Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' မှ ပေးသော Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:

News » Local News

 စာရင်းကိုင်လက်တွေ့လုပ်ငန်းစဉ်များနှင့် အလုပ်အကိုင်ရှာဖွေခြင်းသင်တန်း ဦးနေလင်းအောင် LCCI သင်တန်းကျောင်းမှဖွင့်လှစ်သင်ကြားပေးမည်

စာရင်းကိုင်ပညာရပ်များအားစာတွေ့သင်ကြားပြီးသူများအတွက်လုပ်ငန်းခွင်များသို့အခက်အခဲမရှိတိုက်ရိုက် ၀င်ရောက်လုပ်ကိုင်နိုင်ရနု လုပ်ငန်းခွင်
လက်တွေ့ လုပ်ကိုင်ရမှုများအတိုင်း၊ကွန်ပြူတာဖြင့်တွဲဖက်လုပ်ကိုင်ရသော လုပ်ငန်းစဉ်များ ပါသင်တန်းကိုဦးနေလင်းအောင် LCCI သင်တန်းကျောင်းမှ ဖွင့်လှစ် နေပြီဖြစ်ကြောင်းသိရသည်၊၊

စာရင်းအင်းပညာရပ်များနှင့်ပတ်သက်၍အလုပ်အကိုင်လျှောက်ထားရာတွင်မိမိကိုယ်မိမိ ယုံကြည်မှုရှိ စေပြီး အမှန်တကယ် လုပ်ငန်းခွင်အတွင်းသို့ဝင်ရောက်
လုပ်ကိုင်နိုင်သည့် အရည်အသွေးများရရှိစေရန် Manual Accounting(Cash book, Journal, General Ledger), Financial Statement (Trail,Profit & Lost, Balance Sheet), Internal Auditing, Stock Control,Computer Excel စသည့်လက်တွေ့  လုပ်ငန်း ခွင်ဘာသာရပ်များကို လုပ်ငန်းခွင်တွင်ကြုံတွေ့ရနိုင်သော အခက်အခဲများကို လက်တွေ့ သင်ကြားမှုများဖြင့်ပို့ချပေးမည်ဖြစ်သည်။

ထို့အပြင် အလုပ်အကိုင်ရှာဖွေနေသူများအတွက် အဓိကအရေးပါသော အင်တာဗျူးဖြေဆိုနည်းများ အပါအ၀င် စာရင်းကိုင်တစ်ဦးအတွက်Business letterfor Accountant စီးပွားရေးဆိုင်ရာလုပ်ငန်းသုံးစာများကို အင်္ဂလိပ်ဘာသာဖြင့်ကျွမ်းကျင် ပိုင်နိုင်စွာ ရေးသားနိုင်သူများဖြစ်လာစေရန်လမ်းညွှန်ပို့ချပေးမည်ဟုသိရသည်၊၊

သက်ဆိုင်ရာဘာသာရပ်များနှင့် အင်တာဗျူးဖြေဆိုမှုလမ်းညွှန်များအားလုံးကိုသင်ကြားရာတွင် ခေတ်မီထိရောက် စေမည့် နည်းလမ်းများအား သက်ဆိုင်ရာ
လုပ်ငန်းနယ်ပယ် အလိုက်အတွေ့အကြုံရှိဝါရင့် ဆရာများမှ သင်ကြား ပို့ချပေးမည်ဖြစ်သည်။

စာရင်းကိုင်ပညာရပ်များကို သင်တန်းအမျိုးမျိုးတွင် တက်ရောက်ပြီးသော်လည်းလုပ်ငန်းအတွေ့အကြုံ မရှိသေးသောကြောင့် အလုပ်အကိုင်လျှောက်ထားရာတွင် အခက်အခဲများနှင့်ရင်ဆိုင်နေရသည့် မြန်မာလူငယ် များအတွက်အဓိကရည်ရွယ်၍သင်ရိုးညွန်းတမ်းများကို အသေးစိတ်ရေးဆွဲထားပြီး သင်ကြားပို့ချပေးသည့်
သင်တန်းဖြစ်ပြီး၊ အဓိကထူးခြားချက်အနေဖြင့်၊ နောက်ပိုင်းတွင် လက်တွေ့သင်တန်းသားများအတွက်၊ ကုမ္မဏီများ နှင့်ဆက်သွယ်ကာ၊ အချိန်ပိုင်း အလုပ်၊ အမြဲတန်း
အလုပ်များ ချိတ်ဆက်ပေးခြင်း၊ ကုမ္မဏီများနှင့်ညှီနိုင်းလျက်တိုက်ရိုက်အလုပ်သင် အဖြစ်စီစဉ်ဆောင်ရွက်ပေးခြင်းများအပြင်၊ကုမ္မဏီတွေမှာ လိုအပ်နေတဲ့ ၊
စာရင်းစနစ် တွေကို ကိုပါ အကြံအဥာဏ်ပေး၊စနစ်တစ်ကျ လေ့ကျင့်သင်ကြားပေးထားသော ၀န်ထမ်းများနှင့် ကုမ္မဏီများရဲ့စာရင်းအင်းဆိုင်ရာ အခက်အခဲများကို ဖြေရှင်းအကြံပေးခြင်းကိုပါ ဆောင်ရွက်နိုင်ရန်စီစဉ်ထားကြောင်းသိရသည်၊၊

သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဦးနေလင်းအောင်၊စာရင်းကိုင်သင်တန်း ကျောင်း၊ ဖုန်းနံပါတ် ၅၁၂ ၉၀၀၊ အမှတ်-၁၈(၅ဘီ)
၊သပြေညိုအိမ်ယာတိုက်(၂)၊ ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ကမာရွတ်မြို့နယ်၊ တွင်ဆက်သွယ်စုံစမ်းနိုင်ပါသည်၊၊

 

(12-3-2010)
Source: Ko Lin (Myanmar Training)
 


အင်္ဂလိပ်စကားကို ကိုယ်တိုင်စိတ်ဝင်တစားထိထိရောက်ရောက် လေ့လာနိုင်ဖို့ ပတ်ဝန်းကျင်နဲ့ အခြေအနေတွေ ဖန်တီးပေးမည့် CROWN ICDC (Intellectual Capital Development Centre) ရဲ့ Conversation Club .

အင်္ဂလိပ်ဘာသာစကား သင်ကြားရန်နှင့် အမှန်တကယ်ပြောဆို နိုင်ရန် အတွက်ပြန်လည်အသုံးချနိုင်ခွင့်ရှိသည့် ပတ်ဝန်းကျင်နှင့် ပေါင်းအဖေါ်များ သေချာပေါက်လိုအပ်ပါသည်။ အင်္ဂလိပ် စကားကိုမိသားစုအတွင်းနှင့် လုပ်ငန်းခွင်အတွင်းမှာကဲ့သို့ ပြောဆိုနိုင်မည့်ပတ်ဝန်းကျင်ကောင်းကို ရှာဖွေရရှိနိုင်လျှင်
အကောင်းဆုံး  စကားပြောသင်ကြားမှုဖြစ်ရန်လွယ်ကူလျှင်မြန်စွာတတ်မြောက်မည်ဖြစ်သည်။

အင်္ဂလိပ်ဘာသာစကား သင်ယူသူအများစုမှာ အင်္ဂလိပ်ဘာသာစကားကို ဆက်သွယ်ရေးကြားခံနယ် တစ်ခုအဖြစ်အသုံးပြုနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် လေ့လာရမည့်အစား ဘာသာရပ်တစ်ခု၊ သင်တန်းတစ်ခုကဲ့သို့ သင်ယူနေကြခြင်းကြောင့် မိမိတတ်မြောက်ပြီးသလောက်ကိုပင် ထိရောက်စွာ အသုံးချဘို့ ခက်ခဲ နိုင်ကြောင်း၊CROWN Education ၏ ICDC မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

ထို့အပြင် အင်္ဂလိပ်စကားပြောလေ့လာသင်ယူနေသူများအတွက် အဓိကလိုအပ်ချက် တစ်ခုဖြစ်သော `အင်္ဂလိပ်စကားပြော လေ့ကျင့်ရာပတ်ဝန်းကျင်တစ်ခု´ ကိုဖြည့်ဆည်း ပေး သည့် အနေဖြင့် `Conversation Club´ ကိုဖွင့်လှစ်ပေးထားပြီဖြစ်ကြောင်းသိရသည်။`Conversation Club ဆိုတဲ့အတွက်ကြောင့် စာသင်ခန်း၊ ဆရာ တပည့်ပုံစံမျိုးမဟုတ်ပဲ အတန်းသားတွေကိုယ်တိုင် ပါဝင်ပြောဆိုဆွေးနွေးရင်းတချိန်တည်းမှာလဲ အတွေ့အကြုံဗဟုသုရစေမယ့် Topic တွေ၊ Scenario တွေကိုတစ်ပတ်တစ်ခါမရိုးရအောင် CROWN ICDC ဆရာတွေရဲ့စီစဉ်ကြပ်မတ်ပေးမှုနဲ့အတူလက်တွေ့ အင်္ဂလိပ် စကားပြော အတွေ့အကြုံပြည့်ဝတဲ့ Facilitator တွေကအတန်းသားအားလုံးပါဝင်နိုင်အောင်၊ ပြောရဲ ပြောတတ်အောင် Guideလုပ်ပေးသွားမှာဖြစ်ပါတယ်။”

ထို့ အပြင် ကျောင်းသားတွေအတွက်အကျိုးရှိမယ့် Inspirational MoviesScreening တွေ၊ နောက်ဆုံးရ ပညာရေးနဲ့ နည်းပညာသတင်းတွေကို ရှင်းလင်းတင်ပြ ပေးမယ့် Mini Seminar တွေ၊ ပြင်ပကဏပေါင်းစုံကကျွမ်းကျင်ပညာရှင်တွေကို ဖိတ်ကြားပြီးဟောပြောပွဲကျင်းပပေးတာမျိုးတွေကိုအခါအားလျော်စွာ တိုင်းပြုလုပ် ပေးသွားမှာ ဖြစ်ပါတယ်။ အဓိက ကတော့အင်္ဂလိပ်ဘာသာစကားကို လေ့လာဖို့ တကူးတကအားစိုက်ထုတ်နေရတယ်လို့ မထင်နေစေရပဲ ကိုယ်ကိုယ်တိုင်က စိတ်ဝင်တစားနဲ့ ထိထိရောက်ရောက်လုပ် ချင်စိတ်တွေပေါက်လာစေမယ့် အခြေအနေတစ်ခု၊ နေရာလေးတစ်ခုကို ဖန်တီးပေးထားတာပါ´ လို့CROWN ICDC မှ Brand Executive Officer ကိုစိုးလင်းထွဋ် မှပြောကြားပါတယ်၊၊

CROWN ICDC ရှိသင်တန်းများတွင်လက်ရှိတက်ရောက်နေသူအားလုံး ConversationClub သို့ အခမဲ့တက်ရောက်ခွင့်ပေးထားပြီး၊ CROWN Education၏ စီစဉ် ဆောင်ရွက် ပေးမှုဖြင့် စင်ကာပူ၊ UK၊ Australia နိုင်ငံများသို့သွားရောက်ရန် ပြင်ဆင်နေသောကျောင်းသူ၊ကျောင်သားများအတွက်လည်း Member Card များကို ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် စိတ်ပါဝင်စားသူမည်သူမဆို အင်္ဂလိပ်စကားပြောအခြေခံရှိပါက Memberအဖြစ်စာရင်းသွင်းပြီး လာရောက်ပါဝင်ပြောဆိုလေ့ကျင့်နိုင်ကြောင်းသိရသည်။
အသေးစိတ်အချက်အလက်များကို CROWN Education ရုံးခန်း ရှိရာ Summit ParkView Hotel, Room 228/229၊ ဖုန်း -၂၁၁ ၈၈၈ (လိုင်းခွဲ-၂၂၈၊၂၂၉)၊ ၂၁၆၇၅၀၊ ၀၉ ၅၀၈၅ ၁၈၅ နှင့် CROWN Education ၏ Intellectual Capital Development Centre (ICDC) တည်ရှိရာ အမှတ် (၁၈/၅ B)၊ သပြေညိုတိုက် အမှတ်(၂)၊ ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ဖုန်း - ၅၂၄ ၉၂၁ သို့ဆက်သွယ် စုံစမ်းနိုင်ကြောင်းသိရသည်။

 

(12-3-2010)
Source: Ko Lin (Myanmar Training)
 


Google Group နည်းပညာဖြင့် နောက်ဆုံးရနိုင်ငံတကာပညာရေးသတင်းများ၊ အပြောင်းအလဲများကို CROWN
Education Google Group တွင် ပါဝင်ဆွေးနွေး၊ မေးမြန်းနိုင်မည်
.
 

နည်းပညာများ၏ တိုးတက်ဖြစ်ပေါ်ထွန်းကာလာမှု့ နှင့်အတူ၊ ကဏ္ဍအသီးတွင်နည်းပညာ၏အားသာချက်များကို အကြိုးရှိစွာအသုံးချလာတာတွေ့ရပါတယ်၊၊
CROWN Education အနေဖြင့်၊ အင်တာနက်ဖြင့်လက်လှမ်းမှီသမျှ၊ ပညာ ဆည်းပူးလိုသူ၊ ဗဟုသုတရှာမှီးလိုသူ ကျောင်း သူ ကျောင်းသားများ အတွက်ရည်ရွယ်၍၊ နိုင်ငံတကာပညာရေးသတင်း၊ ပညာသင်ဆု (စင်္ကောလားရှစ်) သတင်း များကိုအချိန်ဖြင့်တပြည်းညီ၊ သိရှိနိုင်ရန် ရည်ရွယ်၍၊ Google Group နည်းပညာဖြင့်ပေးပို့ ပေးသွားမယ်လို့ဆိုပါတယ်၊၊

“အဓိကတော့ G-mail Account တစ်ခုရှိဖို့ ပဲလိုပါတယ်၊၊ Member ဖြစ်ပြီဆိုရင် ကျွန်တော်တို့  Create လုပ်ထားတဲ့  လိပ် စာမှာ သွားဖတ်လို့ ရသလို၊ မိမိ E-mail Account ထဲကိုလည်း ထူးခြားမှု့ ဖြစ်စဉ်တွေရှိတိုင်းရောက်ရှိလာမှာ ဖြစ်ပါတယ်၊၊ Spam E-mailပို့တာမျိုးနဲ့ မတူပါဘူး၊၊ E-mail တိုင်းမှာ သတိပေးချက်တွေ ပါပါတယ်၊၊ ကိုတကယ်လို့ ဒီ E-mail တွေမရခြင်တော့ဘူးဆိုရင်၊ အချိန်မရွေး unsubscribe လုပ်လိုက်လို့ရပါတယ်၊၊

ဒီအစီအစဉ်ရဲ့ နောက်ထပ်ထူးခြားမှု့ တစ်ခုက ဒီ Group မှာပညာသင်ဆုရထားတဲ့သူတွေ၊ စင်္ကာပူ အစိုးရကျောင်းတွေ၊ Poly, NTU, NUS တွေမှာ ပညာသင်နေတဲ့ လူတွေလည်းပါပါတယ်၊၊ သူတို့ က သူတို့ ရဲ့ အတွေအကြုံတွေကိုမျှဝေပေး မှာဖြစ်ပြီး၊ တစ်ခြား စင်္ကာပူနိုင်ငံ Private ကျောင်းတွေအပါအ၀င်၊UK, Australia ကျောင်းတွေ ကျောင်းသူ၊ ကျောင်းသား တွေကလည်း၊ ဒီ CROWNEducation Google Group မှာ ပါဝင်တဲ့ အတွက်၊ သူတို့ အတွေ့ အကြုံတွေကိုဒီ Group မှာမေးမြန်းခွင့်ရမှာဖြစ်ပြီး၊ ဟိုဖက်ကျောင်းတွေကအဖြစ်အပျက်တွေကိုလည်း၊ သူတို့ဆီကတဆင့်သတင်း အချက် အလက် မှန်တွေကိုနောက်သွားမဲ့ ကျောင်းသူ ကျောင်းသားတွေရရှိနိုင်မှာဖြစ်ပါတယ်၊၊

“ကျောင်းသားတစ်ယောက် အင်္ဂလန်ကျောင်းလျောက်ဖို့ ပြင်ဆင်နေတုန်း၊ သူလျောက်နေတဲ့ Agent က ဟိုမှာ Visa Letter နဲ့ပတ်သက်ပြီး၊ ပြောင်းလဲသွားတာကို မသိလိုက်ဘူး၊၊ နောက်ပြီးသူလျောက်တဲ့ ကျောင်းကလည်း၊ဖေဖေါ်ဝါရီ (၁၇) ရက်မှာ အသစ်ထုထ်ပြန်တဲ့ ၊ကျောင်းရဲ့  Ratingပြောင်းသွားတာကိုမသိဘူး၊၊ CROWN Education Google Group Member ၀င်ထားလို့အဲဒီက ရတဲ့ သတင်းကို သူ့ Agent ကိုသွားပြတော့မှ သူတို့ လည်းသိသွားတယ်”လို့  CROWN Education မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်၊၊ဒီလိုသတင်းအချက်အလက်တွေကို ရယူပြီးဝင်ရောက် ဆွေးနွေးလိုသူတွေအနေနဲ့ အောက်ဖေါ်ပြပါ လိပ်စာမှာ Memberအဖြစ် လျှောက်ထားနိုင်ကြောင်း သိရပါတယ်၊ လိပ်စာကတော့ http://groups.google.com/group/crown-education ဖြစ်ပါတယ်၊၊
 

(12-3-2010)
Source: Ko Lin (Myanmar Training)


MPEC မှ Web Application Development Foundation သင်တန်းဖွင့်လှစ်မည် .

Myanmar Professionals Education Centre (MPEC) မှ Web Design ရေးသားနည်းကို အခြေခံကျကျ လေ့လာလိုသူများအတွက် Web Application Development Foundation သင်တန်းကို ၂ဝ၁ဝ ခုနှစ် ဧပြီလတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။
သင်တန်းတွင် HTML, Javascript, Dreamweaver MX စသည်တို့ကို အခြေခံမှစ၍ စနစ်တကျသင်ကြားပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် Web Site တစ်ခုကို ကိုယ်တိုင်ရေးသားနိုင်စေရန် အတွက် စနစ်တကျ လေ့ကျင့် သင်ကြားပေးသွားမည် ဖြစ်ပါသည်။ သင်တန်းကာလအတွင်း Web Page Design ရေးဆွဲနည်းများကို Exercise များစွာဖြင့် ရေးသားစေမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Project တစ်ခုကို ကိုယ်တိုင်ရေးသားရမည် ဖြစ်ပါသည်။
အထက်ပါသင်တန်းကို Computer အခြေခံရှိထားပြီး Web Page ရေးသားခြင်းကို စိတ်ပါဝင်စားသူများ၊ Web Designer, Web Developer များအဖြစ် လုပ်ကိုင် လိုသူများ တက်ရောက်သင့်ပါသည်။ သင်တန်းကို နွေရာသီ အထူးအစီအစဉ်အဖြစ် သင်တန်းကြေး၏ ၂၅% လျော့ပြီး လက်ခံပေးသွားမည်ဖြစ်ပြီး သင်တန်း ကာလ ၃၁ ကြာမြင့်မည်ဖြစ်ပါသည်။
သင်တန်းတက်ရောက်လိုသူများသည် Myanmar Professionals Education Centre (MPEC) အမှတ် ၁၁၂၊ အခန်း(၁၁၊ ၁၂)၊ ၈မိုင်၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ။ ဖုန်း 668779 ၊ 668259 ၊ 650124 နှင့် MPEC Mandalay Centre (အခန်း 407 ၊ 408 ၊ ဈေးချို IT Zone ၊ ဈေးချိုပလာဇာ ၊ မန္တလေးမြို့ ။ ဖုန်း 02-86234 တို့ကိုဆက်သွယ်၍ တက်ရောက်နိုင်ပါသည်။

 

(12-3-2010)
Source: Ko Lin (Myanmar Training)

 

 

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats