အင်္ဂလိပ်စကားပြောသီးသန့် ပညာဒါနသင်တန်းဖွင့်မည်.
International Foreign Languages & Education Academy မှ အင်္ဂလိပ် ဘာသာ
လေ့လာနေသူများ လက်တွေ့ လေ့ကျင့် ပြောဆိုနိုင်စေရန် ရည်ရွယ်၍
အင်္ဂလိပ်စကားပြော သီးသန့် ပညာဒါန တန်းခွဲအားဖွင့်လှစ်မည်ဖြစ်ကြောင်း
သတင်းရရှိသည်။ သင်တန်းစတင်မည့်နေမှာ ၇-၁၀-၂၀၁၁ သောကြာနေ့ဖြစ်ပြီး
အဆိုပါ သင်တန်းအား ယနေ့ ရန်ကုန်မြို့ရှိ International School များတွင်
သင်ကြားပြသနေသော အင်္ဂလိပ်ဘာသာ သင်ကြားမှု အတွေ့အကြုံရှိသော ပြည်ပ ပညာရှင်
ဆရာတစ်ဦးမှ ပညာဒါနအဖြစ် လာရောက် သင်ကြား ပို့ချမည်ဖြစ်သည်။ တက်ရောက်
သင်ကြားလိုသူများ အနေဖြင့် အလှူငွေ တစ်ထောင်ကျပ် ထည့်ဝင်ရမည်ဖြစ်ပြီး
ကျောင်းသား ကျောင်းသူများ၏ လှူဒါန်းငွေများအား OHH (Our Helping Hands)
မိဘမဲ့ကလေးများ လူမှုရေး ကူညီမှု အသင်းသို့ လှူဒါန်းမည် ဖြစ်ကြောင်း
သိရသည်။ သို့ဖြစ်ရာ သင်တန်း တက်ရောက်သော ကျောင်းသား ကျောင်းသူများ
အနေဖြင့် ဘာသာစကား လေ့လာခွင့် ရရုံသာမက မိဘမဲ့ ကလေးများအား
လှူဒါန်းရာတွင် တစ်တပ်တစ်အား ပါဝင် ကုသိုလ် ပြုခွင့်ရမည့် အခွင့်အရေး
ဖြစ်သည်။ သင်တန်းနှင့် ပတ်သက်၍လည်းကောင်း၊ OHH နှင့်ပတ်သက်၍ လည်းကောင်း
အသေးစိတ် သိရှိလိုပါက တိုက်(၂၄-အေ)၊ အခန်း-၆၀၂၊ မကြီးကြီးလမ်း၊
မဟာမြိုင် မှတ်တိုင်အန54.ီး၊ စမ်းချောင်း မြို့နယ်၊ ရန်ကုန်မြို့
လူကိုယ်တိုင် လာရောက်စုံစမ်း မေးမြန်း နိုင်ပါသည်။
(17-10-2011)
Source: Opportunity journal
အလုပ်အကိုင် အခွင့်အလမ်း အထောက်အကူပြု သင်တန်းသစ်ဖွင့်မည်.
. .. ..
.
..
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. ..
.
.
.
.
.
.
.
. . .
နိုင်ငံတကာ အဆင့်မီ စီးပွားရေး
ကုမ္ပဏီကြီးများနှင့် NGO ဆိုင်ရာ လူမှု အဖွဲ့အစည်းများတွင် ဝင်ရောက်
လုပ်ကိုင်လို သူများအတွက် OESC Training Center မှ Employee
Development Training Course အလုပ်အကိုင် အခွင့်အလမ်းအထောက်
အကူပြုသင်တန်းသစ်ဖွင့်လှစ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။ ၎င်းသင်တန်းတွင်
သက်ဆိုင်ရာ လုပ်ငန်းခွင် နယ်ပယ်ဝင်ခွင့် လျှောက်ထားရာတွင်
ဆွဲအားကောင်းသော CV တစ်ခု ရေးသားခြင်း၊ မိမိလက်ရှိ ရပ်တည်နေသော ရာထူး၊
လစာထက် ပိုမိုကောင်းမွန်သော နေရာတစ်ခုသို့ လှမ်းတက်ရာတွင် လိုအပ်သော
အရည်အချင်းများ၊ မိမိဝင်ရောက် လုပ်ကိုင်လိုသော နယ်ပယ်၏ လိုအပ်ချက်များ၊
အင်တာဗျူးများတွင် မေးနိုင်သော မေးခွန်းများအား ဖြေဆို နိုင်ရန်
လမ်းညွှန်ခြင်းများ၊ မိမိ၏ ပြိုင်ဘက် ကင်းသော အရည်အချင်း ဖြစ်သော (Core
Competencies) ကို အသုံးချနိုင်ရန် နည်းလမ်းများ၊ မိမိ ဝင်ရောက်လိုသော
အဖွဲ့အစည်းကြီး များ၏ (Application Form) များ အား မှန်ကန်စွာ
ဖြည့်စွက်နိုင်ရန် လမ်းညွှန် သင်ကြားပေးမှာ ဖြစ်ကြောင်း သိရှိရသည်။
တန်းခွဲများအား အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့ နေ့လယ် ၁၂း၀၀ နာရီမှ ၂း၀၀
နာရီထိ သင်ကြားမည် ဖြစ်ပြီး အောက်တိုဘာလ တတိယ အပတ်တွင် ဖွင့်လှစ်မည်
ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက ဖုန်း-၅၁၉၀၉၂၊ ၀၉-၇၃၀၉၄၀၆၀၊ ၀၉-၅၀၈၆၈၁၉
သို့ ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ပါသည်။
(17-10-2011)
Source: Opportunity Journal
ရုပ်သံတည်းဖြတ် ကျွမ်းကျင် သင်တန်းများ ဖွင့်လှစ်.
.
. ..
.
.
.
.
.
.
.
.
.
.
.
.
.
.
အနုပညာ
လောကတွင် ပညာရှင်အဖြစ် ရပ်တည်လိုသူများ၊ TV Channel များတွင် ဝင်ရောက်
လုပ်ကိုင်လိုသူများ ဗီဒီယို ကုမ္ပဏီများ၊ တေးထုတ်လုပ်ရေးများ၊
ကြော်ငြာလုပ်ငန်းများ၊ Wedding Studio များတွင် အချိန်ပိုင်း (သို့)
ဝန်ထမ်း လုပ်ကိုင်လိုသူများနှင့် ကိုယ်ပိုင် လုပ်ငန်း တည်ထောင်
လိုသူများအတွက် ရည်ရွယ်၍ ဒစ်ဂျစ်တယ် ရုပ်သံ တည်းဖြတ်ခြင်း နည်းပညာ
သင်တန်းများအား Quick Computer သင်တန်းကျောင်းတွင် ဖွင့်လှစ် သင်ကြား
ပေးနေကြောင်း သိရသည်။ ဖွင့်လှစ် သင်ကြား ပေးနေသော သင်တန်းများမှာ Video
Editing & Special Effects Course နှင့် 2D Animation & Creative
Course တို့ဖြစ်ပြီး အဆိုပါ သင်တန်းများတွင် Adobe Premiere Pro, Adobe
After Effects, Adobe Photoshop, Canopus EDIUS, Canopus ProCoder
စသည့် Multimedia Software များဖြင့် သင်ကြား ပေးသွားမည် ဖြစ်ကြောင်း
သိရသည်။ သင်တန်း ပြီးဆုံးပါက မှတ်တမ်းတင် အခမ်းအနား ရိုက်ကူးမှုများ၊
MTV/Karaoke တေးသီချင်းများ၊ TV Program များအား ကျွမ်းကျင်စွာ ရုပ်သံ
တည်းဖြတ်ခြင်း၊ နောက်ခံ တေးဂီတနှင့် တေးသီချင်းများ ထည့်သွင်းခြင်း၊
ရင်သပ် ရှုမောဖွယ်ရာ Special Effects များနှင့် အမှတ်တရ စာတန်းများ
ဖန်တီးခြင်း၊ ဆွဲဆောင်မှုရှိသော စီးပွားရေး ကြော်ငြာများ၊ ကာတွန်း
ဇာတ်လမ်းများနှင့် Chroma (ခရိုမာ) ရိုက်ကူးမှုများကို 2D Animation
ဖြင့် ဆန်းသစ် တည်ထွင်နိုင်အောင် ဝါရင့် အနုပညာ ဒါရိုက်တာများ
ကိုယ်တိုင် ဦးစီး၍ လက်တွေ့ချိန် များများဖြင့် တစ်ဦးချင်း သီးသန့်
သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ သင်တန်းချိန်များ မှာ တနလာင်္နေ့မှ
ကြာသပတေးနေ့အထိ တစ်ပါတ်(၄)ရက် နံနက်(၉)နာရီမှ ညနေ(၅) နာရီအတွင်း
နှစ်သက် အဆင်ပြေရာ သင်တန်းချိန်တွင် တတ်ရောက်နိုင်ကြောင်း သိရသည်။
စိတ်ပါဝင်စားသူများ အနေဖြင့် Quick Computer နည်းပညာ သင်တန်းကျောင်း
အေရှပလာဇာ၊ အခန်း(၃၉-၄၀)၊ ဆိပ်ကမ်းသာလမ်း (ပေါ်)၊ ကျောက်တံတားမြို့နယ်၊
ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၅၆၆၈၆၊ ၀၉-၅၁၀၀၅၇၅ သို့ ဆက်သွယ် စုံစမ်း
နိုင်ပါသည်။
(21-10-2011)
Source: Itizen Journal
MCPA မှ ပညာချွန်ဆုကို တစ်နိုင်ငံလုံးသို့ တိုးချဲ့ချီးမြှင့်မည်..
MCPA မှ ပညာချွန်ဆုများကို တစ်နိုင်ငံလုံးသို့ တိုးချဲ့ ချီးမြှင့်
သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် လွန်ခဲ့သော လေးနှစ်ခန့်ကကဲ့သို့
နိုင်ငံခြားပညာ သင်ဆုများကို ပြန်လည် ပေးအပ်ရန် ရှိကြောင်း
မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များ အသင်း၏ အထွေထွေ အတွင်းရေးမှူး
ဦးသောင်းဆုငြိမ်းက ပြောသည်။
“ဟိုးအရင်တုန်းကဆို ကျောင်းတွေမှာ သချာင်္ ပညာသင်ဆု ပေးသလိုမျိုး MCPA
ပညာသင်ဆုကို တစ်နိုင်ငံလုံး အတိုင်းတာနဲ့ ပေးသွားမည်။ နိုင်ငံခြား
ပညာသင်ဆုကိုတော့ လွန်ခဲ့တဲ့ လေးငါးနှစ်တုန်းက ပညာသင်ဆုကို တော်တော်လေး
လွှတ်တာတွေ နည်းလာတယ်။ အခု အိမ်နီးချင်း နိုင်ငံတွေက ပညာသင်ဆုပေးဖို့
ကမ်းလှမ်း လာမှုတွေများတယ်။ ဒီနှစ်ထဲမှာ ပိုလွှတ်နိုင်မယ်” ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များ အသင်းသည် BAR-CAMP ကိုနှစ်စဉ်
ကျင်းပ လာနိုင်ပြီ ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် မော်လမြိုင်၊
တောင်ကြီးကဲ့သို့ မြို့ကြီးများတွင် ပါ Bar-Camp ကို တိုးချဲ့လုပ်ဆောင်
နိုင်ကြောင်း၊ ယခုနှစ် Bar Camp သည် စံချိန် တင်ရလောက်အောင်
လူအများအပြား တက်ရောက်သည်အထိ အောင်မြင်မှု ရရှိခဲ့ကြောင်း၊ အသင်းတွင်
ကော်မတီ ခြောက်ခုဖွဲ့စည်းပြီး လုပ်ငန်းစဉ်များကို
ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် အသင်းသားများအတွက်
သင်တန်းကြေး discounts များဖြင့် ညီနောင် အသင်းများက ဖွင့်လှစ်သော
သင်တန်းများ တက်ရောက်နိုင်စေရန် ဆောင်ရွက်ပေးခြင်း၊ အခမဲ့ သို့မဟုတ်
သက်သာသော ဈေးများဖြင့် တက်ရောက်နိုင်ရန် ဆောင်ရွက် ပေးခြင်းများကို
ပြုလုပ်ပေးခဲ့ကြောင်း၊ စာမေးပွဲများကို ဇွန်လနှင့် ဒီဇင်ဘာလများတွင်
ကျင်းပ ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်များ
အသင်းတွင် တစ်နိုင်ငံလုံး အသင်းသား စုစုပေါင်း ၁၀၂၂၀ ဦးရှိကြောင်း
သိရသည်။
(21-10-2011)
Source: Itizen Journal
Myanmar International ICT Exhibition ပြပွဲ၌
Programming သင်တန်းတက်ရောက်ခွင့် လက်မှတ်များ ထုတ်ပေးမည်.
..
.
.
..
.
.
.
.
.
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
Myanmar International ICT Exhibition ပြပွဲ၌ Programming
သင်တန်းတက်ရောက်ခွင့် လက်မှတ်များ ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြန်မာလူငယ်များ၏ Career အတွက် အခမဲ့ ဆွေးနွေးပေးမည်
ဖြစ်ကြောင်း၊ Lucky Draw အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ကြောင်း Gusto
သင်တန်းကျောင်းမှ သိရသည်။ Programming ဘာသာရပ်ကို အတိုင်းအတာ တစ်ခုအထိ
သင်ကြားပြီးပါက နိုင်ငံတကာ ဆော့ဖ်ဝဲ လုပ်ငန်းသို့
ဝင်ရောက်နိုင်ကြောင်း၊ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်
ရရှိနိုင်ရန်လည်း Gusto မှ နည်းပညာ အထောက်အကူပြု သင်တန်းများကို
ဖွင့်လှစ် ပေးလျက်ရှိကြောင်း၊ Gusto သင်တန်းကျောင်းကို ဆက်သွယ်လိုပါက
ဖုန်း-၀၁-၂၂၄၄၉၆၊ ၀၉-၈၆ ၂၈၈၀၆ သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။
(21-10-2011)
Source: Itizen Journal
၂၀၁၂ မှစ၍ IELTS စာမေးပွဲကြေးများ မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ
ကောက်ခံတော့မည်.
.
.
.
.
.
.
..
.
.
.
.
.
.
.
.
.
.
.
. ...
.
..
.
.
.
.
.
.
.
.
.
. .
.
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပမည့် IELTS စာမေးပွဲ စတင်၍ IELTS
စာမေးပွဲ ကြေးများကို မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံတော့မည်
ဖြစ်ကြောင်း ဗြိတိသျှ ကောင်စီ စာမေးပွဲဌာနမှ သတင်း ထုတ်ပြန်ချက်အရ
သိရသည်။ မြန်မာကျပ်ငွေဖြင့် အသစ်ပြောင်းလဲ ကောက်ခံမည့် စာမေးပွဲကြေးမှာ
၁၃၀,၀၀၀ ကျပ်ဖြစ်ပြီး ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ IELTS Registration ကာလမှ
စတင် သက်ရောက်မှု ရှိမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ငွေသွင်း
စာရင်းပေး နေစဉ် ဗြိတိသျှ ကောင်စီ စာမေးပွဲ ဌာန၌ပင် ဓာတ်ပုံရိုက်
ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။ ၂၀၁၁ ခုနှစ်အတွင်း လက်ကျန် IELTS
စာမေးပွဲများဖြစ်သည့် နိုင်ဝင်ဘာ ၁၇ရက်နှင့် ဒီဇင်ဘာလ ၁၀ရက်များတွင်
ပြုလုပ်မည့် စာမေးပွဲများအတွက်ကို လက်ရှိစာမေးပွဲ ကြေးဖြစ်သည့် ၁၄၇
ဒေါ်လာဖြင့် ဆက်လက် ကောက်ခံ သွားမည် ဖြစ်ကြောင်း သိရသည်။
(21-10-2011)
Source: Internet Journal