Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' တွင် Linux သင်တန်း၊ Memory Stick၊ Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


News » Local News

နိုင်ငံခြားပညာသင်ယူရာတွင် ကောလိပ်အတု၊ အောင်လက်မှတ်အတုများဖြင့် လိမ်လည်ခြင်းများအား သတိပြုရန်လိုအပ်လာ

 နိုင်ငံရပ်ခြားမှ ပညာရပ်များ သင်ယူသည်ဆိုရာတွင် အေးဂျင့်များမှဖြစ်စေ၊ အွန်လိုင်းမှဖြစ်စေ သင်ယူခြင်းများရှိလာကြရာ ယင်းအပေါ်တွင် မသမာသူအချို့က အောင်လက်မှတ် အတု၊ ကောလိပ်အတုများဖြင့် သတိပြုရန် လိုအပ်လာပြီဖြစ်ကြောင်း နိုင်ငံခြားပညာသင်ရေးရာ ကျွမ်းကျင်သူများက ပြောကြားခဲ့ပါသည်။

အွန်လိုင်းမှ နိုင်ငံခြားပညာရပ်များ သင်ယူမည်ဆိုရာတွင် အောင်လက်မှတ်အတု၊ ကောလိပ်အတုများဖြင့် လိမ်လည်မှုများ ယခုနှစ်နောက်ပိုင်း၌ ပိုမိုတွေ့လာရသဖြင့် သတိပြုရန် လိုအပ်လာသည့်အပြင် အမှန်တကယ်ရှိ၊ မရှိအား သက်ဆိုင်ရာနိုင်ငံများ အလိုက်သံရုံးများမှတစ်ဆင့် စုံစမ်းသိရှိနိုင်ကြောင်း အွန်လိုင်းပညာရေးဆိုင်ရာ အတွေ့အကြုံရှိသူများက ပြောပြခဲ့ပါသည်။

ဗြိတိသျှကောင်စီ စာမေးပွဲဌာနမှ ဆရာဦးကျော်ထင်က”အွန်လိုင်းကနေ မဟာဘွဲ့ယူချင်တဲ့ ကလေးတစ်ယောက်က အွန်လိုင်းကနေ သင်တယ်။ ပြီးတော့ ဟိုဘက် ကျောင်းကပြီးမြောက်ကြောင်း အောင်လက်မှတ် တစ်ခုထုတ်ပေးတယ်။ သူ့ကို ငွေသွင်းရတဲ့ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၅ဝဝ လောက်ပေးရတယ်။ နိုင်ငံခြားက မာစတာဘွဲ့တစ်ခုကို ဒေါ်လာ ၅ဝဝနဲ့ ရလိုက်ခြင်းဟာ မှန်ကန်လား၊ မမှန်ကန်လား မိမိဘာသာ ဆုံးဖြတ်သင့်တယ်” ဟုထောက်ပြ ပြောဆိုခဲ့ပါသည်။

အွန်လိုင်းမှဘွဲ့ရယူခြင်းသည် မြန်မာလူငယ်များအကြား ခေတ်စားလာခဲ့သည့် သင်ယူခြင်းမျိုးဖြစ်သကဲ့သို့ မိမိသင်ယူသည့် ကျောင်းအားဝက်ဘ်ဆိုက်များတွင် အမှန်တကယ်ရှိ၊ မရှိဆိုခြင်းထက် သက်ဆိုင်ရာ သံရုံးများ၏ စာမေးပွဲဌာနများတွင် ဦးစွာစုံစမ်းမေးမြန်းပြီးမှ သင်ယူသင့်ကြောင်း MyanmarING ကုမ္ပဏီမှ Vice President ကိုရဲမင်းသွင်က ပြောပြခဲ့ပါသည်။

“အခုအချိန်မှာ ဝက်ဘ်ဆိုက်တစ်ခုကို ငွေပေးပြီး ဝယ်လိုက်တာနဲ့အလွယ်တကူရနိုင်တယ်ဆိုတော့ တချို့ကောလိပ်တွေဟာ ဝက်ဘ်ဆိုက်လည်းရှိတယ်။ အီးမေးလ်နဲ့ကျောင်းကိုစုံစမ်းတော့လည်းအကြောင်းပြန်တယ်။ တကယ်တော့ အဲဒီကျောင်းကဟိုဘက်မှာ တိုက်ခန်းကျဉ်းကျဉ်းလေးနဲ့ သူတို့ပေးတဲ့ဒီဂရီက Certificate အဆင့်လောက်ပဲရှိတယ်”ဟု MyanmarING ကုမ္ပဏီမှ VicePresident ကိုရဲမင်းသွင်က ရှင်းပြခဲ့သည်။

ရန်ကုန်ထက်နယ်မြို့များတွင် ယင်းကဲ့သို့ လိမ်လည်မှုမျိုးများ ပိုမိုကြုံတွေ့နေရကြောင်း မန္တလေးမြို့ခံတစ်ဦးက “အင်္ဂလန်ကို ကျောင်းလျှောက်ပေးမယ်။ ဘာမှကိုယ်တိုင်လိုက်လုပ်စရာမလိုဘူး။ သိန်းတစ်ထောင် ပေးရမယ်။ ပတ်စ်ပို့ကအစအကုန်လိုက်လုပ်ပေးမယ်ပြောတယ်။ သိန်းတစ်ထောင်က များတယ်ဆိုတော့ သိန်း ငါးရာနဲ့လုပ်ပေးမယ်ဆိုပြီးချက်ချင်း ပြောတယ်။ နားလည်တဲ့သူတွေကို တစ်ဆင့်ပြန်မေးတော့ အဲဒီကျောင်းက တကယ်မရှိဘူး။ အဲဒီအေးဂျင့်ကလည်း လိမ်နေတယ်ဆိုတာ သိလိုက်ရတယ်” ဟု ပြောကြားခဲ့သည်။

(21-10-2009)
Source: Weekly Eleven Journal

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats