|
ကွန်ပျူတာ Programming ကိုလေ့လာလိုသူများနှင့်
စတင်လေ့လာသင်ယူနေသူများအနေဖြင့် Programming Languages များထက် Programming
ဆိုင်ရာအခြေခံသိရှိထားသင့်သည့် (Concept) များနှင့် တွေးခေါ်တည်ဆောက်ပုံ
(Way of Thinking) များကို အဓိကထားလေ့လာသင့်ကြောင်း သိရသည်။ကွန်ပျူတာ Programming စတင်လေ့လာသည့်အခြေခံအဆင့်တွင် Programming Concept
များနှင့် Way of Thinking ကိုနားလည်တတ်ကျွမ်းပါက မည်သည့် Programming
Languages များတွင်မဆို ဆက်လက်လေ့လာရာတွင် ပိုမိုလွယ်ကူစေကြောင်း သိရသည်။
“Programmer တစ်ဦးလုပ်တော့မည်ဆိုရင် Languages တွေထက် အခြေခံသိထားရမယ့်
Concept တွေ၊ တွေးခေါ်စဉ်းစားပုံတွေကို နားလည်တတ်ကျွမ်းထားမယ်ဆိုရင် ဘယ်
Languages မှာမဆို အသုံးချလို့ရပါတယ်။ Programming Languages တွေအနေနဲ့
ရေးသားပုံ Structure တွေ၊ တည်ဆောက်ပုံ Construction တွေနဲ့ Command
တွေကွဲပြားပေးမယ့် အခြေခံ Concept တွေကတော့ အားလုံးအတူတူပဲဖြစ်ပါတယ်။
ဒါကြောင့် စတင်လေ့လာရာမှာ ဒီအခြေခံအချက်တွေကို သိထားတယ်ဆိုရင် JAVA
မှာပဲဖြစ်ဖြစ်၊ .Net မှာပဲ ဖြစ်ဖြစ် အသုံးချလို့ရပါတယ်” ဟု Gusto Co., Ltd
မှမန်နေဂျင်း ဒါရိုက်တာ ဦးဝင်းထိန်ဝင်းက ပြောသည်။
အခြေခံ Concept များကို နားလည်တတ်ကျွမ်းခြင်းမရှိဘဲ Languages များကိုသာ
အဓိကထား စတင်လေ့လာသူများ အနေဖြင့် မိမိပိုင်နိုင် ကျွမ်းကျင်သည့် Languages
အပေါ်တွင်သာ တတ်ကျွမ်းပြီး အခြား Languages များကိုလေ့လာရာတွင် အခက်အခဲများ
ရှိမည်ဖြစ်ကြောင်း သိရသည်။
“ Programming အခြေခံ စတင်လေ့လာစဉ်ကတည်းက မိမိရေးသားမယ့်အကြောင်းအရာ
(Project) ကို Step by Step စဉ်းစားတတ်ဖို့က အရေးကြီးပါတယ်။ ဆိုလိုတာက
Programming ရဲ့Languages ထက် အနှစ်သာရပိုင်းကို ရထားမယ်ဆိုရင် ဘယ်
Languages မှာမဆို လေ့လာရေးသားနိုင်မှာ ဖြစ်ပါတယ် ” ဟု ၎င်းက ဆက်ပြောသည်။
21.10.2008
Source: Internet Journal |