Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:

News » Local News

MCTITP သင်တန်းကို ရုံးချိန်လွတ်တန်းခွဲများ ဖွင့်မည်.
 

Microsoft မှ အမြင့်ဆုံး လက်မှတ် တစ်ခုဖြစ်သည့် MCITP (Microsoft Certified IT Professional) သင်တန်းကို Info Myanmar Computer Studies မှ ရုံးချိန် လွတ်တန်းခွဲများ ဖွင့်လှစ်သွားမည်ဟု သိရှိရသည်။ အဆိုပါ တန်းခွဲတွင် လုပ်ငန်းခွင်မှ Service Technician များ IT ဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနိုင်မည့် သူများအတွက် Basic Level မှ စတင်၍ Professional Level အထိ စနစ်တကျ လေ့လာ တတ်မြောက် စေရန်အတွက် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။ MCITP တွင် Package အနေဖြင့် EA (Enterprise Administrator-5 Subs) နှင့် SA(Server Administrator-4 Subs) တို့ကို သင်ကြား ရမည် ဖြစ်သည်။ အဆိုပါ EA နှင့် SA ထဲမှ မိမိ ဝါသနာပါရာ အပိုင်းကိုသာ ရွေးချယ် တက်ရောက်နိုင်ပြီး Application Infrastructure Share Point Service , Hyper-V, Power-Shell, Fore Front-End- Server, Bridgehead Server, Site Replication, Security, Protection AD အစရှိသော ဘာသာရပ်များကို သင်ကြားရမည် ဖြစ်သည်။ MCITP Exam ကို ဖြေဆိုအောင် မြင်ပြီး ပါကလည်း နိုင်ငံတကာတွင် Network Administrator တစ်ဦးအဖြစ် ရပ်တည် နိုင်မည် ဖြစ်သည်။ သင်တန်း ကာလအတွင်း ကျောင်းသားများအတွက် Pre-Text Exam များ၊ Chapter အလိုက် Project များ Presentation များ ပြုလုပ်နိုင်ရန် အတွက် E-Library များကို ထားရှိပေးပြီး၊ Microsoft ၏ Update မေးခွန်းများ နှင့်အကြောင်းအရာများကို လေ့လာနိုင်ရန် အတွက်လည်း Internet Wi-fi Access တပ်ဆင ထားပေးကြောင်း သိရသည်။ MCITP သင်တန်းကို အောက်တိုဘာလ(၁၁) ရက်တွင် ပုံမှန်တန်းခွဲ အဖြစ် ဖွင့်လှစ် သွားမည်ဖြစ်ပြီး၊ အောက်တိုဘာ(၈)ရက်တွင် ရုံးချိန် လွတ်တန်းခွဲကို ဖွင့်လှစ် သွားမည်ဖြစ်ပြီး၊ အောက်တိုဘာလ(၈) ရက်တွင် ရုံးချိန် လွတ်တန်းခွဲကို ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။ တန်းခွဲ တစ်ခုလျှင် ကျောင်းသား(၅)ဦးသာ လက်ခံသင်ကြား ပေးမည်ဖြစ်ပြီး၊အောက်တိုဘာလ(၆) ရက်မတိုင်မီ Package အလိုက် သင်တန်းအပ်နှံသူများအနေဖြင့် (1)Subject အခမဲ့ရ ရှိမည် ဖြစ်သည်။ သင်တန်း တက်ရောက်လိုသူများ အနေဖြင့် Info Myanmar Computer Studies(ဖုန်း-၅၃၆ ၅၆၄) သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။









 

(4-10-2011)
Source: Internet Journal


                              Diploma in Business ၄ လသင်တန်းများဖွင့်လှစ်မည်.  . .. .. .    .. .  .  . . .  .  . . . .  . . .  .  . . . .      .    . .. .         .     .      . . .  .  . . .                      
        
 

လုပ်ငန်းခွင် ဝင်စီးပွားရေးနှင့် ဈေးကွက် စီမံခန့်ခွဲမှု Diploma သင်တန်းဖြစ်သော Diploma in Business သင်တန်းကို ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်တွင် Thames Management Centre (Yangon) ၌ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ ၎င်းသင်တန်းများ ဖွင့်လှစ် သင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ စီးပွားရေး နယ်ပယ် အသီးသီးတွင် ဝင်ရောက် လုပ်ကိုင်မည် ဆိုပါက အခြေခံကျသည့် စီမံခန့်ခွဲမှု ဆိုင်ရာ မူဝါဒများကို သိရှိ နားလည်ပြီး စီမံကိန်းများ ရေးဆွဲ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း၊ စီးပွားရေးနှင့် ဈေးကွက်ဆိုင်ရာ သတင်း အချက်အလက်များ စုပေါင်း ရှာဖွေပြီး အချိန်မှီ စစ်တွက် ချက်နိုင်ရန် လည်းကောင်း၊ ဘဏ္ဍာရေးနှင့် ငွေစာရင်းများကို စနစ်တကျ ကိုင်တွယ် ဆောင်ရွက် ဆုံးဖြတ်နိုင်ရန် လည်းကောင်း၊ စီးပွားရေးနှင့် ဈေးကွက်အတွင်း စနစ်တကျရှိရမည့် လူထု ဆက်သွယ်ရေး ဆိုင်ရာ နည်းပညာရပ်များကို တက်ကျွမ်းရန် အတွက်လည်းကောင်း၊ စီးပွားရေး လုပ်ငန်းခွင် အတွင်း မဖြစ်မနေ တတ်မြောက်ထားရမည့် Internet နှင့် Email အသုံးပြုပုံများနှင့် အခြေခံကျသော ကွန်ပျူတာပိုင်း ဆိုင်ရာပညာရပ်များအား တတ်ကျွမ်းစေရန် အတွက်လည်းကောင်း၊ ပြည့်စုံ လုံလောက်သည့် လုပ်ငန်းခွင်သုံး စီးပွားရေးနှင့် ဈေးကွက် စီမံခန့်ခွဲမှု ပညာရပ်များကို အချိန်ကုန်၊ ငွေကုန် သက်သာစွာဖြင့် လေ့လာ သင်ယူခွင့် ရရှိနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။ သင်တန်းတွင် ဘာသာရပ် ၄ ခုပါရှိမည်ဖြစ်ပြီး ၎င်းဘာသာရပ် ၄ခုမှာ Computer Application, Accounting Fundamental, Essentials of Management Skills, Communication Skill at Work စသည့် ဘာသာရပ်များ ဖြစ်သည်။ သင်တန်း ကာလမှာ ၄လကြာမြင့် မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သွင်းကုန် ထုတ်ကုန် လုပ်ငန်းကြီးများ၊ ဟိုတယ်နှင့် စာသောက်ဆိုင်များ၊ Shopping Centre များ၊ စတိုးဆိုင်ကြီးများ၊ ဘဏ်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်း ကုမ္ပဏီများနှင့် စက်ရုံ အလုပ်ရုံကြီးများ အစရှိသော စီပွားရေးလုပ်ငန်းနယ်ပယ် အသီးသီးတွင် အလုပ်အကိုင်အခွင့် အလမ်းများစွာကို ရရှိစေနိုင်မည် ဖြစ်ကြောင်းသိရသည်။ သင်တန်းနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက Thames Management Centre, Yangon မြေနီကုန်းပလာဇာ၊ ဒုတိယထပ်(ဒဂုံစင်တာနှင့် ဂမုန်းပွင့်ကြား)၊ ဗားဂရာလမ်း၊ စမ်းချောင်းမြို့နယ်၊ ဖုန်း-၅၂၅ ၉၇၁၊ ၅၀၁ ၄၅၀၊ ၇၀၆ ၇၄၀ စုံစမ်း မေးမြန်းနိုင်မည် ဖြစ်သည်။










 

(4-10-2011)
Source: Internet Journal


သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့် အိန္ဒိယတို့ ပူးပေါင်း၍ Advanced ICT Engineer Training နှင့် Wireless & Mobil Computing.
                                                             သင်တန်းများ ဖွင့်လှစ်မည်
.   . . ..  . .  .  . . . . .  .  .  .  .  . . 

 

          သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဆိုင်ရာသင်တန်း (လှိုင်)ရှိ India-Myanmar Center for Enhancement of Information Technology Skills (IMCEITS) သင်တန်းဌာနတွင် Java Programming Course, Ms.Net Programming Course, Wireless and Mobile Computing (WIMC), Android Application Development, WinCE.Net Programming သင်တန်းများအား ဖွင့်လှစ် သင်ကြားမည် ဖြစ်ပါသည်။ ယင်း သင်တန်းများကို ၂၀၁၁ခုနှစ် အောက်တိုဘာ နှင့် ၂၀၁၂ခုနှစ် ဇန်နဝါရီလတို့တွင် ဖွင့်လှစ်မည် ဖြစ်သည်။ သင်တန်း လျှောက်ထား သူများသည် အွန်လိုင်း ဝင်ခွင့် စာမေးပွဲကို ဖြေဆိုရမည် ဖြစ်ပြီး ဝင်ခွင့် စာမေးပွဲကို ၁၇-၁၀-၂၀၁၁ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။ လျှောက်လွှာ ပုံစံများကို သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ သင်တန်း(လှိုင်) IMCEITS တွင် ၁၁-၁၀-၂၀၁၁ ရက်နေ့တွင် နောက်ဆုံး လျှောက်ထားရမည်။ အခြား အသေးစိတ် အချက်အလက်များ သိရှိလိုပါက ဖုန်း-၀၁-၆၅၂၅၂၉၊ ၅၂၂၄၃၄၊ ၆၆၂၃၂၉ တို့တွင် ဆက်သွယ် မေးမြန်း နိုင်သည်။




 

 

(4-10-2011)
Source: (Itizen Journal)


သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ဂျပန် (JICA) တို့ပူးပေါင်း၍ ICTTI ဌာနတွင် သင်တန်း ၁၃ မျိုး ဖွင့်လှစ်မည်.

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဆိုင်ရာ သင်တန်း(လှိုင်)နှင့် ဂျပန်နိုင်ငံ JICA တို့ ပူးပေါင်း ဖွင့်လှစ်သည့် ICTTI သင်တန်း ဌာနတွင် သင်တန်း အမျိုးအစား ၁၃မျိုး ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းသင်တန်းများကို ၂၀၁၁ခုနှစ် အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလများနှင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတို့တွင် ဖွင့်လှစ် သွားမည်ဖြစ်ပြီး ယင်းသင်တန်း အမျိုးအစားများမှာ Software Development Course, Network Development Course, Advanced Web Design Course (JavaScript, Ajax, Web Service, Web Design, User Interface Design), Advanced PHP Web Application Development Course, Advanced Network Course (Cisco Voice), Oracle Database 11g Course (SQL PL/SQL and DBA), Advanced Network Course (Cisco Switching & Rounding), Ruby on Rails Framework-based Development Course, Web and Cloud System Development Course, Project Management Course, Advanced Server Course Virtualization and LDAP), Java Framework-based Development Course (Spring 3), Mobile Phone System Development Course များဖြစ်သည်။

လျှောက်ထားလို သူများသည် B.C.Sc/ B.C.Tech (IT) B.E(IT) M.C.Sc/ M.E(IT) ဘွဲ့တစ်ခုခု ရရှိပြီးသူ ဖြစ်ရမည်။ Network Development သင်တန်း အတွက် ဖော်ပြပါ ဘွဲ့များအပြင် B.Tech (EC)/ B.E(EC) ဘွဲ့တစ်ခုခု ရရှိပြီးသူများပါ လျှောက်ထား နိုင်ပါသည်။ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာနမှဝန်ထမ်း ဖြစ်ပါက ဝန်ကြီးဌာနမှ သတ်မှတ် ပေးထားသော ကတိ ခံဝန်ချက်များအား လက်မှတ် ရေးထိုး နိုင်သူဖြစ်သည်။ သတ်မှတ်ထားသော ဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲများအား အောင်မြင်စွာ ဖြေဆိုနိုင်သူ ဖြစ်ရမည်။ အခြား ဝန်ကြီးဌာနမှ ဝန်ထမ်းများ ဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအကဲ၏ သင်တန်း တက်ရောက် ခွင့်ပြုကြောင်း ခွင့်ပြု အမိန့်စာ ပါရှိရမည် ဖြစ်ကြောင်း သိရသည်။ လျှောက်ထားလိုသူများသည် ၁၁-၁၀-၂၀၁၁ နောက်ဆုံးထား၍ လျှောက်လွှာများအား သတ်မှတ် ပုံစံဖြင့် သတင်း အချက်အလက်နှင့် နည်းပညာဆိုင်ရာ သင်တန်း(လှိုင်) ICTTI သင်တန်း ဌာနတွင် လျှောက်ထားနိုင်ကြောင်း သိရသည်။
အခြား အသေးစိတ် အချက်အလက်များ သိရှိလိုပါက ဖုန်း-၀၁-၆၅၂၅၂၉၊ ၅၂၂၄၃၄၊ ၆၆၂၃၂၉ တို့တွင် ဆက်သွယ် မေးမြန်းနိုင်သည်။








 

(4-10-2011)
Source: Itizen Journal

 


                                          English For Business (LCCI) သင်တန်းဟောပြောပွဲ .. .  . ..  . . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

စာရင်းကိုင် ပညာဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေသော Accountant များအတွက် စီးပွားရေးဆိုင်ရာ အင်္ဂလိပ်စာ အသုံးအနှုန်းများအား နားလည် တက်ကျွမ်းစေရန်နှင့် ကမ္ဘာ့အဆင့်မီ ပြောဆို ရေးသား တတ်စေရန် ရည်ရွယ်၍ MBC Education Centre မှ ဖွင့်လှစ်လိုက်သော English for Business သင်တန်း အကြောင်းကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၉ရက်နေ့ နံနက် ၁၀နာရီတွင် MBC Training Centre တွင် ဟောပြောမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် သင်ကြားပေးမည့် Course Outline၊ သင်တန်းကာလ၊ Accounting တစ်ဦးအနေဖြင့် သိသင့် သိထိုက်သော စီးပွားရေးဆိုင်ရာ အင်္ဂလိပ်စာ အသုံးအနှုန်းများအား နားလည် တတ်ကျွမ်းစေရန်နှင့် ကမ္ဘာ့အဆင့်မီ ပြောဆို ရေးသား တတ်စေရန် ရည်ရွယ်၍ MBC Education Centre မှ ဖွင့်လှစ်လိုက်သော English for Business သင်တန်း အကြောင်းကို ၂၀၁၁ခုနှစ် အောက်တိုဘာလ ၉ရက်နေ့ နံနက် ၁၀နာရီ တွင် MBC Training Centre တွင် ဟောပြော မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် သင်ကြားပေးမည့် Course Outline၊ သင်တန်းကာလ၊ Accountant တစ်ဦးအနေဖြင့် သိသင့် သိထိုက်သော စီးပွားရေး ဆိုင်ရာ အင်္ဂလိပ်စာ အသုံးအနှုန်းများ၊ ထိုသင်တန်း တက်ရောက်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုး ကျေးဇူးများအား ဆရာကြီး ဦးလှမင်း B.com (Rangon University), M.A (Economic) from Vanderbilt University (USA) ကိုယ်တိုင် ဟောပြော ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် English For Business (LCCI) သင်တန်း တက်ရောက်ပါက Accountants များအတွက် အသုံးဝင်မည့် Advanced Excel နှင့် Power Point အသုံးပြု နည်းများအား အခမဲ့ သင်ကြား ပေးသွားမည် ဖြစ်သည်။ အဆိုပါ ဟောပြောပွဲမှာ လူဦးရေ ကန့်သတ်ထားသဖြင့် ဟောပြောပွဲ တက်ရောက် လိုသူများအနေဖြင့် MBC Training Centre No.3 (A/B)၊ တတိယထပ်၊ မြေနီကုန်းပလာဇာ (ဒဂုံစင်တာနှင့် ဂမုန်းပွင့်ကြား)၊ စမ်းချောင်းမြို့နယ်၊ ဖုန်း-၀၁-၅၂၅၉၉၄၊ ၅၃၄၇၇၃ တွင် ကြိုတင်၍ နာမည်စာရင်း ပေးသွင်း ရမည် ဖြစ်ကြောင်း သိရသည်။







 

(4-10-2011)
Source: Itizen Journal

 


                 ရေကြောင်းပညာဆိုင်ရာ အခြေခံနှင့် ကျွမ်းကျင်မှု လက်မှတ်များ ထုတ်ပေးနိုင်ရေးအတွက် သင်ရိုးနှင့်.
                                                     စာမေးပွဲကို စနစ်သစ်ဖြင့် ဆောင်ရွက်မည်
. . .  . . . .  . ..  . . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

 သဘောင်္သား အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး ရေကြောင်း ပညာဆိုင်ရာ အခြေခံ ကျွမ်းကျင်မှု လက်မှတ်များ ထုတ်ပေး နိုင်ရေးအတွက် သင်ကြား ပို့ချလျက်ရှိသော သင်ရိုး ညွှန်းတမ်းများနှင့် ဆန်းစစ်စာမေးပွဲ စနစ်များကို ခေတ်စနစ်နှင့် လျော်ညီအောင် IMO Module Course နှင့်အညီ စနစ်သစ်ဖြင့် ဆောင်ရွက်တော့မည် ဖြစ်ကြောင်း၊ လေ့ကျင့်ရေးပိုင်း အနေဖြင့်လည်း ပုဂ္ဂလိက ကျောင်းများကို ဖွင့်လှစ် ခွင့်ပြုထားပြီးပြီဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ သဘောင်္သား လေ့ကျင့်ရေး ကျောင်းများတွင် သင်ကြားပို့ချရမည့် သင်ရိုးညွှန်းတမ်း စာမေးပွဲ စစ်ဆေးမှု စနစ်များကို IMO Module Courses များအခြေခံပြီး ရေကြောင်း တက္ကသိုလ်က ရေးဆွဲ၍ ရေကြောင်းဦးစီးဌာနက အတည်ပြုချက် ထုတ်ပြန်ကာ Standard Question နှင့် Answers ၅ ပုံစီ ရေးဆွဲ၍ သဘောင်္သား လေ့ကျင့်ရေး ကျောင်းများတွင် ပို့ချမည်ဖြစ်ကြောင်း၊ သင်တန်းသား အားလုံးအတွက် စာမေးပွဲများကို ၎င်းကျောင်းများ၌ပင် စစ်ဆေးရန် စာစစ် အဖွဲ့ကို မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ် ပါမောက္ခချုပ် ဦးဆောင်၍ ဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ပြင် သဘောင်္သား အလုပ်အကိုင် ရရှိရေးနှင့် ပတ်သက်၍ Seafarers ၇၀၀၀၀ ခန့်ရှိပြီး လက်ရှိ သဘောင်္များပေါ်တွင် တာဝန် ထမ်းဆောင်နေသည့် သဘောင်္သား ၂၃၀၀၀ ခန့်ရှိပြီ ဖြစ်ကြောင်း၊ သဘောင်္သားများ အလုပ်အကိုင် ပိုမို ရရှိရေးအတွက် စနစ်အသစ်ဖြင့် ဆောင်ရွက်ရာတွင် လေ့ကျင့်ရေး သင်တန်း ကျောင်းများအား Employment Agency များအဖြစ် တာဝန် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ သင်တန်း ကျောင်းများအနေဖြင့် အမှန်တကယ် တတ်မြောက်စေရန် သင်ကြားပေးဖို့ လိုအပ်ကြောင်း သိရသည်။






 

(4-10-2011)
Source: Itizen Journal

 

 

.

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats