Service Provider စာမေးပွဲ ဖြေလို့ရ
Cisco မှ အောင်လက်မှတ်ပေးအပ်သော Services Provider Operations
စာမေးပွဲအသစ်တစ်ခု အား CCNA အဆင့်တွင်ဖြေဆိုနိုင်ပြီဟု Myanmar
Inspiration မှ သိရသည်။ယခင်က CCIE အဆင့် စာမေးပွဲ
များတွင်သာဖြေဆိုနိုင်သည့် Services Provider Operations စာမေးပွဲ ကို
beginner အဆင့် Cisco
Certified Network Associate (CCNA) တွင်ဖြေဆိုခွင့်ရသည့်အတွက်
ပြည်တွင်းပြည်ပရှိ Service Provider များတွင်
သွားရောက်အလုပ်လုပ်ကိုင်ရန်
ကြိုးပမ်းကြမည့် အိုင်တီပညာရှင်များအတွက် အခွင့်အလမ်းများစွာ
ရရှိစေမည်ဖြစ်သည်။ CCNA Service Provider Operations စာမေးပွဲ
ဖြေဆိုနိုင်ရန်အတွက်
အရည်အချင်းကန့်သတ်ထားခြင်းမရှိဘဲ မည်သူမဆိုလွတ်လပ်စွာ
ဝင်ရောက်ဖြေဆိုနိုင်ခွင့်ရှိသည်။640-822 ICND 1 နှင့် 640-760 SSPO
(Supporting Cisco
Services Provider IP NGN Operations) စာမေးပွဲ ၂ ဘာသာ
ဖြေဆိုအောင်မြင်ရန်လိုအပ်သည်။ ICND 1 အတွက် USD 125 နှင့် SSPO အတွက်
USD 150
ကုန်ကျမည်ဟုသိရသည်။ Cisco ၏ Service Provider အဆင့်စာမေးပွဲများနှင့်
ပတ်သက်၍ Myanmar Inspiration မှ တာဝန်ရှိသူတစ်ဦး ဖြစ်သော
“ဦးလှမျိုးထွန်း”
က Service Provider အဆင့်စာမေးပွဲ တွေ Next Generation Network
နဲပတ်သက်တဲ့ IP NGN Operations တွေဖြေလို့ရတဲ့အတွက်
မြန်မာအိုင်တီပညာရှင် ISP
အဆင့်လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နိုင်ကြပါပြီ။ အဆက်အသွယ်ကောင်းလို့
ISP မှာ အလုပ်လုပ်ကိုင်ခွင့်ရတာနဲ့စာရင် အခုလိုအောင်လက်မှတ်မျိုး
ကိုင်ထားတဲ့
သူတွေသာ အလုပ်ခေါ်တဲ့အခြေအနေမျိုးကို ပြောင်းလဲစေချင်ပါတယ်။
ဒီလိုလက်မှတ်ကိုင်ဆောင်နိုင်တဲံသူတွေသာ Support Staff ကနေ Network
Operation Centre (NOC)Personnel မှာ လုပ်နိုင်သလို Services Provider
Engineer နဲ့ Partner များအဖြစ်လုပ်ကိုင်နိုင်ကြပါတယ်။
မြန်မာနိုင်ငံမှာ
အိုင်တီသမားတိုင်း Services Provider အတွေ့အကြုံမရနိုင်ပေမဲ့ အခုလို
CISCO ကပေးတဲ့ Services Provider အောင်လက်မှတ်ကို
ဖြေဆိုအောင်မြင်ခဲ့မယ်ဆိုရင်
နိုင်ငံတကာမှာရှိတဲ့ ISP တွေမှာ ထိုက်တန်တဲ့ အလုပ် တွေရနိုင်မှာပါ။
သင်တန်းတတ်မှ စာမေးပွဲ ဖြေလို့ရမယ်ဆိုတဲ့ အယူအဆဟောင်းကြီးကိုလည်း
ပြောင်းလဲဖို့
အချိန်တန်နေပါပြီ ဟု ပြောကြားခဲ့သည်။
IP Networking အခြေခံအတွက် ICND 1 ကိုလေ့လာရမှာဖြစ်ပြီး NGN အတွက် NMS
tools and Protocols. Incident/ Faults/ Configuration/ Change/
Performance အစရှိတဲ့ Management ကိုလေ့လာရမှာ ဖြစ်ပါတယ်။ Practice
Incidents and Fault Mangement ကို Network Fault နှင့် Link Fault
ကိုခွဲခြားလေ့လာနိုင်ရမည်။ UNIX Linux OS ကိုနားလည်နိုင်ရမည်ဖြစ်ပြီး
CISCO IOS Software ပြသနာနဲ့ Device ပြဿနာ ကိုခွဲခြမ်းရှာဖွေ
နိုင်ရပါမည်။ Layer 3
Network အတွက် အတွေ့အကြုံရှိရန်လည်းလိုအပ်ပါသည်။
CCNA SPO ၏ အောင်လက်မှတ်သက်တမ်းမှာ ၃ နှစ်ဖြစ်ပြီး CCNA
အောင်ထားပြီးသူများလည်း SSPO တစ်ဘာသာထပ်မံဖြေဆိုပြီး Services Provider
Operations အောင်လက်မှတ်ရယူနိုင်ကြောင်း သိရသည်။ ၃
နှစ်သက်တမ်းမပြည့်မီကာလအတွင်း SSPO တစ်ဘာသာပြန်လည်ဖြေဆို
ခြင်းဖြင့်ဖြစစေ၊ CCNA
Security (သို့) CCDA ထပ်မံဖြေဆိုခြင်းဖြင့်ဖြစ်စေ၊ CCNP စာမေးပွဲများ
(သို့) CCIE Written စာမေးပွဲများ ထပ်မံဖြေဆိုခြင်းဖြင့်ဖြစ်စေ
အောင်လက်မှတ်အား
ထပ်မံသက်တမ်းတိုးနိုင်ကြောင်းသိရသည်။
(18-6-2010)
Source: Ko Lin (Myanmar Training)
ဗြိတိသျှကောင်စီ IELTS ပညာသင်ဆု
.
..
.
.
.
.
.
.
.
. . .
ဗြိတိသျှကောင်စီ စာမေးပွဲများဌာနမှ ၂ဝ၁ဝ ပညာသင်နှစ်တွင်
ယူကေနိုင်ငံသို့ ဘွဲ့ကြိုနှင့် ဘွဲ့လွန်ပညာသင်သွားမည့် IELTS
ဖြေဆိုပြီး
မြန်မာကျောင်းသားများအား ပညာသင်ဆု ရွေးချယ်ချီးမြှင့်မည့် အစီအစဉ်ကို
ဝမ်းမြောက်စွာကြေညာလိုက်ပါသည်။
ပညာသင်ဆုရရှိသူသည် ကျောင်းလခ ဆုကြေးဒေါ်လာ ၃၅ဝဝ ကို
တစ်လုံးတစ်ပေါင်းတည်း ရရှိမည်ဖြစ်ပါသည်။ ၂ဝ၁ဝနှစ်အတွက် IELTS ပညာသင်ဆု(
၂ ) ဆု
ချီးမြှင့်မည်ဖြစ်ပါသည်။
ပညာသင်ဆုလျှောက်လွှာကို ဇူလိုင် ( ၃၁ )နေ့အထိ လက်ခံမည်ဖြစ်ပြီး
ပဏာမရွေးချယ်ခံရသူ ( ၅ ) ဦးကို သြဂုတ်လ ( ၂၃ ) ရက်မှ ( ၂၇ )ရက် အတွင်း
လူတွေ့စစ်ဆေးရန်ခေါ်ယူပြီး၊ မဲကျရာ ခေါင်းစဉ်တစ်ခုအား
အကျဉ်းချုပ်ရှင်းလင်းတင်ပြရမည်ဖြစ်ပါသည်။ အထက်ပါ ( ၅ ) ဦးအနက် ( ၂ )
ဦးကို အပြီးသတ်
ရွေးချယ်မည်ဖြစ်ပါသည်။
ပညာသင်ဆုကို မည်သူလျှောက်ထားနိုင်ပါသလဲ
ပညာသင်ဆုအတွက် အခြေခံလိုအပ်ချက်များမှာ လျှောက်ထားသူသည်
၁ - မြန်မာနိုင်ငံတွင်နေထိုင်သော မြန်မာနိုင်ငံသားဖြစ်ရမည်။
၂- ၂ဝ၁ဝနှစ်အတွင်း ယူကေနိုင်ငံတွင် ဘွဲ့ကြို/ ဘွဲ့လွန်
ပညာသင်ရန်ပြင်ဆင်ထားသူဖြစ်ရမည်။
၃- IELTS အမှတ်ဖြင့် ကျောင်းဝင်ခွင့်လက်ခံသော တက္ကသိုလ်၊ ကောလိပ်
တစ်ခုခုတွင် ကျောင်းတက်ရန်ပြင်ဆင် သူဖြစ်ရမည်။
၎- လက်ရှိ သက်တမ်းရှိသေးသော IELTS
အမှတ်လက်မှတ်ကိုင်ဆောင်ထားသူဖြစ်ရမည်။
၎.၁ - IELTSကို ၂ဝဝ၈ စက်တင်ဘာလမှ ယခုအချိန်အတွင်း ဗြိတိသျှကောင်စီတွင်
ဖြေဆိုထားသူဖြစ်ရမည်။
၎.၂ - Academic Module ဖြေဆိုထားသူဖြစ်ရမည်။
၎.၃ - ဘွဲ့ကြိုအတွက် ပျှမ်းမျှရမှတ် ( ၆.၅ )၊ ဘွဲ့လွန်အတွက်
ပျှမ်းမျှရမှတ် ( ၇.ဝ ) ရရှိထားသူဖြစ်ရမည်။
၅- သက်ဆိုင်ရာ တက္ကသိုလ်၊ကောလိပ်မှ ကျောင်းသားအဖြစ်
အသိအမှတ်ပြုလက်ခံစာကို သြဂုတ်လ ၂ဝ ရက်နေ့ နောက်ဆုံးထားပြီး
တင်ပြနိုင်ရမည်။
လျှောက်ထားပုံနှင့် ရွေးချယ်ပုံအဆင့်ဆင့်
၁- ဗြိတိသျှကောင်စီတွင် IELTS စာမေးပွဲဖြေဆိုပြီး
အမှတ်စာရင်းလက်မှတ်ရယူပါ။
၂- British Council ဝဘ်ဆိုဒ် တွင် လျှောက်လွှာကို download
လုပ်ယူပြီးဖြည့်ပါ။
၃- လျှောက်လွှာကို ဗြိတိသျှကောင်စီစာမေးပွဲများဌာနသို့ ဇူလိုင် ၃၁ရက်နေ့
နောက်ဆုံးထား၍ ပေးပို့ရပါမည်။
၎- လျှောက်ထားသူများမှ ပဏာမ ၅ယောက်ကို ရွေးချယ်မည်။
ပဏာမရွေးချယ်ခံရသူများကို ၂ဝ၁ဝ သြဂုတ် လ ( ၉ )ရက်နေ့တွင် email မှ
တစ်ဆင့် အကြောင်းပြန်ပါမည်။
၅- ပဏာမရွေးချယ်ခံရသူများသည် မိမိတို့တက်ရောက်မည့် တက္ကသိုလ်၊ ကောလိပ်မှ
ကျောင်းသားအဖြစ် လက်ခံကြောင်း အကြောင်းစာကို သြဂုတ်လ ၂ဝရက်နေ့
နောက်ဆုံးထား၍ တင်ပြရမည်။
၆- အဆိုပါကျောင်းသားအသိအမှတ်ပြုအကြောင်းကြားစာကို သြဂုတ်လ၂ဝရက်နေ့
နောက်ဆုံးထား တင်ပြ နိုင်ခြင်းမရှိပါက၊ပဏာမရွေးချယ်စာရင်းမှ
ပယ်ဖျက်ပါမည်။
၇- ပဏာမရွေးချယ်ခံ ကျောင်းသား( ၅ ) ယောက်ကို သြဂုတ်လ ၂၃ ရက်မှ
၂၇ရက်နေ့အတွင်း လူတွေ့ စစ်ဆေးရန် ဖိတ်ခေါ်ပါမည်။ အဆိုပါ အင်တာဗျုးတွင်
ဗြိတိသျှကောင်စီမှ ချပေးသော ခေါင်းစဉ်တစ်ခုခုကို
အကျဉ်းချုပ်ရှင်းလင်းတင်ပြရမည်ဖြစ်ပါသည်။ အင်တာဗျုးလာရန်ပျက်ကွက်ပါက
ပဏာမရွေးချယ်စာရင်းမှ ပယ်ဖျက်ပါလိမ့်မည်။
၈- နောက်ဆုံးရွေးချယ်သူနှစ်ဦးကို ၂ဝ၁ဝ သြဂုတ် ၃၁ ရက်နေ့တွင်
ကြေညာပေးပါမည်။
လျှောက်လွှာပေးပို့ရန်
ဖြည့်စွက်ပြီးသော လျှောက်လွှာမူရင်းကို အောက်ပါလိပ်စာသို့ပို့ရမည်။
IELTS Scholarship
British Council Exams Services
78 Kanna Road
Kyauktada Tsp
Yangon
လျှောက်လွှာပိတ်ရက်မှာ ဇူလိုင်လ ( ၃၁ ) ရက်နေ့ဖြစ်ပါသည်။
(18-6-2010)
Source: Ko Lin (Myanmar Training)
BCA Academy ဝင်ခွင့်စာမေးပွဲကို အခမဲ့ဖြေဆိုရနိုင်မည့် BCA
ပညာရေးဆွေးနွေးပွဲ ကျင်းပမည်
.
.
.
.
f..
.
.
.
.
.
.
Singapore
အစိုးရကျောင်းတစ်ကျောင်းဖြစ်သည့် BCA Academy နှင့် Future Way
တို့ပူးပေါင်းကျင်းပသည့် ပညာရေးဆွေးနွေးပွဲအား ဇွန်လ ၂၁ ရက်နေ့
၌ Future Way Office တွင်ကျင်းပပြုလုပ်မည်ဖြစ်သည်။
ထိုပညာရေးဆွေးနွေးပွဲ သို့ တက်ရောက်သူများအနေဖြင့် Singapore အစိုးရ
တက္ကသိုလ်များသို့
ဆက်လက်တက်ရောက်နိုင်သော BCA Academy ၏ ဝင်ခွင့်စာမေးပွဲကို
အခမဲ့ဖြေဆိုနိုင်မည့်အထူးအခွင့်အရေးများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း
သိရသည်။
ကျင်းပမည့် အချိန်မှာ နေ့လည် ၂ နာရီမှ ၅ နာရီအထိဖြစ်ပြီး ကျောင်းမှ
အရာရှိများကိုယ်တိုင် လာရောက်ဆွေးနွေးပေးမည်ဖြစ်သည်။ ဆွေးနွေးပွဲတွင်
BCA
Academy ၏ ခိုင်မာမှုရှိသော သင်ရိုးများအကြောင်းဝင်ခွင့်စာမေးပွဲ
အတွက်သိသင့်သော အကြောင်းအရာများ၊ Scholarship/ Study Grant
ရရှိနိုင်မည့်
အခွင့်အရေးများ၊ ကုန်ကျနိုင်မည့် ပညာသင်စရိတ်၊ ကျောင်းပြီးပါက
ရရှိနိုင်သော အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းနှင့် Singapore
နိုင်ငံတွင် နေထိုင်ရေး
နှင့်ပတ်သက်၍ ကုန်ကျနိုင်သော ကုန်ကျစရိတ်များကိုပါ တစ်ဦးချင်းစီ
အသေးစိတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။ ဝင်ခွင့်စာမေးပွဲ ကို
ဆယ်တန်း
အောင်မြင်ပြီးသူများ၊ GCE ‘O’Level အောင်မြင်ပြီးသူများနှင့် ဆယ်တန်း
(သို့) GCE ‘O’Level ဖြေဆိုထားသူများ
ဝင်ရောက်ဖြေဆိုနိုင်ကြောင်းသိရသည်။
English စာအရည်အချင်းအနေဖြင့် IELTS,TOEFL
ဖြေဆိုထားခြင်းမရှိသူများလည်း ဝင်ခွင့်စာမေးပွဲ ကို
ဝင်ရောက်လျှောက်ထားဖြေဆိုနိုင်ကြောင်း သိရသည်။
ဝင်ခွင့်စာမေးပွဲ ကိုထူးချွန်စွာ အောင်မြင်သူများအနေဖြင့် ယခုနှစ်
October လ ဝင်ခွင့်ရ ကျောင်းသားစုစုပေါင်း ၏ 10% ကို BCA မှ
ကျောင်းစရိတ် 50% မှ 60%
အထိ Scholarship/ Study Grant ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ BCA
Academy တွင် Engineering Subject (6) ခုကို လျှောက်ထားဖြေဆိုနိုင်သည်။
Design ဘာသာရပ်အတွက် လျှောက်ထားသူများသည် ဝင်ခွင့်စာမေးပွဲ တွင် Design
& English ဘာသာဖြေဆိုရမည်ဖြစ်ပြီး ကျန်ဘာသာရပ်များဖြစ်သော
Construction Engneering, Strategic Facilities Management, Mechanical
Engineering (Green Building), Computer Engineering, Electrical
Engineering and Clean Energy ဘာသာရပ်များကို
လျှောက်ထားဖြေဆိုသူများအနေဖြင့် English နှင့် Maths
နှစ်ဘာသာဖြေဆိုရမည်ဖြစ်သည်။
ကျောင်းသားများအတွက်ထူးခြားသောပြောင်းလဲမှုတစ်ခုမှာ BCA
ဝင်ခွင့်စာမေးပွဲပင်ဖြစ်သည်။ မေးခွန်းပုံစံမှာ ယခင်စစ်နေကျ ၂ နာရီ
မေးခွန်းများ မဟုတ်တော့ဘဲ
ဖြေဆိုချိန် ၁ နာရီခွဲ ပြောင်းလဲထားပြီး English ဘာသာရပ်အတွက် ၅ မိနစ်
စကားပြောစစ်ဆေးမှုလည်းပါဝင်ကြောင်းသိရသည်။
June 21 (2:00 5:00) အတွင်းကျင်းပမည့် BCA
ပညာရေးဆွေးနွေးပွဲသို့လာရောက်သူများအနေဖြင့် ပညာရေး ဆိုင်ရာ
စာရွက်စာတမ်းများ အပြည့်အစုံ ယူဆောင်
လာရန် လိုအပ်ကြောင်းသိရသည်။ ထိုဆွေးနွေးပွဲ တွင် BCA Academy မှ
သက်ဆိုင်ရာ အရာရှိများ၏ အရည်အချင်းပြည့်မှီသည်ဟု ရွေးချယ်ခံထား ရသော
ကျောင်းသား /ကျောင်းသူများကို ဝင်ခွင့်စာမေးပွဲ အား
အခမဲ့ဖြေဆိုခွင့်ရရှိစေရန် Future Way မှ Sponsor ပေးသွားမည်
ဖြစ်ကြောင်းသိရသည်။
စိတ်ပါဝင်စားသူများအနေဖြင့် သမ္မတရုပ်ရှင်ရုံဘေးရှိ Shine Condo, 6 လွှာ
A ခန်းတွင်ဖွင့်လှစ်ထားသော Future Way Education& Services သို့
စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။ ဖုန်းဖြင့် စာရင်းပေးသွင်းလိုပါက
ဖုန်း ၂၄၁၀၉၉၊ ၂၅၄၁၈၅ သို့ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
(18-6-2010)
Source: Ko Lin (Myanmar Training)
“ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်း” ဖွင့်လှစ်မည်
.
.
.
.
.
.
.
.
.
.
.
. .
မီဒီယာနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) မှ
ဒစ်ဂျစ်တယ်ဗီဒီယိုနည်းပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန်
ရည်ရွယ်ချက်ဖြင့် “ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်း” သင်တန်းအား
ရန်ကုန်မြို့၊လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ အဆောင်(၁)
သင်တန်းခန်း
တွင်ဇူလိုင်လ (၂၀) ရက်နေ့မှ သြဂုတ်လ (၁၇) ရက်နေ့အထိ
ညနေ(၃းဝဝ)နာရီ မှ (၅းဝဝ)နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။
သင်တန်းကြေးမှာ၁၂၀ဝဝဝိ/-(တစ်သိန်းနှစ်သောင်းကျပ်တိတိ)
ကျပ်ဖြစ်ပြီးမြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းဝင် များအား ၁ဝ%
Discount ပေးမည်
ဖြစ်သည်။
အဆိုပါသင်တန်းတွင် ကွန်ပျူတာအခြေခံအဆင့် လေ့လာထားပြီး၊
ရုပ်သံအစီအစဉ်များနှင့် ရုပ်မြင်သံကြားကြော်ငြာများ၊
မှတ်တမ်းရုပ်ရှင်ကားများ
ရိုက်ကူးတည်းဖြတ်ထုတ်လုပ်မှုများ အကြောင်းကို
စိတ်ဝင်စားစွာလေ့လာလိုသူများ၊ ကုမ္ပဏီများ၊ ဌာနဆိုင်ရာများတွင် VideoPresentation များဖြင့် နေ့စဉ်
ထိတွေ့လုပ်ကိုင်နေရပြီး သင်တန်းအတွက်
အချိန်များစွာ မပေးနိုင်သူများ၊ ဂရပ်ဖစ်ဒီဇိုင်းသင်တန်းများ၊အနုပညာတက္ကသိုလ်နှင့် ပန်းချီပန်းပုကျောင်းများမှ
ကျောင်းဆင်းပြီး
ရုပ်သံဖန်တီး ထုတ်လုပ်မှုကို အထူးပြုလေ့လာနေသူများ၊ နိုင်ငံရပ်ခြားတွင်
Video Production, Mass Communication, Animation ဘွဲ့နှင့်
ဒီပလိုမာသင်တန်း တက်ရောက်ကြမည့် အခြေခံပညာအထက်တန်းအောင်မြင်ပြီး
လူငယ်လူရွယ်များအား ခေတ်သစ် ရုပ်သံနည်းပညာ တွင်ပါဝင်သော
ဗီဒီယိုပုံရိပ်များဖွဲ့စည်းမှုသီအိုရီ၊ ဗီဒီယိုကင်မရာများကိုင်တွယ်အသုံးပြုပုံနှင့် အလင်းပေးခြင်း နည်းစနစ်များ၊ဗီဒီယိုတည်းဖြတ်ခြင်း၊ စာတမ်းထိုးခြင်းနှင့်
အရည်အသွေး မကျဆင်း အောင်ထုတ်လုပ်ပုံများ၊ ဒစ်ဂျစ်တယ် အသံပိုင်းဆိုင်ရာ သိကောင်းစရာများစာတွေ့၊လက်တွေ့ပါဝင်ပြီး Adobe Certified Expert
စာမေးပွဲနှင့်နိုင်ငံခြားအနုပညာ တက္ကသိုလ်ဝင်ခွင့်များ ဖြေဆိုရာတွင်အထောက်အကူရရှိပါမည်။ အထက်ပါသင်တန်းအား ဦးဝဏ္ဏကျော် (Art Director -
People Media, Inforithm-Maze Co.,Ltd) ASEAN Award Winning New Media
Artist, Contributor (Internet Journal) မှ သင်ထောက်ကူပစ္စည်း
အပြည့်အစုံဖြင့် လာရောက်သင်ကြားမည်ဖြစ်ပြီး ဧည့်ပညာရှင်များအဖြစ်စာရေးဆရာ ချစ်ဦးညိုမှ ရုပ်ရှင်ဇာတ်ညွှန်း ရေးသားခြင်းအကြောင်း၊
ဒါရိုက်တာမင်းထင်ကိုကိုကြီး မှ မှတ်တမ်းရုပ်ရှင်ဖန်တီးခြင်း အကြောင်း၊
ဒါရိုက်တာ ဇော်ဆက်မှ ရုပ်ရှင်တည်းဖြတ်မှု အကြောင်း၊ တေးရေးနောင်နောင်(S.F)
မှ ဇာတ်ဝင်တေးရေးသားခြင်း အပါအဝင် ဂီတရုပ်ရှင် အခြေခံသဘော တရားများကိုလာရောက်ပံ့ပိုးပို့ချပေးကြမည်ဖြစ်သည်။ သင်တန်းသားများအတွက်
လိုအပ်သော
Software Application Installer များ၊ Plug-ins များ၊ Resource
Materialများ၊ မြန်မာ ဘာသာဖြင့် ရေးသားပြုစုထားသော ခေတ်ပေါ်ဗီဒီယို
နည်းပညာနှင့်ရုပ်ရှင်ဂီတသဘောတရား ဆိုင်ရာ မှတ်စုများ ကိုလည်း တစ်ပါတည်းဖြန့်ဝေပေးသွားမည်ဖြစ်သည်။ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ
ကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊
ဖုန်းနံပါတ်-၆၅၂၂၇၆သို့ ဇူလိုင်လ (၁၆)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း
သတင်းရရှိသည်။
(18-6-2010)
Source: Ko Lin (Myanmar Training)