Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

CREATiVE Web Studio မှ သင်တန်း တက်ရောက်ခွင့်
- Web Essential (1) ဦး
- Web Advanced (1) ဦး
- PHP Course (1) ဦး

SUBSCRIBE

Your Email:


News » Local News


မြန်မာနှစ်သစ်ကူး အထိမ်အမှတ်အဖြစ် Quick Computerသင်တန်းကျောင်းမှ 
.
ဧပြီလ အတွင်း သင်တန်းကြေး ၂ဝ ရာခိုင်နှုန်း လျှော့ပေးမည်
. .

မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ကွန်ပျုတာအခြေခံ ရှိုပြီးသူတိုင်း တက်ရောက်သင်ကြားနိုင်သော A+Hardware Course ၊ Networking Course နှင့် Cyber Management သင်တန်းများကို နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် Quick Computer Center မှ သင်တန်းတစ်ခုလျှင် Discount 20 % လျှော့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းများမှာ သင်တန်းကာလ ၂ လကြာမြင့်မည်ဖြစ်ပြီး ၊ တစ်ဦးချင်း သင်ကြားမှုစနစ်ဖြင့် သင်တန်းချိန်များကို ညှိနှိုင်း တက်ရောက်နိုင်သောကြောင့် အလုပ်တစ်ဘက်ဖြင့် သင်တန်း တက်ရောက်လိုသူများ ၊ တစ်ဦးချင်း အနီးကပ်သင်ကြားမှုကို သဘောကျ နှစ်သက်သူများ ကွန်ပျုတာ နည်းပညာစနစ်များကို လက်တွေ့ ကျကျ သိရှိလိုသူများ ၊ တစ်ဦးချင်း အနီးကပ်သင်ကြားမှုကို သဘောကျ ကြိုက်နှစ်သက်သူများ ၊ ကွန်ပျုတာ နည်းပညာစနစ်ကိုများကို လက်တွေ့ကျကျ သိရှိလိုသူများ ၊ နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်ရန် ဆန္ဒရှိသူများ ၊ မည်သူမဆိုတက် ရောက် သင်ကြားနိုင်ကြောင်း ၊ အသေးစိတ်သိရှိလိုပါက Quick Computer Training Center ၊ Asia Plaza (ပထမထပ်)၊ ဆိပ်ကမ်းသာလမ်း (အပေါ်) ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့၊ ဖုန်း -၀၁- ၂၅၆၆၈၆ ၊၀၉- ၅၁၀၀၅၇၅ ၊၀၉- ၇၃၀၀၇၃၉၃ သို့ဆက်သွယ်မေးမြန်နိုင်ကြောင်း သိရှိရသည်။


 

(25-4-2012)
Source: Initzen Journal (Myanmar Training)
 


                          Global Education Show 2012 Including: Health & Beauty 2012 ကျင်းပမည်  .

 
.

မြန်မာနိုင်ငံ၏ ပညာရေး လမ်းညွှန်ချက်များကို အထောက်အကူပြုစေရန် သင်ယူမှု အခွင့်အလမ်း၊ အရည်အသွေးနှင့် ကျန်းမာရေးကဏ္ဍများ မြှင့်တင်နိုင်စေရန်၊ ပညာရေး၊ ကျန်းမာရေးနှင့် ပတ်သက် သည့် ၀န်ဆောင်မှုလုပ်ငန်းများ၊ ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် တိုးတက်ပျံ့နှံ့စေရန် ရည်ရွယ်၍ "Global Education Show 2012 Including: Health & Beauty 2012" ပြပွဲကို ၂၀၁၂ ခုနှစ်၊ မတ်လ၂၃ ရက်မှ ၂၅ ရက်အထိ ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပ ပြုလုပ်မည်ဖြစ်သည်။ ပြည်ပမှ တက္ကသိုလ်နှင့်ကောလိပ်အမျိုးမျိုး၊ ပြည်တွင်းမှ ပညာရေး သင်တန်း ကျောင်းအမျိုးမျိုး၊ အိုင်တီနှင့် နည်းပညာဆိုင်ရာ သင်တန်းကျောင်းအမျိုးမျိုး၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှု သင်တန်းကျောင်းအမျိုးမျိုး၊ နိုင်ငံခြားဘာသာစကား သင်တန်းကျောင်းအမျိုးမျိုး၊ နိုင်ငံခြားတက္ကသိုလ် ၀င်ခွင့်သင်တန်း ကျောင်းအမျိုးမျိုး၊ အနုပညာနှင့် ပတ်သက်သော သင်တန်းအမျိုးမျိုး၊ နိုင်ငံခြားဘာသာစကား သင်တန်းကျောင်းအမျိုးမျိုး၊ အနုပညာ နှင့်ပတ်သက်သော သင်တန်းကျောင်းအမျိုးမျိုး၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ သင်တန်းကျောင်းအမျိုးမျိုး၊ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ သင်တန်းကျောင်းအမျိုးမျိုး၊ ပညာရေးအတိုင်ပင်ခံ ကျောင်းအမျိုးမျိုး၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုး၊ ဆေးဝါးပစ္စည်းအမျိုးမျိုး၊ အီလက်ထရောနစ်ပစ္စည်းအမျိုးမျိုး၊ အလှအပဆိုင်ရာပစ္စည်းအမျိုးမျိုး၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုးတို့ အပြင် နည်းပညာဆိုင်ရာပစ္စည်းများ၊ စာအုပ်စာပေများနှင့် စာရေးကိရိယာပစ္စည်းမျိုးစုံ တို့ကို ပြည်သူလူထုများ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်အောင် စီစဉ်ပေးထားမည် ဟုသိရသည်။


 

(25-4-2012)
Source: Internet  Journal (Myanmar Training)


                          WUTC မှ အင်္ဂလိပ်စာအရည်အချင်းစာမေးပွဲကို အခမဲ့ဖြေဆိုနိုင်ရန် MSI တွင်စာရင်းပေးသွင်းနိုင်ပြီ  .

 
.

Webster University Thailand Campus (WUTC) မှစစ်မေးသည့် အရည်အချင်းစစ် စာမေးပွဲဖြေဆိုမည့် ကျောင်းသားများသည် park Royal Hotel (Orchit Club) တွင် (၂၀၁၂)ခုနစ် ၊ မတ်လ(၂၆)ရက် (တနင်္လာနေ့) ၊နံနက် (၁ဝ နာရီ) မှ နေ့လည် (၁)နာရီ အထိ ကျင်းပမည်ဖြစ်ပြီး (၃ ) နာရီကြာဖြေဆိုရမည်ဖြစ်သည်။ Webster University Thailand Campus ၏ ကျောင်းအကြောင်းရှင်းလင်းဆွေးနွေးဟောပြောပွဲမှာ- ၂၀၁၂ ခုနစ် ၂၂ ရက် ၊ မတ်လ (ကြာသပတေးနေ့) ၊ နေ့လည် ၃းဝဝ နာရီ မှ ၅းဝဝ နာရီ အထိ Myanmar Search International (MSI) Education Consultancy ရုံးခန်းတွင် “ Ms. Wai Lynn Thaway “ (Student Recruitment Management ) မှ ဘွဲ့ရပြီးနောက် အမေရိကန်နိုင်ငံ၏နေထိုင်ခွင့်များ ၊ Webster Geneva Campus (Switzerland ) သို့ သွားရောက် လည်ပတ်ခဲ့သော အတွေ့အကြုံ့များနှင့် Europe နိုင်ငံသို့ကူးပြောင်းပုံများနှင့် ပတ်သတ်၍ ဟောပြော မည်။

Webster University Thailand Campus (WUTC) ၏ ပင်မကျောင်းဖြစ်သော အမေရိကန်နိုင်ငံ St.Louis ရှိ Webster University (WU) သည် နှစ်ပေါင်း (၁ဝဝ) ဝန်းကျင် နိုင်ငံတကာ အသိအမှတ်ပြု တက္ကသိုလ် တစ်ခုအဖြစ် ရပ်တည်ခဲ့ပြီး ပညာရေး နယ်ပယ်တွင် နှစ်ပေါင်း(၃ဝ) ကျော်ထိပ်တန်း တက္ကသိုလ် အဖြစ်ဦးဆောင် ဦးရွက် ပြုလျက်ရှိသည်။ WUTC ကိုပါစိတ်ပါဝင်စားသော ကျောင်းသားများ ၂၁ ရက် ၊ မတ်လ ၊ ၂၀၁၂ ခုနစ် (ဗုဒ္ဓဟူးနေ့) နေ့လည် (၁၂းဝဝ နာရီ ) နောက်ဆုံးထားပြီ Myanmar Search International (MSI) ရုံးခန်း ၊ ဖုန်းနံပါတ် -01-250929 , 01-389915 , 095103915 နှင့် myanmarsearchinternational@gmail.com သို့ဆက်သွယ် စာရင်း ပေးသွင်းနိုင်ကြောင်း MSI ပညာရေး ဝန်ဆောင်မှုမှ သိရှိရသည်။
Webster University သည် နိုင်ငံတကာ တရားဝင် အသင်းဝင် အဖွဲအစည်းများ၏ အသိအမှတ်ပြု သည်ဟု သိရှိရသည်။ ယင်းတိုမှာ-
- AACSB International – The Association to Advance Collegiate Schools of Business
- ACBSP –Association to Collegiate Business Schools and Programs
- American Association of Paralegal Education
- American Association of College of Teachers Education (AACTE)
- American Council of Education
- Association of American Colleges and University (AAC & U)
- Association of Theartre in Higher Education
- College Arts Consortium
- College Consortium for International Studies
- Council for Adult and Experiential learning
- Council of Independent Colleges (CIC)
- Council on International Education Exchange
- Institute of International Education
- National Education Association
ထိုအပြင် “ US New And Word’s Report” အရ Tier College အဆင့်တွင် ရှိပြီး(၂၀၁၁)ခုနစ် ၊ သြဂုတ်လ၌ထုတ်ဝေခဲ့သော “ Forbes Magazine “ တွင် အမေရိကန်နိုင်ငံ၏ အကောင်းဆုံးအဖြစ် အသိအမှတ်ပြုခံရ သည်။၎င်းတက္ကသိုလ်တွင် Management ၊ Emphasis in International Business ၊ Emphasis in Marketing ၊ Business Administration ၊ Media Communication ၊ Public Relation ၊ Advertising and Marketing Communications ၊ Psychology ၊ International Relations ဘာသာရပ်များကို သင်ကြားနိုင်သည်။တစ်နှစ်လျှင် ကျောင်းဖွင့်ချိန်(၅) ကြိမ် ရှိပြီး ဇန်နဝါရီ ၊ မတ်လ ၊ သြဂုတ်လ တို့ဖြစ်သည်။ ကျောင်းလခမှာ - ဘွဲ့ဒီဂရပြီးသည်အထိ ပညာသင်လေးနှစ်စာအတွက် ထိုင်းဘတ်ငွေ (၉၆၀,၀၀၀) ဖြစ်သည်။ ကမ္ဘာ့အနှံအပြား တက္ကသိုလ်ကျောင်းပေါင်း (၁ဝဝ) ကျော်နှင့် ချိတ်ဆက်ထားပြီး နိုင်ငံတကာတွင် ကျောင်းခွဲ(၉) ကျောင်းရှိသည့် အပြင် ဘွဲ့ရ ကျောင်းသားဦးရေ (၂,ဝဝ,ဝဝဝ) ဝန်ကျင်ခန့် လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နေကြောင်း ၊ ထိုင်းနိုင်ငံ၏ ဥပဒ လက်အောက်တွင် ထိုင်းနိုင်ငံ၏ ပညာရေးဝန်ကျင်ဌာန၏ တရားဝင် ။အသိအမှတ်ပြုမှုဖြင့် ဖွဲ့စည်းထားသော အမေရိကန် တက္ကသိုလ်တစ်ခုဖြစ်ကြောင်း ၊ (၂၀၁၂) ခုနစ် ပညာသင်ဆု ထောက်ပံကြေး ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း Myanmar Search International (MSI) မှ သိရှိရသည်။ ထိုင်းဘတ်ငွေမှာ- အမေရိကန်တစ်ဒေါ်လာ (၂၈)ကျပ်နှင့် ညီမျှကြောင်း သိရှိရသည်။ အရည်အချင်းစစ်စာမေးပွဲဖြေဆိုရန် ကြိုတင် စာရင်းပေးသွင်းထားသူများအတွက်သာ ကျောင်းမှ မေးခွန်းလွှာများကို ယူဆောင်လာမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။


 

(25-4-2012)
Source: Internet Journal  (Myanmar Training)


                          မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့(MTB ) ၏ အသိအမှတ်ပြု Training Centre  .

 
.










 



Star Resources Hospitality Management Academy ဟိုတယ်သင်တန်းကျောင်းမှ ဟိုတယ် ဝန်ဆောင်မှု ပညာရပ်ဆိုင်ရာ သင်တန်းများ၏ သင်တန်းဆင်းပွဲကို ၂၀၁၂ခုနစ် ၊ ဧပြီလ (၈)ရက် ၊ နေ့လည် (၂) နာရီ တွင် ၊ ရန်ကုန်မြို့ ၊ ဖိုးစိန်လမ်းရှိ Chatrium Hotel , Grand Ball Room (II) ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်
1. Star Resources Hostility Management Academy သင်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဒေါ်နေရည်အောင်မှ ကြိုဆို နှုတ်ခွန်းဆက် စကားနှင့် သင်တန်းဆင်း အမှာ စကားပြောကြားခြင်း။
2. ဒုကျောင်းအုပ်ဆရာ ဦးအောင်မြစိုးမှ ဖွင့်လှစ်ပေးလျက်ရှိသော Hotel Management သင်တန်း နှင့် သင်တန်းများ၏ အခြေအနေ ၊ အလုပ်အကိုင် အခွင်အလမ်းများအကြောင်းကို ရှင်းလင်းပြောကြားပေးခြင်း။
3. တက်ရောက်လိုအောင်မြင်ပြီးသော သင်တန်းသူများမှ သင်တန်း၏အတွေ့အကြုံများ ၊ အင်တာဗျုး ၊ အတွေ့အကြုံ့များနှင့် အလုပ်အကိုင်ရရှိမှုအတွက် ကျေဇူးတင်စကားပြောကြားခြင်း။
4. တက်ရောက်အောင်မြင်ပြီးသော သင်တန်းသား ၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များနှင့်

အဆိုပါသင်တန်းဆင်းပွဲတွင်

- International Hospility Management Course – 2011 (3) တန်း
- Front Office & Fight Attendant Course-2011-2012 (2) တန်း
- International Bakery & Pastry Course -2011(3) တန်း
- International Culinary Course- 2011- 2012 (4) တန်း
- IELTS Preparation Course-2011(1) တန်း
- Hospilitality English Course -2011(6) တန်း
- Hospitality English Course -2011 (6) တန်း
- Hospitality Service & Operation Course -2011 (5) တန်း
- Hospitality Food & Bevrage Service Course -2011 -2012 (5) တန်း
- Housekeeping Operation Course -2011 (3) တန်း

စသည့်သင်တန်းများမှ သင်တန်းသား ၊ သင်တန်းသူ (၄၅ဝ) ခန့်အား သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်တန်းနည်းပြများမှ သင်တန်းဆင်း လက်မှတ် ချီးမြှင့် ပေးခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းတွင် လုပ်ငန်းအတွေ့အကြုံရရှိရေး အတွက် Hotel များတွင် သက်ဆိုင်ရာအလိုက် Training ဆင်းနိုင်အောင် စီစဉ်ပေးခြင်း၊ ပြည်တွင်းဟိုတယ်များ ၊ စားသောက်ဆိုင်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ စီစဉ်ပေးခြင်း ၊ ပြည်ပ Hotel များ ၊ အပျော်စီးသင်္ဘောလိုင်းများ ၊ လေကြောင်းလိုင်းများတွင် အလုပ်အကိုင်ရရှိရန် ဆက်စပ်ဆောင်ရွက်ပေးခြင်း ၊ Interview ၊ဝင်ရောက်နိုင်ရန် အတွက် လေ့ကျင် သင်ကြားပေးခြင်း ၊ Pre- Interview ဝင်ရောက်နိုင်ရန်အတွက် လေ့ကျင်သင်ကြားပေးခြင်း ၊ အလုပ်အကိုင် အတွက် ဆွေးနွေးလမ်းညွှန်းမှုများကို အခမဲ့ ဆောင်ရွက်ပေးပါသည်။ သင်တန်းသား ၊ သင်တန်းသူများအတွက် သာမက အလုပ်အကိုင်ရှာဖွေနေသူများအတွက် ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင်အလမ်းများရရှိအောင် ဆောင်ရွက်ပေးခြင်း များကိုလည်း လုပ်ဆောင်ပေးပါသည်။သင်တန်းသား ၊ သင်တန်းသူများနှင့် အပြင်မှ C. V Form လာတင်သူများထံသို့ အလုပ်အကိုင်များအတွက် E-maill မှ တဆင့် အကြောင်းကြား ပေးခြင်းများကိုပါ ပြုလုပ်ပေးပါသည်။

ပြည်တွင်း ၊ ပြည်ပရှိ Hotel , Restaurant နှင့် Hospitality လုပ်ငန်းများတွင် Management Level နှင့် ဝင်ရောက်လုပ်ကိုင်မည့်သူများ ၊ ကိုယ်ပိုင် ဟိုတယ် ၊ Restaurant နှင့် Coffee Shop များ၌ စီမံ အုပ်ချုပ်လိုသူများအတွက် ရည်ရွယ်သော International ၊ Hospitality လုပ်ငန်းများတွင် Managemet Course သင်တန်းကိုလည်း Star Resources Hospitality Management Academy တွင် ဖွင့်လှစ်ပေးနေပြီဖြစ်ပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် Star Resources Hospitality Management Academy ၊ တိုက် ( ၂၆၇) ၊အခန်း (၃၀၂) ၊ ပြည်လမ်း ၊ မြေနီကုန်း ၊ စမ်းချောင်းမြို့နယ်။ ဖုန်းနံပါတ် 01-523623 ၊ 523200 ၊ 4412256 ၊ 09 5020302 နှင့် Email: info@staresources.com သို့ ဆက်သွယ်စုံစမ်း၍ စာရင်းပေး သွင်းနိုင် ကြောင်း သိရပါသည်။
 

(25-4-2012)
Source: Internet Journal  (Myanmar Training)
 


                                EF (UK) တွင် တက်ရောက်နိုင်သည့် အင်ဂျင်နီယာဒီပလိုမာ Program အသစ်  .

 
.

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများအနေဖြင့် UK ရှိ EF တွင် အင်ဂျင်နီယာဒီပလိုမာကို တက်ရောက်နိုင် ကြောင်း Synergy Education မှ သိရသည်။ ၄င်းအင်ဂျင်နီယာဒီပလိုမာသည် ယခု(၂၀၁၂)ခုနှစ်တွင်မှ စတင်ဖွင့်လှစ်သည့် Program အသစ်ဖြစ်ပြီး EF ၏ Cambridge Campus တွင်သာ ဖွင့်လှစ်ထားသည်။ EF မှ သင်ကြားပေးမည့် အင်ဂျင်နီယာဒီပလိုမာသည် (၁၁) လကြာမြင့်မည်ဖြစ်ပြီး Foundation Year နှင့် တက္ကသိုလ်ပထမနှစ်တို့ကို ပေါင်းစည်းထားခြင်းဖြစ်ကြောင်း သိရသည်။ “ပုံမှန်ကတက္ကသိုလ်ဝင်တန်းအောင်ပြီးတဲ့ ကျောင်းသားတွေအနေနဲ့ UK မှာ ကျောင်းတက်မယ်ဆိုရင် GCE 'A' Level (၂) နှစ် (သို့မဟုတ်) Foundation Year (၁) နှစ်ကို အရင်တက်ရပါတယ်။ အောင်သွားမှ တက္ကသိုလ်ပထမနှစ်ကို စတက်လို့ရပါတယ်။ အခု EF က အသစ် ဖွင့်လှစ်လိုက်တဲ့ အင်ဂျင်နီယာဒီပလိုမာက Foundation Year နဲ. တက္ကသိုလ်ပထမနှစ်ကို ပေါင်းထားပြီး (၁၁) လသာ ကြာလို့ အချိန်တိုအတွင်းမှာ ဒီပလိုမာရမှာပါ။ ပုံမှန်လမ်းကြောင်းထက် (၁)နှစ် အချိန်ကုန်၊ငွေကုန် သက်သာသွားပါတယ်။ ဒီပလိုမာအောင်ပြီးတဲ့ ကျောင်းသားတွေဟာ EF နဲ့ ချိတ်ဆက်ထားတဲ့ UK တက္ကသိုလ်အများစုရဲ့ ဒုတိယနှစ်ကို တိုက်ရိုက်တက်ရောက်နိုင်တဲ့ အတွက် အလွန်ကောင်းတဲ့ လမ်းကြောင်းတခုပါပဲ” ဟု Synergy Education မှ ဒေါ်နန်းမြမာလာမောင် ကပြောပါသည်။ ၄င်းအင်ဂျင်နီယာဒီပလိုမာကို တက်ရောက်လိုသူများအနေဖြင့် တက္ကသိုလ်ဝင်တန်း (သို့မဟုတ်) IGCSE အောင်မြင်ထားရမည်ဖြစ်ပြီး IELTS (5.5) ရှိရပါမည်။ အနီးဆုံးကျောင်းဖွင့်ချိန်မှာ သြဂုတ်လဖြစ်ပြီး တက်ရောက်လိုပါက ဇွန်လကုန်တွင် နောက်ဆုံးထား၍ Synergy Education တွင်လျှောက်ထားနိုင်သည်။

EF သည် UKရှိ သက်တမ်း (၄၅)နှစ် ရှိသော ခိုင်မာထင်ရှားသည့် ကျောင်းတစ်ကျောင်းဖြစ်ပြီး UK, US, Canada, Australia နှင့် စင်္ကာပူနိုင်ငံများတွင် ကျောင်းခွဲများရှိသည်။ UK တွင် Oxford, Cambridge, London နှင့် Torquay မြို့များတွင် ၄င်း၊ US တွင် New York, Boston, Seattle, Santa Barbara နှင့် San Francisco မြို့များတွင်၎င်း၊ Canada တွင် Vancouver မြို့တွင်၎င်း၊ သြစတြေးလျနိုင်ငံ Sydney မြို့နှင့် စင်္ကာပူနိုင်ငံတို့တွင် ကျောင်းခွဲများရှိခြင်းကြောင့် ကျောင်းသားများ အနေဖြင့် မိမိတို့နှစ်သက်ရာ နိုင်ငံများတွင် ရွေးချယ်တက်ရောက်နိုင်ပါသည်။ EF မှ အောင်မြင်သော ကျောင်းသား၊ကျောင်းသူများသည် UK နှင့် US ရှိ Oxford, Cambridge, Harvard အစရှိသည့် ထိပ်တန်းတက္ကသိုလ်ကြီးများတွင် ဆက်လက်ပညာဆည်းပူးလျက်ရှိသည်။ အသေးစိတ်သိရှိလိုပါက EF ၏ တရားဝင် ကိုယ်စားလှယ်ဖြစ်သော Synergy Education ၊ ခြံအမှတ် (၅၂၀/D-1) ၊ ရွှေဂုံတိုင်(Excel Tower အနောက်ဘက်) ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ ဖုန်း - 558428 နှင့် 09420059587 များသို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

(17-5-2012)
Source: Internet  Journal (Myanmar Training)

 

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe Lists
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats