Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' မှ ပေးသော Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


News » Local News

မြန်မာတို့အတွက် ရဲရဲပြောအင်္ဂလိပ်စာသင်တန်း Asia Master တွင်ဖွင့်မည်.

ဝင်ငွေကောင်းသော အလုပ်တစ်ခုမြန်မြန်ရရန်၊ နိုင်ငံတကာပညာရပ်များ ဆည်းပူးနိုင်ရန်၊ ပြည်ပ ဆက်သွယ်ရေးရရန် အင်္ဂလိပ်စကားပြော သင်တန်းသား များကို မကြာမှီ ခေါ်ယူသွားမည်ဖြစ်ကြောင်း Asia Masters ဟိုတယ်သင်တန်းကျောင်းမှသိရသည်။ သင်တန်းကာလမှာ ၂ လခန့်ကြာမြင့်မည်ဖြစ်သည်။ အသက် အရွယ်မရွေး၊ ပညာအရည်အချင်း မလိုအပ်ပဲ တက်ရောက်နိုင်ပြီး ဘာသာစကားတခုကို နက်နက်ရှိုင်းရှိုင်း ပြောဆိုရန် စိတ်ဝင်စားသူများ၊ များများနားထောင်ပြီး မြန်မြန် ပြောတတ်စေရန်၊ အလွတ်ကျက်ရန်မလိုဘဲ လွယ်လွယ်နှင့် အလိုအလျှောက် ပြောဆိုလာနိုင်ရန် ရည်ရွယ်ကြောင်းသိရသည်။

သင်တန်းကြေးမှာ ငါးသောင်းကျပ်ဖြစ်ပြီး သင်တန်းလာရောက်တက်ပါက MP 4 Player တလုံး မေတ္တာလက်ဆောင်ပေးအပ်မည်ဖြစ်သည်။ MP 4 ရှိထားပြီးပါက အထူး Discounts များပေးအပ်သွားမည် ဖြစ်သည်။ အဆိုပါသင်တန်းကို Feb ဒုတိယထပ်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အမှတ် ၂၇၇၊ ဗိုလ်ချုပ်လမ်း၊ Asia Plaza (မြေညီထပ်)၊ ရန်ကုန်မြို့၊ ဖုန်း - 379311 ၊ 391379 Ex- 715 သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

(16-2-2010)
Source: Ko Lin (Myanmar Training)


ဂျပန်ဘာသာ JLPT စာမေးပွဲပုံစံသစ်အတွက် သင်တန်းများဖွင့်မည်.

ဂျပန်ဘာသာ JLPT စာမေးပွဲကို ပုံစံသစ်ဝင်ရောက်ဖြေဆိုရန် အတွက်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ နှစ်စဉ်ဒီဇင်ဘာလ ပထမပတ်တွင် ကျင်းပလေ့ရှိသည့် ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲအား 2010 ခုနှစ်မှစတင်ပြီးပုံစံသစ်ဖြင့် ပြောင်းလဲ၍ စစ်ဆေးမည်ဖြစ်ရာ ယခင်က Level 4, 3, 2, 1 အဆင့်လေးဆင့် ဖြင့်ဖြေဆိုရသည်။ ယခုနှစ်မှ စတင်ပြီး N1, N2, N3, N4, N5 စသည့်အဆင့်ငါးဆင့်ဖြင့်ဖြေဆိုရမည်ဖြစ်ပြီး ဘာသာ ၂ ခုပြောင်းလဲ လိုက်ကြောင်း၊ ပြောင်းလဲလိုက်သည့် Level တိုင်းနှင့် ဘာသာရပ်တိုင်းအတွက် MDGEJAPANESESCHOOL မှ ကိုက်ညီသင့်တော်သော သင်ရိုးညွှန်းတန်း၊ သင်ထောက်ကူ ပစ္စည်း၊ စာမေးပွဲမေးခွန်းပုံစံသစ်များကို ဂျပန်နိုင်ငံပညာရေးအဖွဲ့အစည်းများမှ ကြိုတင်မှာယူ ပြင်ဆင်ထားရှိပြီဖြစ်ရာ၊ 2010-JLPT ဂျပန်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ အတွက်တန်းခွဲသစ်များကို ဖေဖေါ်ဝါရီလမှ စတင်၍ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။ အသေးစိတ် အချက် အလက်ကို MDGEJAPANESESCHOOL ဖုန်း - 09-73002516 ဆက်သွယ်မေးမြန်းစုံစမ်း နိုင်ကြောင်းသိရသည်။

(16-2-2010)
Source: Internet Journal


Essential Soft Skills သင်တန်းဖွင့်လှစ်မည်.

နိုင်ငံတကာ IT လုပ်ငန်းခွင်၌ အောင်မြင်စွာ ဝင်ရောက်လုပ်ကိုင်လိုသူများအတွက် Essential Soft Skills သင်တန်းကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့နှင့် မတ်လ ၆၊ ၇၊ ၁၃ ရက်နေ့များတွင် တန်းခွဲတစ်ခုအနေဖြင့် မနက ၉းဝဝ နာရီမှ ညနေ ၅းဝဝ နာရီထိဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းရက်များတွင် နေ့လည်စာနှင့် Tea Time များကို စီစဉ်ပေးမည်ဖြစ်သည်။ ၎င်းသင်တန်းတွင် Project Manager, Team Leader အစရှိသည့်အဆင့်မြင့် IT ရာထူးများဖြင့် လုပ်ကိုင်လိုသူများအတွက် သိသင့်သိထိုက်သော Project Management Body of Knowledge နှင့် Pressentation Skills အစရှိသည်တို့ကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။

သင်တန်းကာလအတွင်း သင်တန်းသားများ၏ ကိုယ်ပိုင်ယုံကြည်မှုရှိစေရန် လူအများရှေ့၌ ပြောဆို လေ့ကျင့်မှုများ ပါဝင်မည်ဖြစ်ပြီး ကျောင်းသားများ အနေဖြင့် Project Management Skills, Pressentation Skills များတိုးတက်လာမည်ဖြစ်သည်။ အသေးစိတ်ထပ်မံ သိရှိလိုပါက Gusto ကွန်ပျူတာ နည်းပညာ သင်တန်းကျောင်း ဖုန်း - 222052 ၊ 224496 သို့ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်းသိရသည်။

(16-2-2010)
Source: Internet Journal


Leadershop & Management ဖေဖေါ်ဝါရီ တန်းခွဲသစ်များဖွင့်မည်.

NGO နယ်ပယ်သို့ ဝင်ရောက်ရန် ရည်ရွယ်ထားသူများနှင့် အုပ်ချုပ်ရေးပိုင်းသို့ တက်လှမ်းရန် ရည်ရွယ်ထားသူများ အတွက် Leadership & Management သင်တန်းတန်းခွဲသစ်များကို ဖေဖေါ်ဝါရီလ အတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း OESC မှ သိရသည်။ အဆိုပါသင်တန်းတွင် နိုင်ငံတကာအဖွဲ့အစည်းများတွင် အလုပ်လျှောက်ထားလိုသူများ၊ NGOs နယ်ပယ်သို့ ဝင်ရောက်လိုသူများအတွက် Essential Skills for Working in NGOs Field Module နှင့် Communication Management Module တို့ကို ဖွင့်လှစ်သင်ကြာပေးမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ဖုန်း - 519092 နှင့် 09-5086819 သို့ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။

(16-2-2010)
Source: Internet Journal


MIEDC စီးပွားရေးစွမ်းဆောင်မှု ပညာသင်တန်းဖွင့်.

ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) ရှိ မြန်မာ-အိန္ဒိယစီးပွားရေး စွမ်းဆောင်မှု ပညာ ဖွံ့ဖြိုးရေး ဌာန (MIEDC) တွင်စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်လိုသူများနှင့် လက်ရှိလုပ်ကိုင်နေသူများအတွက် စီးပွားရေး စွမ်းဆောင်မှုပညာ သင်တန်းများကို ဖေဖေါ်ဝါရီလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း MIEDC မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ စီးပွားရေးစွမ်းဆောင်မှု ပညာသင်တန်းများဖြစ်သည့် သင်တန်းကြေး 30,000 ကျပ်သတ်မှတ် ထားသော Performance Improvement Programme for Marketing သင်တန်းကို ဖေဖေါ်ဝါရီလ 17 ရက်မှ 21 ရက်အထိလည်းကောင်း၊ သင်တန်းကြေး 35,000 ကျပ်သတ်မှတ်ထားသော New Enterprise Creation Programme အချိန်ပြည့်သင်တန်းကို ဖေဖေါ်ဝါရီလ 22 ရက်မှ 26 ရက်အထိလည်းကောင်း၊ သင်တန်းကြေး 30,000 ကျပ်သတ်မှတ်ထားသော Performance Improvement Programme for Human Resources Management (ညနေပိုင်း) သင်တန်းကို မတ် 3 ရက်မှ 7 ရက်အထိ လည်းကောင်းဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ယင်းသင်တန်းတွင် ဝါရင့်ဆရာများနှင့် အိန္ဒိယနိုင်ငံမှ ပါမောက္ခ Vinod Paratkar တို့ပူးပေါင်း သင်ကြားမည် ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ယင်းသင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 01-660659 ၊ 09-5156475 ၊ 09-5404052 သို့ဆက်သွယ်မေးမြန်းနိုင်သည်ဟုလည်း ၎င်းထံမှ သိရှိရသည်။

