Engineering Double Diploma နှင့် (C&G JOFEN) မိတ်ဆက်ပွဲ
ကျင်းပမည်
Gallant သင်တန်းကျောင်းမှ “City & Guilds (UK) Engineering Double
Diploma “ ဘာသာရပ်မိတ်ဆက်ပွဲနှင့် “ City & Guilds. Job Opportunity
For
Engineer Network” (C&G JOFEN) မိတ်ဆက်ပွဲ ကို မေလ ၂၀ ရက် နံနက်
၉နာရီမှ နေ့လည် ၁၂ နာရီအထိ International Business Centre (IBC) (၆)
မိုင်ခွဲ
လှိုင်မြို့နယ်တွင်ကျင်းပမှာ ဖြစ်ပြီး ထိုမိတ်ဆက်ပွဲအခမ်းအနားတွင်
အနာဂတ်သို့ ရည်ရွယ်ချက်အသီးသီးဖြင့်ရှေ့တက်ကြရမည့်လူငယ်များ အတွက်
စာရေးဆရာ
ဦးဖေမြင့်မှ “ဥာဏ်ရည်ထက်မြက်မှုနှင့် ဘဝအောင်မြင်မှု”
ခေါင်းစဉ်ဖြင့်ဟောပြောမည်ဖြစ်သည်။
Gallant သင်တန်းကျောင်းမှ အင်္ဂလန်နိုင်ငံမှ ပေးအပ်သော
အင်ဂျင်နီယာဘာသာရပ်များ (၁၆) မျိုးကျော်သင်ကြားလျှက်ရှိရာ မတ်လ ၂ဝ၁ဝ မှ
စတင်ပြီး
ဆက်တန်းအဆင့် မှ စတင်တက်ရောက်နိုင်မည့် Double Diploma
နှစ်မျိုးဖြစ်သော Applied Electrical & Electrical Engineering Double
Diploma Applied
Mechanical & M& E Engineering Double Diploma , City & Guilds
(Electrical, Electronic,Mehcanical) ဒီပလိုမာ ရရှိပြီး
အင်ဂျင်နီယာဒီပလိုမာတစ်ခု
ထပ်မံရယူလိုသူများ တက်ရောက်နိုင်မည့် ဘာသာရပ် ၃ မျိုးအကြောင်း
မိတ်ဆက်ပေးခြင်းနှင့်အတူ သင်ကြားမှုနည်းစနစ်များအကြောင်း အသေးစိတ်
ရှင်းလင်း
ပြောကြားသွားမှာဖြစ်ပါသည်။
Gallant သင်တန်းကျောင်းမှ City & Guilds
အင်ဂျင်နီယာဒီပလိုမာကျောင်းဆင်းများအား
သီးသန့်ပြင်ပအလုပ်ရရှိရန်ပြင်ဆင်ပေးမည့် City & Guilds . Job
Opportunity For Engineers Network (C&G JOFEN)အား
ပြည်တွင်းအင်ဂျင်နီယာလုပ်ငန်းရှင်များနှင့်
ပြည်တွင်းပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့်
မိတ်ဆက်ခြင်းနှင့် C&G JOFEN မှ စီစဉ်ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှု
အကြောင်းရှင်းလင်းပြောကြားပေးမှာ ဖြစ်ပြီး ထိုအခမ်းအနားသို့ ”မည်သူမဆို
အခမဲ့
တက်ရောက်နိုင်ပြီး ကြိုတင်စာရင်းပေးသွင်းလိုပါက ဖုန်း-၇၃၀၃၂၆၇ဝ၊
၅၃၉၄ဝ၃၊ ၅၁၃၈ဝ၄ သို့စာရင်းပေးသွင်းနိုင်ပါသည်။
(14-5-2010)
Source: Ko Lin (Myanmar Training)
Special Package Programme for Microsoft .Net သင်တန်းတက်ရောက်သူများ
MCTS Exam Oriented Programme အခမဲ့တက်ရောက်ခွင့်ရရှိမည်
.
Myanmar Professional Education
Centre (MPEC) မှ Microsoft.NET
ကိုကျွမ်းကျင်စွာတတ်မြောက်လိုသူများနှင့် Microsoft အသိအမှတ်ပြု MCTS
Exam ဖြေဆိုလိုသူများအတွက် အထူးသင်တန်းတစ်ခုကို ၂ဝ၁ဝ ခုနှစ်မေလ
နောက်ဆုံးပတ်တွင် ဖွင့်လှစ်ပေးမည်ဖြစ်သည်။
Special Package for Microsoft.NET သင်တန်းတွင် Microsoft C# .NET,ASP.NET
နှင့် SQL တို့ကို အခြေခံမှစပြီး Project ရေးသားနိုင်သည်အထိ စနစ်တကျ
လေ့ကျင့်သင်ကြားပေးမည်ဖြစ်သည်။
သင်တန်းပြီးဆုံးပါက MCTS Exam များဖြစ်သော Microsoft.NET Framework-
Application Development Foundation (70-536) နှင့် Microsoft .NET
Framework 2.0-\Web-based Client Development (70-528) Exam
ဖြေဆိုနိုင်ရန်အတွက် Exam Oriented သင်တန်းကိုပါ အခမဲ့ ဆက်လက်တက်ရောက်
နိုင်မည်ဖြစ်သည်။
အထက်ပါသင်တန်းကို Microsoft Certified ဖြစ်သူ
ဆရာများကိုယ်တိုင်သင်ကြားပေးခြင်းဖြစ်ပြီး
ကွန်ပျူတာတက္ကသိုလ်ကျောင်းသားကျောင်းသူများ၊
Microsoft.NET ကိုအခြေခံမှစတင်လေ့လာလိုသူများ တက်ရောက်နိုင်ပြီး
သင်တန်းကာလမှာ စုစုပေါင်း ၄လ ကြာမြင့်မည်ဖြစ်သည်။
It Industry မှာ ဝင်ရောက်လုပ်ကိုင်လိုသူများအတွက်
လက်တွေ့ကျွမ်းကျင်မှုအပြင် Microsoft Certificate များကဲ့သို့
Professionals Certificate တွေ ဖြေဆို
ရယူထားတယ်ဆိုရင် ပိုပြီးအခွင့်အလမ်းကောင်းတွေ ရရှိစေမှာဖြစ်ပါတယ်။
အထူးသဖြင့် Microsoft.NET ကို ကျွမ်ကျင်စွာ တတ်မြောက်ထားသူတွေအနေနဲ့
MCTS
Exam ကိုလွယ်လွယ်ကူကူဖြေဆိုနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့်ဒီသင်တန်းမှာ ASP.NET ကိုအသုံးပြုပြီး Web Application
Project တစ်ခုကို ကိုယ်တိုင်ရေးသားနိုင်စေရန်
လေ့ကျင့်သင်ကြားပေးမည်ဖြစ်သလို
Microsoft Exam ဖြေဆိုရာတွင် လိုအပ်မည့် သိသင့်သိထိုက်သော Theory
များနှင့် Exam အတွက်ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများကို အခမဲ့
ပြုလုပ်သွားမှာ
ဖြစ်ပါသည်။
ဒီသင်တန်းတက်ခြင်းအားဖြင့် ကျောင်းသားကျောင်းသူတွေအနေနဲ့ ဒီအခွင့်အရေး
၂ ခုစလုံးကို သင်တန်းတစ်ခုတည်းတက်ရုံနဲ့ တစ်ချိန်ထဲမှာ အကျိုးရှိရှိ
ရနိုင်မှာ
ဖြစ်ပြီး သင်တန်းပြီးဆုံးပါက လုပ်ငန်းခွင်သို့
တိုက်ရိုက်ဝင်ရောက်နိုင်စေမှာဖြစ်ပါသည်။
တက်ရောက်လိုသူ ကျောင်းသားကျောင်းသူများသည် Myanmar Professional
Education Centre (MPEC) အမှတ် ၁၁၂၊ အခန်း(၁၁၊၁၂) ၊၈ မိုင်၊ ပြည်လမ်း၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း-၆၆၈၇၇၉၊ ၆၆၈၂၅၉၊၆၅၀၁၂၄
သို့ကြိုတင်စာရင်းပေးသွင်း၍တက်ရောက်နိုင်ပါသည်။
(14-5-2010)
Source:
Ko Lin (Myanmar Training)
British Council မှကျင်းပသော LCCI Diploma ပေးအပ်ပွဲ
.
British Coucil မှ ကျင်းပသော LCCI
Awarding & Outstanding Ceremony ကို မေလ ၆ ရက်နေ့က Dolphin Restaurant
တွင်ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် British Council မှ Director အဖွဲ့ဝင် ၂ ဦးက
နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး LCCI UK မှ တာဝန်ရှိသူတစ်ဦးက
အမှာစကား
ပြောကြားခဲ့ပါသည်။
ထို့နောက် LCCI မှ ပေးအပ်သော ဆုတံဆိပ်ရရှိသော ကျောင်းများနှင့်
ဒီပလိုမာ၊ စကောလားရှစ်၊ ရွှေတံဆိပ် ငွေတံဆိပ် ရရှိသော သင်တန်းကျောင်းမှ
ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများအား LCCI UK British Council မှ
တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ပါသည်။
ထို့နောက် ဆုတံဆိပ် ရရှိသော သင်တန်းကျောင်းဆရာများ၊ ဒီပလိုမာ၊
စကောလားရှစ်၊ ရွှေတံဆိပ် ငွေတံဆိပ် ရရှိသော ကျောင်းသားကျောင်းသူများ
အမှတ်တရ
ဓါတ်ပုံရိုက်ကြပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့ပါသည်။
ယနေ့ ကျင်းပသော LCCI Awarding & Outstanding Ceremony တွင် စကောလားရှစ်
၂၃ ခု၊ ရွှေတံဆိပ် ငွေတံဆိပ် ၅၃ ခု၊ ဒီပလိုမာ ၇၈၉ ခု ရရှိခဲ့ကြောင်း
British
Council မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
(14-5-2010)
Source: Ko Lin (Myanmar Training)
ကနေဒါ နိုင်ငံမှ
Electrical Engineering ဘာသာရပ်နှင့် ပတ်သက်ပြီး အကောင်းဆုံး
တက္ကသိုလ်များ
.
0
0
ကနေဒါနိုင်ငံတွင်ပညာသင်ကြားမည့်ကျောင်းသား/ကျောင်းသူများ သိသင့်
သိထိုက်သော ကနေဒါနိုင်ငံ ၏ Electrical Engineering သင်ကြားရာတွင်
အကောင်းဆုံး Universities များကို ဖော်ပြပေးလိုက်ရပါသည်။
Universities in Canda that offer Masters degree (MSc or MEngg)
Degree program in
• Computer Engineering
• General Electrical, Electronics and Communications Engineering
Universities in Canada – Electrical Engineering
1. University of Alberta (MSc in electrical & computer engineering)
2. University of Alberta
3. University of Calgary
4. University of Calgary
5. The University of British Columbia (MEng in electrical and
computer engineering)
6. Simon Fraser University
7. University of Victoria – Master of applied science in electrical
engineering
8. University of Manitoba
9. University of New Brunswick
10. Memorial University of Newfoundland
11. Dalhousie University
12. Carleton University
13. Lakehead University (Master of Science in Engineering in Control
Engineering )
14. McMaster University (M.Eng. in Mechatronics)
15. University of Ontario Institute of Technology
16. University of Ottawa
17. Queen’s University
18. Royal Military College of Canada
19. Ryerson University
20. University of Toronto
21. University of Waterloo
22. University of Windsor
23. Concordia University
24. McGill University
25. University of Regina
26. University of Saskatchewan
(14-5-2010)
Source:
Ko Lin (Myanmar Training)