Network စာမေးပွဲ ၂ ခုပေါင်းဖြေလျှင်လျှော့ပေးမည်
ပြည်တွင်းကွန်ပျူတာပညာရှင်များအလေးထားဖြေဆိုနေကြသော Cisco မှ
အောင်လက်မှတ်ချီးမြှင့်သည့် CCNA စာမေးပွဲများအနက် 640-802
စာမေးပွဲအား CompTIA မှ အောင်လက်မှတ်ချီးမြှင့်သော Network+ နှင့်
တစ်ပါတည်း ပူးတွဲဖြေဆိုမည်ဆိုပါက ၂၅% သက်သာမည်ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါအစီအစဉ်အား CompTIA CISCO Pearson VUE (၃) ခုပူးပေါင်းကာ
ပြုလုပ်သောအစီအစဉ်တစ်ခုဖြစ်ပြီး 640-802 အတွက် USD 250
ကုန်ကျမည်ဖြစ်ပြီး
Network+ အတွက် USD 239 ကျသင့်မည်ဖြစ်ကာ ၂ ခုစလုံးအား ပူးတွဲဖြေဆိုပါက
စုစုပေါင်း USD 399 သာကုန်ကျမည်ဖြစ်သည်။
စာမေးပွဲဖြေဆိုမည့်သူမှ မိမိတို့ကိုယ်တိုင်
http://networkingbundle.mindhub.com/
တွင်သွားရောက် ဝယ်ယူရမည်ဖြစ်သည်။ Promotion Code မှာ
Networkbundle ဖြစ်ပြီးဝယ်ယူထားသောစာမေးပွဲများအား သြဂုတ်လ ၃၁
ရက်နေ့မတိုင်ခင်အပြီးဖြေဆိုရမည်ဖြစ်သည်။
CISCO နှင့် CompTIA စာမေးပွဲများအားစစ်ဆေးပေးနေသော Myanmar
Inspiration မှ ဦးလှမျိုးထွန်းက “ အခုလိုစာမေးပွဲ ၂
မျိုးပေါင်းပြီးလျှော့ပေးတဲ့အတွက်
Network သမားတွေအကျိုးရှိစေပါတယ်။ CCNA မှာ 640-802 က
ဖြေတဲ့သူအများဆုံးဆိုပေမယ့် Network+ ကတော့ဈေးကြီးလို့လား၊
ခက်လို့လားတော့မသိဘူး၊
ခုချိန်ထိဖြေတဲ့သူ နည်းနည်းပဲရှိသေးတယ်။
တကယ်တော့ Network Technician ဒါမှမဟုတ် System Engineer ဒါမှမဟုတ်
Network Operation Engineer အလုပ်တွေနဲ့ အသက်မွေးဝမ်းကျောင်း လုပ်မယ်
ဆိုရင်တော့ဒီလက်မှတ် ၂ ခုဟာမဖြစ်မနေ လိုအပ်ပါတယ်။ CompTIA က Vendor
Nautral ဖြစ်တဲ့အတွက် Networking မှာ ဘယ်တော့မှ မပြောင်းလဲနိုင်တဲ့
အခြေခံသဘောတရားတွေကို ဦးစားပေးသလို CISCO ကလည်း Networking Device
တွေထဲမှာ ဈေးကွက်အကြီးဆုံးရယူထားတဲ့အတွက် ဒီ (၂) ခုစလုံးရဲ့
ကျွမ်းကျင်လက်မှတ်ကို ကိုင်ဆောင် ထားတာဟာ အကျိုးရှိမှာအသေအချာပါပဲ”
ဟုပြောကြားသွားခဲ့သည်။ Myanmar Inspiration သည် မြန်မာနိုင်ငံတွင်
CISCO
စာမေးပွဲများကို စစ်ဆေးပေးနေသော Exam Provider အဖြစ် ၂ဝဝ၉ ခုနှစ်
ကတည်းကစတင်လုပ်ကိုင်ခဲ့ကြောင်းသိရသည်။
(8-6-2010)
Source:
Ko Lin (Myanmar Training)
တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ပြီးသောကျောင်းသား/သူများအတွက် Studying
in Malaysia Seminar ကို MSI တွင်ပြုလုပ်မည်
.
.
.
.
.
. . .
ယခုအခါတွင် နိုင်ငံရပ်ခြားပညာသင်ကြားရေးကို ယန့ခေတ်လူငယ်များအနေဖြင့်
စိတ်ပါဝင်စားမှု များပြားလာကြောင်း၊ ထိုသို့ပညာသင် သွားရောက်
နိုင်သော နိုင်ငံများတွင်လည်း Malaysia နိုင်ငံသည်လည်း
တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ Malaysia နိုင်ငံရှိကမ္ဘာ့အဆင့်မှီ University
များကိုလည်း ကျောင်းသား
/သူများစိတ်ပါဝင်စားကြောင်း၊ ၎င်းUniversity များသည် ကမ္ဘာ့အဆင့် World
Ranking တွင် ပါဝင်သော University များဖြစ်ပြီး America, UK,
Australia, Canada
အစရှိသောနိုင်ငံများသို့လည်း Stepping Stone အနေဖြင့်
ကူးပြောင်းပညာသင်ကြားနိုင်ကြောင်း၊ ထို့ပြင် Malaysia University များ၏
ကျောင်းစရိတ်၊ နေထိုင်
စားသောက်စရိတ်များသည် ဈေးနှုန်းသက်သာကြောင်း MSI မှ Managing Director
ဒေါ်စုစုလှိုင်ထံမှ သိရသည်။
ထို့ပြင် မလေးရှား Education နှင့်ပတ်သက်၍ MSI ရုံးခန်းတွင် ဇွန် လ ၁၃
ရက်နေ့ (11:00) မှ (1:00) အထိ ရှင်းလင်းပြောကြားမည်ဖြစ်ကြောင်း၊
၎င်းပွဲတွင်
Malaysia နိုင်ငံ၏ပညာရေးဆိုင်ရာကျွမ်းကျင်သူများ၊ Organizer များက
Studying in Malaysia အကြောင်းကိုလာရောက် ဆွေးနွေးရှင်းလင်းပြောသွားမှာ
ဖြစ်ကြောင်း၊ ၎င်းပွဲ ၌ Malaysia နိုင်ငံတွင်ပညာသင်ကြားခြင်းဖြင့်
ရရှိသောအကျိုးကျေးဇူးများ၊ ယနေ့ခေတ် Malaysia Education သည် World Wide
Education
(ကမ္ဘာ့အဆင့်မှီပညာရေးစနစ်) သို့ဦးဆောင်လျှက် ရှိကြောင်း၊
စသောပညာရေးအကြောင်းများ၊Malaysia University များသို့ တက်ရောက်လိုသော
ကျောင်းသား/
သူများ အတွက် ဆောင်ရန်၊ ရှောင်ရန်
အကြောင်းများကိုရှင်းလင်းဆွေးနွေးသွားမှာဖြစ်ကြောင်း MSI မှသိရပါသည်။
၎င်းပညာရေးဆွေးနွေးပွဲကို MSI ရုံးခန်းတွင်ကျင်းပပြုလုပ်မည်ဖြစ်ပြီး
နေရာအခက်အခဲနှင့် လူဦးရေ အခက်အခဲကြောင့် First Come, First Served
(ပထမဦးစားပေးစနစ်) ဖြင့် MSI သို့ဆက်သွယ်စာရင်း ပေးပါရန်နှင့်
ဖုန်းနံပါတ်များမှာ ဝ၁၃၈၉၉၁၅၊ ၂၅ဝ၉၂၉၊ ဝ၉၅၁ဝ၃၉၁၅
သို့ဆက်သွယ်စာရင်းပေးသွင်း
နိုင်ကြောင်း နှင့် MSI ရုံးခန်း အမှတ် ၂၃၄ ဒုတိယထပ် (ညာ)
ရွှေဘုံသာအလယ်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့
သို့လူကိုယ်တိုင်လာရောက် စာရင်းပေးသွင်း
နိုင်ကြောင်း သိရသည်။ နှင့်ပတ်သက်၍ အသေးစိတ် သိလိုပါက
http://www.overseaeducation-msi.com
တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။
(8-6-2010)
Source:
Ko Lin (Myanmar Training)
Career Pass Training မှ HR သင်တန်းများ ဇူလိုင်လတွင်ဖွင့်မည်
..
.
.
.
.
.
.
Career Pass Training မှ HR
သင်တန်းများဖြစ်သော Fundamental of Human Resources Management နှင့်
Strategic of Human Resources Management သင်တန်းများကို ဇူလိုင်လတွင်
စတင်ဖွင့်လှစ်မည်ဖြစ်သည်။ Fundamental သင်တန်းတွင် Human Resources
Planning, Training & Development, Human Resources Structure, Job
Description & Job Specification စသော ဘာသာရပ်များပါဝင်ပြီး
အဆိုပါသင်တန်းကို Hr အတွေ့အကြုံ အနည်းငယ်သာလိုအပ်ပြီး တက္ကသိုလ်တစ်ခုမှ
အနည်းဆုံးဘွဲ့တစ်ခုခုရရှိထားရမည်ဖြစ်သည်။ သင်တန်းစဖွင့်မည့်ရက်မှာ
ဇူလိုင် ၃ ရက်နေ့ဖြစ်ပြီး သင်တန်းကာလမှာ တစ်လဖြစ်သည်။ သင်တန်းကြေးမှာ
၁၈ဝဝဝ ကျပ်ဖြစ်သည်။
Strategic of Human Resources
Management သင်တန်းကို ကုမ္ပဏီဝန်ထမ်းများတက်ရောက်နိုင်ပြီး Manager
Level ဖြစ်ပါကပိုကောင်းကြောင်း သင်တန်းတာဝန်ခံတစ်ဦးက Myanmar Training
သို့ပြောကြားသည်။ အဆိုပါသင်တန်းတွင် Human Resources & Strategic
Planning, Employee Resourcing & Recuriting, Employment
Test,Orientation,Training Programs, Managing Compensation စသော
ဘာသာရပ်များပါဝင်ပြီး သင်တန်းကြေးမှာ ၂၇ဝဝဝ ကျပ်ဖြစ်သည်။
သင်တန်းစဖွင့်မည့်ရက်မှာ ဇူလိုင် ၁၁ ရက်နေ့ဖြစ်ပြီး
တစ်လခွဲကြာမြင့်မည်ဖြစ်သည်။
Career Pass Training သင်တန်းများကို
ကုမ္ပဏီဝန်ထမ်းများတက်ရောက်နိုင်ရန် ရုံးချိန်လွတ်စီစဉ်ပေးထားပြီး
သင်တန်းအောင်မြင်သူများအား
အလုပ်အကိုင်ကောင်းများရရှိအောင်ဆောင်ရွက်ပေးနေကြောင်းသိရသည်။
သင်တန်းစုံစမ်းအပ်နှံလိုပါက Study Abroad Information Centre အမှတ်
(၂၉ဝ-အေ) ပြည်လမ်း၊ (ဒဂုံစင်တာနှင့်မဟာမြိုင်ကြား) ၊ မြေနီကုန်း
စမ်းချောင်း၊ ဖုန်း-၇ဝ၁၃၃၁၊ ဝ၉၈ဝ၂၁ဝ၂၇ သို့ဆက်သွယ်စုံစမ်း
မေးမြန်းနိုင်ပါသည်။
(8-6-2010)
Source: Ko Lin (Myanmar Training)
လက်တွေ့လုပ်ငန်းခွင်စီမံခန့်ခွဲရေး သင်တန်းဖွင့်မည်
.
.
.
.
.
. .
ရန်ကုန်မြို့တော်ရှိ Wise International School for Executive က
Certificate In Proctical Management သင်တန်းများကို ဇွန်လ ၁
ရက်နေ့မှစ၍ ၁ဝ ရက်ကြာဖွင့်လှစ်ပေးသွာမည်ဖြစ်ကြောင်း
ယင်းသင်တန်းကျောင်း၏ ထုတ်ပြန်ကြေညာချက်အရသိရှိရသည်။ အဆိုပါသင်တန်းကို
စီးပွားရေးလုပ်ငန်းရှင်များ နယ်ပယ် အသီးသီးတွင်
စီမံအုပ်ချုပ်နေသူများအတွက် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊
သင်တန်းချိန်မှာ အပတ်စဉ် တနင်္လာ၊ အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များ၌ ညနေ ၅
နာရီခွဲမှ ၇ နာရီခွဲ အထိဖြစ်ကြောင်းယင်းသင်တန်းထံမှ စုံစမ်းသိရှိရသည်။
အသေးစိတ်သိရှိလိုပါက Wise International School for Executives, အခန်း
အမှတ်-1009 ၊ 10 လွှာ၊ ယုဇနတာဝါ၊ ဗဟန်းမြို့နယ်၊ ရန်ကုန်၊ ဖုန်း -
556183 ၊ 09-5157032 သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း ယင်းသင်တန်းထံမှ
သိရှိရသည်။
(8-6-2010)
Source: The Voice Journal