Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' တွင် Linux သင်တန်း၊ Memory Stick၊ Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


News » Local News

အိုင်တီစာမေးပွဲပေါင်း ၁ဝဝဝ ကျော်ဖြေဆိုနိုင်သည့် အွန်လိုင်း စာမေးပွဲဌာန ဖွင့်လှစ်

အိုင်စီတီ နည်းပညာ သင်ကြားရေးကုမ္ပဏီဖြစ်သော MCC ကွန်ပျူတာ သင်တန်းကျောင်းနှင့် နိုင်ငံတကာ အသိအမှတ်ပြု အိုင်တီစာမေးပွဲများ စစ်ဆေးနေသော Myanmar Inspirations တို့ ပူးပေါင်း၍ မိုက်ကရိုဆော့ဖ် အပါအဝင် အိုင်တီစာမေးပွဲပေါင်း တစ်ထောင်ကျော်ဖြေဆိုနိုင်မည့် အွန်လိုင်းစာမေးပွဲဌာနကို စက်တင်ဘာ ၂၅ ရက်တွင် စတင် ဖွင့်လှစ် လိုက်ကြောင်း သိရသည်။

၎င်း အွန်လိုင်း စာမေးပွဲဌာနသည် ရန်ကုန်မြို့၊ သိမ်ကြီးဈေးရှိ MCC ကွန်ပျူတာသင်တန်းကျောင်းတွင် တည်ရှိပြီး၊ကျောင်းသားလေးဦး တစ်ပြိုင်နက် ဖြေဆိုနိုင်ရန် စီစဉ် ထားကာ MCC သင်တန်းမှ ကျောင်းသားများ သာမက ပြင်ပသင်တန်းများနှင့် တခြား အိုင်တီပညာရှင်များလည်း ဝင်ရောက်ဖြေဆိုနိုင်ကြောင်း အဆိုပါ စာမေးပွဲ ဌာနနှင့် ပတ်သက် သည့် သတင်း စာရှင်းလင်ပွဲမှ သိရသည်။

Myanmar Inspirations မှ စစ်ဆေးလျက်ရှိသော နိုင်ငံတကာ အသိအမှတ် ပြုလက်မှတ်ရ စာမေးပွဲစစ် ဆေးခြင်းလုပ်ငန်းနှင့် MCC မှသင်ကြားလျက်ရှိသော အိုင်စီတီ နည်းပညာဆိုင်ရာ သင်တန်းများ ပို့ချခြင်းလုပ်ငန်း တို့အား ပူးတွဲ ပေါင်းစပ်ခြင်းဖြင့် လေ့ကျင့် သင်ကြားခြင်းနှင့် စာမေးပွဲ စစ်ဆေးခြင်း လုပ်ငန်းနှစ်ရပ်ကို တစ်နေရာ တည်းတွင် တည်ရှိစေမည် ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ပြင်ဦးလွင်မြို့၊ ရတနာပုံဆိုက်ဘာစီးတီးရှိ MCC ကွန်ပျူတာ သင်တန်းကျောင်းတွင်လည်း ဒီဇင်ဘာလမတိုင်မီ စာမေးပွဲဌာန အသစ်တစ်ခုကို ဖွင့်လှစ်မည် ဖြစ်ကြောင်၊ MCC ကွန်ပျူတာ သင်တန်းကျောင်း ၏ ဥက္ကဋ္ဌဖြစ်သူ ဦးတင်ဝင်းအောင်က သတင်းထောက်များကို ပြောသည်။

၁၉၈၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်၌ မြန်မာနိုင်ငံရှိ မြို့ပေါင်း ၆ဝ ကျော်တွင် ကွန်ပျူတာ သင်တန်းကျောင်းခွဲများ ဖွင့်လှစ်သင်ကြားလျက်ရှိသော MCC နှင့် ၂ဝဝ၄ ခုနှစ်တွင်စတင်တည် ထောင်ခဲ့ပြီး၊ လက်ရှိချိန်တွင် မိုက်ကရိုဆော့ဖ်အပါအဝင် နိုင်ငံတကာအသိအမှတ်ပြု အိုင်တီစာမေးပွဲများ စစ်ဆေးလျက်ရှိသော Myanmar Inspirations တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ အိုင်စီတီ နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အိုင်တီပညာရှင်များ ထွန်းကားရေးအတွက် များစွာ အထောက်မကူ ဖြစ်စေမည် ဖြစ်ကြောင်း ၄င်းကုမ္ပဏီ နှစ်ခု၏ တာဝန်ရှိသူများက ဆိုသည်။

Source: 7day News Journal


အင်္ဂလိပ်ဘာသာဂုဏ်ထူးရသူများ IELTS နှင့် TOEFL သင်တန်းစကော်လာလျှောက်နိုင်.

၂ဝဝ၈ ခုနှစ်နှင့် ၂ဝဝ၉ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲများတွင် အင်္ဂလိပ်ဘာသာဖြင့် ဂုဏ်ထူးရရှိထားပြီး၊ ငွေကြေးလိုအပ်ချက်ရှိသူ ကျောင်းသားများအနေဖြင့် IELTS သို့မဟုတ် TOEFL သင်တန်းများအတွက် ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း မေအင်တာနေရှင်နယ် ပညာရေးလုပ်ငန်းမှ သိရသည်။

အဆိုပါ ပညာသင်နှစ်များတွင် အင်္ဂလိပ်ဘာသာ ဂုဏ်ထူးရရှိထားသော ကျောင်းသားများသည် နွမ်းပါးပြီး ပညာတော်ကြောင်း မိမိကျောင်းအုပ်ကြီး၏ ထောက်ခံစာဖြင့် အောက်တိုဘာလ နောက်ဆုံးရက်အထိ လာေ၇ာက် လျှောက်ထားနိုင်ကြောင်း မေ အင်တာနေရှင်နယ် ပညာရေးလုပ်ငန်းမှ ဒါရိုက်တာ ဦးဥာဏ်ဇော်ထွန်း ကပြောသည်။

”အနယ်နယ် အရပ်ရပ်က ကျောင်းသားတွေလည်း လျှောက်ထားနိုင်ပါတယ်။ သပ်သပ်အတန်းတစ် တန်းဖွင့်သွားမှာတော့ မဟုတ်ပါဘူး။ လက်ရှိသင်နေတဲ့ အတန်းထဲမှာ အလျဉ်းသင့်သလို ထည့်သွင်းသင်ကြား စေမှာပါ။ လျှောက်လွှာကြေး မလိုပါဘူး။ သုံးလသင်တန်း ပညာသင်ဆု ဖြစ်ပါတယ်” ဟု ဦးဥာဏ်ဇော်ထွန်းက ပြောသည်။

ပညာသင်ဆုရရှိသော ကျောင်းသားများအနေဖြင့် IELTS သို့မဟုတ် TOEFL ပြင်ဆင်မှုသင်တန်းကို တစ်နေ့လျှင် နှစ်နာရီနှင့် တစ်ပတ်ကို ငါးရက် ပညာသင်ယူခွင့် ရကြမည် ဖြစ်သည်။

Source: 7day News Journal

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats