City & Guilds အင်ဂျင်နီယာ ဒီပလိုမာကျောင်းသားများအတွက် သီးသန့်
အလုပ်ရှာပေးမည့် (C&G.JOFEN) C&G.ဂျိုဖန်(န်) အဖွဲ့ GALLANT မှ
ဆောင်ရွက်မည်
Gallant သင်တန်းကျောင်းမှ အင်္ဂလန်နိုင်ငံ City & Guilds အဖွဲ့အစည်းမှ
ပေးအပ်သော အင်ဂျင်နီယာ ဒီပလိုမာလက်မှတ်ရ ကျောင်းသားကျောင်းသူများ
အတွက်သာ သီးသန့်ပြည်တွင်း/ပြည်ပ အလုပ်အကိုင်ရရှိရန် ဆောင်ရွက်ပေးမည့်
City & Guilds Job opportunity for Engineers Network (C&G.JOFEN) အား
စတင်ဖွဲ့စည်း၍ ဆောင်ရွက်မည်ဖြစ်ပါသည်။
City & Guilds အင်ဂျင်နီယာ ကျောင်းသားများအတွက် (C&G.JOFEN)
အားဖွဲ့စည်းလိုသော ရည်ရွယ်ချက်မှာ (၁) City & Guilds
အင်ဂျင်နီယာဒီပလိုမာ ရရှိထားသူများအား ပြည်တွင်းပြည်ပ မှ အလုပ်ရှင်များ
ယုံကြည်မှုရှိစွာဖြင့် အလုပ်ခန့်နိုင်ရန် (၂) ပြည်တွင်း၊
ပြည်ပအလုပ်ရှင်များ လိုအပ်သည့် City & Guilds အင်ဂျင်နီယာလူငယ်များအား
(C&G.JOFEN) ၌ တစုတစည်းတည်းဆက်သွယ်ခေါ်ယူနိုင်ရန်၊ (၃) City & Guilds
အင်ဂျင်နီယာ ဒီပလိုမာလက်မှတ်အား အနာဂတ် တွင် အာမခံချက်အပြည့်ရှိသော
လက်မှတ် အဖြစ်ကျောင်းသား/သူများ ယုံကြည်မှု ရှိစေရန်
ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
အလုပ်ရှင်များမှ လက်ခံရန် ထို City & Guilds အင်ဂျင်နီယာ JOFEN
အဖွဲ့ဝင်များကို Gallant သင်တန်းကျောင်းမှ အလုပ်လျှောက်ထားခြင်းကို
အုပ်စုနှစ်စု သတ်မှတ်၍ လက်ခံမည်ဖြစ်ပါသည်။ ထိုအုပ်စု နှစ်စုမှာ
အလုပ်လျှောက်ထားရန် အသင့်ရှိကာလနှင့် အလုပ်လျှောက်ထားရန်ပြင်ဆင်ဆဲကာလ
ဟူ၍ခွဲခြားထားပြီး အလုပ်လျှောက်ထားရန် အသင့်ရှိသူများအား လူတွေ့
ဖြေဆိုရန် လိုအပ်ချက်များ၊ စာရွက်စာတမ်းပြင်ဆင်ခြင်းနှင့်
ဝတ်စားဆင်ယဉ်ပုံမှ အစ အကြံပေးပြင်ဆင် ဆောင်ရွက်ပေးပြီး၊
အလုပ်လျှောက်ထားရန် ပြင်ဆင်ဆဲ သူများအား ထပ်မံဖြည့်ဆည်းမည့်
လုပ်ငန်းအတွေ့အကြုံ၊ မိမိရွေးချယ်မည့် အသက်မွေးဝမ်းကျောင်း လမ်းကြောင်း
တစ်ခုအတွက် ပြင်ဆင်ရန် လိုအပ်ချက်များကို ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။
အသင်းဝင်ရောက်လိုသူများအတွက် Level (2) ခုသတ်မှတ်ထားပြီး City & Guilds
အင်ဂျင်နီယာ ဒီပလိုမာ (စာတွေ့) နှင့် Applied Diploma (စာတွေ့၊
လက်တွေ့) ရရှိပြီးသူများအား Senior Level , City & Guilds ဒီပလိုမာ
ဘာသာရပ်များထဲမှ အနည်းဆုံး Certificate (1) ခုရရှိထားသူများအား Junior
Level အဖြစ် လက်ခံ ပေးသွားမည် ဖြစ်ပါတယ်။
Gallant သင်တန်းကျောင်းမှ အသင်းဝင်များအတွက် Gallant သင်တန်းကျောင်း
မှပြုလုပ်သော Seminar များ(သို့) Gallant သင်တန်းကျောင်း၏ မိတ်ဖက်
ကုမ္ပဏီများမှ ပြုလုပ်သော ပညာရပ်ဆိုင်ရာ ဟောပြောပွဲများ ဖိတ်ကြားထားသော
အသင်းဝင်များနှင့် ဆက်စပ်သော လက်တွေ့ အင်ဂျင်နီယာသင်တန်း တစ်ခု အခမဲ့
သင်ယူခွင့် ရရှိခြင်းနှင့် ခိုင်မာသောအလုပ်ရရှိရန်တို့်ကို
စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ အလုပ် လျှောက်ထားပေးရာတွင် ပြည်တွင်း
အလုပ်အကိုင်အတွက် ပြည်တွင်း လုပ်ငန်းများသို့ တိုက်ရိုက်
လျှောက်ထားပေးခြင်း၊ ပြည်ပ အလုပ်အကိုင်အတွက် မြန်မာနိုင်ငံရှိ
ပြည်ပအလုပ်အကိုင် လိုင်စင်ရ အေဂျင်စီများအောက်မှ တရားဝင်အလုပ်ရရှိအောင်
စီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
ရန်ကုန်မြို့၌ GALLANT သင်တန်းကျောင်းအပါအဝင် City & Guilds Approved
Centre ရထားသောကျောင်း (၇) ကျောင်းနှင့် မန္တလေးမြို့၌ (၂) ကျောင်းရှိရာ
၂ဝဝ၅ ခုနှစ်မှ စတင်ပြီး City & Guilds အင်ဂျင်နီယာ ကျောင်းသားများ
တက်ရောက်မှုမှာ တိုးတက်လာခဲ့သည့်အတွက် ထို City & Guilds အင်ဂျင်နီယာ
ကျောင်းသားများ အတွက် အလုပ်အကိုင်ရရှိစေရန် ရည်ရွယ်ပြီး
ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။
(C&G.JOFEN) ဝင်လိုသူများအတွက် တစ်နှစ်စာ အသင်းဝင်ကြေး ၂ဝဝဝ ကျပ်၊
ဓာတ်ပုံ ၃ ပုံ၊ မှတ်ပုံတင်မိတ္တူ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်းပြစ်မှု
ကင်းရှင်း ကြောင်း ရဲစခန်းထောက်ခံစာ၊ ရရှိထားသော Diploma (သို့)
Certificate မိတ္တူတို့နှင့် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း
သိရှိရသည်။ အသေးစိတ် သိရှိလိုပါက GALLANT Training Centre အမှတ် (၅) A
(၂) ၊ ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း၊ ကမာရွတ်၊ ဖုန်း 095128026
သို့ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရှိရပါသည်။
(12-3-2010)
Source: Ko Lin (Myanmar Training)
၂ဝ၁ဝ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူများအတွက် Diploma in Software
Engineering သင်တန်းဖွင့်လှစ်မည်
..
Myanmar Professionals Education Centre မှ
ဖွင့်လှစ်သင်ကြားလျှက်ရှိသော မလေးရှားနိုင်ငံ Cambridge ICT မှ
ပေးအပ်သည့် CICT Diploma in Software Engineering တန်းခွဲသစ်ကို ၂ဝ၁ဝ
ခုနှစ် ဧပြီလဆန်းတွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။
Computer အခြေခံရှိရုံဖြင့် တက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းကာလ ၉
လသာကြာမြင့်မည်ဖြစ်သော အဆိုပါ Diploma သင်တန်းတွင် Software
Engineering နှင့်သက်ဆိုင်သော အဓိကဘာသာရပ် ၆ ခုနှင့်
လက်တွေ့လုပ်ငန်းခွင်အသုံးချ Project တစ်ခုကိုပါ
ထည့်သွင်းသင်ကြားပေးမည်ဖြစ်ပါသည်။ ပြည်တွင်းမှာပင်
သင့်တင့်သောဈေးနှုန်းဖြင့် နိုင်ငံတကာအဆင့်မီ Diploma တစ်ခုကို
ရယူပိုင်ဆိုင်နိုင်မည် ဖြစ်သလို၊
ပညာဆက်လက်သင်ကြားလိုသူများအနေဖြင့်လည်း Overseas တွင် IT နှင့်
ပတ်သက်သော Bachelor Degree များအထိ အချိန်တိုအတွင်း
ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပါသည်။
Diploma in Software Engineering သင်တန်းကို သင်ကြားမှုအတွေ့အကြုံ သာမက
လုပ်ငန်းခွင် အတွေ့အကြုံ ရင့်ကျက်သော ဆရာ၊ ဆရာမများမှ စနစ်တကျ
လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပါသည်။ ထို့အပြင် Software ရေးသားမှု
အတွေ့အကြုံရှိသူများမှပါ ထပ်မံ၍ လုပ်ငန်းခွင် အတွေ့အကြုံများကို
Knowledge Sharing အနေဖြင့် သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပါသည်။
၂ဝ၁ဝ ခုနှစ်တက္ကသိုလ်ဝင်တန်းဖြေဆိုထားပြီးသူ ကျောင်းသားကျောင်းသူများ
အနေဖြင့် မိမိတို့၏ ကျောင်းသားကဒ်ဖြင့် လာရောက်အပ်နှံပါက
အထူးအစီအစဉ်ဖြင့် လက်ခံပေးသွားမည် ဖြစ်ပါသည်။ သင်တန်းကြေးကိုလည်း
အရစ်ကျ ပေးသွင်းနိုင်စေရန် စီစဉ်ထားရှိပါသည်။ အထက်ပါ Diploma in
Software Engineering သင်တန်းကို တက္ကသိုလ်ဝင်တန်း
ဖြေဆိုထားပြီးသူများမှ စ၍ စိတ်ပါဝင်စားသူ မည်သူမဆို
တက်ရောက်နိုင်ပါသည်။
၂ဝ၁ဝ မတ်လဆန်း မှစတင်၍ သင်တန်းစတင်အပ်နှံ နိုင်မည် ဖြစ်ပြီး
တန်းခွဲတစ်ခုလျှင် သင်တန်းသား ၂ဝ ဦးသာ လက်ခံမည်ဖြစ်ပါသည်။
သင်တန်းတက်ရောက် လိုသူ ကျောင်းသားများနှင့် မိဘများသည် အသေးစိတ်
အချက်အလက်များကို Myanmar Professionals Education Centre (MPEC) ၊
အမှတ် ၁၁၂ ၊ အခန်း (၁၁၊ ၁၂) ၊ ၈ မိုင် ၊ ပြည်လမ်း ၊
မရမ်းကုန်းမြို့နယ်။ ရန်ကုန်မြို့။ ဖုန်း - 668779 ၊ 668259 ၊ 650124
တို့ကို ဆက်သွယ်စုံစမ်း၍ ကြိုတင်စာရင်း ပေးသွင်းနိုင်ပါသည်။
(12-3-2010)
Source: Ko Lin (Myanmar Training)
Software Engineering in Java သင်တန်းဖွင့်မည်
..
Computer Programming ကိုစနစ်တကျ
သင်ယူလိုသူများနှင့် Software Engineering ဖြစ်လိုသူများအတွက် Software
Engineering in Javaသင်တန်း ကို Bizsoft
တွင်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် Computer Programming များကို
မိမိကိုယ်တိုင်တွေးခေါ်၍ Solution လုပ်နိုင်ရန်၊ Object Oriented
Concepts များပိုင်ပိုင်နိုင်နိုင် နားလည် သဘောပေါက်စေရန် Programmer
တစ်ဦး ကျင့်သုံးရမည့် Software Engineering Principle
များသိရှိစေရန်အတွက် လက်တွေ့ Software Development အတွေ့ အကြုံများမှ
တွေ့ကြုံရသော Case များနှင့် ပေါင်းစပ်သင်ကြားပေးမည် ဖြစ်ကြောင်း
သိရသည်။
သင်တန်းပြီးဆုံးပါက အဆင့်မြင့် Java Framework
များကိုလွယ်ကူစွာလေ့လာနိုင်ခြင်း၊ .Net Framework
များကိုလွယ်ကူစွာသဘောပေါက်နိုင်ခြင်း၊ MCPA မှ စစ်ဆေးသော Fundamental
Software Engineering စာမေးပွဲ အတွက် Java Programming ဖြေဆိုနိုင်ရန်
အဆင်သင့်ဖြစ်ခြင်း၊ ဂျပန်နိုင်ငံ အပါအ၀င် ၇ နိုင်ငံ အသိအမှတ်ပြု ITPEC
စာမေးပွဲတွင် Java Programming ဖြေဆိုရန် အကျိုးကျေးဇူးများ
ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။
သင်တန်းနှင့် ပတ်သတ်သော အသေးစိတ် အချက်အလက်များ သိလိုပါက Bizsoft ၃၈
လမ်းပလာဇာ (ဒုထပ်) ဆိပ်ကမ်းသာလမ်း (အပေါ်) ဖုန်း- ၃၈၃၈၇၁၊ ၀၉၅၀၆၇၁၆၈
သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။
(12-3-2010)
Source: Internet Journal
မြန်မာနိုင်ငံ တွင် CWNA အောင်မြင်သူထွက်ပေါ်လာ
.
ကမ္ဘာပေါ်တွင် Wireless
နည်းပညာနှင့်ပတ်သက်သော ကျွမ်းကျင် အသိအမှတ်ပြု CWNP (Certified
Wireless Network Professional) ကိုမြန်မာနိုင်ငံ တွင် ပထမဆုံး
ဖြေဆိုအောင်မြင်သူ ပေါ်ထွက်လာကြောင်း သိရသည်။
CWNP ကိုပထမဆုံးဖြေဆိုအောင်မြင်သူမှာ ကိုကျော်မင်းနိုင်ဖြစ်ပြီး M.S.T
Computer ၏ ပထမဆုံးတန်းခွဲတွင် တက်ရောက်သင်ယူခဲ့သူ ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ပထမဆုံး ဖြေဆိုအောင်မြင်ခဲ့သူ
ကိုကျော်မင်းနိုင်အောင်မြင်ခဲ့သော ဘာသာရပ်မှာ PWO-104 ဖြစ်သည်။ CWNP
ဘာသာရပ်များတွင် PWO-104, PWO-070,PWO-200 ဟူ၍ဘသာရပ်များ ရှိပြီး
ကြိဲုက်နှစ်သက်ရာ ဘာသာရပ်ကို ရွေးချယ်ဖြေဆိုနိုင်ကြောင်းသိရသည်။
PWO-070 သည် CWTS Technology Specialist, PWO-104 သည် CWNA Network
Administrator နှင့် PWO-200 သည် CWSP Security Professional
တို့ဖြစ်သည်။
‘ ယနေ့တိုးတက်ပြောင်းလဲလာတဲ့ ကြိုးမဲ့ Wireless ကွန်ရက်တွေ၊ RF Signal,
Wireless Architecture, Standards, Antenna & Wireless Accessories,
Wireless Survey အကြောင်းတွေကို အဓိကထားပြီး ဖြေဆိုရတာပါ။ Wireless
Security ကိုလည်းအထူးပြုထားတာတွေ့ရပါတယ်။ M.S.T Computer Centre
မှာစာတွေ့လက်တွေ့သင်ခဲ့ပြီး MCSE နဲ့ CCNA လည်းအောင်မြင်ပြီးဖြစ်ပါတယ်’
ဟုကိုကျော်မင်းနိုင်မှ ပြောကြားသည်။
CWNP ဘာသာရပ်မှာ နိုင်ငံတကာအသိအမှတ်ပြု အသက်မွေးဝမ်းကျောင်း
အောင်လက်မှတ်တစ်ခုဖြစ်သလို Wireless နည်းပညာများနှင့် ပတ်သက်၍
စာတွေ့လက်တွေ့ စုံလင်စွာလေ့လာမှသာ ဖြေဆိုနိုင်သည့် ဘာသာရပ်ဖြစ်ကြောင်း
သိရသည်။ ကိုကျော်မင်းနိုင်သည် Exam ကို Myanmar Inspiration အွန်လိုင်း
စာမေးပွဲ စင်တာတွင် ၀င်ရောက်ဖြေဆိုခဲ့ကြောင်းသိရသည်။
(12-3-2010)
Source: Internet Journal