Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:

News » Local News

စာရွက်စာတမ်းကြေးနှင့် သင်တန်းကြေး ကင်းလွတ်သည့် JLPT သင်တန်းဖွင့်မည်

 

၂၀၁၁ ဒီဇင်ဘာလ ၄ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုမည့်သူများ အခက်အခဲမရှိ ဖြေဆိုနိုင်ရန် MDGE Japanese School မှ သင်ကြေးနှင့် စာရွက်စာတမ်းကြေး ကင်းလွတ်သည့် သင်တန်းကို ၂၀၁၁ခုနှစ် သြဂုတ်လအတွင်းတွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
JLPT Exam တွင် အခက်အခဲမရှိ ဖြေဆိုနိုင်ရန် စာမေးပွဲအကြို လေ့ကျင့်လိုသူများ အတွက် JLPT (Practice) သင်တန်းကို ဖွင့်လှစ်မည်ဖြစ်ပြီး စာမေးပွဲပုံစံသစ် နှင့် ကိုက်ညီသင့်တော်သည့် သင်ရိုးညွှန်းတမ်း မေးခွန်းပုံစံများဖြင့် လေ့ကျင့်သင်ကြားပေးမည် ဖြစ်ကြောင်းသိရသည်။ သင်တန်းအချိန်ကို ရုံးဝန်ထမ်းများပါ တက်ရောက်နိုင်ရန်အတွက် စနေနှင့် တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး စိတ်ဝင်စားသူများအနေနှင့် MDGE Japanese School ဖုန်း ၀၉-၇၃၀၀၂၅၁၆ သို့ ဆက်သွယ်၍ စာရင်းပေးသွင်း လျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။





 

(16-8-2011)
Source: Internet Journal


                  အင်္ဂလိပ်စာနှင့် လူမှုဆက်ဆံရေး သင်တန်းများ Unique Life Education Centre တွင်ဖွင့်လှစ်မည် . .
.  . .. .. .    .. .  .  . . .  .  . . . .  . . .  .  . . . .      .    . ..
.         .     .      . . .  .  . . .                      
        
 

တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများ နှင့် အင်္ဂလိပ်စာပညာရပ်များကို အခြေခံမှစတင်၍ Professional အထိတက်လှမ်း လေ့လာလိုသူများ အတွက် Unique Life ပညာရေးစင်တာမှ စက်တင်ဘာလ တန်းခွဲ အသစ်များကိုစတင်ဖွင့်လှစ်မည်ဖြစ်သည်။ နိုင်ငံရပ်ခြားတွင် ကျောင်းတက်ရောက်လိုသူများနှင့် အလုပ်အကိုင် အခွင့်အလမ်းကောင်းများအတွက် English ဝင်ခွင့် စာမေးပွဲတစ်ခုဖြစ်သော IELTS စာမေးပွဲ ဝင်ရောက်ဖြေဆိုရန်အတွက် IELTS သင်တန်းများကိုလည်း အဆိုပါစင်တာမှ ပို့ချပေးလျက်ရှိသည်။ “ယခုဖွင့်လှစ်ထားသောတန်းခွဲတွင် IELTS Exam Preparation Course တက်ရောက်နေကျသော ကျောင်းသားများမှာလာမည့် DECEMBER, JANUARY လများတွင် IELTS စာမေးပွဲကို ဝင်ရောက်ဖြေဆိုကျမည့် ကျောင်းသားများဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံခြား နာမည်ကြီးတက္ကသိုလ် တော်တော်များများ၏ ကျောင်းဝင်ခွင့် ခွင့်ပြုချိန်လည်းဖြစ်ကြောင်း၊ အဆိုပါကျောင်းများမှ အင်္ဂလိပ်စာ လိုအပ်ချက်ကိုပြသနိုင်ရန်အတွက် ယခုလအတောအတွင်း IELTS Exam အတွက် ကြိုတင်ပြင်ဆင် ထားရန်လိုအပ်ကြောင်း”အဆိုပါစင်တာမှအကြံပေးပြောကြားခဲ့သည်။အဆိုပါ Unique Life Education Centre တွင် Business Communication နှင့် Business English ဘာသာရပ်များ၊ Marketing တာဝန် ထမ်းဆောင်နေရသော ဝန်ထမ်းများနှင့် Marketing ဘာသာရပ်ကို ဝါသနာပါ လေ့လာနေသူများအတွက် UK LCCI Examination Board မှစစ်ဆေးသော Diploma in Marketing (LCCI) ဘာသာရပ်များ၊ စင်ကာပူ သြစတေးလျ နှင့် အင်္ဂလန်နိုင်ငံများမှ MBA ဘွဲ့ကို တက်ရောက် လိုသူများအတွက် MBA Foundation Course များ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးစ ကျောင်းသားများနှင့် လုပ်ငန်းခွင်စတင်ရောက်မည့်သူများအတွက် English 4 Skills အပါအဝင် Presentation Skills, Interview Skills, CV Writing Skills နှင့် Public Relation Skills များပါဝင်သော Pre-University အတန်းများကိုဖွင့်လှစ် သင်ကြားစေလျက်ရှိသည်။

ULEC သည် ဒေသအတွင်းရှိ သင်တန်းများကို တက်ရောက်လိုသော ကျောင်းသားများအတွက် သာမက စင်ကာပူနိုင်ငံရှိ MDIS, Kaplan, JCU အစရှိသော Edu-Trust 4 year ရရှိထားသော ထိပ်တန်းပုဂ္ဂလိက တက္ကသိုလ်ကြီးများသို့ ကျောင်းဝင်ခွင့်ရရှိနိုင်ရန် အခမဲ့ ဝန်ဆောင်မှုပေးလျက်ရှိခြင်းအပြင် အချို့ Intake များတွင်ကျောင်းဝင်ခွင့် ကင်းလွတ်ခွင့်များ၊ Lap-Top Computer ရရယူပိုင်ဆိုင်ခွင့်များနှင့် လေယာဉ်လက်မှတ် ရယူပိုင်ဆိုင်ခွင့်များကို ကျောင်းသားများရရှိအောင် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အသေးစိတ်သိရှိလိုပါက အဆိုပါစင်တာတည်ရှိရာ အမှတ် (၉၇) ဒီ၊ ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ ဖုန်းနံပါတ် ၀၁-၅၄၂၆၉၁ နှင့် ၀၉-၅၁၃ ၅၁၁၅ သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး အွန်လိုင်းလူမှုရေး ဝက်ဆိုက်များမှ တဆင့် ဝင်ရောက် လေ့လာလိုသူများအတွက် www.facebook\UniqueLifeEducationCentre သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။









 

(23-8-2011)
Source: Ko Lin (Myanmar Training)


                                          IT Business Plan Contest ပြိုင်ပွဲ ၂၅ သြဂုတ် ၂ဝ၁၁ ..   . . ..  . .  .  . . . . .  .  .  .  .  . . 

 

 

၁။နိဒါန်း
 မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နှင့် Japan နိုင်ငံ CIESF တို့ပူးပေါင်း၍ IT Industry ဖွံဖြိုး တိုးတက်လာစေရေးနှင့် Mobile Telecommunication ဆိုင်ရာ ဆန်းသစ်သော နည်းပညာများ ပေါ်ထွက်လာစေရေးဟူသော ရည်ရွယ်ချက်များဖြင့် IT Business Plan Contest ပြိုင်ပွဲကို အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပါသည်။

၂။ရည်ရွယ်ချက်
(က) မြန်မာ ဂျပန်ပူးပေါင်းဆောင်ရွက်မှုတွင်ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိရန်။
(ခ)  မြန်မာလူငယ်များ ICT Industry ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်ရာတွင် တက်တက်ကြွကြွစိတ်ဝင်စားစွာ ပိုမိုပူးပေါင်း ပါဝင်လာစေရန်။
(ဂ)  အထူးသဖြင့် Mobile Telecommunication ကဲ့သို့ တိုးတက် ပြောင်းလဲနေသော နည်းပညာများကို အသုံးချ၍၊ အသုံးချမှုဆိုင်ရာ တီထွင် ဆန်းသစ်မှုများကို
      ပိုမိုသိရိ နားလည်နိုင်စေရန်။
(ဃ) လူငယ်လူရွယ်များ၏ အရည်အသွေး မြင့်မားမှုများကို ဖော်ပြနိုင်ပြီး ပြည်ပမှ ရင်းနှီးမှုများကို အထောက်အပံ့ဖြစ်စေရန်။
(င)  ထူးချွန်ထက်မြက်သော မြန်မာလူငယ်လူရွယ်များအတွက် ICT Industry တွင် အလားအလာကောင်းများ ပေါ်ထွက်လာစေရန်။

၃။ပြိုင်ပွဲအမျိုးအစား
Category: Mobile Application
Sub-categories:
. Tele-medicine
. Tele-Education
. Tele-Social Network

၎။ ဆုကြေး
လျှောက်ထားသူတွေထဲက ၁၀ဦးကို ရွေးချယ်ပြီးတော့မှ သင်တန်းပေးမှာပါ။ အခမဲ့ သင်တန်းပေးပြီးမှ ပြိုင်ပွဲ ဝင်စေမှာပါ။ ဆုရသူကိုတော့ ဒေါ်လာသုံးထောင်နဲ့ ညီမျှတဲ့ဆု ကိုပေးသွားမှာပါ။ မြန်မာငွေလည်း ဖြစ်ချင်ဖြစ်ပါမည်။ ကျောင်းသား ဗဟိုပြုသင်ကြားရေး ဆိုင်ရာသိကောင်းစရာများနှင့် ကမ္ဘာ့နိုင်ငံအလိုက် အလုပ်အကိုင်များအကြောင်း ဟောပြောမည်။


 

 

(31-8-2011)
Source: Ko Lin (Myanmar Training)


T-Link IT Academy မှ Advanced ကွန်ပျူတာ သင်တန်းများဖွင့်လှစ် .

 

T-Link IT Academy မှ Programmer များအဖြစ် အသက်မွေးဝမ်းကျောင်း ပြုလိုသူများအတွက် Software Engineering သင်တန်း၊ Microsoft ၏ Server Administration အား စိတ်ဝင်စားသူများနှင့် ပြည်တွင်း ၊ပြည်ပတွင် အလုပ်အကိုင် အခွင့်အလမ်းကောင်း ရရှိလိုသူများအတွက် MCTS / MCSA / MCSE /MCITP သင်တန်းများ Microsoft ၏ Operation System များအား ကျွမ်းကျင်ပိုင်နိုင်စွာ Trouble School လုပ်ချင်သူများအတွက် Advanced PC သင်တန်း၊ System Administrator တစ်ဦးအနေဖြင့် Server များအား ထိန်းချုပ်လို သူများအတွက် Server Administrator သင်တန်း၊ System Analyst အဖြစ် အသက်မွေးလိုသော Programmer များအတွက် System Analysis & Design Practical Project သင်တန်း၊ Civil, Architectural, Mechancnical, Electrical အစရှိသော Drawing များအား စနစ်တကျ ရေးဆွဲတတ်လိုသူများအတွက် AutoCAD သင်တန်းများအပြင် CCNA,A+, Networking သင်တန်းများအားဖွင့်လှစ် သင်ကြားပေးနေကြောင်း သိရသည်။ ပညာဒါန သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။ စိတ်ပါဝင်စားသူများအနေဖြင့် T-Link IT Academy အမှတ်(၁၄၄) ဒုတိယထပ်၊ ဗားကရာလမ်း၊ စမ်းချောင်းမြို့နယ်၊ ဖုန်း=၀၉-၄၃၀၆၈၄၁၅ သို့ဆက်သွယ်စုံစမ်းနိုင်သည်။





 

(31-8-2011)
Source: itizen Journal

 


                                     Programming Course with Visual Studio သင်တန်းဖွင့်မည် . . .   . . .  . ..  . . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

Mascot Computer Centre မှ Programming Course with Visual Studio (Window & Web) သင်တန်းအား ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် Basic Programming Principle for VB.Net, C#.Net, ADO.Net, Database Management System (MSSQL Server), Advance Programming Knowledge နှင့် ASP.Net တို့အား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းကာလမှာ လေးလကြာမြင့်မည်ဖြစ်ပြီး Programming Language အား အခြေခံမှစ၍ Window Programmer, Web Developer များဖြစ်သည်အထိ Theory+OJT Assignment များဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် Mascot Computer Center အမှတ်(၅၆)၊ မအူပင်လမ်း၊ စမ်းချောင်းမြို့နယ်၊ ဖုန်း-၀၉-၇၃၀၃၅၇၃၀၊ e-mail mascotomputer.mm@gmail.com တွင်ဆက်သွယ်စုံစမ်းနိုင်ပါသည်။



 

(31-8-2011)
Source: itizen Journal

 


                                      ကွန်ပျုတာဆားဗစ် အင်ဂျင်နီယာအလုပ်သင်ဝန်ထမ်းသင်တန်း . . . . . . .  . . . .  . ..  . . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

ကွန်ပျုတာ ဆားဗစ် Technician အဖြစ် အသက်မွေးဝမ်းကျောင်း ပြုလိုသူများအတွက် Nawarat Computer Training Centre တွင်စခန်းသွင်း လေ့ကျင့် သင်ကြားပေးနေကြောင်း သိရသည်။ အဆိုပါသင်တန်းအား တနလာင်္နေ့မှစနေ့အထိ သင်ကြားပေးမည်ဖြစ်ပြီး နေ့စဉ်နံနက် ၉နာရီခွဲ မှ ညနေ၅နာရီခွဲအထိ ၆လကြာစခန်းသွင်း လေ့ကျင့်သင်ကြား ပေးနေကြောင်းသိရသည်။ သင်တန်းတက်လိုသူများအတွက် အနိမ့်ဆုံး အရည်အချင်း သတ်မှတ်ချက်မှာ Practical A+ အောင်လက်မှတ်ရရှိပြီးသူ ဖြစ်ရမည်ဟု သိရသည်။ အဆိုပါ သင်တန်းတွင် အဆင့်မြင့် ကွန်ပျူတာပြုပြင်ခြင်းကို ၂လကြာ မွမ်းမံသင်ကြားပေးပြီးမှ လက်တွေ့ လုပ်ငန်းခွင်တွင် ဝန်ထမ်းတစ်ယောက်ပမာ လေ့ကျင့်သင်ယူမှုများ ပြုလုပ်ရမည် ဖြစ်သည်။ လုပ်ငန်းခွင်တွင် အကျိုးရှိစေမည့် သဘောတရားများအား စာတွေ့လက်တွေ့ သင်ကြားမည်ဖြစ်ပြီး အဖွဲ့လိုက် တာဝန်ပေးအပ်ခြင်းများအားလည်း တာဝန်ယူ လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့အပြင် ကွန်ပျုတာ Brand များ၏ မြန်မာပြည် ကိုယ်စားလှယ်ဆိုင်များ၊ ကုမ္ပဏီများသို့ လက်တွေ့သွားရောက် လေ့လာကာ လုပ်ငန်းဆိုင်ရာ အစီရင်ခံစာများအား ပြန်လည်ရေးသား တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းအား စတင်လက်ခံချိန်တွင် ကျွမ်းကျင်မှုများအား စစ်ဆေး၍ လက်ခံမည်ဖြစ်သည်။ သင်တန်းနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက Nawarat Computer Training Centre အမှတ်(၁၃၅)၊ ဘိုကလေးဈေးလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့၊ဖုန်း-၀၁-၃၉၂၀၄၇ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။




 

(31-8-2011)
Source: itizen Journal

 

 

.

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats