Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:

News » Local News

Ignite မှ အင်္ဂလိပ်စာ သင်တန်းများ ဖွင့်လှစ်.
 

အင်္ဂလိပ်စာအား ကျွမ်းကျင်စွာ ပြောတတ်ချင်သူများ၊ အင်္ဂလိပ်စာ Grammar ပိုင်ပိုင်နိုင်နိုင် တတ်ကျွမ်း လိုသူများအတွက် ရည်ရွယ်၍ ignite Myanmar International Education Centre မှ လစဉ် အင်္ဂလိပ်စာ သင်တန်းများအား ဖွင့်လှစ် သင်ကြား ပေးနေကြောင်း သိရသည်။ ignite တွင် ဖွင့်လှစ်သင်ကြား ပေးနေသော အင်္ဂလိပ်စာ သင်တန်းများမှာ Beginner Level, Pre Intermediate Level, Upper Intermediate Level, IELTS Preparation Class တို့ဖြစ်သည်။ ထို့ပြင် ignite Myanmar International Education Centre မှ ကနေဒါနိုင်ငံ Van Couver မြို့ရှိ Langara College, စင်ကာပူ၊ သြစတြေးလျ၊ ထိုင်းနိုင်ငံတို့ရှိ တက္ကသိုလ်၊ ကောလိပ်များသို့ တက်ရောက်လို သူများအတွက် ကျောင်းရွေးချယ်ခြင်း၊ ကျောင်းဝင်ခွင့် လျှောက်ထားခြင်း၊ ဗီဇာ၊ လေယာဉ် လက်မှတ် စီစဉ် ပေးခြင်းတို့အား ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။ အသေးစိတ် သိရှိလိုသူများ အနေဖြင့် ignite Myanmar International Education Centre SA-2 အောင်ဇေယျအိမ်ယာ၊ ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၉-၅၂၁၄ဝ၉၉၊ဝ၉-၇၃ဝ၃၇၁၅၈၊ e-mail:lawkyipu@gmail.com သို့ ဆက်သွယ်စုံစမ်း မေးမြန်း နိုင်သည်။






 

(28-9-2011)
Source: (Itizen Journal)


                      Fundamental of Human Resource Management အထူးမွမ်းမံ (တစ်ရက်) သင်တန်းဖွင့်မည်.  . .. .. .    .. .  .  . . .  .  . . . .  . . .  .  . . . .      .    . .. .         .     .      . . .  .  . . .                      
        
 

ကိုယ်ပိုင် စီပွားရေး လုပ်ကိုင်နေသူများ၊ စီးပွားရေး လုပ်ငန်းများတွင် တာဝန် ထမ်းဆောင်နေသူများ၊ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု အခြေခံသဘော တရားများအား စိတ်ဝင်စားသူများအတွက် Career Press Job Training Centre မှ Fundamental of Human Resource Management အထူးမွမ်းမံ (တစ်ရက်) သင်တန်းအား ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် Career Press Job Training Centre အမှတ် (၁၂-အေ)၊ မြဝတီလမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၌ ဖွင့်လှစ် သင်ကြား ပေးသွားမည် ဖြစ်ကြောင်း၊ အဆိုပါ သင်တန်းအား လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုတွင် ဝါရင့် အတွေ့အကြုံ ရင့်ကျက်သော ဆရာမကြီး ကိုယ်တိုင် စာတွေ့၊ လက်တွေ့များဖြင့် သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။ တက်ရောက်သော သင်တန်းသူ၊ သင်တန်းသားများအား နေ့လည်စာ စီစဉ်ပေးမည်ဖြစ်ပြီး သင်တန်းသား ဦးရေ ကန့်သတ်ထားကြောင်း သိရသည်။ စိတ်ပါဝင်စားသူများ အနေဖြင့် STUDY ABROAD Information Centre အမှတ် (၁၉ဝ-အေ)၊ ပထမထပ်၊ ပြည်လမ်း၊ မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ဖုန်း-ဝ၁-၅၂၄၁၂၆၊ ဝ၉-၈ဝ၂၂၁၈၄ သို့ ဆက်သွယ်စုံစမ်း နိုင်သည်။









 

(28-9-2011)
Source: (Itizen Journal)


                                ဂျပန်ဘာသာ Level N5~N1 အဆင့် အထူးသင်တန်းများ ဖွင့်လှစ်.   . . ..  . .  .  . . . . .  .  .  .  .  . . 

 

          ဂျပန်နိုင်ငံရှိ တက္ကသိုလ်များ၊ ဂျပန်ဘာသာ သင်တန်းကျောင်းများတွင် ပညာသင် သွားရောက်မည့်သူများ ဂျပန်ဘာသာ စာမေးပွဲ ဖြေဆိုလို သူများအတွက် Megumi Japanese Language School မှ ဂျပန်ဘာသာအား အမှန်တကယ် တတ်ကျွမ်း နားလည်စေရန် ဂျပန်လူမျိုး ဆရာများနှင့် ဂျပန်မှ ဘွဲ့ရ မြန်မာဆရာများဖြင့် အထူးကြပ်မတ် သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အခြေခံ အဆင့်တွင် ဂျပန်ဆရာနှင့် မြန်မာ ဆရာများ ပူးတွဲ သင်ကြားပေး နေကြောင်း သိရသည်၊ ဂျပန်ဘာသာ စာမေးပွဲ N5~N1 အထိ Training သင်တန်းများ ဖွင့်လှစ် ပေးထားကာ အဆိုပါ သင်တန်းများတွင် ဂျပန်နိုင်ငံမှ လေ့ကျင့်ခန်း စာအုပ်အသစ်များ၊ ပြဌာန်းစာအုပ် အသစ်များဖြင့် သင်ကြား ပေးလျှက်ရှိကြောင်း သိရသည်။ ထို့ပြင် Megumi Japanese Language School မှ ဂျပန်နိုင်ငံသို့ ပညာတော်သင် သွားရောက် လိုသူများအတွက် တိုကျိုမြို့လယ် အချက်အချာ ဒေသရှိ Mejiro University, Akamon Kai ဂျပန်ဘာသာကျောင်း၊ Waseda Edu ဂျပန်ဘာသာ ကျောင်းတို့တွင် တက်ရောက် ပညာသင်ကြားနိုင်ရန် စီစဉ် ဆောင်ရွက် ပေးလျှက်ရှိပြီး ဂျပန်နိုင်ငံပိုင် Yokohama City University နှင့် APU University, Tokai University တို့တွင် တက်ရောက်နိုင်ရန် အတွက်လည်း အင်တာနက်မှ တစ်ဆင့် တိုက်ရိုက် လျှောက်ထားပေးနေကြောင်း သိရသည်။ Megumi ဂျပန်ဘာသာ သင်တန်းကျောင်းတွင် ဂျပန်ဘာသာရပ်နှင့် ဂျပန် ပညာတော်သင်ခြင်း ကိစ္စရပ်နှင့် ပတ်သက်၍ ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၁ဝရက်နေ့ နှင့် ၁၅ရက်နေ့များတွင် ဟောပြောပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ စိတ်ပါဝင်စား သူများအနေဖြင့် Megumi Japanese Language School သပြေညိုတိုက် (၁)၊ ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့၊ဖုန်း-ဝ၁-၅၂၃ ၆၂၉၊ ၃၈၄၅၈၈၊ ဝ၉-၅ဝ၈ ၃၄၄၁ သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။



 

 

(28-9-2011)
Source: (Itizen Journal)


လက်တွေ့အမှုလိုက် ဥပဒေပညာ သင်တန်းဖွင့်ပွဲကျင်းပ.

တရားရုံးများတွင် လိုက်ပါ ဆောင်ရွက်နေကြသည့် ရှေ့နေရှေ့ရပ်များ၊ အလုပ်သင်ရှေ့နေများ၊ ဥပဒေပညာဖြင့် အသက်မွေး ဝမ်းကျောင်း လုပ်ကိုင် နေကြသူများ၊ ဥပဒေကို စိတ်ပါ ဝင်စားကြသူများအတွက် ရှေ့နေဦးခင်ဇော် (မရမ်းကုန်း) ဖွင့်လှစ် သင်ကြားသည့် လက်တွေ့ အမှုလိုက် ဥပဒေ ပညာသင်တန်း (ပညာဒါန) အမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲကို (၂၄-၉-၂၀၁၁) ရက်နေ့ နံနက်(၉)နာရီက မရမ်းကုန်းမြို့နယ်၊ (၈)မိုင်လမ်းဆုံ၊ သင်တန်း ခမ်းမတွင် ကျင်းပ ပြုလုပ်သည်။ အခမ်းအနားမှူးအဖြစ် သင်တန်းသူ-မရည်မွန်အောင်က ဆောင်ရွက်သည်။ သင်တန်းမှူး ရှေ့နေဦးခင်ဇော် (မရမ်းကုန်း)က အဖွင့် အမှာစကား ပြောကြားသည်။ အဖွင့်အမှာ စကားပြောကြားရာတွင် ဥပဒေ ပညာသည် အကျင့်သိက္ခာနှင့် ပြည့်စုံသော ပညာဖြစ်ကြောင်း၊ ကုသိုလ်လည်းရ ဝမ်းလည်းဝကြောင်း၊ ဥပဒေကိုလူတိုင်း သိထားတတ်ထားရန် လိုအပ်ကြောင်း၊ ဥပဒေကို မသိလို့ ပြစ်မှု ကျူးလွန်မိသည်ဆိုခြင်းကို ခွင့်လွတ်၍ မရကြောင်း၊ ဓါးသွားထက် ကလောင်သွား ထက်ပြီး၊ ကလောင်သွားထက် ဥပဒေသွားက ပို၍ ထက်မြက်ပါကြောင်း၊ တာဝန် ကျေပွန်သော၊ ဥပဒေ ကျွမ်းကျင်သော၊ စေတနာပါသော၊ ဘက်စုံတော်သည့် ရှေ့နေ ရှေ့ရပ်များ ပေါ်ထွက်လာစေလိုကြောင်း၊ စိတ်ကောင်း စေတနာထား၍ အမှုသည်များအတွက် ဥပဒေဘောင်အတွင်းမှ အစွမ်းကုန် ကာကွယ် စောင့်ရှောက် ကြရမည်ဖြစ်ကြောင်း၊ မျှတခြင်း၊ လွှတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားအောင် စွမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ပရမတ္တ သစ္စာတရား၊ လောကပါလ သစ္စာတရားတို့ ကိုမြတ်နိုးကြရမည် ဖြစ်ကြောင်းနှင့် ဥပဒေ ပညာ၏ အရေးပါမှု တန်ဖိုးရှိမှုတို့ကို ပြောကြား သွားသည်။

ရှေ့နေ့များ ကိုယ်စား သင်တန်းသား ဦးရဲမင်းထွန်း က လည်းကောင်း၊ အလုပ်သင် ရှေ့နေများ ကိုယ်စား သင်တန်းသား ဦးခင်ဇော်ထွန်း ကလည်းကောင်း ဧည့်သည်တော် ဆရာဦးအေးကျော် (ရာဇာနည်းပြ)က လည်းကောင်း သင်တန်းနှင့် ပတ်သက်၍ မုဒိတာ စကားအသီးသီး ပြောကြားကြသည်။ သင်တန်းကို အပါတ်စဉ် စနေနေ့တိုင်း နံနက်(၉)နာရီက (၁၂)နာရီအထိ သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၇)လ ဖြစ်သည်။ သင်တန်းကြေး၊ ကျောင်းလခ၊ စာရွက် စာတမ်းကြေးများ မပါရှိဘဲ ပညာဒါန သင်ကြားပေးခြင်း ဖြစ်သည်။ သင်တန်းတွင် စာနယ်ဇင်း သမားများအတွက် မီဒီယာ ဥပဒေ သင်တန်းကိုလည်း ဆက်လက် သင်ကြားသွားမည် ဟု သိရှိရပါသည်။ သင်တန်း အမှတ်စဉ်(၁)ကို ဖွင့်လှစ်ခဲ့ပြီး ယခု သင်တန်း အမှတ်စဉ်(၂)တွင် ရှေ့နေနှင့် အလုပ်သင် ရှေ့နေ သင်တန်းသူ/ သား (၁၃၇)ဦး၊ ဥပဒေ လေ့လာသူ သင်တန်းသူ/သား(၃၇)ဦး တို့ တက်ရောက်ကြကြောင်း သိရှိရသည်။  ရှေ့နေဦးခင်ဇော်(မရမ်းကုန်း)သည် အသက်(၆၀)ပြည့် အထိမ်းအမှတ်အဖြစ် နှစ်ပေါင်း(၃၀) နီးပါး လက်တွေ့လိုက်ပါ ဆောင်ရွက်ခဲ့သည့် ရှေ့နေအတွေ့အကြုံများ၊ ပြဌာန်း ဥပဒေများကို စေတနာ ရှေ့ထား၍ ပညာဒါန သင်ကြားခြင်းဖြစ်ကြောင်း သိရသည်။







 

(28-9-2011)
Source: Ko Lin (Myanmar Training)

 


                                          ICT Skill Upgrading သင်တန်းဖွင့်လှစ်မည်. . .  . ..  . . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

ကွန်ပျူတာ အခြေခံ တတ်မြောက်ပြီး ဖြစ်သော်လည်း ရုံး၊ လုပ်ငန်း၊ ကုမ္ပဏီများတွင် ကွန်ပျူတာကို ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးမပြုနိုင် သေးသူများ၊ နည်းပညာ ပြောင်းလဲမှုကြောင့် အသစ် ထွက်ပေါ်လာသော ကွန်ပျူတာ ပရိုဂရမ်များကို စနစ်တကျ အသုံးမပြု တတ်သေးသူများ၊ ကွန်ပျူတာ ပညာရှင်များအဖြစ် အသက်မွေး ဝမ်းကျောင်း ပြုလုပ်ရန် ရည်ရွယ်ချက်ရှိသူများ၊ နိုင်ငံတကာ အဖွဲ့အစည်းများတွင် ကွန်ပျူတာဆိုင်ရာ ဝန်ထမ်းအဖြစ် အလုပ် တာဝန် ထမ်းဆောင်လိုသူများ အတွက် မိမိတို့၏ တတ်မြောက်ပြီးဖြစ်သည့် အခြေခံ ကွန်ပျူတာ ပညာရပ်များကို တစ်ဆင့်မြှင့်တင်ပေးမည့် ICT Skill Upgrade သင်တန်းအား စက်တင်ဘာလတွင် ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း Optimum Knowledge Studies မှ သင်တန်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောကြားချက်အရ သိရသည်။ သင်တန်းကာလမှာ ရက်သတ္တပတ် (၁၂)ပတ်ဖြစ်ပြီး သင်တန်းကြေးကို အသက်သာဆုံး နှုန်းထားဖြင့် တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်း မဖွင့်လှစ်မီ လာရောက်အပ်နှံ သူများအတွက် သင်တန်းကြေး(၁၀) ရာခိုင်းနှုန်း ကင်းလွတ် ခွင့်ပြုထားကြောင်း သိရှိရပါသည်။ အသေးစိတ် ဆက်သွယ် စုံစမ်းလိုပါက ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်ကလေးဈေးလမ်း(အပေါ်ဘလောက်)၊ YWCA ခန်းမတွင် တည်ရှိသော Optimum Knowledge Studies ဖုန်း-၃၉၈၀၂၉၊၃၉၂၀၄၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရပါသည်။






 

(4-10-2011)
Source: Opportunity Journal

 


                                            Career Pass Job Training Centre. . .  . . . .  . ..  . . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

 Career Pass Job Training Centre မှ ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်နေသူများ၊ စီးပွားရေး လုပ်ငန်းများတွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ၊ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု အခြေခံ သဘောတရားများကို စိတ်ဝင်စား သူများအတွက် သီးသန့် စီစဉ်ကာ Fundamental of Human Resource Management သင်တန်းကို အောက်တိုဘာလ (၂)ရက်နေ့တွင် အထူးမွမ်းမံ (၁)ရက် သင်တန်းကို ဖွင့်လှစ်ပေးမည် ဖြစ်သည်။ အထူးမွမ်းမံ သင်တန်းကို လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု သဘောတရားများကို လေ့လာလိုသူများ တက်ရောက် သင်ကြား နိုင်ပါသည်။ လုပ်ငန်းခွင်မှ ဝန်ထမ်းများ လုပ်ငန်းခွင်မပျက် သင်ကြားနိုင်သည့် အထူးအခွင့်အရေး တခုဖြစ်ပြီး နေ့လည် နားချိန်တွင် သင်တန်းသူ၊ သင်တန်းသားများအတွက် နေ့လည်စာများကိုပါ စီစဉ် ပေးထားပါသည်။ သင်ကြားမှုမှာ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှုတွင် ဝါရင့်၊ အတွေ့အကြုံ ရင့်ကျက်သော ဆရာမကြီး ကိုယ်တိုင် (စာတွေ့၊လက်တွေ့) များဖြင့် သင်ကြားပို့ချ ပေးမည်ဖြစ်သည်။ အထူးမွမ်းမံ သင်တန်းကို စိတ်ဝင်စား တက်ရောက်လိုသူများသည် လူဦးရေ ကန့်သတ်ထားပါသဖြင့် ကြိုတင် စာရင်းပေးသွင်း နိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက ရုံးလိပ်စာ- “Career Pass Job Training Centre” အမှတ် (၂၉ဝ-အေ)၊ ပထမထပ်၊ ပြည်လမ်း(ဒဂုံစင်တာနှင့် မဟာမြိုင် ဆေးခန်းကြား) မြေနီကုန်း၊ စမ်းချောင်း။ ဖုန်း-ဝ၉၈ဝ ၂၂၁၈၄၊ ၅၂၄၁၂၆ သို့ ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ပါသည်။




 

(27-9-2011)
Source: Ko Lin(Myanmar Training)

 

 

.

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats