နွေရာသီ Kid Course အထူး သင်တန်းဖွင့်မည်
ကလေးသူငယ်များ နွေရာသီ အားလပ်ချိန်များကို အကျိုးရှိရှိ
အသုံးချနိုင်စေရန်၊ ICT ဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်ပြီး နွေရာသီ
Kid Course
အထူးသင်တန်းကို M.S.T Computer Centre တွင်
ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် Level I နှင့် Level II ဟူ၍
နှစ်ပိုင်းခွဲခြားထားပြီး Level I မှာ အခြေခံလုံးဝ မရှိသေးသော
ကလေးငယ်များအတွက် ရည်ရွယ်ပြီး Level II မှာ
Level I တက်ရောက်ပြီးသူများ (သို့) အခြေခံရှိပြီးသော
ကလေးသူငယ်များအတွက် ရည်ရွယ်ကြောင်းသိရသည်။
အဓိက ကတော့ ကလေးကွန်ပျူတာသင်တန်း သက်သက်မဟုတ်ပါဘူး။ အခြားထူးခြားသော
အစီအစဉ်တွေလည်းပါတော့ အကျိုးရှိရှိပျော်ရွှင်စွာ သင်ကြားစေမှာ
ဖြစ်ပါတယ် ဟု M.S.T Computer Centre ၏ Central Manager ဦးမင်းသူခန့်မှ
အင်တာနက်ဂျာနယ်သို့ ပြောသည်။
သင်ရိုးအား အကောင်းဆုံးနှင့် အဆင့်မီ ပြုစုထားပြီး သင်တန်းကြေး ၂ဝ%
လျှော့ပေးထားကြောင်း သိရှိရသည်။ အသေးစိတ်သိရှိလိုပါက M.S.T Computer
Centre ဖုန်း - 095126108 ၊ 095504532 နှင့် 392165 သို့ဆက်သွယ်
မေးမြန်းနိုင်ကြောင်းသိရသည်။
(9-3-2010)
Source:
Internet Journal
နိုင်ငံတကာအသိအမှတ်ပြု စီးပွားရေးစီမံခန့်ခွဲမှု သင်တန်းကို ပထမဆုံး
အကြိမ် ၁ဝ တန်းဖြေဆိုထားသူများ အတွက်ဖွင့်မည်
..
၂ဝဝ၉-၂ဝ၁ဝ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဝင်ရောက် ဖြေဆိုကြမည့်
ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတကာ အသိအမှတ်ပြု စီးပွားရေး
စီမံခန့်ခွဲမှုသင်တန်းများကို ဧပြီလဆန်းမှ စတင်
တက်ရောက်နိုင်ပြီဖြစ်ကြောင်းသိရသည်။
အင်္ဂလန်နိုင်ငံအခြေစိုက် Association of Business Executive အသိအမှတ်ပြု
စီးပွားရေးစီမံခန့်ခွဲမှု၊ အဈေးကွက်ရှာဖွေချဲ့ထွင်မှု၊ လူသား
အရင်းအမြစ်စီမံခန့်ခွဲမှုနှင့်
ဟိုတယ်နှင့် ခရီးသွားလာရေးစီမံခန့်ခွဲမှု ဘာသာရပ်များကို
ရွေးချယ်တက်ရောက်နိုင်ကြောင်းသိရသည်။
အထက်ပါဘာသာရပ်များကို Certificat Diploma (ပထမနှစ်) Advanced Diploma
(ဒုတိယနှစ်) စသည်ဖြင့် အဆင့်ဆင့်တက်ရောက်နိုင်သည်။
အသေးစိတ်အချက်အလက်ကို TIP TOP Capacity Development Institute of
Myanmar ဖုန်း - 514884 ၊ 02-91001818 တွင် စုံစမ်းမေးမြန်းနိုင်
ကြောင်း
သိရသည်။
(9-3-2010)
Source:
Internet Journal
RV! Academy မှ Unique SOLAR Summer Programme ဖွင့်လှစ်မည်
.
.
RV! Academy မှ ကျောင်းသားအရွယ်
ကလေးများအတွက် နွေရာသီသင်တန်းအဖြစ် Unique SOLAR Summer Programme
သင်တန်းကို မတ်လ
အတွင်း စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်းသိရသည်။
၎င်း SOLAR Programme တွင် အထူးသဖြင့် အသက် ၆ နှစ်မှ ၁၄ နှစ်အတွင်း
ကျောင်းသားလူငယ်များ တက်ရောက်နိုင်ကာ သင်ရိုးများအနေဖြင့် အင်္ဂလိပ်၊
သင်္ချာ၊
သိပ္ပံ၊ တရုတ်စသည့် ဘာသာရပ်များကို ပြည့်စုံစွာ သင်ကြားပေးမည်ဖြစ်ပြီး
ရေကူးခြင်းစသည့် အားကစားလက်မှုအနုပညာ၊ ကွန်ပျူတာ ကျွမ်းကျင်မှုနှင့်
အသက်မွေးဝမ်းကျောင်း အတတ်ပညာ စသည်တို့ကို ပါထည့်သွင်း သင်ကြားပေးမည်
ဖြစ်သည်။
အဆိုပါသင်တန်းတွင် နိုင်ငံခြားနှင့် ပြည်တွင်းမှ အရည်အချင်းရှိ ဆရာ၊
ဆရာမများက သင်ကြားပေးသွားမည် ဖြစ်ပြီး Programme ၏ ရည်ရွယ်ချက်အနေဖြင့်
ပညာရေးထူးချွန်မှု အပိုင်းကို မြှင့်တင်ပေးရုံသာမက အလေ့အကျင့်
စရိုက်လက္ခဏာ ဖွံ့ဖြိုးစေရန်အတွက်ပါ ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း
သိရသည်။
အဆိုပါ အစီအစဉ်ကို မတ်လ ၁၅ ရက်နေ့မှစတင်၍ Mya Yeik Nyo Royal Hotel ၌
ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသားအရေအတွက် ကန့်သတ်ထားကြောင်း
သိရသည်။ ၎င်း SOLAR Summer Programme သို့ တက်ရောက်ရန်
စာရင်းပေးသွင်းလိုသူများနှင့် အသေးစိတ်သိရှိလိုသူများအနေဖြင့် RV!
Centre Yangon ဖုန်း - 250388 (Ext - 352) 543618 သို့
ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရသည်။
(9-3-2010)
Source:
Internet Journal
MIEDS တွင် New Enterprise Creation Program သင်တန်းဖွင့်လှစ်မည်.
စီးပွားရေးလုပ်ငန်းစတင်
လုပ်ကိုင်လိုသူများအတွက် အထူးရည်ရွယ်ဖွင့်လှစ်သော New Enterprise
Creation Program ကို ရန်ကုန်စီးပွားရေးတက္ကသိုလ် လှိုင်နယ်မြေရှိ
မြန်မာ- အိန္ဒိယစီးပွားရေးစွမ်းဆောင်မှု ပညာဖွံ့ဖြိုးရေး စင်တာတွင် မတ်လ
၈ရက်နေ့မှ ၁၂ ရက်နေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ
ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။
အဆိုပါသင်တန်းတွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ရန် လိုအပ်သော
တီထွင်ဖန်တီးနိုင်မှု၊ လုပ်ငန်းစတင် လုပ်ဆောင်ရာတွင် လိုအပ်သော
လုပ်ဆောင်ချက်များ၊ လုပ်ငန်းအခွင့်အလမ်းရှာဖွေခြင်း၊ လုပ်ငန်းစီမံချက်
ရေးဆွဲခြင်း၊ ဈေးကွက်လေ့လာခြင်း စသည့်ပညာရပ်များကို
သင်ကြားမည်ဖြစ်သည်။
သင်တန်းတွင် အိန္ဒိယနိုင်ငံမှ သင်တန်းအကြံပေးဖြစ်သူ Mr.Vinod Paratkar
နှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ MBA သင်တန်းဆရာမများ
ပါဝင်သင်ကြားမည်ဖြစ်သည်။ သင်တန်းကြေးမှာ ၃၅၀၀၀ ကျပ်ဖြစ်ပါသည်။ မတ်လ ၃
ရက်နေ့မှ စ၍ သင်တန်းစတင်လက်ခံမည်ဖြစ်သည်။ အသေးစိတ်သိလိုပါက MIEDC
ပါရမီလမ်း၊ လှိုင်နယ်မြေ ဖုန်း- ၆၆၀၆၅၉၊ ၀၉၅၁၅၆၄၇၅
သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(4-3-2010)
Source: The Opportunity Journal
လုပ်ငန်းခွင် အထောက်အကူပြု ပညာဒါနသင်တန်းများကို
သင်တန်းကြေးအခမဲ့တက်ရောက်နိုင်..
တက္ကသိုလ်ဝင်တန်းစာမေးပွဲ
ဖြေဆိုထားသော လူငယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ
ဖန်တီးနိုင်ရန် ပညာဒါနသင်တန်းများကို GOLDEN
CROWN Engineering & Business Training Centre မှ ဖွင့်လှစ်ပေးမည်ဖြစ်၍
တက်ရောက်ခွင့်ရရန် လာရောက်စုံစမ်းနိုင်မည်ဖြစ်သည်။
ပညာဒါနသင်တန်းများမှာ-
1. အီလက်ထရောနစ်သင်တန်း
2. အီလက်ထရစ်ကယ်သင်တန်း
3. ရေခဲသေတ္တာနှင့် လေအေးပေးစက်ပြုပြင်/တပ်ဆင်ခြင်းသင်တန်း
4. Graphic Design သင်တန်း
5. Auto CAD သင်တန်း
6. အဆင့်မြင့် လျှပ်စစ်မော်တာ ထိန်းချုပ်မှုသင်တန်း
7. တရုတ်စကားပြောသင်တန်း
တို့ဖြစ်ပြီး အဆိုပါသင်တန်းများတွင် သင်တန်းအမျိုးအစားအလိုက် ဝါရင့်
ကျွမ်းကျင်ဆရာ/ဆရာမများ ကိုယ်တိုင်မတ်လ ၂၉ ရက်နေ့မှစ၍ သင်တန်းကာလ ၁
လကြာပို့ချပေးမည်ဖြစ်ပြီး သင်တန်းဆင်း အောင်လက်မှတ် များလည်း
ချီးမြှင့်ပေးမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားသူများအနေဖြင့် 27.3.2010
နောက်ဆုံးထား၍
အမှတ် (150) ၊ တတိယထပ် ၊ ဆိပ်ကမ်းသာလမ်း (အောက်)၊ ကျောက်တံတားမြို့နယ်၊
ရန်ကုန်မြို့၊ သို့ လူကိုယ်တိုင်လာရောက်စာရင်းပေးသွင်းနိုင်ပါပြီ။
(11-3-2010)
Source:
Ko Lin (Myanmar Training)