Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' တွင် Linux သင်တန်း၊ Memory Stick၊ Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


News » Local News

မြန်မာကွန်ပျူတာကုမ္ပဏီလီမီတက်(MCC) မှ နိုင်ငံတကာအသိအမှတ်ပြုကွန်ပျုတာဒီပလိုမာ
သင်တန်းများ သင်တန်းဆင်းပွဲ ကျင်းပ
 

မြန်မာနိုင်ငံတွင် (၁၉၉၃) ခုနှစ်မှ စတင်ပြီး နိုင်ငံတကာအသိအမှတ်ပြု ကွန်ပျူတာဒီပလိုမာသင်တန်းများကို သင်ကြားလာခဲ့သော မြန်မာကွန်ပျူတာကုမ္ပဏီလီမီတက်(MCC)မှ (၂၀၀၉) ခုနှစ် ဇွန်လတွင် ကမ္ဘာ တစ်ဝန်းလုံး တပြေးညီကျင်းပသော NCC International Diploma and Degree Course စာမေးပွဲများတွင် အောင်မြင်ခဲ့ကြသော ကျောင်းသူ/ သားများအတွက် သင်တန်းဆင်းအောင်လက်မှတ်ပေးအပ်ခြင်းအခမ်းအနား Graduation Ceremony ကို ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ Park Royal Hotel, Grand Ball Room တွင် (၂၀၀၉) ခုနှစ် နိုဝင်ဘာ (၁၇) ရက်နေ့ မွန်းလွဲ ၂နာရီက အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့ British Council မှ Examinaion Services Manager NCC Education Business Development Manager Ms. Yan Pin Beh, MCC Group of Companies Chairman ဦးတင်ဝင်းအောင်၊ MCC Group CEO ဒေါ်ချောခင်ခင်နှင့် တာဝန်ရှိသူများ၊ သင်တန်းဆရာ ဆရာမများ ဖိတ်ကြားထားသူများနှင့် သင်တန်းဆင်းကျောင်းသားကျောင်းသူများ စုစုပေါင်း အင်အား (၃၀၀) ခန့်တက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

သင်တန်းဆင်းအောင်လက်မှတ်တက်ရောက်ရယူသူများအနက်မှ မောင်ဟိန်းလတ် (ယခု MCC Senior Programmer အဖြစ်အလုပ်လုပ်ကိုင်နေသူ) သည်(၂၀၀၉) ခုနှစ် ဇွန်လတွင် ကျင်းပသော နိုင်ငံတကာ BCIS Grade Point 121 ဖြင့် 1st Honors B.Sc Degree ကိုရရှိခဲ့ကြောင်းသိရသည်။

ထို့အပြင် မ၀င်းပပအေးသည် IDCS Diploma စာမေးပွဲတွင် အာရှ ပစိဖိတ်ေးသအတွင်း အမှတ်အများဆုံးဖြင့် အောင်မြင်မှုရရှိခဲ့ပါသည်။ သင်တန်းဆင်းပွဲတွင် BCIS Degree Course အတွက်အောင်မြင်ပြီးသူ (၁၄) ဦး၊ IADCS Diploma Course အတွက်အောင်မြင်ပြီးသူ (၄၅) ဦး၊ IDCS Diploma Course အတွက်အောင်မြင်ပြီးသူ (၅၀) ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ(၁၀၀) ဦးတို့သင်တန်းဆင်းဘွဲ့လက်မှတ်နှင့် အောင်လက်မှတ်များ ရယူခဲ့ကြကြောင်း သိရပါသည်။

(20-11-2009)
Source: Ko Lin(Myanmar Training)


မြန်မာကွန်ပျူတာကုမ္ပဏီလီမီတက်(MCC)မှ ထူးချွန်ကျောင်းသူတစ်ဦး အာရှ ပစိဖိတ်ဒေသ အမှတ်အများဆုံး ထူးချွန်ဆု           Regional High Achiever Award ဆုဆွတ်ခူးရရှိ.

မြန်မာနိုင်ငံတွင်(၁၉၉၃)ခုနှစ်မှစတင်ပြီးနိုင်ငံတကာအသိအမှတ်ပြုကွန်ပျူတာဒီပလိုမာသင်တန်းများကို သင်ကြားလာခဲ့သော မြန်မာကွန်ပျူတာကုမ္ပဏီလီမီတက် (MCC) မှ (၂၀၀၉) ခုနှစ် ဇွန်လတွင်ကမ္ဘာတစ်ဝှမ်းလုံးတပြေးညီကျင်းပသော NCC International IT Diploma and Degree Course စာမေးပွဲများတွင် MCC ဂုဏ်ထူးဆောင်ကျောင်းသူတစ်ဦးဖြစ်သော မ၀င်းပပအေးသည် အာရှပစိဖိတ်ဒေသ အမှတ်အများဆုံးဆု (Regional High Achiever Award) ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပါသည်။

မ၀င်းပပအေးသည် သိမ်ကြီးဈေး (C) ရုံ၊ တတိယထပ် ရွှေတိဂုံဘုရားလမ်းရှိ (MCC) တွင် ပထမနှစ်ဒီပလိုမာ သင်တန်းဖြစ်သော IDCS Diploma သင်တန်းအားဂုဏ်ထူး ၆ ခုဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ပြီး အာရှ ပစိဖိတ်ဒေသ အမှတ်အများဆုံး ဆုကိုပါ ရရှိသွားခြင်းဖြစ်သည်။

မြန်မာကွန်ပျူတာကုမ္ပဏီလီမီတက်(MCC) အနေဖြင့် (၁၉၉၃) မှ (၂၀၀၉) ခုနှစ်အထိ မ၀င်းပပအေးအပါအ၀င် ထူးချွန်ကျောင်းသားကျောင်းသူများ မွေးထုတ်ပေးနိုင်ခဲ့ပြီး England နိုင်ငံ NCC Education မှ ချီးမြှင့်သော အကောင်းဆုံး သင်ကြားနိုင်သော Centre တစ်ခုဖြစ်သည့်အပြင် နှစ်ပေါင်း (၁၅) နှစ် ကျော် အတွေ့အကြုံရှိ Centre တစ်ခုဖြစ်ပါသည်။

MCC တွင်သင်ကြားသော International IT Qualification သင်တန်းများ၏ ထူးခြားချက်မှာ နိုင်ငံတကာအတွေ့အကြုံရှိသော ၀ါရင်ဆရာဆရာများ၏စေတနာထား အနီးကပ် သင်ကြားပြသမှု၊ သင်တန်းတွင် သင်ကြားလိုက်သောစာတွေ့ဘာသာရပ်များကို MCC မှ ဆောင်ရွက်လျှက်ရှိသည့် လက်တွေ့လုပ်ငန်းနယ်ပယ်များ Real Life Project Development တွင် အလုပ်သင်အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရှိခြင်း စသည်များဖြစ်ပါသည်။

(20-11-2009)
Source: Ko Lin (Myanmar Training)

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats