စင်ကာပူသင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားမည့် Pre-School ဖွင့်မည်
စင်ကာပူသင်ရိုးညွှန်းတမ်းအတိုင်းသင်ကြားမည့်
အသက်နှစ်နှစ်မှခြောက်နှစ်အရွယ်ကလေးများ တက်ရောက်နိုင်သော Pre-School
(အဆင့်မြင့်မူ ကြိုကျောင်း) ကို George English Training Centre (GETC)
ကလာမည့် ဇွန်လတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါသင်တန်းကျောင်း
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယခုအဆင့်မြင့်မူကြိုကို Pre-School
Education အတွေ့အကြုံများရှိသော ပြည်ပနိုင်ငံရှိကျောင်းများနှင့်
ဆက်သွယ်အကူအညီ ရယူကာစတင် ဖွင့်လှစ်ခြင်းဖြစ်သည်ဟု ၎င်းကဆိုပြီး Pre-School
တက်ရောက်မည့်ကလေးများကို အဆင့်လေးဆင့်ခွဲထားကာ စာသက်သက်ကို
အခြေခံထားပြီး သင်ကြားသော သင်ရိုးပုံစံမဟုတ်ဘဲကလေးများ၏
ဦးနှောက်ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊
ရုပ်ပိုင်းဆိုင်ရာများကိုပါမြှင့်တင်ပေးနိုင်သည့် နိုင်ငံတကာအဆင့်မီ
သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပေးမည်ဖြစ်ကြောင်း
အဆိုပါသင်တန်းကျောင်း၏ အစီအစဉ်အရ သိရသည်။
ယင်းအဆင့်မြင့်မူကြိုကျောင်း၏ အချိန်ပြည့်သင်တန်းမှာ နံနက် ၉ နာရီ ၃ဝ
မိနစ်မှ မွန်းလွဲ ၃ နာရီ ၃ဝ မိနစ်အထိဖြစ်ပြီး ကျောင်းစတက်သည့်လ အတွက်
ဝင်ကြေးနှင့်စာအုပ်စာတမ်းကြေး၊ ကျောင်းလခအပါအဝင်
ငွေကျပ်ရှစ်သောင်းကျသင့်မည်ဖြစ်ကြောင်း၊ အချိန်ပိုင်းသင်တန်းမှာ နံနက်
၉ နာရီ ၃ဝ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိနှင့် မွန်းလွဲ ၁ နာရီမှ ၃
နာရီ ၃ဝ မိနစ်အထိဖြစ်ပြီး အချိန်ပိုင်းသင်တန်းတစ်ခုလျှင်
ကျောင်းစတက်သည့်လ၌ စာရွက်စာတမ်းကြေး၊ ကျောင်းဝင်ကြေး အပါအဝင်
ကျပ်ငါးသောင်းကျသင့်မည်ဖြစ်ကြောင်း အဆိုပါသင်တန်းကျောင်းကဆိုသည်။ GETC
သည် Adults နှင့် Yangon Learners သင်တန်းများကို ၂ဝဝ၇ ခုနှစ်
မှစတင်ဖွင့်လှစ်ခဲ့သည်။
(8-6-2010)
Source: The Voice Journal
အင်ဂျင်နီယာသိပ္ပံဘွဲ့ သင်တန်းများဖွင့်လှစ်မည်
.
.
.
.
.
.
. . .
ပြည်တွင်း၌ ကွန်ပျူတာဘာသာရပ်များသင်ကြားနေသော MCC နှင့်
ထိုင်းနိုင်ငံရှိ အာရှနည်းပညာကျောင်း (AIT) တို့ပူးပေါင်း၍
အင်ဂျင်နီယာသိပ္ပံဘွဲ့
သင်တန်းများ စတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။
AIT နှင့် ပူးပေါင်းသင်ကြားမည့် အင်ဂျင်နီယာသိပ္ပံဘွဲ့များမှာ
တယ်လီကွန်မြူနီကေးရှင်း၊ အီလက်ထရွန်နစ်နှင့်
မက်ကယ်ထရွန်နစ်တို့ဖြစ်ပြီး MCC တွင် သုံးနှစ်နှင့်
AIT တွင် ၂ နှစ်သွားရောက်ပညာသင်ယူရမည်ဖြစ်သည်။
“ MCC အနေနဲ့ အိုင်တီ၊ အင်ဂျင်နီယာနဲ့ စီမံခန့်ခွဲမှုသင်တန်းတွေကို
သင်ကြားဖို့ရည်ရွယ်ထားတာပါ။ စီမံခန့်ခွဲမှုသင်တန်းအတွက်ကတော့
မဆုံးဖြတ်ရသေးဘူး။
နှစ်နှစ်လောက်ကြာဦးမယ်။ ဒီနှစ် စက်တင်ဘာလမှာ
တယ်လီကွန်မြူနီကေးရှင်းကိုစသင်မယ်။ ကျောင်းသားကတော့
ရာဂဏန်းမှန်းထားပါတယ်။ Franchise
တော့မဟုတ်ပါဘူး။ Offshore Campus လည်းမဟုတ်ပါဘူး။ Sister University
သဘောပေါ့။ နှစ်ဦးသဘောတူ ဖက်စပ်သဘောပါ။ ဒီလကုန်မှာ AIT နဲ့ ဥက္ကဋ္ဌ
သွားတွေ့ဖို့ရှိတယ်။ ပညာသင်ဆုရှိတယ်။ ပုံစံအမျိုးမျိုးဖြစ်နိုင်ပါတယ်။
သူတို့နဲ့ ညှိနေပါတယ်။ ဇူလိုင်လထဲမှာ သင်တန်းမိတ်ဆက်ပွဲ
အခမ်းအနားလုပ်ဖြစ်မှာပါ ”
ဟု MCC ၏ စီအီးအိုဖြစ်သူ ဦးငြိမ်းဦးကပြောသည်။
တက္ကသိုလ်ဝင်တန်းကို သိပ္ပံဘာသာဖြင့် အောင်မြင်ပြီး စုစုပေါင်းရမှတ် ၃ဝဝ
အနည်းဆုံးရရှိသူများသည် ၎င်းသင်တန်း၏ ပထမနှစ်တွင်လည်းကောင်း၊ GTC
သို့မဟုတ် AGTI တွင် သင်တန်း ၂ နှစ်တက်ရောက်ပြီးသူများနှင့် သင်္ချာ၊
ရူပဗေဒ ဘွဲ့ရထားသူများသည် ၎င်းသင်တန်း၏ ဒုတိယနှစ်တွင်လည်းကောင်း
ဝင်ခွင့်ရရှိမည်ဖြစ်ပြီး၊ အင်္ဂလိပ်ဘာသာကျွမ်းကျင်မှု IELTS 5.5 သို့မဟုတ်
AIT မှ အင်္ဂလိပ်စာစစ်ဆေးမှုခံယူရမည်ဖြစ်သည်။ ပြည်တွင်း၌ သင်တန်းကြေးမှာ
တစ်နှစ်လျှင် ကျပ်သိန်း ၃ဝ နှင့် နေထိုင်စားသောက်စရိတ် ကျပ် ၁ဝ
သိန်းဖြစ်ပြီး၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျောင်းလခ အမေရိကန်ဒေါ်လာ
၆ဝဝဝ နှင့်
နေထိုင်စားသောက်စရိတ် အမေရိကန်ဒေါ်လာ ၃၆ဝဝ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအင်ဂျင်နီယာဘွဲ့ သင်တန်းများကို ပြည်တွင်း၌ ပြင်ဦးလွင်မြို့နယ်၊
ရတနာပုံမြို့သစ်တွင်ရှိသော MCC သင်တန်းကျောင်းတွင် သွားရောက် သင်ယူရမည်
ဖြစ်သည်။
(11-6-2010)
Source: 7 Day News
ဇီဝဆေးပညာဘာသာရပ်များ MDIS တွင် တက်ရောက်သင်ယူနိုင်
. f..
.
.
.
.
.
.
မြန်မာနိုင်ငံမှ M.B.B.S
ဘွဲ့ရများနှင့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများသည် စင်ကာပူနိုင်ငံ
Management Development Institute of Singapore
(MDIS) တွင် University of Brandford, UK မှပေးအပ်သည့် Biomedical
Science နှင့် Pharmaceutical Management
ဘာသာရပ်များတက်ရောက်နိုင်ကြောင်း
သိရသည်။ M.B.B.S ဘွဲ့ရများသည် အဆိုပါဘာသာရပ်များအတွက်
ဘာသာရပ်ကင်းလွတ်ခွင့်များ ရရှိနိုင်မည် ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း
အောင်မြင်ပြီးသူများသည်
အဆိုပါဘာသာရပ်များ၏ အခြေခံအတန်းမှစတင် တက်ရောက်ရမည် ဖြစ်ကြောင်းသိရသည်။
M.B.B.S ဘွဲ့ရများသည် သင်တန်းကြေး စင်ကာပူဒေါ်လာ ၁၉ဝဝဝ
သာကျသင့်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများသည် အခြေခံတန်း
ခြောက်လ တက်ရောက်ရမည်ဖြစ်ကာ သင်တန်းကြေးမှာ စင်ကာပူဒေါ်လာ
၆ဝဝဝ ကျသင့်မည်ဖြစ်ကြောင်းသိရသည်။ တက်ရောက်လိုသူများသည်
အနည်းဆုံးတက္ကသိုလ်ဝင်တန်း အောင်မြင်ရမည်ဖြစ်ပြီး
ဘာသာရပ်ကျွမ်းကျင်မှုအနေဖြင့်
IELTS 6.0 ရရှိထားရမည်ဖြစ်ကာ သြဂုတ်နှင့် နိုဝင်ဘာလဝင်ခွင့်
လျှောက်ထားသူများအတွက် ပညာသင်ထောက်ပံ့ကြေးပေးအပ်မည့်
အစီအစဉ်များလည်းရှိကြောင်းသိရသည်။
(11-6-2010)
Source: 7 Day News
လုပ်ငန်းတိုင်းအတွက်အရေးပါသော Graphic Design သင်တန်းဖွင့်လှစ်
.
.
.
.
.
.
. .
နေရာတိုင်းတွင် Graphic Design များသည် အရေးပါနေသောကြောင့်
အရည်အချင်းပြည့်ဝသော Graphic Designer များကို မွေးထုတ်ပေးနိုင်ရန်
ရည်ရွယ်ချက်ဖြင့် Gusto ကွန်ပျူတာနည်းပညာ သင်တန်းကျောင်းမှ Graphic
Design Course ကိုဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
ဤသင်တန်းတွင် Graphic Designer တစ်ယောက်အနေဖြင့် သိသင့်သိထိုက်သော
Technical Skills များသာမက Design တစ်ခု၏ အခြေခံစဉ်းစားပုံစဉ်းစားနည်း
(Conceptual Skills) များကိုပါ သင်ကြားပေးမည်ဖြစ်သည်။
လက်တွေ့လုပ်ငန်းခွင်တွင် မိမိကိုယ်တိုင် Design
များပြုလုပ်နိုင်ရန်အတွက် Design Theory များ Color
Theory များကို အနှစ်သာရရှိရှိ လေ့လာရမည်ဖြစ်သည်။ ထို့အပြင် အဆင့်မြင့်
Design Software များကို ကိုယ်တိုင်အစအဆုံးပြုလုပ်နိုင်ရန်အတွက် Design
Theory များ၊ Color Principle များကို အနှစ်သာရပြည့်ဝစွာနားလည်စေရန်
စာတွေ့လက်တွေ့များဖြင့် စနစ်တကျသင်ကြားလေ့ကျင့်ပေးမည်
ဖြစ်ကြောင်းသိရသည်။
Design Principle, Color Theory, Design Process, Text and Graphics
file preparation for print processing အစရှိသောအကြောင်းအရာများကို
ကမ္ဘာကျော် Design Software များဖြစ်သော Adobe Photoshop, Adobe
IlDesign များကို အသုံးပြု၍ သင်ကြားပေးမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် Graphic Design ကို ကိုယ်တိုင်
ဖန်တီးပြုလုပ်လိုသူများ၊ Printing House, Photo Studio, Media House
တို့တွင် Graphic Designer
အဖြစ်ဝင်ရောက်လုပ်ကိုင်လိုသူများ၊ Web Designer ကောင်းတစ်ယောက်ဖြစ်ရန်
အခြေခံကောင်းများရရှိလိုသူများနှင့် အထူးသင့်လျော်ကြောင်းသိရသည်။
သင်တန်းကို ဇွန်လ (၂၇) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ
(၃) လ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသားဦးရေ (၁၅) ဦးသာကန့်သတ်ထားသည်။
စိတ်ပါဝင်စားသူများနှင့် သင်တန်းတက်ရောက်လိုသူများအနေဖြင့်
အသေးစိတ်အချက်အလက်များကို Gusto ကွန်ပျူတာ နည်းပညာသင်တန်းကျောင်း ဖုန်း
224496၊ 09-8628806 သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
(11-6-2010)
Source: Internet Journal