Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' မှ ပေးသော Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:

News » Local News

 2010 ပြည့်နှစ် April Intake မှစတင်၍ ITE ၏ ကျောင်းလခများ ပြောင်းလဲသတ်မှတ်

2010 ပြည့်နှစ် ဖေဖော်ဝါရီ ၁၈ ရက် ကြာသာပတေးနေ့တွင် စင်္ကာပူနီုင်ငံရှိ MOE (Ministry of Education) နှင့် ITE (Institute of Technical Education) ကျောင်းတို့၏ ပညာရေဆွေနွေးပွဲအရ PR (Permanent Resident) နှင့် IS(International Students) ကျောင်းသားများကို April Intake မှစတင်၍ ကျောင်းလခများကို တိုးမြှင့်ကောက်ခံပေးသွားမည် ဟုသဘောတူညီမှုတစ်ခုကို အတည်ပြုသတ်မှတ်ခဲ့ကြောင်း သိရသည်။ ယခင်က ၂၀၀၉-၂၀၁၀ ပြည့်နှစ် ပညာသင်နှစ်အတွက် ကျောင်းလခသတ်မှတ်ချက်မှာ Nitec Course အတွက်တစ်နှစ်လျှင် (semester နှစ်ခု) S$ 1256 နှင့် Higher Nitec Course အတွက် S$ 1908 ဖြစ်သော်လည်း 2010 April Intake မှစတင်၍ Nitec Course အတွက် တစ်နှစ်လျှင် S$ 2700 နှင့် Higher Nitec Course အတွက် S$ 5060 အထိ တိုးမြှင့်သတ်မှတ်ခဲ့သည်။ ကျောင်းလခများတိုးသွားသော်လည်း Tution Loan များမရှိကြောင်းသိရသည်။ ထို့အတူ ယခင်သတ်မှတ်ချက်အတိုင်း ITE ၏ ၀င်ခွင့်စာမေးပွဲများကို January နှင့် April Intake နှစ်ခုစလုံးအတွက် ကျောင်းလျှောက်ထားခွင့်ကာလမှာ တစ်ချိန်တည်းဖြစ်ပြီး ၀င်ခွင့်စာမေးပွဲမှာလည်း ကျောင်းကသတ်မှတ်ထားသည့် လတစ်လတည်းသာတစ်ပြိုင်တည်းဖြေဆိုရမည် ဖြစ်ကြောင်းသိရသည်။ ထိုသို့ကျောင်းလခ တို့မြှင့်ကောက်ခံမည့် သဘောတူညီချက် ကို စင်္ကာပူ Local Media များထံသို့ နေ့လည် ၂ နာရီခွဲတွင်သတင်းအတိအလင်းပေးပို့ထုတ်ပြန်သွားကြောင်းLife Gift Oversea Education Services Centre မှသိရှိရသည်။ ကျောင်းနှင့်ပတ်သက်ပြီး အသေးစိတ်သိလိုပါက ၀၉၅၁၈၉၂၆၅ နှင့် ၀၉၅၁၇၉၁၂၀ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။

(4-3-2010)
Source: The Opportunity Journal


Career Pass Job Training Centre မှ HR တန်းခွဲသစ်များ ဖွင့်လှစ်မည်.

စင်္ကာပူအစိုးရ မူလတန်း၊ အထက်တန်းကျောင်းဝင်ခွင့် AEIS (Admission Exercise For International Students) နိုင်ငံတကာ အစိုးရကျောင်းဝင်ခွင့်များ စတင်ဖွင့်လှစ်မည် ဖြစ်သည်။ အဆိုပါ ဝင်ခွင့်စာမေးပွဲများကို အသက် ၉ နှစ်ကျော် (သို့) Primary 2 မှ Secondary 1, 2, 3 အထိကျောင်းသားများ ဝင်ရောက် ဖြေဆိုနိုင်ပါသည်။ အသက် ၃ နှစ်မှ ၉ နှစ်ကလေးများ AEIS QI (Qualifying Test) ဝင်ဖြေစရာမလိုဘဲ မိမိအသက်နှင့် ညီသည့်သင်တန်းများကို တိုက်ရိုက် သင်ကြားနိုင်ပါသည်။ နှစ်စဉ်ဇူလိုင်လလယ်မှစ၍ အစိုးရကျောင်းဝင်ခွင့်ဖြေဆိုမှုလျှောက်လွှာများလက်ခံပေးပြီး ၎င်းဝင်ခွင့်ဖြေဆိုလိုသူ ကျောင်းသားများသည် ယခုနှစ်မတ်လ မှစတင်တက်ရောက်နိုင်ပါသည်။ အသေးစိတ်သိလိုပါက Tip Top Education Centre 01-514884 , 02-64378 , 082-22202 သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

(4-3-2010)
Source:  The Opportunity Journal


စီမံခန့်ခွဲမှု အဆင့်ရှိ လူငယ်များအတွက် BCB Centre မှ သင်တန်းများဖွင့်လှစ်မည်.

ကုမ္ပဏီများနှင့် အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသော Supervisory Level မှ Management Level စီမံခန့်ခွဲမှု အဆင့်ရှိ လူငယ်များအတွက် ရည်ရွယ်၍ Organizational Culture & Leadership Skills Training ကိုမတ်လတတိယပတ်တွင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ၀န်ထမ်းများအတွက် Special Fees စဉ်းစားပေးမည်ဖြစ်ကြောင်း BCB Centre မှသိရှိရသည်။ ထို့အပြင် လူမှုဆက်ဆံရေးနယ်ပယ်တွင် လူအများနှင့် ပြောဆိုဆက်ဆံတတ်စေရန် နှင့် ပေါင်းသင်းဆက်ဆံရေးပိုမိုကောင်းမွန်စေရန်အတွက် Effective Communication & Presentation Skills Training ကိုမတ်လဒုတိယပတ်တွင် ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း အသေးစိတ်သိလိုပါက Business Capacity Building (BCB) Centre တည်ရှိရာ အခန်း ၄၀၅ အမှတ် ၈ ဗားဂရာလမ်းနှင့် ဓမ္မစေတီလမ်းထောင့် ၊ ပန်းခြံတာဝါ၊ မြေနီကုန်း စမ်းချောင်း ဖုန်း၀၅၂၈၅၃၁ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

(4-3-2010)
Source: The Opportunity Journal


MIEDS တွင် New Enterprise Creation Program သင်တန်းဖွင့်လှစ်မည်.

စီးပွားရေးလုပ်ငန်းစတင် လုပ်ကိုင်လိုသူများအတွက် အထူးရည်ရွယ်ဖွင့်လှစ်သော New Enterprise Creation Program ကို ရန်ကုန်စီးပွားရေးတက္ကသိုလ် လှိုင်နယ်မြေရှိ မြန်မာ- အိန္ဒိယစီးပွားရေးစွမ်းဆောင်မှု ပညာဖွံ့ဖြိုးရေး စင်တာတွင် မတ်လ ၈ရက်နေ့မှ ၁၂ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။
အဆိုပါသင်တန်းတွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ရန် လိုအပ်သော တီထွင်ဖန်တီးနိုင်မှု၊ လုပ်ငန်းစတင် လုပ်ဆောင်ရာတွင် လိုအပ်သော လုပ်ဆောင်ချက်များ၊ လုပ်ငန်းအခွင့်အလမ်းရှာဖွေခြင်း၊ လုပ်ငန်းစီမံချက် ရေးဆွဲခြင်း၊ ဈေးကွက်လေ့လာခြင်း စသည့်ပညာရပ်များကို သင်ကြားမည်ဖြစ်သည်။
သင်တန်းတွင် အိန္ဒိယနိုင်ငံမှ သင်တန်းအကြံပေးဖြစ်သူ Mr.Vinod Paratkar နှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ MBA သင်တန်းဆရာမများ ပါဝင်သင်ကြားမည်ဖြစ်သည်။ သင်တန်းကြေးမှာ ၃၅၀၀၀ ကျပ်ဖြစ်ပါသည်။ မတ်လ ၃ ရက်နေ့မှ စ၍ သင်တန်းစတင်လက်ခံမည်ဖြစ်သည်။ အသေးစိတ်သိလိုပါက MIEDC ပါရမီလမ်း၊ လှိုင်နယ်မြေ ဖုန်း- ၆၆၀၆၅၉၊ ၀၉၅၁၅၆၄၇၅ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
 

(4-3-2010)
Source: The Opportunity Journal
 

 

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats