ကလေးသူငယ်ပညာရေး ကျန်းမာရေးပြပွဲကြီးတပ်မတော်ခန်းမတွင်ကျင်းပမည်.
ကလေးသူငယ်များ၏ ပညာရေးကျန်းမာရေးဆိုင်ရာပြခန်းများကို ခင်းကျင်းပြသမည့်
Child Educare Exhibition 2010 ကို ဖေဖေါ်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ
တပ်မတော်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည်။
အဆိုပါ Child Educare Exhibition 2010 ကို Main Sponsar အဖြစ် Dumex
Co.,Ltd, Co Sponsar အဖြစ် Conquest Organizing Group, Panasonic Co.,Ltd တို့မှ ပူးပေါင်း ကျင်းပခြင်းဖြစ်သည်။
အဆိုပါ ပြပွဲကြီး အကြိုစာနယ်ဇင်းရှင်းလင်းပွဲကို ဇန်နဝါရီ ၂၆ ရက်က
Sakura Tower 20 ထပ်တွင် ပြုလုပ်ရာ အခမ်းအနားတွင် MHR သင်တန်းကျောင်းမှ
ဆရာ ဦးအေးကျော်က အဖွင့်စကားပြောကြားရာတွင် ယခုလို ထူးခြားသော
ကလေးသူငယ်များ အတွက်သီးသန့်ပြပွဲကြီးကို Conquest Organizing မှ
ကြီးမှုးပြုလုပ်သောကြောင့် ကလေးသူငယ်များသာမက မိဘများပါ
အကျိုးအမြတ်ရရှိနိုင်ကြောင်း ကလေးသူငယ်များမှာ နောင်အနာဂတ်အတွက်
မျိုးဆက်သစ်လေး များ ဖြစ်သဖြင့် ယခုပြပွဲကြီးကို ဝမ်းမြောက်စွာ
ကြိုဆိုပါကြောင်း ပြောကြားသွားပါမည်။ ဆက်လက်ပြီး Conquest Organizing
Group မှ Technical Director ဦးချမ်းငြိမ်းက
ပြပွဲကြီးပြုလုပ်ရာခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် Main Sponsar Dumex မှ Assistant General Manager
ဒေါက်တာပြူတည်ကြည် က ပြပွဲတွင် Main Sponsar အဖြစ်ပါဝင်ခွင့်
ပြသရခြင်းရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး Conquest Organizing
Group မှ Director ဒေါ် ရွှေဇင်အေးက ပြပွဲတွင်ပါဝင်မည့် Entertainment
အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
Child Educare Exhibition 2010 တွင် ကလေးသူငယ်များနှင့် ပတ်သက်သော
စာရေးကိရိယာ သင်တန်းကျောင်းများ ကလေးသူငယ်ဆေးဝါးများ၊
နို့မှုန့်များနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို ပြခန်းပေါင်း ၁၂ဝ
ကျော်ပါဝင်ပြသမည် ဟု Conquest Organizing Group မှ ဦးပိုင်စိုးရကျော်က
ပြောကြားသည်။
ပြပွဲကြီးတွင် Feb 26 ရက်နေ့၌ ပြပွဲကိုလာသော ကလေးငယ်များ ကျောင်းသား
ကျောင်းသူများ တကိုယ်ရေးသန့်ရှင်းရေးနှင့် ပတ်သက်ပြီး ဗဟုသုတဖြစ်စေရန်
သန့်လေးသန့် ပြဇာတ်တိုများ တင်ဆက်ကပြပြီး ဖျော်ဖြေရေးအစီအစဉ်အဖြစ် Star
Model Agency မှ တင်ဆက်ကပြခြင်း ၊ Feb 27 ရက်နေ့တွင် Jolly Smile
အဖွဲ့၏ Game ကစားခြင်းများ၊ Feb 28 ရက်နေ့တွင်
ကလေးအထူးကုဆရာဝန်ကြီးများ၏ ဟောပြောပွဲများ ပါဝင်မည်ဖြစ်သည်။
(2-2-2010)
Source: Ko Lin (Myanmar Training)
Business English နှင့် Communication ဆိုင်ရာ
အထူးသင်တန်းများဖွင့်လှစ်သင်ကြားမည်.
စီးပွားရေှးဗဟုသုတ၊ အတွေးအခေါ်၊ လုပ်ငန်းသုံး Business English နှင့်
Communication ဆိုင်ရာတို့ ပိုမိုတိုးတက်လာစေရန် မြန်မာလူငယ်များနှင့်
လုပ်ငန်းခွင်ဝင်နေသူများအတွက် ရည်ရွယ်၍ ၂ဝ၁ဝ ပြည့်နှစ်၊
ဖေဖော်ဝါရီလပထပပတ်မှစတင်ကာ အထူးသင်တန်းများ၊
စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Regent Business Academy မှသိရသည်။
အဆိုပါ အထူးသင်တန်းများမှာ Harvard Business Review Series, Global
Business Review Series, Business English Series နှင့် Business
Communication စသည့်တို့ဖြစ်ကြောင်းသိရသည်။ သင်တန်းများတွင် University
of California, Los Angeles (USA), University of Manchester(UK),
London School of Economics(UK) နှင့် Macquarie University(Australia)
အစရှိသည့် တက္ကသိုလ်များမှ ဘွဲ့ရများနှင့် ဝါရင့်ဆရာ၊ ဆရာမများက
သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
Harvard Business Review Series (၁/၁ဝ) သင်တန်းတွင် Leadership,
Enterpreneurship, Knowledge Management, Managing People နှင့်
Managing Projects ဆိုင်ရာအကြောင်းအရာများကို
သင်ကြားပို့ချသွားမည်ဖြစ်သည်။ Global Business Review Series (၁/၁ဝ)
သင်တန်းတွင် လက်ရှိ ကမ္ဘာ့ စီးပွားရေးလောက
အဖြစ်အပျက်အကြောင်းအရာများပါဝင်မည်ဖြစ်သည်။ Business English
သင်တန်းတွင် နိုင်ငံတကာစီးပွားရေးလောက၌ အသုံးများသော အပြောအဆို၊
အသုံးအနှုန်းများကိုလေ့ကျင့် သင်ကြားပေးမည် ဖြစ်သည်။ Business
Communication သင်တန်းတွင် လုပ်ငန်းသုံး Business Message, Business
E-mails, Business Letters အစရှိသည်တို့ကိုနိုင်ငံတကာအဆင့်မီ
စနစ်တကျရေးပုံရေးနည်းနှင့် ထိရောက်စွာအကျိုး သက်ရောက်မှုရှိစေရန်
သတိပြုရမည့် အချက် များကို သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။
သင်တန်းကာလကို သင်တန်းတစ်ခုလျှင် ၁ဝ ပတ်သတ်မှတ်ထားပြီး
သင်တန်းတစ်ခုလျှင် ကျောင်းသား ဦးရေ ၁ဝ ဦးခန့်သာလက်ခံသင်ကြားမည်
ဖြစ်ကြောင်း သိရသည်။ Global Business Review သင်တန်းရက်ကို
ဗုဒ္ဓဟုးနေ့သတ်မှတ်ထားပြီး ကျန်သင်တန်းများကိုမူ စနေနေ့
သတ်မှတ်ထားကြောင်း သိရသည်။ သင်တန်းများနှင့် ပတ်သက်၍
အသေးစိတ်သိရှိလိုပါက Regent Business Academy ဖုန်း - 504369၊ 726826၊
095019870 တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်းသိရသည်။
(2-2-2010)
Source: Internet Journal
၂ဝ၁ဝ နိုင်ငံတကာပညာရေးနှင့်
အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းဟောပြောပွဲကျင်းပခဲ့.
နိုင်ငံရပ်ခြားပညာသင်သိကောင်းစရာဟောပြောပွဲကို Educatin for All
N.L.E.C Education Group မှ “၂ဝ၁ဝ နိုင်ငံတကာပညာရေးနှင့်
အလုပ်အကိုင်အခွင့်အလမ်းများ” ခေါင်းစဉ်ဖြင့် ၂၃ရက်နေ့တွင် Traders
Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါအခမ်းအနားတွင် ဒေါက်တာ
နေဝင်းနိုင် Ph.D(UK)က “နည်းပညာတိုးတက်မှု၊ ကမ္ဘာ့လူဦးရေ တိုးတက်မှု၊
သဘာဝဘေးအန္တရယ်များဖြစ်ပွားမှု၊ လောင်စာစွမ်းအင်ရှာဖွေမှု” စသည့်
အကြောင်းများအပေါ် အခြေခံပြီး ရှင်းလင်းပြောကြားခဲ့သည်။
“နိုင်ငံတကာပညာရှင်လိုအပ်မှုများ ရှေ့တန်းသို့ ရောက်ရှိလာသော ကြောင့်
ပညာရှာမှီးလိုသူများနှင့် အဆင့်မြင့် နည်းပညာပို့ချသော တက္ကသိုလ်၊
ကောလိပ်များ အချိုးညီတိုး တက်လျက်ရှိသည့် အမေရိကန်ပြည်ထောင်စု၊
ဗြိတိန်၊ သြစတြေးလျနှင့် ကနေဒါတို့သည် ပညာအပြိုင်အဆိုင် ပို့ချရာ
ရပ်ဝန်းများဖြစ်လာသည်။ ပညာပို့ချမှုအစဉ်အလာ၊
ပညာသင်စဉ်အချိန်ပိုင်းအလုပ်တရားဝင်ခွင့်ပြုခြင်း နှင့် ဆေးဝါးကုသမှု
အခမဲ့ ပေးအပ်ခြင်းစသည့် အချက်အလက်များအပေါ်မူတည်၍
မိမိသွားရောက်သင်ယူမည့် နိုင်ငံကိုရွေးချယ်သင့်သောကြောင့် သွားရောက်
ပညာဆည်းပူးလိုသူများ အနေဖြင့် အများအတွက် လိုအပ်နေ သော ဘာသာရပ်များကို
ရွေးချယ်ဆည်းပူးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ
ရရှိနိုင်မည်ဖြစ် သည်။
ထို့အပြင်နိုင်ငံရပ်ခြားသို့သွားရောက်ပညာဆည်းပူးရန်အတွက်တက္ကသိုလ်ဝင်တန်း(၁ဝ)တန်းအောင်
မြင်ပြီးသူဖြစ်ပါက GCE ‘O’ Level ဖြေရန် မလိုအပ်ကြောင်း၊ IELTS/TOEFL
သည်အင်္ဂလိပ်စာကျွမ်းကျင်မူ တစ်ခုတည်းကိုသာ စစ်ဆေးသော
စာမေးပွဲများဖြစ်သည်။ ထို့ကြောင့် ယင်းစာမေးပွဲများအစား IELTS အဆင့်
အင်္ဂလိပ်စာအပါအဝင် မိမိသင်ယူမည့်ဘာသာရပ်၊ အခြေခံများ ပါဝင်သော HND
Foundation ၅ လသင်တန်း ကိုသာ မြန်မာနိုင်ငံတွင် သင်ကြားဆည်းပူးရန်
လိုအပ်သည်။ အထူးသဖြင့် မိမိကိုယ်မိမိ ယုံကြည်စိတ်ရှိရန် လိုအပ်ပြီး
အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား ကျွမ်းကျင်အောင် လေ့ကျင့် နေဖို့
လိုအပ်ကြောင်း” ရှင်းလင်းပြောကြားခဲ့ပါသည်။
(2-2-2010)
Source: Internet Journal
C#.Net Hand On Training အခမဲ့တက်ရောက်နိုင်.
Microsoft C#.Net Hand On Training ကို ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလ ၎
ရက်နေ့ (ကြာသပတေးနေ့) မနက် ၉း၃ဝ နာရီမှ ၁၂းဝဝ နာရီထိ MPEC
သင်တန်းကျောင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Training
တွင် Microsoft.NET ၏ အခြေခံသဘောတရားများ Microsoft.NET Framework
အသုံးပြုပုံနှင့် C#.NET အခြေခံရေးသားနည်းများကို
သင်တန်းချိန်တစ်ခုအဖြစ်အခမဲ့ သင်ကြားပေးသွားမည် ဖြစ်သည်။
သင်တန်းချိန်တစ်ချိန်အတွက် ကျောင်းသား ၂ဝ
ဦးသာလက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး တက်ရောက်သူများအား Hand On
Training တက်ရောက်ကြောင်း Recommendation Letter ထုတ်ပေးမည့်အပြင် MPEC
မှဖွင့်လှစ်သော သင်တန်းများကို Discount များဖြင့် တက်ရောက်နိုင်မည့်
အခွင့်အရေးများရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။
၎င်း Hand On Training ကို Microsoft C#.NET Programmer တစ်ဦးအဖြစ်
အသက်မွေးဝမ်းကြောင်း ပြုလုပ်လိုသူများနှင့် စိတ်ပါဝင်စားသူများ
တက်ရောက်နိုင်ပါသည်။ တက်ရောက်လိုသူများအနေဖြင့် Myanmar Professionals
Education Centre (MPEC) ဖုန်း - 668779 ၊ 668259 သို့ဆက်သွယ်၍
ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။
(2-2-2010)
Source: Internet Journal
UK ပညာရေးသင်ရိုးညွန်းတမ်းဖြင့် NQF Level 3 အဆင့်ရှိ Diploma ဘွဲ့များ
ပြည်တွင်း၌ရယူနိုင်.
City of Sunderland College, UK ၏ ပညာရေးသင်ရိုးညွန်းတမ်းဖြင့် NQF
Level 3 အဆင့်ရှိ Diploma ဘွဲ့များကို ပြည်တွင်း၌
ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း Noble Nine Education မှ သိရှိရသည်။
၎င်းသင်တန်းသည် စာမေးပွဲဖြေဆိုသည့်စနစ်မဟုတ်ဘဲ UK ပညာရေးသင်ကြားသော
တက္ကသိုလ်ကောလိပ်များ အားလုံးတွင် တပြေးညီသင်ကြားသည့်
သင်ရိုးညွှန်းတမ်းဖြစ်ကြောင်းသိရသည်။ Activity, Task, Assignment
တို့ကို စာတွေ့၊ လက်တွေ့သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။ နိုင်ငံတကာမှ
ဘွဲ့ရရှိပြီး အတွေ့အကြုံရှိ ဆရာများမှ သင်ကြားမှုပုံစံသစ်ဖြင့်
သင်ကြားမည်ဖြစ်ကြောင်း သိရသည်။ ဘာသာရပ်များအနေဖြင့် National
Qualifications Framework (NQF) Level 3 အဆင့်စီးပွားရေးဆိုင်ရာ၊
Diploma in Marketing နှင့် Diploma in Management ဘာသာရပ်များကို
ပြည်တွင်း၌ ပင်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကာလအနေဖြင့်စာတွေ့ (၆)လ နှင့် Project (၃) လ
ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
ပြည်တွင်းတွင် တက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအနေခြင့်
အင်္ဂလန်နိုင်ငံတွင် တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများကဲ့သို့
သင်တန်းကာလပြီးဆုံးပါက City of Sunderland College, UK မှ
တိုက်ရိုက်ချီးမြှင့်မည့် ဒီပလိုမာဘွဲ့ရရှိမည်ဖြစ်ကြောင်းသိရသည်။
အလုပ်အကိုင်အခွင့်အလမ်းများ အနေဖြင့်လည်း ယင်းဒီပလိုမာရရှိပြီးပါက
ပြည်တွင်းပြည်ပ စက်ရုံအလုပ်ရုံများတွင် NQF Level 3 အဆင့်ဖြင့်
Manager, Secretary, Administrator တစ်ယောက်အဖြစ်
လွယ်ကူစွာရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။ အသေးစိတ်အချက်အလက်များ
ထပ်မံသိရှိလိုပါက Noble Nine Education ဖုန်း-396915 ၊ 0511615 သို့
ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
(2-2-2010)
Source: Internet Journal
OJT သင်တန်းများဖွင့်လှစ်သင်ကြားမည်.
Windows Application Development, Web Application Development with
ASP.Net, Web Application Development with PHP ဘာသာရပ်များအတွက် OJT
သင်တန်းများဖွင့်လှစ်မည်ဖြစ်ကြောင်း Information Sloution Co.,Ltd (i-Solution)
မှ သိရှိရသည်။ Windows Application Development ဘာသာရပ်တွင် Visual
Studio 2005/2008, Microsoft SQL Server 2005/2008, Oracle 10g နှင့်
Crystal Report 7.0 Course များပါဝင်ကြောင်းသိရသည်။ Web Application
Development with ASP.Net ဘာသာရပ်တွင် ASP.Net 3.5, C#.Net 3.5, HTML,
CSS, XML, Java Script, JQuery, Ajax & Web Services, Ms SQL Server,
Internet Information Server (llS)Course များပါဝင်ကြောင်းသိရသည်။ Web
Application Development with PHP ဘာသာရပ်တွင် PHP 5.0, Zend Studio
7.0, HTML, CSS, XML, Java Script, iQuery, Ajax & Web Services, My
SQL, PhpMyAdmin, Apache Web Server Cource
များပါဝင်ကြောင်းသိရှိရပါသည်။
ဘာသာရပ်အသီးသီးကို အပတ်စဉ် အင်္ဂါ၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့ များတွင်
ဖွင့်လှစ်သင်ကြားပေးကြောင်း သိရှိရသည်။ သင်တန်းနှင့်ပတ်သက်၍
စိတ်ပါဝင်စားသူများနှင့် တက်ရောက်လိုသူများအနေဖြင့် အသေးစိတ်
အချက်အလက်များကို i-Solution ဖုန်း - 519026၊ 09 5360667 သို့
ဆက်သွယ်စုံစမ်း နိုင်ကြောင်းသိရှိရသည်။
(2-2-2010)
Source: Internet Journal