(16-2-2010)
Source: Voice Journal


အပြည်ပြည်ဆိုင်ရာကျောင်းများတွင် ဆရာအဖြစ်လုပ်ကိုင်လိုသူများအတွက် သင်တန်းဖွင့်မည်.

နိုင်ငံတကာရှိ အပြည်ပြည်ဆိုင်ရာ ကျောင်းနှင့် ဗြိတိသျှကောင်စီ ကဲ့သို့သော အဖွဲ့အစည်းများမှ ကျောင်းများတွင် ဆရာအဖြစ် အလုပ်လုပ်ကိုင် လိုသူများ အတွက် ဗြိတိန်နိုင်ငံ LTTC (London Teacher Training College) အသိအမှတ်ပြု TESOL ဒီပလိုမာသင်တန်းကို ပြည်တွင်းပညာရေးဝန်ဆောင်မှုလုပ်ငန်း ဖြစ်သည့် Shine Universal တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါ ပညာရေးဝန်ဆောင်မှု တာဝန်ရှိသူ ဒေါ်အေးမြဝင်းက ပြောကြားသည်။ TESOL (Teaching English to Speaker of Other Languages) ဒီပလိုမာသင်တန်းတွင် သင်ရိုးဆွဲနည်း၊ အချိန်ဇယားဆွဲနည်း၊ ကျောင်းသားများ၏ စိတ်ကိုလေ့လာပြီး ကျောင်းသားနှင့်ကိုက်ညီသော သင်ရိုးရေးဆွဲနည်းတို့ကို သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ရန်အတွက် ဝင်ခွင့်စာမေးပွဲနှင့် အင်တာဗျူး ဖြေဆိုရမည် ဖြစ်ပြီး အင်္ဂလိပ်စာ IELTS 6.5 နှင့်ညီသော အရည်အချင်းရှိရမည်ဖြစ်ကြောင်း၊ သင်တန်းကို မတ်လတွင်စတင်မည်ဖြစ်ပြီး စာမေးပွဲကြေးဒေါ်လာ 300 ဖြစ်ကာ သင်တန်းကြေးမျာ ကျပ်ခြောက်သိန်းဖြစ်ကြောင်း၊ ပညာသင်ကြေး 20% မှ 50% အထိလျှော့ချပေးမည့် အစီအစဉ်လည်း ရှိကြောင်း၊ သင်တန်းကာလ အတွင်း တောင်ကြီး၊ မြစ်ကြီးနားရှိ ကျောင်းခွဲများသို့ လက်တွေ့ ကွင်းဆင်းသင်ကြား ပေးရမည်ဖြစ်ကြောင်း၊ စိတ်ဝင်စားသူများအနေဖြင့် Shine Universal Co.,Ltd. တယ်လီဖုန်း - 393041 ၊ 09-5036378 ထံသို့ဆက်သွယ်နိုင်ကြောင်း ၎င်းကပြောကြားသည်။

(16-2-2010)
Source: Voice Journal


မြန်မာပြည်ဈေးကွက်ရှိ စင်ကာပူပုဂ္ဂလိကကျောင်းများ Edu Trust ဥပဒေသစ်စတင်နေပြီး လက်ရှိ Case Trust ရှိထားသည့် ကျောင်းအချို့ရပ်ဆိုင်းခဲ့.

မြန်မာကျောင်းသားများတက်ရောက်မှုများပြီး မြန်မာပြည်ဈေးကွက်တွင် နာမည်ရှိထားပြီးသော စင်ကာပူ ပုဂ္ဂလိကကျောင်းများ Edu Trust ဥပဒေသစ် စတင်နေပြီး လက်ရှိ Case Trust ရှိနှင့်ထားပြီးသော ကျောင်းအချို့လည်းရပ်ဆိုင်းခဲ့သည့် ဖြစ်ရပ်များ ရှိခဲ့သည်ဟု ပညာရေး အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။“အခု စင်ကာပူပညာရေးကို အဆင့်မြှင့်တင်တဲ့ အနေနဲ့ Edu Trust ဥပဒေသစ်ကို စတင်နေပြီ။ နိုင်ငံတကာက ကျောင်းသားတွေ အတွက် မှန်ကန်ပြီး စနစ်ကျတဲ့ ကျောင်းမှသာ Edu Trust လက်မှတ်ရမှာဖြစ်သလို အရည်အသွေးမပြည့်တဲ့ကျောင်းတွေဆို ထုတ်ပေးတော့မှာ မဟုတ်ပါဘူး။ လက်ရှိ ကျင့်သုံးနေဆဲဖြစ်တဲ့ Case Trust ကျောင်းအချို့ရဲ့ စာချုပ်သက်တမ်းပြည့်ရင် အရည်အသွေးပြည့်တဲ့ ကျောင်းတွေကိုပဲ Edu Trust ကို ပြောင်းလဲပေးသွားမှာပါ” စင်ကာပူနိုင်ငံသို့ ပညာသင် သွားရောက်ခဲ့ဖူးသူတစ်ဦးက ပြောပြခဲ့ပါသည်။

ယခင်က Case Trust လက်မှတ်အား ပုဂ္ဂလိကကျောင်းများ၏ အမှတ်တံဆိပ်အဖြစ် တွေ့မြင်နိုင်ကြပြီး ကျောင်းများမှ တစ်စုံတစ်ရာ ပြဿနာ ကြုံတွေ့ ခဲ့ပါက ယင်းလက်မှတ်ရှိထားသည့် ကျောင်းများသို့ အပ်နှံထားသည့် ကျောင်းအပ်ငွေများပြန်လည်ထုတ်ပေးခဲ့ခြင်းကို ဆိုလိုသည်။ ယခုကျောင်းများတွင် ပေးအပ် သွာမည့် Edu Trust သည်ပွိုင့်စနစ်ဖြင့်ပေးအပ်သွားမည်ဖြစ်ရာ မြန်မာကျောင်းသားများအနေဖြင့် ယင်းလက်မှတ်အား ကျောင်းများ၌ ဂရုပြု ကြည့်ရှု သွားသင့် ကြောင်းလည်း သိရှိရပါသည်။

Edu Trust စနစ်တွင် ကျောင်းများ၏ စီမံခန့်ခွဲနိုင်မှု၊ ကျောင်းသားများအပေါ် အလုံးစုံအာမခံကာကွယ်ပေးနိုင်မှု၊ ကျောင်းများ၏ သင်ရိုးများမှာ အစဉ်သဖြင့် update ဖြစ်မှု၊ ပညာရေးဆိုင်ရာအရည်အသွေးကောင်းများ ပေးနိုင်မှုအပြင် ယင်းကျောင်းများနှင့် ချိတ်ဆက်ထားသော မြန်မာပြည်ရှိအေးဂျင့်များတွင်လည်း မည်မျှထိယုံကြည်စိတ်ချစေနိုင်မှုကို CPE မှ ပွိုင့်စနစ်များဖြင့် အကဲဖြတ်သွားမည်ဖြစ်သည်။ “စင်ကာပူမှာ ဒီစနစ်ကျင့်သုံးတာ ပညာသက်သက်လိုချင်လို့ သွားမယ့် ကျောင်းသားတွေ အတွက်ကောင်းမယ်။ စင်ကာပူ ပုဂ္ဂလိကပညာရေး စနစ်ကတော့ အစိုးရကျောင်းတွေလိုပဲ အရမ်းကို Safe ဖြစ်သွားပြီ၊ ဒါပေမယ့် ဘယ်ကျောင်းကိုပဲ ရွေးချယ်ဖို့ သွားသွားကိုယ်ဦးတည်တဲ့ target ကိုသိနေဖို့ပဲ” ဟု စင်ကာပူပညာရေး ကျွမ်းကျင်သူ ဦးအောင်ကျော်ဆန်းက ပြောပြခဲ့ပါသည်။

(16-2-2010)
Source: Weekly Eleven

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats