Australian Foundation Course ကိုပြည်တွင်း၌တက်ရောက်နိုင်.
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတိုင်း
သြစတြေးလျနိုင်ငံတက္ကသိုလ်များ၏တရားဝင်အသိအမှတ်ပြု Australian
Foundation Course ကိုမြန်မာနိုင်ငံရှိ Yangon Institute For
University Studies (YIUS) တွင် တက်ရောက်နိုင်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းသည် သြစတြေးလျနိုင်ငံ၏ ၁၂ တန်း (သို့) GCE ‘A’ Level
နှင့် ညီမျှသောသင်တန်း ဖြစ်သည့်အပြင်သြစတြေးလျနိုင်ငံ
အသိအမှတ်ပြုတက္ကသိုလ်ဝင်ခွင့် သင်တန်းဖြစ်ပြီး Bachelor ပထမနှစ် (သို့)
Diploma သင်တန်းများသို့ တိုက်ရိုက် တက်ရောက်နိုင်သောသင်တန်းဖြစ်သည်။
သင်တန်းတွင် Commerce, Engineering, IT နှင့်ပတ်သက်သော ဘာသာရပ်များကို
သင်ကြားရမည် ဖြစ်ပြီး သင်တန်းကာလမှာ ၈ လကြာမြင့်မည်ဖြစ်သည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများသည် English Placement Test
ကိုဖြေဆိုရမည်ဖြစ်ပြီး လိုအပ်ပါက YIUS မှ Pre-University English
Course ကိုတက်ရောက်အောင်မြင်ပြီးမှတက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
သင်တန်းစရိတ်မှာ Ks.48 Lakhs ဖြစ်ပြီး Intake
ကာလများမှာဖေဖော်ဝါရီ၊ဇွန်နှင့် အောက်တိုဘာလ များတွင်ဖြစ်သည်။
ပညာသင်ကြားမည့်ကျောင်းသား ကျောင်းသူများကို ပညာရေးဘက်တွင် သာမက
စိတ်ပိုင်း ဆိုင်ရာနှင့် လူမှုပေါင်းသင်းဆက်ဆံရေးဘက်တွင်ပါ
တိုးတက်မှုရှိရန်
ဝေဖန်ပိုင်းခြားနိုင်မှုစွမ်းရည်ပိုမိုတိုးတက်၍လက်တွေ့အသုံးချနိုင်ရန်လေ့ကျင့်သင်ကြားပေးပြီးသင်ကြားမှုစနစ်
(Interactive Course Management System) ကိုအသုံးပြု၍
သင်ကြားပေးမည်ဖြစ်သည်။ ကျောင်းသူကျောင်းသားများအနေဖြင့် သင်တန်းချိန်
အနည်းဆုံး ၈ဝ% တက်ရောက်ရန်လိုအပ်မည်ဖြစ်သည်။ အသေးစိတ်အချက်အလက်များကို
YIUS ဖုန်း - ၆၅၂၃၁၀၊ ၆၅၂၂၉၇ သို့ဆက်သွယ်မေးမြန်းစုံစမ်း
နိုင်ကြောင်းသိရသည်။
(23-2-2010)
Source: Internet Journal
Science in Engineering သင်တန်းဖွင့်လှစ်မည်.
Myanmar Computer Company Limited (MCC) နှင့် Asian Institute of
Technology (AIT) တို့ ပူးပေါင်း၍ Bachelor of Science in Engineering
(Telocommunications) သင်တန်းကို ဖွင့်လှစ်မည်ဖြစ် ကြောင်းသိရသည်။
၎င်းသင်တန်းတွင် တက်ရောက်လိုသောကျောင်းသား၊ ကျောင်းသူများသည်
အနိမ့်ဆုံး ပညာအရည် အချင်း တက္ကသိုလ်ဝင်တန်းကို Mathematics, Physics
ဘာသာအမှတ် ၆ဝ ကျော်ရရှိမည်ဖြစ်သည်။ တက္ကသိုလ်တက်ရောက်နေသူများနှင့်
ဘွဲ့ရပြီး သူများအားလုံးတက်ရောက်နိုင်ပြီး မည်သည့် ပညာအရည်အချင်း
တွင်မဆို MCC နှင့် AIT မှစစ်ဆေးသည့် Test ဖြေဆိုအောင်မြင်ရမည်ဖြစ်သည်။
Test ကိုဇွန်၊ ဇူလိုင်လတွင်ပြု လုပ်မည်ဖြစ်ပြီး နယ်မှဖြေဆိုသူများ
အဆင်ပြေနိုင်ရန် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်မြို့ကြီးများတွင်
တစ်ချိန် တည်း ကျင်းပပေးမည် ဖြစ်ကြောင်း သိရသည်။
သင်တန်းကာလမှာ စုစုပေါင်း ၄ နှစ် ဖြစ်ပြီး ပထမ ၂ နှစ်ကို ပြင်ဦးလွင်
ရတနာပုံဆိုက်ဘာစီးတီးတွင် တက်ရောက်၍ ဒုတိယ ၂နှစ်ကို AIT (Thailand)
တွင်တက်ရောက်ရမည်ဖြစ်သည်။ ကုန်ကျစရိတ်မှာ ပထမ ၂ နှစ်တွင် US $ 2000
ကျော်ဖြစ်ပြီး ဒုတိယ ၂နှစ်အတွက် US $ 6000 ကျော်ဖြစ်သည်။ Scholarship
မရှိသေး သော်လည်း မြန်မာကျောင်းသား ကျောင်းသူများ Scholarship
ရယူနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သင်တန်းတက်ရောက်လိုသူများ အနေဖြင့် အသေးစိတ်အချက်အလက်များကို MCC
သို့ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ကြောင်းသိရသည်။
(23-2-2010)
Source: Internet Journal
စင်ကာပူအစိုးရ မူလတန်းနှင့်အထက်တန်းကျောင်းဝင်ခွင့်သင်တန်းဖွင့်မည်.
စင်ကာပူအစိုးရ၏မူလတန်းနှင့်
အထက်တန်းကျောင်းများသည်နိုင်ငံတကာကျောင်းသားများအတွက်
အစိုးရကျောင်းဝင်ခွင့်စာမေးပွဲ AEIS (Admission Exercise for
International Students) စာမေးပွဲများကို နှစ်စဉ်စက်တင်ဘာလနှင့်
နိုဝင်ဘာလများ၌ ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယင်းစာမေးပွဲများသို့
ဝင်ရောက် ဖြေဆို လိုသူများအတွက်
စင်ကာူအစိုးရကျောင်းဝင်ခွင့်သင်တန်းများကို Tip Top Education Service
မှဖွင့်လှစ်ပို့ချ ရန်စီစဉ်ထားကြောင်းသိရသည်။ စင်ကာပူ အစိုးရ၏
အဆိုပါစာမေးပွဲကို ကလေးအသက် ၉နှစ်ကျော်(သို့) Primary 2 မှစ၍ Secondary
(1,2,3)အထိ ကျောင်းသားများဝင်ရောက်ဖြေဆိုရမည်ဖြစ်ကြောင်း၊ အသက် ၃နှစ်မှ
၉နှစ် အတွင်းကလေးများ အနေဖြင့် AEIS နှင့် QT (Qualifying Test)
များဝင်ရောက်ဖြေဆိုရန်မလိုဘဲမိမိအသက် အရွယ်နှင့်ညီသည့် Pre-Nursery,
Nursey (1,2), Kinderganda(1,2) နှင့် Primary(1) များသို့
တိုက်ရိုက်တက်ရောက်နိုင် ကြောင်းနှင့်နှစ်စဉ်ဇူလိုင် လလယ်မှစ၍
အစိုးရကျောင်းဝင်ခွင့်ဖြေဆိုမှု လျှောက်လွှာများလက်ခံတာကြောင့်
ကျောင်းဝင်ခွင့်ဖြေဆိုလိုသောကျောင်းသူကျောင်းသားများအနေဖြင့်ယခုနှစ်
မတ်လမှစ၍ Tip Top Education Service တွင် AEIS နှင့် QT
စာမေးပွဲဝင်ခွင့် ပြင်ဆင်မှုသင်တန်းများသို့
တက်ရောက်သင်ယူနိုင်ကြောင်းသိရှိရသည်။
စာမေးပွဲဝင်ခွင့်သင်တန်းများတက်ရောက်ပြီး
စင်ကာပူနိုင်ငံတွင်အဆင်ပြေစွာသွားရောက်ဖြေဆိုနိုင်ရန်အတွက်
ကလေးနှင့်တကွ မိဘများကိုပါ ပြည်ဝင်ခွင့်
ဗီဇာများလျှောက်ထားပေးမည်ဖြစ်ကြောင်း၊ မိဘများမလိုက်ပါနိုင်သော
ကျောင်းသားများကိုစင်ကာပူရှိ Tip Top Education Service ရုံးခွဲမှ
ဘော်ဒါဆောင်များ
ထားရှိ ပေးမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းများနှင့်ပတ်သက်၍
အသေးစိတ်သိရှိလိုပါက ရန်ကုန် ဖုန်း - 514884၊ 514591၊ မန္တလေး 02-
91001818၊ 02-64378၊ လားရှိုး 082- 22202၊ 082- 25124 သို့ဆက်သွယ်
စုံစမ်းအပ်နှံနိုင်ကြောင်း ထပ်မံသိရှိရသည်။
(19-2-2010)
Source: Net Guide Journal
WCC မှလေယာဉ်မယ် သင်တန်းအတွက် ကျောင်းဝင်ခွင့်ခေါ်ယူ.
အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများ၊ ပြည်တွင်းလေကြောင်းလိုင်းများမှ
အသိအမှတ်ပြုထားပြီး ကိုယ်ပိုင်လေကြောင်းလိုင်းများပိုင်ဆိုင်ထားသည့်
ဖိလစ်ပိုင်နိုင်ငံအခြေစိုက် WCC ကုမ္ပဏီ၏ Flight Attendent School
မှမတ်လ ၁၅ ရက်နေ့တွင်ဖွင့်လှစ်ပို့ချမည့် လေယာဉ်မယ်သင်တန်းအတွက်
ကျောင်းဝင်ခွင့် ခေါ်ယူ ထားကြောင်း JENKO Education Centre မှသိရှိရသည်။
သင်တန်းကာလ ၂ လကြာမြင့်မည့်အဆိုပါ သင်တန်းအတွက် သင်တန်းကြေးမှာ
စာရွက်စာတမ်းနှင့် ယူနီဖောင်းအပါအဝင် USD 3000 ကုန်ကျမည်ဖြစ်ကြောင်း
သင်တန်းတက်ရောက်လိုသူများအနေဖြင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အရပ် ၅
ပေ ၃ လက်မရှိ ရန်လိုအပ်ပြီး အင်္ဂလိပ်စာကျွမ်းကျင်မှုအနေဖြင့် IELTS 5.0
ရှိရန်လိုအပ်ကြောင်းနှင့် သင်ကြားမည့် ဘာသာရပ်များမှာ Personality
Development Customer Service, Aircraft Familiarisatin, Safety
Procedures, in-Flight Service နှင့် 1st Class အတွက် Business Class
နှင့် Economy Class တို့ကို သင်ယူရ မည်ဖြစ်ကြောင်းသိရှိရသည်။
WCC ကုမ္ပဏီမှာ ကိုယ်ပိုင်လေကြောင်းလိုင်းများအပြင်
ပြည်ပလေကြောင်းလိုင်းဖြစ်သော OMAN AIR, KUWAIT AIR, AIR AIRAILANTA
များအပါအဝင်
ပြည်တွင်းလေကြောင်းလိုင်းနှင့်ချိတ်ဆက်ထားသဖြင့် သင်တန်းပြီးဆုံးပါက
အလုပ်အကိုင်အခွင့်အလမ်းများစွာရှိကြောင်း၊ သင်တန်းနှင့်ပတ်သက်၍
သိရှိလိုပါက အမှတ် ၁၈ / ၄(အေ)၊ သပြေညို(၂)၊ ဦးထွန်းလင်းခြံလမ်း၊
လှည်းတန်း၊ ကမာရွတ်မြို့နယ်ရှိ JENKO Education Centre ဖုန်း -
095062891 သို့ဆက်သွယ် စုံစမ်းနိုင်ပါသည်။
(19-2-2010)
Source: Net Guide Journal
ကိုရီးယားပညာသင်ဆုမြန်မာကျောင်းသား ၁ဝ ဦးရွေးချယ်မည်.
၂ဝ၁ဝ ပြည့်နှစ် ကိုရီးယားတက္ကသိုလ်ပညာသင်နှစ်အတွက် Korea International
Cooperation Agency (KOICA) ကမြန်မာကျောင်းသား ၁ဝ ဦးကို ပညာသင်ဆုများ
ပေးအပ်စေလွှတ်သွားမည်ဖြစ်ကြောင်း အစီအစဉ်ဒါရိုက်တာ အမ်တူးအောင်ကပြောသည်။
ဖေဖော်ဝါရီလ ကျောင်းဖွင့်ချိန်အတွက် သက်ဆိုင်ရာ အစိုးရ
ဝန်ကြီးဌာနအသီးသီးမှ သုံးဦးရရှိခဲ့ပြီး လာမည့် ဇွန်လနှင့်
ဇူလိုင်လကျောင်းဖွင့်ချိန်များအတွက် ခြောက်ဦး ရွေးချယ်သွားရန်
ကျန်ရှိနေသေးကြောင်း သိရ သည်။ “ကျွန်တောတို့က ပညာသင်ဆုတွေအတွက်
လူကိုမရွေး ချယ်ပါဘူး၊ ကိုရီးယားတက္ကသိုလ်တွေကရွေးးချယ်တာပါ။
သူတို့တင်ပြတဲ့ စာရွက်စာတမ်း အထောက်အထား တွေကိုကြည့်ပြီး ရွေးချယ်တာပါ။
အခု ၂ဝ၁ဝ ပြည့်နှစ်မှာ တက္ကသိုလ်ခြောက်ခုအတွက် ကျန်ပါသေးတယ်” ဟု
အမ်တူးအောင်ကပြောသည်။
(19-2-2010)
Source: Myanmar Times Journal
POLY (5) ကျောင်းနှင့် ITE ကျောင်းများ April 2010 မှ စ၍
ကျောင်းလခများတက်ခြင်းနှင့် UK Visa လျောက်ထားခြင်းစနစ်သစ်
(Confirmation of Acceptance for Studies) သိမှတ်ဖွယ်ရာများ.
April 2010 မှစ၍ မြန်မာကျောင်းသူကျောင်းသားအများစုစိတ်ဝင်စားသော၊၊
စင်္ကာပူပိုလီ (၅) ကျောင်းနှင့် ITE တို့ မှ ၄င်းတို့ ၏ ကျောင်း
လခများအသီးသီးတက်မည်ဖြစ်ရာ၊
(၁) အသစ်နှုန်းထားများ၊
(၂) ဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်များ၊
(၃) စင်္ကာပူအစိုးရကျောင်းများနှင့်ပတ်သက်၍
အနာဂတ်ဝင်ခွင့်အလားအလာများကိုမြန်မာနိုင်ငံမှ
ကျောင်းသူကျောင်းသားများသိရှိထားရန်လိုအပ်ပြီး၊ UK Education
နှင့်ပတ်သက်၍ ဖေဖေါ်ဝါရီ (၂၂) မှစတင်ပြောင်းလဲမည့် -
(၁) UK Visa လျောက်ထားခြင်းစနစ်သစ် ( Confirmation of Acceptance of
Studies)
(၂) ပြောင်းလဲသတ်မှတ်လိုက်သော UK ကျောင်းများအဆင့်သတ်မှတ်ချက်များ၊
(၃) ဘွဲကြိုသင်တန်းများတွင်တက်ရောက်သူများအတွက် အလုပ်ချိန်ကန်
့သတ်ချက်၊
(၄) မှီခိုသူခေါ်ယူခွင့်နှင့်ပတ်သက်သည့်ကန့် သတ်ချက်များ ကိုမတ်လ (၂)
ရက်နေ့ တွင် နံနက် (၁၀) နာရီမှ (၁၁:၃၀) အထိ CROWN Education Office
တည်ရှိရာ Summit Parkview Hotel, Room No. 228-229
တွင်ရှင်းလင်းဆွေးနွေးမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ Summit
Parkview Hotel, ဖုန်းနံပါတ်၊ ၂၁၁ ၈၈၈ (လိုင်ခွဲ) ၂၂၈ - ၂၂၉၊ ၂၁၆ ၇၅၀
နှင့် ၀၉ ၅၀၈၅ ၁၈၅ သို့ ကြိုတင် ဆက်သွယ်စာရင်း ပေးတက်
ရောက်နိုင်ပါသည်၊၊
(19-2-2010)
Source: Ko Lin (Myanmar Training)