Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:

News » Local News

မြန်မာကျောင်းသားများအတွက် အထူးသင့်လျော်သည့် MIS မှ အသစ်ပြဌာန်းလိုက်သော Program အသစ်
 

Marketing Institute of Singapore (MIS) ကို ၁၉၇၃ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဈေးကွက်ပိုင်းဆိုင်ရာ အသက်မွေးဝမ်းကျောင်းပြုနိုင်မည့် ဘာသာရပ်များကို သင်ကြားပို့ချပေးနေသည့် not-for-profit အဖွဲ့အစည်းတစ်ခုဖြစ်သည်။ MIS သည် Asia-Pacific တွင် ပထမဦးဆုံး marketing professional body ဖြစ်ပြီး PSB ISO 9000 အသိအမှတ်ပြု လက်မှတ်ရထားပါသည်။ MIS မှ certificates, diplomas, degrees နှင့် post-graduate programs သင်ကြားပြီးမြောက်သူများသည် Sales and Marketing နယ်ပယ်တွင် လွန်စွာအသိအမှတ်ပြုခံရပါသည်။ MIS မှ မြန်မာကျောင်းသားကျောင်းသူများ အထူးစိတ်ဝင်စားမည့် Full-time Program အသစ်တစ်ခုဖြစ်သော Post-Graduate Certificate in Asia-Pacific Business Management ကို မကြာသေးမီက စတင်ပြဌာန်းခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းများအား စီမံခန့်ခွဲ့မှုကို သီအိုရီပိုင်းဆိုင်ရာ အခြေခံသဘောတရားစာတွေ့ပိုင်းနှင့် လက်တွေ့ပိုင်းတို့ကို အကောင်းဆုံး သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလကြာမြင့်ချိန်မှာ (၃) လဖြစ်သောကြောင့် စင်္ကာပူနိုင်ငံတွင် ခေတ္တ ယာယီသာနေထိုင်လိုသူများအတွက်လည်း အထူးသင့်လျော်သော programတစ်ခုဖြစ်ပါသည်။ projects, case studies နှင့် presentations များပေါ်တွင်အခြေခံ၍ အပြည့်အ၀အကဲဖြတ်သွားမည်ဖြစ်ပြီး စာမေးပွဲဖြေရန်မလိုအပ်ပါ။ ယင်း Program တွင် Conducting Business in Asia, Humaan Resources Practices, Social and New Media in Asia, Asia-Pacific Marketing, Intercultural Communication and Management နှင့် Overview of Legal Systems in Asia ဟူ၍ ဘာသာရပ် (၆) ခုကို သင်ကြားရမည်ဖြစ်သည်။ ၀င်ခွင့်လိုအပ်ချက်များအနေဖြင့် အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခု (သို့မဟုတ်) တူညီသော အတတ်ပညာပိုင်းဆိုင်ရာ ပညာအရည်အချင်းတစ်ခုခုရှိထားပြီး အလုပ်အတွေ့အကြုံ (၂) နှစ် ရှိရပါမည်။ Asia-Pacific ၏ စီးပွားရေးလုပ်ငန်းနှင့် စီမံခန့်ခွဲမှုများကို စိတ်ဝင်စားမှု ရှိသြူုဖစ်ရပါမည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာတွင် ကျောင်းစတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းလခမှာ စင်္ကာပူဒေါ်လာ (၄၈၁၅) ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များကို သိရှိလိုသူများသည် CROWN Education Office, Room No 228-229, Summit Parkview Hotel, Phone-211888 (Ex 228,229) နှင့် 095085185 တို့တွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။



 

 

(26-11-2011)
Source: Ko Lin (Myanmar Training)


                  INTO ပညာရေးအဖွဲ့အစည်းမှ ပညာသင်ဆု (၁၀၀%) များချီးမြှုင့်ရန်အတွက် လာရောက်ရွေးချယ်မည် . . .. .. .    .. .  .  . . .  .  . . . .  . . .  .  . . . .      .    . .. .         .     .      . . .  .  . . .                      
        
 INTO ပညာရေးဆိုင်ရာ အဖွဲ့အစည်းသည် UK နှင့် USA နိုင်ငံများရှိထိပ်တန်းတက္ကသိုလ်များတွင် နိုင်ငံတကာကျောင်းသူ ကျောင်းသားများ၊ ဘွဲ့ကြို၊ နှင့် ဘွဲ့လွန်ဘာသာရပ်များကို ၀င်ရောက်သင်ကြားနိုင်ရန်အတွက် Foundation Program များ၊ Postgraduate Diploma Program များကို အဆိုပါနိုင်ငံများရှိ ထိပ်တန်းတက္ကသိုလ်များတွင် ဖွင့်လှစ်သင်ကြားပေးနေပါသည်။ INTO အဖွဲ့အစည်းသည် UK နိုင်ငံတွင် University of East Anglia, University of Exeter, University of Newscastle, University of Manchester, Queen’s University of Belfast, Glasgow Caledonian University, University of East Anglia (London), City University London, St.George’s (University of London) နှင့် USA နိုင်ငံတွင် Oregon State University, University of South Florida တို့နှင့် ချိတ်ဆက်ထားပါသည်။ ပညာသင်ဆု (၁၀၀%) ပေးမည့် အစီအစဉ်မှာ University of East Anglia, University of Exeter, Newcastle University, Queen’s University of Belfast နှင့် Glasgow Caledonian University တို့မှ ပေးအပ်ချီးမြှင့်မည် ဟု သိရှိရပါသည်။

အဆိုပါ ပညာသင်ဆုချီးမြှင့်ပေးမည့် ဘာသာရပ်များမှာ Business, Social Science, Engineering, Computing, Biological နှင့် Biomedical Sciences, Pharmacy program များ ပါဝင်ကြောင်းသိရပါသည်။ အဆိုပါပညာသင်ဆုများကို ကျောင်းသား ကျောင်းသူများ၏ ထူးချွန်မှုအလိုက် ပေးအပ်သွားမည်ဖြစ်သည် ဟု သိရပါသည်။ ပညာသင်ဆု ထောက်ပံ့မည့် အကြောင်းအရာများ၊ သက်ဆိုင်ရာ ထိပ်တန်းတက္ကသိုလ်များနှင့်ပတ်သက်သည့် သိကောင်းစရာအချက်အလက်များကို Regent ပညာရေးကုမ္ပဏီ၏ ရုံးခန်းတွင် လာမည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက် နေ့ ညနေ ၃ နာရီမှ ၄ နာရီ အထိ INTO အဖွဲ့အစည်းမှ တာဝန်ခံကိုယ်တိုင် တစ်ဦးချင်းစီအား ရှင်းလင်းပြောကြားပေးမည်ဖြစ်ပြီး ပညာသင်ဆုအတွက်ပါ အင်တာဗျူးကို နိုဝင်ဘာ ၂၇ ရက်နေ့တွင် မနက် (၉:၀၀) မှ စတင်ပြုလုပ်ပေးမည် ဖြစ်ကြောင်းလည်းသိရှိရပါသည်။ ကျင်းပပြုလုပ်မည့် ပညာရေးဆွေးနွေးပွဲကို တက်ရောက်လိုသော ကျောင်းသူ၊ ကျောင်းသားများ ပညာသင်ဆု လျှောက်ထားခြင်းနှင့် အင်တာဗျူးအတွက် သိရှိလိုသူများသည် Regent ပညာရေးကုမ္ပဏီသို့ ဖုန်းနံပါတ်-၅၀၀၉၅၂၊ ၅၀၀၅၀၄၊ ၇၂၆၈၂၆ များနှင့် အမှတ် B (၁၃+၂၃) ရွှေကိန္ဒရီ အဆင့်မြင့်အိမ်ယာ နာနတ်တောလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သိရှိရပါသည်။




 

(26-11-2011)
Source: Ko Lin (Myanmar Training)


UK မှ Newscastle University နှင့် Glasgow Caledonian University တို့မှ M.B.B.S နှင့် Pharmacy ဘွဲ့ရ .
                           ကျောင်းသား၊ ကျောင်းသူများအတွက် MSc, MRes ဘွဲ့လွန်ဘာသာရပ်များ လာရောက် ဆွေးနွေးပေးမည်
. . . . .  .  .  .  .  . . 

          နိုင်ငံမှ နာမည်ကြီးထိပ်တန်းတက္ကသိုလ်များဖြစ်သည့် Newcastle University နှင့် Glasgow Caledonian University တို့မှ တာဝန်ခံများဖြစ်သည့် Professor Stephen Yeaman- BSc (First Class Honours), PhD, FRSE, FMedSci နှင့် Dr.Alistair Corbett (BSc(Hons) Pharmacology, PhD တို့ကိုယ်တိုင်မှ လာရောက်၍ မြန်မာနိုင်ငံမှ ဆေးတက္ကသိုလ်ဘွဲ့ရ ကျောင်းသား/သူများအတွက် အဆိုပါ နာမည်ကြီး ထိပ်တန်း တက္ကသိုလ် (၂) ခုတွင် ဘွဲ့လွန် ဘာသာရပ်များ တက်ရောက်နိုင်ရန်အတွက် အကြံပြုဆွေးနွေးပွဲကို ယခုလာမည့် နိုဝင်ဘာ (၂၆) ရက် ညနေ ၄ နာရီမှ ၆ နာရီအထိ Regent ပညာရေးကုမ္ပဏီ၏ ရုံးခန်းတွင် ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရပါသည်။ Newscastle University မှာ UK ရှိ ထိပ်တန်းတက္ကသိုလ်များတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး Times University Guide နှင့် Times Higher Guide များအရ UK တစ်နိုင်ငံလုံးရှိ ထိပ်တန်းတက္ကသိုလ်များတွင် အဆင့် (၂၀) အဖြစ်ရပ်တည်လျှက်ရှိပြီး ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကျောင်း (၂၀၀) တွင် တစ်ကျောင်းအပါအ၀င်ဖြစ်ပါသည်။ ၎င်းအပြင် အထင်ကရဖြစ်သော Russell Group တွင် ပါဝင်ပြီး ၎င်းတည်ရှိသော Newcastle မြို့မှာလည်း UK နိုင်ငံရှိမြို့များတွင် နိုင်ငံတကာကျောင်းသား မြို့တော်အဖြစ် အထူးထင်ရှားကျော်ကြားပါသည်။ အဆိုပါ Newcastle University တွင်MRes, Neuroscience, MRes, Medical Genetics, MRes, Cancer, MRes, Medical Science နှင့် MRes, Immunology တို့အပါအ၀င် အခြားဘာသာရပ်များကို တက်ရောက်နိုင်ကြောင်း သိရပါသည်။ အဆိုပါ ထိပ်တန်းတက္ကသိုလ်မှ အောင်မြင်ပြီးပါက အလုပ်အကိုင်အခွင့်အရေးကောင်းများကို ရရှိနိုင်ကြောင်းလည်း သိရှိရပါသည်။

Glasgow Caledonian University မှာ UK ရှိ ထိပ်တန်းတက္ကသိုလ်များတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး ၂၀၀၈ ခုနှစ် Times University Guide အရ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများအတွက် အကောင်းဆုံးဝန်ဆောင်မှုပေးသော တက္ကသိုလ်အဖြစ် အထူးထင်ရှားကျော်ကြားပါသည်။ ၎င်းအပြင် အဆိုပါ တက္ကသိုလ်မှ အောင်မြင်သွားသော ကျောင်းသူ ကျောင်းသားများ၏ (၉၅) ရာခိုင်နှုန်းမှာ နိုင်ငံတကာတွင် ဘွဲ့ရပြီးချိန်မှ (၆) လအတွင်း အလုပ်အကိုင် ရရှိကြကြောင်းလည်း သိရှိရပါသည်။ Glasgow Caledonian University တွင် MSc, Biomedical Science, MSc, Clinical Nutrition and Health, MSc, Diabetes Care and Management, MSc, Pharmacology, နှင့်MSc, biomelocular and Biomedical Sciences တို့အပါအ၀င် အခြားဘာသာရပ်များကို တက်ရောက် နိုင်ကြောင်းသိရပါသည်။ ကျင်းပပြုလုပ်မည့် ပညာရေးဆွေးနွေးပွဲသို့ တက်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများနှင့် အသေးစိတ် အချက်အလက်များကို သိရှိလိုသူများသည် Regent ပညာရေးကုမ္ပဏီသို့ ဖုန်းနံပါတ် ၅၀၀၉၅၂၊ ၅၀၀၀၅၄၊ ၇၂၆၈၂၆ များနှင့် အမှတ် B- (၁၃+၂၃) ရွှေကိန္ဒရီ အဆင့်မြင့်အိမ်ရာ နာနတ်တောလမ်း၊ ကမာရွတ်မြို့နယ် ရန်ကုန်မြို့ သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သိရှိရပါသည်။



 

(26-11-2011)
Source: Ko Lin (Myanmar Training)


Post Study Work သက်ရောက်မှု့ များနှင့် ကျောင်းသားများအတွက် အင်္ဂလန်လူဝင်မှု့ .
ကြီးကြပ်ရေးမှူဝါဒအကြောင်းသိကောင်းစရာများ

အင်္ဂလန်တွင်ပညာသင်ရန်ပြင်ဆင်နေသည့် ကျောင်းသားကျောင်းသူများအတွက် လက်ရှိဖြစ်ပေါ်လျှက်ရှိသော အင်္ဂလန်လူဝင်မှု့ ကြီးကြပ်ရေးမူဝါဒများ၊ Post Study Work စနစ်ရုပ်သိမ်းမည့် April 2012 နောက်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် ကျောင်းသား ကျောင်းသူများအတွက် အလုပ်အကိုင် ရှာဖွေနိုင်မည့် လမ်းကြောင်းများ နှင့် ဘာသာရပ်များရွေးချယ် သင်ယူခြင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို University of Portsmouth ၏ Associate College ဖြစ်သော International College Portsmouth မှ တာဝန်ရှိသူတစ်ဦးမှ CROWN Education တွင်လာရောက်ရှင်းလင်းပြောကြားပေးမည်ဖြစ်ကြောင်းသိရသည်၊၊ အင်္ဂလန်ကျောင်းများ ရွေးချယ်ရာတွင်၊ UK Border Agency မှ ကျောင်းများ၏ အဆင့်များကိုထုတ်ပြန်ထားပြီး၊ ကျောင်းသူကျောင်းသားများအနေဖြင့် ကျောင်းများရွေးချယ်ခြင်း၊ ပညာသင်ယူစဉ်အတွင်း အလုပ်လုပ်ပိုင်ခွင့်နှင့်ပတ် သက်သည့် သတင်းအချက်အလက်များ၊ ကျောင်းပြီးအလုပ်လုပ်ပိုင်ခွင့်နှင့်ပတ်သက် သည့်သတင်းအချက်အလက်များ နှင့်ပတ်သက်၍ ရှင်းလင်းတိကျစွားနားလည်နိုင်စေရန် ဒီဇင်ဘာ (၂) ရက်သောကြာနေ့  နံနက် (၁၁)နာရီတွင် , CROWN Education, Summit Parkview Hotel တွင်ရှင်းလင်းပြောကြားပေးပါမည်၊၊

အဲဒီနေ့ရှင်းလင်းပြောကြားမယ့် အစီအစဉ်က ကျောင်းပြီးရင်အလုပ်ရမယ်လို့ ဆိုလိုခြင်တာမဟုတ်ပါဘူး၊ UKBA ကထုတ်ပြန်ထားတဲ့ မူဝါဒလေးတွေကို ရှင်းရှင်းလင်းလင်း သိစေခြင်တာရယ်၊ အခုတစ်ချို့ ယူကေမှာကျောင်းတက်မယ့် ကျောင်းသူကျောင်းသားတစ်ချို့ က၊ International Foundation Year တို့  International Year One တိုရဲ့  ကွဲပြားခြားနားချက်၊ Pre-University သဘောတရားနဲ့  Foundation တို့ ရဲ့ သဘောလေးတွေကို ကွဲကွဲပြားပြား သိအောင် ရှင်းလင်းပေးမယ့် အစီအစဉ်ဖြစ်ပါတယ်၊၊” ဟု CROWN Education မှ ပညာရေးအတိုင်ပင်ခံဦးအောင်ကျော်ဆန်းက ပြောကြားသည်၊၊ April 2012 မှစ၍ ကျောင်းပြီးလျင် (၂) နှစ်နေထိုင်ခွင့် လျှောက်ထားနိုင်သော Post Study Work ကိုရုပ်သိမ်းမည်ဖြစ်သော်လည်း၊ သတ်မှတ်ထားသည့် နှစ်စဉ်ဝင်ငွေ ရရှိမည့်သူများအတွက် Tier 2 စနစ်အောက်မှ လျှောက်ထားနိုင်သည့် အခွင့်အရေးများ၊ ကျောင်းပြီးနေထိုင်ခွင့် ဆက်လက်လျှောက်ထားခြင်းများ အပါအ၀င်၊ Pre-University နှင့် Foundation Course လမ်းကြောင်းများ၊ တက္ကသိုလ်၏ ပထမနှစ်သို့ တိုက်ရိုက်တက်ရောက်နိုင်မည့် International Year One ပညာရေး လမ်းကြောင်းများအကြောင်း ကိုလည်းရှင်းလင်းပြောကြားသွား မည်ဖြစ်ကြောင်းသိရသည်၊၊ အသေးစိတ်အချက်အလက်ကိုသိရှိလိုသူများ၊ CROWN Education ရုံးခန်း၊ Summit Parkview Hotel, ဖုန်းနံပါတ်၊ 211 888 (Ext 228/229), 09 732 732 77 တို့တွင်စုံစမ်း နိုင်ပါသည်၊၊





 

(26-11-2011)
Source:
Ko Lin (Myanmar Training)


                                       Fundamental of Human Resources Management. .  . ..  . . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

Career Pass Job Training Centre မှ HR ဘာသာရပ်ဖြစ်သော Fundamental of Human Resources Management တန်းခွဲသစ် သင်တန်းကို ဒီဇင်ဘာလ ဆန်းပိုင်းတွင် ထပ်မံဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ပါသည်။ Human Resource ပညာရပ်မှာ လုပ်ငန်းတစ်ခု ရေရှည် အောင်မြင်နိုင်ရန်အတွက် အရေးပါ အရာရောက်သော ကဏ္ဍတစ်ခုမှ ပါဝင်နေပါသည်။ အဘယ်ကြောင့်ဆိုသော် Human Resource ဌာနအနေဖြင့် မိမိကုမ္ပဏီမှ လိုအပ်သော ဝန်ထမ်းကောင်းများကို ရွေးချယ်ခန့်ထားခြင်း၊ ထို့ပြင် ကုမ္ပဏီဝန်ထမ်းတိုင်း၏ အရည်အသွေး တိုးတက်လာအောင် မည်သို့ ဖြည့်ဆည်း ပေးရမည်၊ အဖွဲ့အစည်းရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရန်အတွက် ဝန်ထမ်းများ၏ မြင့်မားသော စွမ်းဆောင်ရည်ဖြင့် မည်သို့ ကိုင်တွယ် လုပ်ဆောင်ရမည် စသည်တို့ကို ပြီးပြည့်စုံစွာ သိရှိနားလည် ရသောကြောင့် ဖြစ်ပါသည်။ Fundamental of Human Resource Management သင်တန်း၏ အကျိုးကျေးဇူးမှာ လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲမှု သဘောတရားကို ကောင်းမွန်စွာ သိရှိနားလည်နိုင်ခြင်း ဖြစ်ပါသည်။ Career Pass Training Centre မှဖွင့်လှစ်သော Fundamental of Human Resources Management သင်တန်း၌ တက္ကသိုလ်မှ ဝါရင့်ဆရာမကြီး ကိုယ်တိုင် ကြီးကြပ်၍ သင်ခန်းစာတွင် ပြဿနာများ ဖြေရှင်းပုံကို စာတွေ့များအပြင် လက်တွေ့ Case Study များ၊ Group of Structure များ တွဲဖက်ကာ စနစ်တကျ သင်ကြား ပေးလျှက်ရှိပါသည်။ သင်တန်း ကာလမှာ တစ်လဖြစ်ပြီး စိတ်ပါဝင်စားသူများ၊ ကြိုတင် စာရင်းပေးသွင်းနိုင်ရန်နှင့် အသေးစိတ် အချက်အလက်များကို သိရှိလိုပါက “Career Pass Job Training Centre” အမှတ် (၂၉ဝ-အေ)၊ ပထမထပ်၊ ပြည်လမ်း (ဒဂုံစင်တာနှင့် မဟာမြိုင် ဆေးခန်းကြား)၊ မြေနီကုန်း၊ စမ်းချောင်း။ ဖုန်း ဝ၉၈ဝ ၂၂၁၈၄၊ ဝ၁ ၇ဝ၁၃၃၁ သို့ ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ပါသည်။



 

(26-11-2011)
Source: Ko Lin (Myanmar Training)


 မြန်မာနိုင်ငံမှ မည်သည့်အင်ဂျင်နီယာဘွဲ့ရမဆို တက်ရောက်နိုင်မည့် Post-Graduate .
                                Diploma in Engineering Management (Auston Institute of Management, Singapore) 
.  . . . .  . ..  . . .  . . . .   .  .  .  .    . ... . ..   . . .  .  . . . .  .  . . .  .      .    . .      . .  .  . . . .    . . . . .              

နိုင်ငံတကာပညာရေးကို စိတ်ဝင်စားသူ ကျောင်းသား ကျောင်းသူများအတွက် Auston Institute of Management, Singapore မှ ချီးမြှင့်မည့် Post-Graduate Diploma in Engineering Management ကို မြန်မာနိုင်ငံမှ မည်သည့်အင်ဂျင်နီယာ ဘွဲ့ရမဆို တက်ရောက်နိုင်ပြီဖြစ်ကြောင်း Crown Education မှ သိရသည်။ ယင်း အင်ဂျင်နီယာသင်တန်းကို ၂၀၁၂ ခုနှစ် မတ်လ၊ ဇူလိုင်လ၊ သြဂုတ်လ တို့တွင်ဖွင့်လှစ်မည်ဖြစ်ပြီး အချိန်ပြည့် (၇) လ တက်ရောက်ရမည်ဖြစ်သည်။ သင်တန်းကြေးမှာ စင်္ကာပူဒေါ်လာ ၉၆၀၀ သာ ကုန်ကျသောကြောင့် မြန်မာကျောင်းသားများအနေဖြင့် Budget သက်သက်သာသာဖြင့် သင်ယူနိုင်မည်ဖြစ်သည်။ အဆိုပါ ဘာသာရပ်တွင် ကျောင်းသား/သူများကို ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ engineering အဖွဲ့အစည်းများရှိ စီမံခန့်ခွဲမှုဆိုင်ရာ အခန်းကဏ္ဏများအတွက် ထိရောက်စွာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုအား စီမံခန့်ခွဲနိုင်ရန် နည်းဗျူဟာများ၊ ဘဏ္ဏာရေးအခြေအနေများ စီစစ်သုံးသပ်ခြင်းများနှင့် စွနှ်ုဦးတီထွင်ခြင်းများ အပြင် စီးပွားရေးလုပ်ငန်းပိုင်းများတွင် မှန်ကန်စွာ စဉ်းစားဆုံးဖြတ်နိုင်သည့် အရည်အချင်းပြည့်ဝသော အင်ဂျင်နီယာကောင်းများ ဖြစ်လာအောင် ပို့ချသွားမည်ဖြစ်သည်။

Program Module အနေနဲ့ကတော့ Marketing Management, Human Resource Management, Project Management and Financial Analysis for Managers တို့ကို core modules အနေနှင့် သင်ယူရမည်ဖြစ်ပြီး Manufacturing Strategy, Lean Operations, Quality and Environmentional Management Systems, Entrepreurship and Innovation တို့ကို Specialized modules အနေနှင့် သင်ယူရမည်ဖြစ်သည်။ Post-Graduate Diploma in Engineering Management ကို တက်ရောက်လိုသော မြန်မာကျောင်းသားများအနေနှင့်လည်း အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုရရှိထားပြီး (သို့မဟုတ်) အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဒီပလိုမာ တစ်ခုရှိထားပါက တက်ရောက်နိုင်ကြောင်း သိရသည်။ ဖော်ပြပါ ၀င်ခွင့်လိုအပ်ချက်များ မရှိသော်လည်း လုံလောက်ပြည့်စုံသော အလုပ်အတွေ့အကြုံရှိထားသူများအား တက်ရောက်ခွင့်ပေးရန် လက်ခံစဉ်းစားသွားမည်ဖြစ်သည်။ Post-Graduate Diploma in Engineering Management ကို တက်ရောက် အောင်မြင်ပြီးပါက Master of Business Administration in Engineering Management ကို ဆက်လက်လေ့လာနိုင်ပါသည်။ အလုပ်လျှောက်ထားလိုသူများနှင့် အသေးစိတ်အချက်အလက်များကို သိရှိလိုသူများသည် CROWN Education Office, Room No 228-229, Summit Parkview Hotel, Phone-211888 (Ex 228,229) နှင့် 095085185 တို့တွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။


 


 

(26-11-2011)
Source: Ko Lin (Myanmar Training)

 

 

.

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe Lists
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats