploma ရယူလိုသူများ ၊ ACE (Adobe Certified Expert) စာမေးပွဲ ဝင်ရောက်ဖြေဆိုလိုသူများ တက်ရောက် သင်ကြားနိုင်ကြောင်းသိရသည်။ အဆိုပါ သင်တန်းတွင် သင်တန်းတက်ရောက်လိုသူများအနေဖြင့် ကွန်ပျူတာအခြေခံ တတ်မြောက်ထားရမည်ဖြစ်ပြီး လိုအပ်သည့် သင်ထောက်ကူပစ္စည်းများဖြစ်သည့် Sketch book, Handout, Plug-in များအပြင် အခြားလိုအပ်သည့် Accessories များကိုလည်း ပြည့်စုံအောင် ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းသားဦးရေ ကန့်သတ်ထားပြီး စိတ်ပါဝင်စားသူများအနေဖြင့် အမှတ်-၁၇၃ ၊ ပထမထပ် ၊၃၅-လမ်း(အလယ်ဘလောက်)၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်၊ ဖုန်း-၀၁-၂၄၉၀၅၈သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။




 

(12-8-2011)
Source: itzen Journal

 

 

.

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats