Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' တွင် Linux သင်တန်း၊ Memory Stick၊ Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


News » Local News

အခြေခံပညာအထက်တန်း (သို့မဟုတ်) GCE ‘O’ Level အောင်ရုံဖြင့် အမေရိကန်တက္ကသိုလ် တက်ရောက်နိုင်

မြန်မာနိုင်ငံမှ အခြေခံပညာအထက်တန်း (သို့မဟုတ်) GCE ‘O’ Level အောင်မြင်ထားသူကျောင်း သားကျောင်းသူများအနေဖြင့် အမေရိကန်ရှိ Oregon State University တွင် သွားရောက် ပညာသင်ယူနိုင်ရန် Regent ပညာရေးကုမ္ပဏီမှ ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း သိရသည်။

အခြေခံပညာ အထက်တန်း(သို့မဟုတ်) GCE ‘O’ Level အောင်မြင်ထားသူ ကျောင်းသားကျောင်းသူများသည် SAT အမှတ်မလိုအပ်ဘဲ IELTS 5.0 (သို့မဟုတ်) TOEFL 475 ရရှိထားပါက Oregon State University တွင်ပညာသင်ယူနိုင်မည်ဖြစ်ပြီး ဘွဲ့လွန်နှင့်မဟာဘွဲ့ တက်ရောက်လိုသူများအတွက်လည်း ကျောင်းသားတစ်ဦးချင်းစီ၏ ပညာအရည်အချင်းအလိုက် စီစစ်လက်ခံသွားမည် ဖြစ်သည်။

Business နှင့် Social Sciences ဘွဲ့များဖြစ်သည့် Economics, English, Health Management and Policy, International Studies, New Media Communication စသည့်ဘွဲ့ သင်တန်းများသို့ တက်ရောက် လိုသူကျောင်းသားကျောင်းသူများအနေဖြင့် ၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလ တန်းခွဲများတွင် စတင်တက်ရောက်နိုင် ကြောင်းသိရသည်။၂ဝ၁ဝ ခုနှစ်၊ စတင်ဘာလတန်းခွဲများတွင်မူ အထက်ဖော်ပြပါ ဘွဲ့များအပြင် Engeneering Sciences နှင့် အခြားဘွဲ့များကို တက်ရောက်နိုင်မည်ဖြစ်သည်။

၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလတန်းခွဲတွင် စတင်တက်ရောက်လိုသူ ကျောင်းသားကျောင်းသူများအတွက် တာဝန်ရှိပုဂ္ဂိုလ် Mr. Tom Keenan က ၂ဝဝ၉ ခုနှစ်၊ အောက်တိုဘာလ ၁၇ရက်ညနေ ၄နာရီတွင် Regent ပညာရေးကုမ္ပဏီရုံးခန်းတွင် ရှင်းလင်းတင်ပြ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကျောင်းလျှောက်မည့် ကျောင်းသားကျောင်းသူ တစ်ဦးချင်းစီကိုလည်း အောက်တိုဘာလ ၁၈ရက် နံနက် ၁ဝနာရီမှ စတင်ကာ ဆွေးနွေး အကြံပေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ပညာရေးဆွေးနွေးပွဲတွင် လူဦးရေကန့်သတ်ထားသောကြောင့် တက်ရောက်လိုသူများနှင့် တစ်ဦးချင်း ဆွေးနွေးလိုသူများသည် Regent ပညာရေးကုမ္ပဏီ ဖုန်း - 504369၊ 726826 သို့ ကြိုတင်စာရင်းပေးသွင်းရ မည်ဖြစ်ကြောင်း သိရသည်။

Source: Internet Journal


Juniper စာမေးပွဲ အခမဲ့ ဖြေဆိုနေပြီဖြစ်.

Networking Technology ထိပ်တန်းကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Juniper Networks မှနိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ရ စာမေးပွဲ(၄)မျိုးအား အခမဲ့ ဖြေဆိုနေကြပြီ ဖြစ်ကြောင်းသိရသည်။

Fast Track အစီအစဉ်အရ စက်တင်ဘာတွင် စတင်ခဲ့သော အခမဲ့ e-Learning နှင့်စာမေးပွဲဖြေဆိုခွင့် ကို ၂ဝဝ၉၊ ဒီဇင်ဘာ (၃၁)အထိ ခွင့်ပြုထားကြောင်း သိရသည်။စာမေးပွဲ ကိစ္စရပ်များနှင့် ပတ်သက်၍ http://www.Juniper.net/fasttrack တွင် အသေးစိတ်ဖော်ပြထားပြီး မည်သူမဆို ပါဝင်နိုင်ကြောင်း သိရသည်။ Associate level စာမေးပွဲ (၂)မျိုးနှင့် Specialist level စာမေးပွဲ (၂)မျိုးပါဝင်သော Juniper အခမဲ့ အစီအစဉ်အား ဝင်ရောက်ဖြေဆိုအောင်မြင်သူ (၁ဝ)ဦးကျော် ရှိပြီဖြစ်ကြောင်း Myanmar Inspriations မှ တာဝန်ရှိသူ ကိုလှမျိုးထွန်းက ထုတ်ဖော်ပြောကြားခဲ့သည်။

“ Juniper ဆိုတာ Cisco နဲ့အပြိုင် Networking ဆိုင်ရာ Hardware နဲ့ Software တွေထုတ်တဲ့ ကုမ္ပဏီပါ။ နိုင်ငံတကာမှာ Interprise Level routing and switching ဆိုရင် Cisco နဲ့ Juniper ကိုပဲ သုံးစွဲကြတာဖြစ်တဲ့အတွက် Networking နဲ့ System Engineer သမားတွေ မရှိမဖြစ် ကိုင်ဆောင်ထားရမယ့် အသိအမှတ်ပြု လက်မှတ်တွေ ဖြစ်ပါတယ်။ အခမဲ့ဖြေဆိုလို့ရတဲ့ JNO-342 နဲ့ JNO-400 စာမေးပွဲတွေဟာ CCNA နဲ့ တန်ဖိုးချင်း အတူတူပါပဲ။ ပုံမှန်စာမေးပွဲကြေး USD 125 ပေးစရာ မလိုဘဲ ဖြေနိုင်တဲ့ အတွက် မြန်မာကွန်ပျူတာ အင်ဂျင်နီယာတွေ အတွက် လက်လွတ်မခံသင့်တဲ့ အခွင့်အရေးတစ်ရပ်ပါပဲ။ နှစ်ကုန်အထိ အခမဲ့ ဖြေဆိုနိုင်တဲ့ အတွက် Specialist အဆင့်စာမေးပွဲ JNO-330 နဲ့ JNO- 350 ရောက်အောင် ဖြေဆိုထားသင့်ပါတယ်။ ဒီလိုဖြေ ဆိုခြင်းဟာ CCNP အဆင့် နဲ့ ညီမျှပါတယ်။ အဓိက ကတော့ JUNOS လို့ခေါ်တဲ့ Juniper ကထုတ်တဲ့ Networking Device တွေမှာသုံးတဲ့ Operating System ကိုရင်းနှီးကျွမ်းဝင်လာအောင် Promoter လုပ်တာ ဖြစ်သလို အဓိကပြိုင်ဘက်ဖြစ်တဲ့ Cisco ရဲ့ ဈေးကွက်ကို ဝင်လုတာပါပဲ။ အခုဆိုရင်တစ်ဦးတည်းနဲ့ Routing တစ်ဘာသာ၊ Switching တစ်ဘာသာဖြေဆိုသွားမယ်လို့ သိရပါတယ်” ဟု Myanmar Inspiraions မှ တာဝန် ရှိသူ တစ်ဦးက အင်တာနက်ဂျာနယ်သို့ ပြောသည်။

Juniper စာမေးပွဲများမှာ အောင်မှတ် ၇ဝ ရာခိုင်နှုန်းဖြစ်ပြီး ဖြေဆိုချိန်မိနစ် ၉ဝ ခွင့်ပြုထားကြောင်း သိရသည်။ Juniper မှ Router, Switch, Gateway, Firewall, SSL VPN Gatway, Wan Accelerator နှင့် IMS, SIM, SS7 Server များထုတ်လုပ်ပြီး ၂ဝဝ၉ အတွက် Fortune Magazine မှ World’s Most Admired Companies စစ်တမ်း၏ အိုင်တီဝန်ထမ်းများ အလုပ်လုပ်ကိုင်လိုသော ကုမ္ပဏီများစာရင်းတွင် စတုတ္တအဆင့် ရှိသည်ဟုထပ်မံ သိရှိရသည်။

Source: 7day News Journal
 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats