NLEC မှ ကလေးများအတွက် နွေရာသီသင်တန်းဖွင့်လှစ်မည်.
NLEC (Nawarat Language Education Centre) နှင့် International Housing
UK တို့ပူးပေါင်း ဖွင့်လှစ်သည့် ကလေးများအတွက် နွေရာသီ အင်္ဂလိပ်စာ
သင်တန်းနှင့် လေ့လာရေးခရီးစဉ်ကို မကြာမီဖွင့်လှစ်မည်ဖြစ်သည်။
အဆိုပါသင်တန်းကို Junior Residential Summer Course ဟုအမည်ပေးထားပြီး
သင်တန်းတွင် ဗြိတိန်နိုင်ငံသို့ သွားရောက်လည်ပတ်ပြီး
အားကစားလေ့ကျင့်မှုများ၊ Social Programme Activities များ၊ English
အခြေခံကောင်းကောင်းနှင့် အသံထွက်ပီပီသသ ဖြစ်စေရန်
ပို့ချသွားမည်ဖြစ်သည်။ သင်တန်းကာလတွင် ဗဟုသုတရစေရန် စကော့တလန်ရှိ
နာမည်ကြီး Edinburgh ရဲတိုက်၊ Harry Potter ရုပ်ရှင်ရိုက်ကူးရာ Alnwick
Castle တို့ကို သွားရောက်လည်ပတ်နိုင်ရန် စီစဉ်ထားပါသည်။
သင်တန်းကို အသက် ၁၁ နှစ်မှ ၁၇ နှစ်အရွယ်ကလေးများတက်ရောက်နိုင်ပြီး
မိဘများလည်း သားသမီးများနှင့် လိုက်ပါလိုပါက အထူးအစီအစဉ်ဖြင့်
ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
သင်တန်းဖွင့်လှစ်မည့်နေ့ရက်နှင့် အချိန်များမှာ
26th April မှ 22th May 2010 အထိ 4 weeks
11th July မှ 1th August 2010 အထိ 3 weeks
1st Aug မှ 22th August 2010 အထိ 3 weeks
11th July မှ 22th August 2010 အထိ 6 weeks
ကြိုက်ရာနေ့ရက်ကို ရွေးချယ်တက်ရောက်နိုင်ပါသည်။ မတ်လ ၁ ရက်နေ့
မတိုင်မီလာရောက်အပ်နှံပါက ၂ဝ ရာခိုင်နှုန်း၊ မတ်လ ၂၂ ရက်မတိုင်မီလာရောက်
အပ်နှံပါက ၁၅ ရာခိုင်နှုန်းအထူးလျော့ဈေးဖြင့် လက်ခံသွားမည်ဖြစ်သည်။
အသေးစိတ်မေးမြန်းလိုပါက NLEC အမှတ် ၈၂ တတိယထပ်၊ အနော်ရထာလမ်း (၃၉
လမ်းထောင့်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း - 250225 ၊
250150 သို့မေးမြန်းနိုင်ပါသည်။
(26-2-2010)
Source: Ko Lin (Myanmar Training)
စင်္ကာပူ မူလတန်း အထက်တန်းကျောင်း ဝင်ခွင့်သင်တန်းဖွင့်မည်.
စင်္ကာပူအစိုးရ မူလတန်း၊ အထက်တန်းကျောင်းဝင်ခွင့် AEIS (Admission
Exercise For International Students) နိုင်ငံတကာ
အစိုးရကျောင်းဝင်ခွင့်များ စတင်ဖွင့်လှစ်မည် ဖြစ်သည်။ အဆိုပါ
ဝင်ခွင့်စာမေးပွဲများကို အသက် ၉ နှစ်ကျော် (သို့) Primary 2 မှ
Secondary 1, 2, 3 အထိကျောင်းသားများ ဝင်ရောက် ဖြေဆိုနိုင်ပါသည်။ အသက်
၃ နှစ်မှ ၉ နှစ်ကလေးများ AEIS QI (Qualifying Test) ဝင်ဖြေစရာမလိုဘဲ
မိမိအသက်နှင့် ညီသည့်သင်တန်းများကို တိုက်ရိုက် သင်ကြားနိုင်ပါသည်။
နှစ်စဉ်ဇူလိုင်လလယ်မှစ၍
အစိုးရကျောင်းဝင်ခွင့်ဖြေဆိုမှုလျှောက်လွှာများလက်ခံပေးပြီး
၎င်းဝင်ခွင့်ဖြေဆိုလိုသူ ကျောင်းသားများသည် ယခုနှစ်မတ်လ
မှစတင်တက်ရောက်နိုင်ပါသည်။ အသေးစိတ်သိလိုပါက Tip Top Education Centre
01-514884 , 02-64378 , 082-22202 သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
(26-2-2010)
Source: Ko Lin (Myanmar Training)
ပုသိမ်ပညာရေးဆွေးနွေးပွဲသတင်း
CROWN Education (ရန်ကုန်) နှင့် AIBI Institute တို့ ပူးပေါင်း၍
ဧရာဝတီတိုင်းမှ ကျောင်းသူ ကျောင်းသားများအတွက် နိုင်ငံတကာ ပညာရေး
မိတ်ဆက်၊စင်္ကာပူအစိုးကျောင်းဝင်ခွင့်များ၊နိုင်ငံတကာပညာရေး
စနစ်များနှင့်အခွင့်အလမ်းများအကြောင်းပုသိမ်မြို့တွင်
ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သွားမည်၊၊ ဧရာဝတီတိုင်း ပုသိမ်မြို
့နှင့်အနီးတစ်ဝိုက်မှ ကျောင်းသားမိဘများ၊ နိုင်ငံတကာပညာရေး
စိတ်ဝင်စားသူများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများအတွက်၊ CROWN
Education နှင့် AIBI Institute တို့ ပူးပေါင်းဆောင်ရွက်မှု့ ဖြင့်၊
နိင်ငံတကာပညာရေး အထွေထွေ ဗဟုသုတများ၊ စင်္ကာပူအစိုးရ
ကျောင်းဝင်ခွင့်များ၊ နိုင်ငံတကာ ပညာရေး စနစ်အပြောင်းအလဲများ၊
နိုင်ငံတာကျောင်းများ၏၀င်ခွင့် သတ်မှတ် ချက်များ၊
နိုင်ငံခြားပညာသင်သွားလိုသူများ အဓိက သိထားသင့်သည့် အချက်များနှင့်
ကြိုတင်ပြင်ဆင် သင့်သည့် အချက်များ၊ ပြည်တွင်းတွင် တက်ရောက်သင့်သည့်
နိုင်ငံတကာပညာရေး အထောက်အကူပြုဘာသာရပ်များနှင့် သင်တန်းများ၊
နိုင်ငံတကာတွင်ရရှိနိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများအတွက်
သင်ယူသင့်သော ဘာသာရပ်များကို CROWN Education မှ ပညာရေး အတိုင်ပင်ခံ
ဦအောင်ကျော်ဆန်းမှ ရှင်းလင်းတင်ပြ ဆွေးနွေးပေးမည်ဖြစ်ပါသည်၊၊
ထို့အပြင် အင်္ဂလိပ်စာ၊ ကျွမ်းကျင်မှု့နှင့်ပတ်သက်၍ IELTS/TOEFL
ပြင်ဆင်ခြင်းအကြောင်းများ၊ Education Development International မှ
စီစဉ်သည့် အသက်အရွယ်မရွေးသင်ယူနိုင်ပြီး၊ British Council တွင်
စာမေးပွဲဖြေဆိုနိုင်သည့် JETSET အင်္ဂလိပ်စာ အကြောင်းများကိုပါ
ရှင်းလင်းပြောကြားမည် ဖြစ်ပါသည်၊၊“အခုဆို နိုင်ငံတကာပညာရေးနဲ
့ပတ်သက်ပြီးအခွင့်အလမ်းတွေပိုများလာသလို၊ ပြည်တွင်းမှာပဲနိုင်ငံတကာ
တက္ကသိုလ် တွေနဲ့ ပူးပေါင်းပြီး ကျောင်းတွေ ဖွင့်လာနိုင် ပါပြီ၊၊
ပညာရေးဆွေးနွေးပွဲတွေက ရန်ကုန်တို့  မန္တလေးတို့ မှာပဲ လုပ်ကြတာများတော့
နယ်ကခလေးတွေကို၊ နိုင်ငံတကာအတွေ့ အကြုံဗဟုသုတတွေ၊
ပညာရေးနှင့်ပတ်သက်တာတွေဝေငှချင်ပါတယ်၊၊ ရန်ကုန်တို့ မန္တလေးတို
့ကျောင်းသူကျောင်းသားတွေကတော့ အင်တာနက်တွေ၊ ပညာရေးဆွေးနွေးပွဲတွေက
တဆင့်၊ အထိုက်အလျောက်တော့၊ သိနေကြပါပြီ၊၊ နယ်ကခလေးတွေကတော့၊
လက်လှမ်းသိပ်မမှီကြသေးပါဘူး၊၊ ဒါကြောင့် ကျောင်း Promotion
မျိုးမလုပ်ပဲ၊ ကျောင်းသူ ကျောင်းသားတွေ တကယ်အတွေ့ အကြုံ
ဗဟုသုတတွေရနိုင်မဲ့ ဒီလိုပွဲမျိုးကို နယ်ခံပညာရေးစင်တာတွေနဲ့ 
ပူပေါင်းပြီး စီစဉ်ရ ခြင်းဖြစ်ပါတယ်၊၊ ဒီလို ပညာရေးဆိုင်ရာ
အခြေအခံသတင်းအချက်အလက်တွေ ပြည့်ပြည့်စုံစုံ ရမယ်ဆိုရင် ဘယ်လို Agency
တွေဆီကိုပဲ ဖြစ်ဖြစ်၊ ကျောင်းတွေကိုပဲဖြစ်ဖြစ်၊ မေးခွန်းတွေ မေးနိုင်၊
လေ့လာနိုင်အောင်လို့  ပါ၊၊ နောက်ပိုင်း တစ်ခြားနယ်မြို့  တွေမှာလဲ
သက်ဆိုင်ရာ နယ်ခံပညာရေး စင်တာတွေနဲ့  ပူးပေါင်းပြီး စီစဉ်
ဆောင်ရွက်သွားဖို့လည်း ရှိပါတယ်”ဟု CROWN Educationမှပညာရေးအတိုင်ပင်ခံ
ဦးအောင်ကျော်ဆန်း မှ ဤပွဲစီစဉ်ရခြင်းနှင့် ပတ်သက် ပြောကြားသည်၊၊
၎င်းဆွေးနွေးပွဲကို မတ်လ(၆) ရက်နေ့  (၉) နာရီမှ (၁၁) နာရီအထိ၊
ပုသိမ်မြို့ ၊ မြန်မာနိုင်ငံ
ဆရာဝန်များအသင်း(ပုသိမ်)တွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ စိတ်ပါဝင်စား
သူများအနေဖြင့်၊ AIBI Institute မနောသုခဆောင်၊ ပုသိမ်တက္ကသိုလ်နယ်မြေ၊
နှင့် အမှတ် (၃၈) နာရီစင်၊ အားကာဆိုင်ခန်း၊ ပုသိမ်မြို ၊ ဖုန်းနံပါတ်
၀၉ ၅၀၅ ၇၃၉၃ တွင်ဆက်သွယ်စုံးစမ်း
စာရင်းပေးသွင်း နိုင်ကြောင်းသိရပါသည်၊၊
(26-2-2010)
Source: Ko Lin (Myanmar Training)