BCB Centre မှစီမံခန့်ခွဲမှုသင်တန်းအပိုင်း(၂)ဖွင့်လှစ်မည်
MBA ဘွဲ့ရ စီးပွားရေးလုပ်ငန်းရှင်များ ဖွဲ့စည်းထားသည့် Myanmar
Business Executives Association (MBA) က တည်ထောင်ထားသော စီးပွားရေး
စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကျောင်း Business Capacity Building
(BCB) Centre မှ စီးပွားရေးစီမံခန့်ခွဲမှု သင်တန်းအပိုင်း (၂) Business
Management Course (Part-II) သင်တန်းကို ၂၀၁၁ခုနှစ်၊ သြဂုတ်လ
ပထမပတ်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းသတင်းရရှိသည်။ သင်တန်းကာလအတွင်း
သင်ကြားသော ဘာသာရပ်များနှင့် ဆိုင်သော Website များလေ့လာရန် Internet
အခမဲ့သုံးစွဲခွင့် ပေးမည်ဖြစ်ပြီး သင်တန်းသားများ လေ့လာရန် လိုအပ်သော
Reference စာအုပ်များကို Library တွင်ထားရှိပေးမည်ဖြစ်သည်။
သင်တန်းကာလမှာ (၃) လ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းချိန်ကို နေ့လယ် (၂)
နာရီမှ ညနေ (၅)နာရီအထိ စနေနှင့်တနင်္ဂနွေနေ့များတွင် စီစဉ်ထားပြီး
သင်ကြားမှုထိရောက်စေရန် သင်တန်းသားဦးရေကိုလည်း
ကန့်သတ်ထားကြောင်းသိရှိရသည်။ စိတ်ဝင်စားသူများ အနေဖြင့် BCB Centre
တည်ရှိရာအခန်း (၃၀၆)၊ ပန်းခြံတာဝါ၊ အမှတ်(၈)၊ ဗားဂရာလမ်းနှင့်
ဓမ္မစေတီလမ်းထောင့်၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့နယ်။
ဖုန်း-၅၃၈၅၃၁၊ ၅၃၈၅၁၇၊ E-mail: bcbcentre@mptmail.com.mm,
bcbcentre009@gmail.com ဆက်သွယ် စုံစမ်းနိုင်ကြောင်းသိရှိရသည်။
(13-8-2011)
Source: Ko Lin (Myanmar Training)
ဟိုတယ်လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းသစ်ဖွင့်လှစ်မည်
.
.
. .. ..
.
..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. ..
.
.
.
.
.
.
.
. . .
ပြည်တွင်း၊ ပြည်ပရှိ Hotel,
Restaurant နှင့် Hospitality လုပ်ငန်းများတွင် Management Level နှင့်
ဝင်ရောက်လုပ်ကိုင်မည့်သူများ၊ ကိုယ်ပိုင်ဟိုတယ်၊ Restaurant နှင့်
Coffee shop များ၌ စီမံအုပ်ချူပ်လိုသူများအတွက် ရည်ရွယ်၍ International
Hospitality Management Course သင်တန်းအပတ်စဉ်အသစ်ကို 2011ခုနှစ်၊
သြဂုတ်လဒုတိယပတ်အတွင်း မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအဖွဲ့ (MTB)
၏ အသိအမှတ်ပြု Star Resources Hospitality & Tourism Management
Academy တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
စိတ်ပါဝင်စားသူများအနေဖြင့် Star Resources Hospitality & Tourism
Management Academy တိုက်(၂၆၇)၊ အခန်း(၃၀၂)၊ ပြည်လမ်း၊ မြေနီကုန်း၊
စမ်းချောင်းမြို့နယ်။ ဖုန်း-၄၄၁၂၂၅၆၊၀၉-၅၀၂၀၃၀၂ နှင့် Email: info@staresources.com
သို့ ဆက်သွယ်စုံစမ်း၍ စာရင်းပေးသွင်းနိုင်ကြောင်းသိရပါသည်။
(13-8-2011)
Source: Ko Lin (Myanmar Training)
နိုင်ငံတကာ တက္ကသိုလ်များအသိအမှတ်ပြုသည့် University Foundation Program
အားမြန်မာပြည်တွင်တက်ရောက်နိုင်
.
.
.
.
.
. ..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
..
.
.
.
.
.
. . ...
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
မြန်မာနိုင်ငံတွင်
တက္ကသိုလ်ဝန်တန်း ၁၁ တန်းအောင်မြင်ပြီးပါက နိုင်ငံတကာ တက္ကသိုလ်
ကျောင်းများ အသိအမှတ်ပြုသည့် University Foundation Program အား
နိုင်ငံခြားတက္ကသိုလ်များတွင် တတ်ရောက်ရန်မလိုပဲ စရိတ်သက်သာစွာဖြင့်
မြန်မာနိုင်ငံတွင်ပဲ တတ်ရောက်နိုင်ပြီ ဟုသိရှိရပါသည်။ အဆိုပါ
University Foundation Program သည် နိုင်ငံတကာ ကျောင်းများ၏ ၁၂ တန်း (
သို့မဟုတ် ) GCE A Level နှင့်ညီမျှပြီး နိုင်ငံတကာ
တက္ကသိုလ်ဝင်ခွင့်သင်တန်း လည်းဖြစ်ပါသည်။ ၄င်း UFP အား နိုင်ငံခြားတွင်
တက်ရောက်ပါက သင်ကြားမှုကာလ ၁နှစ် တက်ရောက် ရမည်ဖြစ်ပြီး
မြန်မာနိုင်ငံတွင် တတ်ရောက်ပါက ၈လ သာ တတ်ရောက် ရမည်ဖြစ်သည်။
တတ်ရောက်အောင်မြင်ပြီးပါက Navitas အဖွဲ့အစည်း နှင့်ချိတ် ဆက်ထားသော
Australia, UK, USA, Canada, Singapore စသည့်နိုင်ငံများရှိ
တက္ကသိုလ်များ နှင့် Study Group အဖွဲ့အစည်း လက်အောက်ရှိ
တက္ကသိုလ်များဖြစ်သည့် Heriot-Watt University, Kingston University,
Lancaster University, University of Leicester & University of Sussex
စသည့်တက္ကသိုလ်များတွင် First Year Bachelor Degree (or) Diploma
အတန်းများသို့ တိုက်ရိုက် တတ်ရောက်နိုင်သည်ဟု သိရှိရပါသည်။
University Foundation တွင် Commerce, Engineering, IT နှင့်
Biomedical Science, Public Health, Architecture, Nursing, Graphic
Design, Hospitality & Tourism, Media & Communication, Community
Development, Pharmacy အစရှိသော ဘာသာရပ်များကို တက်ရောက်
သင်ကြားနိုင်မည်ဖြစ်သည် ဟုသိရှိရပါသည်။ သင်ကြားမှု နည်းစနစ် တွင်
Australia, UK, USA , Canada စသည့်နိုင်ငံများ ၌ သင်ကြားလျှက်ရှိသော
သင်ကြားမှု ပုံစံနည်းစနစ်အတိုင်း လေ့ကျင့်သင်ကြားပေးမည် ဖြစ်သောကြာင့်
နိုင်ငံခြားတွင် ပညာဆက်လက်သင်ယူမည့် ကျောင်းသားကျောင်းသူများ အတွက်
ကြုတင်ပြင်ဆင်မှု ရှိထားသောကြောင့် နိုင်ငံတကာတက္ကသိုလ်များတွင်
အခက်အခဲမရှိ ဆက်လက် တက်ရောက်နိုင်မည်ဖြစ်သည်။
University Foundation Program ကို တက်ရောက်လိုသော ကျောင်းသား
ကျောင်းသူ များအနေဖြင့် အရည်အချင်းစစ် စာမေးပွဲ Free English Placement
Test ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်မှသာ တိုက်ရိုက် တက်ရောက် ခွင့်
ရရှိမှာ ဖြစ်တယ်လို့ သိရှိရပါသည်။ အရည်အချင်းမပြည့်မှီပါက တတ်ရောက်ရန်
အတွက် Pre University English Course သင်တန်းများလည်း
ဖွင့်လှစ်ပေးထားသည် ဟုသိရပါသည်။ အဆိုပါ University Foundation Program
ကိုတက်ရောက်လိုသော ကျောင်းသား ကျောင်းသူများ အတွက် စက်တင်ဘာလ ( ၅ )
ရက်နေ့တွင်တန်းခွဲအသစ်ဖွှင့်လှစ်မည်ဖြစ်ပြီး Education Info Week @ YIUS
ကို သြဂုတ် ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ နံနက် ၁၀ နာရီမှ နေ့လည် ၃နာရီ အထိ
ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။ အသေးစိတ် သိရှိလိုသော
ကျောင်းသား ကျောင်းသူများအနေဖြင့် YIUS ကျောင်း တည်ရှိရာ
အခန်းအမှတ်(၂/၄/၈)၊ အဆောင် (၇)၊ မြန်မာအင်ဖိုတက်၊ လှိုင်တက္ကသိုလ်
နယ်မြေ၊ လှိုင်မြို့နယ်။ ဖုန်း ၆၅၂၃၁၁၊ ၆၅၂၂၉၇၊ ၀၉-၇၃၁၄၈၇၃၉ (သို့)
www.yiusmyanmar.org သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း
သိရှိရပါသည်။
(13-8-2011)
Source: Ko Lin (Myanmar Training)
Myanmar Marketing Association (MMA) မှ Facing the Multinationals:
Practical Marketing Strategies for Myanmar Enterprises Workshop
ကျင်းပပြုလုပ်မည်
.
Myanmar
Marketing Association (MMA) မှ Facing the Multinationals: Practical
Marketing Strategies for Myanmar Enterprises ခေါင်းစဉ်ဖြင့်
အလုပ်ရုံဆွေးနွေးပွဲသင်တန်းကို သြဂုတ်လ (၂၀) နှင့် (၂၁)ရက်နေ့များတွင်
ရန်ကုန်မြို့ Chatrium Hotel, Ballroom (2) ၌
ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များ၊ Senior
Executives များ၊ Practical Marketing Strategies
များကိုသိလိုသော Business Management ကျောင်းသူ၊ ကျောင်းသားများ နှင့်
Marketing ကိုစိတ်ဝင်စားသူများအတွက် စီစဉ်ထားခြင်းဖြစ်ပါသည်။ ယနေ့ခေတ်
ယှဉ်ပြိုင် နေသော စီးပွားရေးဈေးကွက်တွင် နိုင်ငံတကာမှ Multinational
Companies များနှင့် ရင်ဆိုင် နေရသော ပြည်တွင်းမှ
စီးပွားရေးလုပ်ငန်းများအတွက် လက်တွေ့အသုံးချနိုင်မည့် Practical
Marketing Strategies များနှင့် Theories များကို ပါမောက္ခ ဆရာမကြီး
ဒေါ်လှမြင့်၊ ပါမောက္ခ Dr. အောင်ထွန်းသက် (Sr. Advisor, UN Resident
Coordinator - Myanmar) နှင့် ဆရာ ဦးအေးကျော် (Principal, MHR
Institute) တို့မှ ဆွေးနွေးဟောပြော ပေးမည်ဖြစ်ပြီး၊ Activity
Facilitators များအဖြစ် ဦးမြင့်ဇော် (Commercial Director, Myanmar
Brewery Ltd) နှင့် ဦးစောရန်နိုင် (Managing Director, Myanmar Spa
Today Far East Advertising Ltd) တို့မှ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
ထိုအလုပ်ရုံဆွေးနွေးပွဲသင်တန်းတက်ရောက်ခွင့်ကို တစ်ဦးလျှင် (၉၉,၀၀၀
ကျပ်)ဖြင့် ၀ယ်ယူ တက်ရောက်နိုင်ပြီး သင်တန်းရက်များတွင် နေ့လည်စာ၊
လက်ဖက်ရည်၊ ကော်ဖီတို့ဖြင့် တည်ခင်းဧည့်ခံပါမည်။ သင်တန်းချိန်မှာ
သြဂုတ်လ (၂၀) နှင့် (၂၁)ရက် နေ့ နံနက် (၉:၀၀) နာရီ မှ ညနေ (၅:၀၀) နာရီ
အထိဖြစ်ပါသည်။ သင်တန်းသို့တက်ရောက်လိုပါက လူဦးရေကန့်သတ်ထားပါသဖြင့်
သြဂုတ်လ (၁၇) ရက်နောက်ဆုံးထား၍ ကိုဘုန်းဆုစိုး ဖုန်းနံပါတ် (၀၉
၅၀၄၆၁၇၁) သို့ဆက်သွယ် စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရှိရပါသည်။
အသေးစိတ်သိရှိလိုပါက MHR - No. (905), 9th Fl. Modern Iron Market,
Lanmadaw St., Lanmadaw Tsp. Ph: 01- 216 168 နှင့် No. (273), (1st
Fl), 39th Street, Upper Block, Kyauk Ta Da Tsp. Ph: 09 515 237နှင့်
No(12-K), Pyi Thu Road, 7 Miles, Mayangone Tsp. Ph: 01-664 040, 09
502 988 တို့ကိုဆက်သွယ်စုံစမ်း နိုင်ကြောင်းသတင်းရရှိပါသည်။
(16-8-2011)
Source: Ko Lin (Myanmar Training)
Education Bank of Myanmar ကို မကြာမှီ ဖွင့်လှစ်မည်
.
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
တိုးတက်ဖွံ့ ဖြိုးသော နိုင်ငံအသီးသီးတွင် ကျင့်သုံးလာသည့်
“ကျောင်းသားဗဟိုပြုသင်ကြားနည်း” ကို နိုင်ငံတော်မှ မကြာမီ
ပြဌာန်းတော့မည်ဖြစ်သဖြင့် ပညာရေးတိုးတက်မှု အရှိန်ရလာမည်ဖြစ်သည်။
မြန်မာနိုင်ငံ ပညာရေးတွင်လည်း ကျောင်းသားဗဟိုပြုသင်ကြားရေးကို
အကောင်အထည်ဖော် ဆောင်ရွက်နေသည့်
အဖွဲ့အစည်းနှစ်ရပ်ရှိကြောင်းတွေ့မြင်ရသည်။ ကျောင်းသားကျောင်းသူများ၏
ပညာရည်တိုးတက်မြင့်မားရေးအတွက် ကျောင်းသားဗဟိုပြုသင်ကြားရေးကို ထိထိ
ရောက်ရောက် အကောင်အထည်ဖော်ဆောင်နိုင်ရေးကို
အကူအညီပေးရန်အတွက်ရည်ရွယ်ပြီး Education Bank of Myanmar ကို
ဖွဲ့စည်းဆောင်ရွက်ခြင်း ဖြစ်သည်။ ထို့ပြင် နိုင်ငံရပ်ခြားပညာ
ဆည်းပူးလိုသူများအတွက်လည်း ဘာသာရပ်၊ နိုင်ငံ၊ တက္ကသိုလ်၊
ကောလိပ်တို့အားရည်ရွယ်ချက်၊ ပံ့ပိုးနိုင်မှုအင်အားပေါ် မူတည်ပြီး
တနင်္လာနေ့မှ ဗုဒ္ဒဟူးနေ့အထိ အပတ်စဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း Education
Bank of Myanmar မှ နာယကဖြစ်သူ ဒေါက်တာနေက ပြောကြားသည်။ Education Bank
of Myanmar EBM ကို အမှတ် ၁၁ ပထမထပ် န၀ဒေးလမ်း (ဒဂုံအထက -၁ ရှေ့)
ဒဂုံမြို့နယ်၊ ရန်ကုန်၊ ဖုန်း-၂၅၀၂၂၅၊ ၃၉၂၉၁၅၊ ၀၉၅၁၁၆၄၂၄ တွင် သြဂုတ်
၁၉ ရက် (သောကြာနေ့) တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။
(16-8-2011)
Source: Ko Lin (Myanmar Training)
Device Business Management Academy မှ ဟောပြောပွဲ ပြုလုပ်
.
.
.
.
.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
Device Business Management Academy မှ နှလုံးရည်ဖြင့်
ဥာဏ်ရည်မြှင့်ကြစို့ ဟူသော ခေါင်းစဉ်ဖြင့် တတိယအကြိမ် စာပေဟောပြောပွဲ
တစ်ခုကို သြဂုတ်လ ၁၄ ရက်နေ့ က ရန်ကုန်မြို့လမ်းမတော်မြို့နယ်
မင်းရဲကျော်စွာလမ်းရှိ UMFCCI ခန်းမကြီးတွင် ကျင်းပရာ စာရေးဆရာ ဖေမြင့်
နှင့် ကာတွန်းဆရာ အော်ပီကျယ်တို့မှ ဟောပြောခဲ့ပါသည်။
ဟောပြောပွဲသို့တက်ရောက်နားထောင်သူများမှာ Device ၏ Business Partner
Company များဖြစ်ကြသော YKKO, Camella, Oishi, Khin Pyone Mon, EVA
Construction, Steel Stone, W.H.K, Morning Star (lighting), SP Gems,
7 Picture, Follow Me, Maw Shan, Shoe Gallery, Columbus, Autumn
Dream, Naing Group, Delight Engineering နှင့် ရေစက်မိသားစုတို့မှ
ပူးပေါင်းပါဝင်ခဲ့ကြပြီး စိတ်ပါဝင်စားသူ လူငယ် လုပ်ငန်းရှင်များ၊
ရပ်ဝေးမှ စိတ်ပါဝင်စားသူများ တက်ရောက် နားထောင်ခဲ့ကြပါသည်။
ဟောပြောပွဲများ၏ ရည်ရွယ်ချက်များမှာ လူငယ်များအတွက် အောင်မြင်သော
ဘ၀ပန်းတိုင်ဆီသို့ ချီတက်ရာတွင် မှတ်သားလေ့လာထားသင့်သော အရာများကို
သိရှိစေရန်နှင့် အမှန်တကယ်အသက်ရှင်ရပ်တည်ရန် ခက်ခဲနေသော
ပရဟိတလုပ်ငန်းများသို့ ကိုယ်တိုင်သွားရောက်
မလှူဒါန်းနိုင်သောသူများအတွက်လည်း ဟောပြောပွဲတွင်ပါဝင်ခြင်းဖြင့်
စုပေါင်းကုသိုလ်တစ်ခု ပြုချင်သောကြောင့်ဖြစ်သည်။ ယခုဟောပြောပွဲ၏
အကျိုးအမြတ်များကိုလည်း ပရဟိတလုပ်ငန်းတစ်ခုခုသို့
ထပ်မံလှူဒါန်းသွားမည်ဖြစ်ပြီး လိုက်ပါလိုသူများနှင့်
စာနယ်ဇင်းသမားများအား ဖိတ်ခေါ်ပြီး ကိုယ်တိုင်ကိုယ်ကျ
သွားရောက်လှူဒါန်းသွားဦးမည် ဖြစ်ကြောင်းသိရပါသည်။ Device Business
Management Academy ၏ ထပ်မံဖွင့်လှစ်ကျင်းပမည့်အစီအစဉ်များအား
သိရှိလိုပါက ဖုန်း-၃၉၃၃၁၈၊ ၃၉၃၀၆၈၊ ၄၄၁၂၅၉၈၊ ၀၉ ၇၃၀၄၅၁၄၀၊၀၉၄၉၃၁၇၄၅၇၊
၀၉၄၃၀၉၆၉၅၇၊ ၀၉၅၁၇၀၄၇၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း
သိရှိရပါသည်။
(16-8-2011)
Source: Ko Lin (Myanmar Training)