ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း“CCNA Hands-on Experiments
Training” ဖွင့်လှစ်မည်
.
.
 |
|
 |
ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း(Yangon RCPA) သည် အသင်းသားများ၏
ICT ပညာရပ်ဆိုင်ရာများ ပြန့်ပွားစေရန် ရည်ရွယ်ချက်ဖြင့် “CCNA Hands-on
Experiments Training” အား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech
ရှိ အဆောင်(၁)၊ Lab လက်တွေ့သင်ကြားမှုခန်းတွင် ရန်ကုန်တိုင်းဒေသကြီး
ကွန်ပျူတာပညာရှင်အသင်း မှ သြဂုတ်လ (၄) ရက် မှ သြဂုတ် (၂၆) ရက်နေ့အထိ စနေ၊
တနင်္ဂနွေ နေ့လယ် (၁းဝဝ) နာရီ မှ ညနေ (၅းဝဝ) နာရီ အထိ ဖွင့်လှစ်သင်ကြားပေးမည်
ဖြစ်သည်။ သင်တန်းကြေးမှာ ၁၂၀,ဝဝဝိ/- (တစ်သိန်း နှစ်သောင်းကျပ် တိတိ)
ဖြစ်ပါသည်။
အဆိုပါ သင်တန်းတက်ရောက်ခြင်းအတွက် အားသာချက်များမှာ - သင်တန်းချိန်အတွင်း
နိုင်ငံတကာ အသိအမှတ်ပြု Networking Skill Level တစ်ခုကို
စက်ပစ္စည်းအစုံအလင်ဖြင့် လက်တွေ့ထိထိရောက်ရောက် လေ့လာခွင့်ရရှိခြင်း၊
သင်တန်း ပြီးဆုံးသည် နှင့် တစ်ပြိုင်နက် လက်တွေ့လုပ်ငန်းခွင်တွင်
ပြန်လည်အသုံးချနိုင်ခြင်း၊ သင်တန်းကြေးအလွန်သက်သာခြင်း၊ CCNA စာမေးပွဲအတွက်
လိုအပ်သော လက်တွေ့သင်ခန်းစာများ အစုံအလင်လေ့လာခွင့်ရရှိခြင်း၊ Course Ware
နှင့် Tools များ ရရှိနိုင်ခြင်းတို့ ဖြစ်သည်။
သင်တန်းသားဦးရေ ကန့်သတ်ထားပြီး အသေးစိတ်သိရှိလိုပါက
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊
ဖုန်းနံပါတ်-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ သြဂုတ်လ (၂)ရက်နေ့ နောက်ဆုံးထား၍
စာရင်းပေးသွင်းနိုင် ပါသည်။
(24-7-2012)
Source: Ko Lin (Myanmar Training)
စင်္ကာပူနိုင်ငံ၏ ပညာရေးဆိုင်ရာ သိကောင်းစရာများနှင့် MDIS One to One
Counselling
.

စင်္ကာပူနိုင်ငံ၏ သက်တမ်းရှည်ကြာသော ကျောင်းတစ်ကျောင်းဖြစ်သည့်အပြင်
ကျောင်းသူ ကျောင်းသားတို့အတွက် Major ဘာသာရပ်အမျိုးအစား စုံလင်စွာရွေးချယ်
တက်ရောက်နိုင်သည့် Management Development Institute of Sigapore (MDIS) ၏
အနီးဆုံးကျောင်းဖွင့်ချိန် အမှီ တက်ရောက်လိုသူများ အပြင် စင်္ကာပူနိုင်ငံ
ပညာရေးဆိုင်ရာ သိကောင်းစရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးတိုင်ပင်နိုင်မည့်
MDIS One to One Counselling ကို ကျောင်းတာဝန်ခံနှင့် အတွေ့အကြုံရှိ
ပညာရေးအတိုင်ပင်ခံများမှ Study Abroad Information Centre ရုံးခန်းတွင်
July လ (၃၀) ရက်နေ့ မနက် (၁၀:၀၀) မှ နေ့လည် (၁) နာရီအတွင်း
ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ Partner
Universities များအဖြစ် USA တွင် Oklahoma City University, Uk တွင်
University of Bradford, Nottingham Trent University, Northumbria
University, University of Sunderland, University of Wales
တို့နှင့်ချိတ်ဆက်ထားပြီး Australia တွင်လည်း Southern Cross University
တို့နှင့်ချိတ်ဆက်ထားပါသည်။
ဆွေးနွေးပွဲနေ့တွင် MDIS ကျောင်းတွင် တက်ရောက်ခွင့်ရရှိနိုင်မည့်
ဘာသာရပ်များအလိုက် ၀င်ခွင့်ဆိုင်ရာ လိုအပ်ချက်များနှင့်
ကျောင်းလခများအကြောင်း မိမိတို့ ရွေးချယ်သည့် ဘာသာရပ်များနှင့်
စပ်လျဉ်းပြီး လက်တွေ့သင်ယူရမည့် Modules အသေးစိတ်အကြောင်းများအပြင်
ကျောင်းပြီးသောအခါတွင်လည်း မိမိတို့ရရှိသော ဘွဲ့နှင့်
လုပ်ကိုင်ခွင့်ရရှိမည့်အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းကိုပါ
အသေးစိတ်ဆွေးနွေးပေးသွားမည်ဖြစ်ပါသည်။ ကျောင်းသား/ သူတို့အတွက်
မိမိတို့ဝါသနာပေါ်မူတည်ပြီး လက်တွေ့တက်ရောက်မည့် ဘာသာရပ်ရွေးချယ်ခြင်းမှ
စတင်ကာ ကျောင်းလျှောက်ရန်လိုအပ်သည့် ပြင်ဆင်မှုများ၊ Student-Pass
လျှောက်ထားမှုများ၊ နေထိုင်စားသောက်မှုနှင့် ကျောင်းသား/သူတို့အတွက်
ကြိုတင်ပြင်ဆင်လေ့လာသင့်သည်များကို ဆွေးနွေးပေးသွားမည် ဖြစ်သည်။ အင်္ဂလိပ်စာ
လိုအပ်ချက် IELTS (သို့) TOEFL မရှိသေးသူ ကျောင်းသား/သူများအတွက်လည်း MDIS
Placement Test ကိုတစ်ခါတည်း စစ်ဆေးပေးသွားမည်ဖြစ်ပါသည်။
အထူးအစီအစဉ်တစ်ရပ်အနေနှင့်လည်း ကျောင်းသား/သူ တို့အတွက် MDIS ကျောင်းသို့
လက်တွေ့သွားရောက်လေ့လာနေသလို ကြည့်ရှုလေ့လာနိုင်မည့် MDIS Campus Tour DVD
ခွေကို လက်ဆောင်ပေးသွားမည်ဖြစ်ပါသည်။
အသေးစိတ် စုံစမ်းသိလိုပါက Study Abroad Information Centre တိုက် (အေ)
(၁၁လွှာ) အခန်းအမှတ် (၁၁၀၃) ဒိုင်းမွန်းကွန်ဒို (မေတ္တာဦးဆေးခန်းနှင့်
ရွှေလီအသားကင်ဆိုင်ကြား) ပြည်လမ်း၊ ကမာရွတ်မြို့နယ် ဖုန်း- ၀၉၅၁၅၁၀၀၈ နှင့်
၀၉၇၃၂၄၂၄၀၄ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
(25-7-2012)
Source: Ko Lin (Myanmar Training)
CROWN Education လိပ်စာသစ်
.

မကြီးကြီလမ်း အမှတ် (၂၀/၂၂ ဘီ) တွင် CROWN Education Center
ဆောက်လုပ်ဆဲကာလအတွင်း ကျောင်သားကျောင်းသားများအတွက် ၀န်ဆောင်မှု
့ များပေးနိုင်ရန်
Summit Parkview ရုံးခန်းမှ အမှတ် (၂၇၀)၊ အခန်း (9A-1)၊ ပြည်လမ်း၊
(ဒဂုန်စင်တာ (၂) နှင့် ဓနလှိုင်တာဝါကြား) သို့ ပြောင်းရွှေ
့ဖွင့်လှစ်ထားပေါင်းကြောင်း အသိပေးအပ်ပါသည်၊၊
CROWN Training Center အား ဓနလှိုင်တာဝါ အခန်း (၄၀၄) နှင့် (၅၀၄) တို
့တွင် ဆက်လက်ထားရှိပါသည်၊၊
(4-8-2012)
Source: Ko Lin (Myanmar Training)
Myanmar Imperial College မှ Diploma in Art and Design
ဖွင့်လှစ်သင်ကြားမည်
.
 |
|
 |
Edexcel BTECs Level 4/5 HND Diploma in Art & Design သည် ရန်ကုန်မြို့တွင်
ဖွင့်လှစ်ထားသော Myanmar Imperial College တွင်တက်ရောက် နိုင်သည့်
နိုင်ငံတကာအဆင့် Higher National Diploma Course ဖြစ်သည်။ Art & Design
HND Course မှ ပို့ချသင်ကြားပေးမည့် ဘာသာရပ်များမှာ ယခုခေတ် နိုင်ငံတကာ
Media Industry တွင်မရှိမဖြစ် တွင်ကျယ်စွာအသုံးချနေသော ဘာသာရပ်များဖြစ်သည်။
Computer Software ပိုင်းကိုသာ အားစိုက်သင်ကြားကြသော သင်တန်းကျောင်းများစွာ
ရှိသည့်အနက်တွင် Myanmar Imperial College (MIC) ရှိ Art & Design HND
Course မှာ Software ပိုင်းတစ်ခုတည်းကိုသာမက Multimedia Artists များတွင်
မရှိမဖြစ်လိုအပ်သည့် အတွေးအခေါ်ပိုင်းဆိုင်ရာ သိအိုရီပိုင်းဆိုင်ရာ ၊
ဗဟုသုတပိုင်းဆိုင်ရာ လိုအပ်ချက်များကို ပြည့်စုံအောင် လေ့ကျင့်ပေးသည့်
Syllabus များဖြင့် ကျောင်းသားများ၏ Creative Thinking မြင့်မားလာစေရန်
သင်ကြားပေးမည် ဖြစ်သည်။
ကျောင်းသားများအနေဖြင့် Foundation နှစ်လ မဖြစ်မနေ တက်ရောက်ရမည်ဖြစ်ပြီး ၎င်း
နှစ်လတာကာလအတွင်းတွင် Visual Communication Color Theory, Shade and tones,
Lines, Curves, weights, Film History, Film and Television Theories,
History of Visual Communication စသော အခြေခံဘာသာရပ်များဖြင့်
ကျောင်းသားများ Main Course အတွက် အသင့် ဖြစ်နေစေရန်
ပြင်ဆင်ပေးသွားမည်ဖြစ်သည်။ Art & Design HND Course တွင် Multi-media
ဆိုသည့်အတိုင်း Media Subject အမျိုးစုံကို
ထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်သည်။ Graphic Design, Advertising Media,
Web Design, 2D/ 3D animation, Visual Effects Production , Digital Video
Production and Film and TV Directing အစရှိသော ဘာသာရပ်များပါဝင်ပြီး
ဘာသာရပ်တစ်ခုစီတွင် ကျောင်းသားများကိုယ်တိုင် Assignments များ
ဖန်တီးပြုလုပ်ရမည်ဖြစ်သည်။ ကျောင်းသားများအတွက် Assignments ပြုလုပ်ရ်
Post-Production Multimedia Lab နှင့် လိုအပ်သော Video Camera, Lights and
Equipments များ ထားရှိပေးထားသည့်အတွက် ကျောင်းသားများ ကိုယ်တိုင်
Professional- grade projects များပြုလုပ်နိုင်မည်ဖြစ်သည်။ သင်တန်းတွင်
သင်ကြားမည့် Lecturer များအားလုံးသည်လည်း နိုင်ငံတကာ အသိအမှတ်ပြု
Multimedia related Degree ရရှိထားသော လုပ်ငန်းခွင် အတွေ့အကြုံများစွာ
ရရှိထား သူများဖြစ်သည်။
အဆိုပါ Media ဘာသာရပ်အား တက်ရောက်နိုင်ရန်အတွက် MIC မှ ကျောင်းဝင်ခွင့်
စတင်ခေါ်ယူနေပြီဖြစ်သည်။ ကျောင်းဝင်ခွင့် Form များအား MIC-Student Services
ဌာနတွင် ထုတ်ယူနိုင်ပြီး အသေးစိတ်သိလိုပါက အမှတ် (62/C) အင်းလျားလမ်း၊
ကမာရွတ်မြို့နယ်၊ ဖုန်း-၀၁ ၅၃၇၅၆၂ နှင့် ၀၉ ၇၃၂ ၁၀၀၀၁ သို့
ဆက်သွယ်နိုင်ပါသည်။
(4-8-2012)
Source: Ko Lin (Myanmar Training) |