Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

Creative Web Studio မှ ပေးသော CIW (1) ယောက် , PHP (1) ယောက်, Web Essential (1) ယောက် သင်တန်းတက်ရောက်ခွင့်....

MORE »
ANSWER NOW »

SUBSCRIBE

Your Email:

News » Local News

ကိုရီးယားဘာသာစကားသင်တန်းအချို့ပြန်လည်လှုပ်ရှားလာ

မြန်မာလုပ်သားများအားကိုရီးယားနိုင်ငံသို့ ပြန်လည်စေလွှတ်နိုင်ရန် အလုပ်သမားဝန်ကြီးဌာနမှ အရာရှိများနှင့် ကိုရီးယားမှ တာဝန်ရှိသူများ
ဆွေးနွေးနေကြောင်း သတင်းများထွက်ပေါ်လာပြီး နောက်ပိုင်း ရန်ကုန်တိုင်းအတွင်း ကိုရီးယားဘာသာစကားသင်တန်းနှင့် EPS စနစ်၏ မေးခွန်း ၂ဝဝဝ ဖြေဆိုနိုင်ရန်
သင်တန်းများပြန်လည်လှုပ်ရှားလာကြောင်းသတင်းရရှိသည်။
မြန်မာလုပ်သားများ ကိုရီးယားနိုင်ငံသို့တရားဝင်သွားရောက်အလုပ်လုပ်နိုင်သော EPS စနစ်မှာ ၂ဝဝ၈ ခုနှစ်မှစတင်ပြီးအကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပြီး ၂ဝဝ၉
နောက်ပိုင်းကာလများတွင် မြန်မာလုပ်သားပေးပို့မှုများအကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်သွားခဲ့သည်။ ယင်းနောက်ပိုင်း ၂ဝ၁ဝ ခုနှစ်များအတွင်း ရန်ကုန်အခြေစိုက်
ကိုရီးယားသံရုံးမှ ထုတ်ပြန်သောသတင်းများအရလုပ်သားခေါ်ယူမှုရပ်ဆိုင်းသွားကြောင်းနှင့် ပြီးခဲ့သည့် လများအတွင်း EPS စနစ်ဖြင့် မြန်မာလုပ်သားများကို
ကိုရီးယားသို့စေလွှတ်နိုင်ရန် အလုပ်သမားဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများဆွေးနွေးနေကြောင်း 7 Day News တွင် သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။
ယင်းသတင်းများနောက်ပိုင်းတွင် ကိုရီးယားဘာသာစကားပြောသင်တန်းများထဲမှ EPS စနစ်နှင့်ဆက်နွယ်နေသော EPS-KLT (ကိုရီးယား EPS စနစ် စကားပြော
သင်တန်းများ) ယခုဇွန်လ ၁၆ ရက်မှစ၍ သင်တန်းသားခေါ်ယူမှုကြော်ငြာများစတင်တွေ့ရှိခဲ့ရသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အဆိုပါသင်တန်းများ သို့ ဆက်သွယ်
မေးမြန်းကြည့်ရာ “ EPS-KLT စာမေးပွဲဘယ်အချိန်ဆိုတာမသိပေမယ့် ကြိုသင်ထားရမယ်လေ။ EPS-KLT အတွက် မေးခွန်းအစုံ ၂ဝဝဝ သင်တန်း က
သုံးလကျော်သင်ရပြီး သင်တန်းကြေးကကျပ်လေးသောင်းရှိတယ်။ သင်တန်းအတွက် အခြေခံကိုရီးယားဘာသာစကားတတ်ကျွမ်းပြီးမှ သင်တန်း တက်ခွင့်ရှိတယ်။
အခြေခံကိုရီးယားဘာသာကတော့ ကျပ်သုံးသောင်းခုနစ်ထောင်နဲ့ နှစ်လအပြတ်သင်ပေးနေပါတယ်။ တက်ရောက်သူတွေများပါတယ် ”
ဟုကိုရီးယားဘာသာစကားပြောသင်တန်းမှူးတစ်ဦးကပြောကြားသည်။
ထို့အပြင် ကိုရီးယားနိုင်ငံအခြေစိုက်သံရုံးများသို့ 7 Day News က ဆက်သွယ်မေးမြန်းခဲ့ရာ ယင်းကိစ္စနှင့် ပတ်သက်၍ သင်တန်းသားများ အလုပ်သွားရောက်
လုပ်ကိုင်မည့်သူများအား ဖြေကြာပေးရသည်မှာ အကြိမ်များစွာရှိပြီဖြစ်ကြောင်းနှင့် ဆွေးနွေးမှုမှ မည်သည့်ရလဒ်မှမသိရှိရသေးဘဲ နားလည်မှု
စာချွှန်လွှာရေးထိုးဖြစ်ရန်အချိန် အတိုင်းအတာတစ်ခုအထိ လိုအပ်သေားကြောင်းစုံစမ်းသိရသည်။












 

(25-6-2010)
Source: 7 Day News

 


ပြည်တွင်း၌ကျင်းပသော TOEFL စာမေးပွဲများ စာရွက်ဖြင့်သာ ဖြေဆိုရဦးမည် .      .  .     .      . . .  .  . . .             

အင်္ဂလိပ်ဘာသာစကား အရည်အချင်းစစ်စာမေးပွဲဖြစ်သည့် တိုဖယ်လ်စာမေးပွဲဖြေဆိုရမည့် နေ့ရက်များကို ထုတ်ပြန်ခဲ့ပြီးစာရွက်ဖြင့် ဖြေဆိုရမည့် စနစ်
ကိုသာဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်းသိရသည်။
တိုဖယ်လ်စာမေးပွဲဖြေဆိုလိုသော ကျောင်းသားများအနေဖြင့် စာမေးပွဲကြေး အမေရိကန်ဒေါ်လာ ၁၆ဝ ကို အွန်လိုင်းမှတစ်ဆင့် ခရက်တစ်ကတ်အသုံးပြု၍
စာရင်းပေးသွင်းပြီးပါက စာမေးပွဲရက်ကို ပြောင်းရွှေ့လိုခြင်း၊ မဖြေဆိုလိုတော့ခြင်းဖြစ်လာပါက စာမေးပွဲကြေး၏ တစ်စိတ်တစ်ပိုင်းကိုသာ ပြန်လည် ရရှိမည်ဟု
သိရသည်။ “ စာမေးပွဲဖြေဆိုခွင့် လက်မှတ်နဲ့ စာမေးပွဲဖြေဆိုရမယ့် နေ့ရက်၊ နေရာတွေကို ကိုယ်ပေးထားတဲ့ လိပ်စာအတိုင်း ဟိုဘက်က စာပို့လိုက်မှာပါ။
ကျောင်းသားတွေ အနေနဲ့ ကိုယ့်လိပ်စာကို သေသေချာချာပေးဖို့ လိုအပ်ပါတယ်။ ဟိုဘက်က စာပို့တဲ့အခါမှာအချိန်မီမရောက်တာတို့၊ လုံးဝ ရောက်မလာတာတို့ကို
ကြုံတွေ့ရတတ်ပါတယ် ” ဟု တိုဖယ်လ်စာမေးပွဲစာရင်းပေးသွင်းမှုအတွက် ဝန်ဆောင်မှုပေးနေသော စင်တာတစ်ခုကပြောသည်။
တိုဖယ်လ်စာမေးပွဲဖြေဆိုသည့်စနစ်ကို နိုင်ငံတကာတွင် အင်တာနက်အခြေခံစနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့ပြီး ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် စာရွက်ဖြင့်
ဖြေဆိုရသောစနစ်ကိုသာ ဆက်လက်ကျင့်သုံးမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို www.ets.org  တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။


 







 

(25-6-2010)
Source: 7 Day News

 


Cisco အသိအမှတ်ပြုစာမေးပွဲအသစ်တစ်ခုတိုးလာ .     . .  .    f..  . . . . .     .   

အမေရိကန်အိုင်တီကုမ္ပဏီဖြစ်သည့် Cisco မှစစ်ဆေးပေးနေသော CCNA စာမေးပွဲတွင် Service Provider Operations ဟူသောစာမေးပွဲအသစ်တစ်ခုကို
တစ်ကမ္ဘာလုံးတွင် ပထမဆုံးအကြိမ်စတင်ဖြေဆိုခွင့်ရပြီဖြစ်ကြောင်း အဆိုပါကုမ္ပဏီ၏ အင်တာနက်စာမျက်နှာသတင်းများတွင်ဖော်ပြထားသည်။
Cisco အသိအမှတ်ပြု နည်းပညာပိုင်းဆိုင်ရာ စာမေးပွဲတစ်ခုဖြစ်သော CCNA (Cisco Certificate Network Associate) အဆင့်စာမေးပွဲများ၌ ယခင်က ဖြေဆို
နိုင်ခြင်းမရှိခဲ့သော အဆိုပါ Service Provider Operations စာမေးပွဲမှာ အင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုထောက်ပံ့ပေးရေးလုပ်ငန်းများဖြစ်သည့် ISP
(Internet Service Provider) နှင့်သက်ဆိုင်သောလုပ်ငန်းခွင်များတွင် ပြန်လည်အသုံးချနိုင်မည်ဖြစ်သည်။
အဆိုပါစာမေးပွဲကို ပြည်တွင်း၌ ဖြေဆို၍ ရနိုင်ကြောင်း Myanmar Inspiration Online Exam Centre မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ISP နှင့်သက်ဆိုင်သောလုပ်ငန်းခွင်များတွင် ပြန်လည်အသုံးချနိုင်မည့် အဆိုပါ Service Provider Operations စာမေးပွဲသည် ယခင်က CCIE (Cisco Certified
Internetwork Expert) အဆင့်တွင်သာဖြေဆိုနိုင်ခဲ့ပြီးယခုအခါ Cisco မှ ယင်း၏ အစပိုင်းအဆင့်ဖြစ်သော CCNA အဆင့်တွင် ဖြေဆိုခွင့်ပေးလိုက်ခြင်းဖြစ်သည်။
Cisco ၏ရည်ရွယ်ချက်မှာ ပြည်တွင်းပြည်ပရှိ ISP များတွင် သွားရောက်အလုပ်လုပ်ကိုင်လိုသော အိုင်တီပညာရှင်များ ပထမအဆင့်စာမေးပွဲဖြစ်သော CCNA
တွင်ဖြေဆိုအောင်မြင်ရုံဖြင့် အချိန်တိုအတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရန် ဖြစ်ကြောင်းသိရသည်။
Cisco ၏ CCNA Level တွင်ပင် စတင်ဖြေဆိုနိုင်မည့် အဆိုပါစာမေးပွဲအတွက် အရည်အချင်းကန့်သတ်ထားခြင်းမရှိဘဲ မည်သူမဆို လွတ်လပ်စွာဝင်ရောက်ဖြေဆိုနိုင်
မည်ဖြစ်ကြောင်း ဦးလှမျိုးထွန်းကပြောသည်။
Cisco အနေဖြင့် ယင်း၏ စာမေးပွဲအသစ်ကို တစ်ကမ္ဘာလုံးရှိ စာမေးပွဲဖြေဆိုနိုင်သည့်နေရာများတွင် ဖြေဆိုခွင့်ပေးထားသည်။ စာမေးပွဲကြေးမှာ ဖြေဆိုအောင်မြင်ရန်
လိုအပ်သည့် 640-822 ICND1 အတွက် အမေရိကန်ဒေါ်လာ ၁၂၅ နှင့် 640-760 SSO (Supporting Cisco Service Provider IP NGN Operations) အတွက်
အမေရိကန်ဒေါ်လာ ၁၅ဝ ကုန်ကျမည်ဖြစ်သည်။
Service Provider Operations စာမေးပွဲကိုဖြေဆိုအောင်မြင်သည့်သူများအနေဖြင့် နိုင်ငံတကာရှိ ISP များအထိပါ သွားရောက်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း
အထက်ပါပုဂ္ဂိုလ်ကပြောသည်။
အထက်ပါ CCNA စာမေးပွဲအသစ်၏ အောင်လက်မှတ်သက်တမ်းမှာ သုံးနှစ်ဖြစ်ပြီး လက်ရှိ CCNA အောင်မြင်ပြီးသူများလည်း ထပ်မံဖြေဆို၍ သက်တမ်းတိုးခြင်း
ပြုလုပ်နိုင်မည်ဖြစ်သည်။ စာမေးပွဲအသစ်နှင့် ပတ်သက်သောအသေးစိတ်အချက်အလက်များကို http://www.cisco.com  တွင် သွားရောက်ကြည့်ရှုနိုင်သည်။













 

(25-6-2010)
Source: 7 Day News


စင်ကာပူနိုင်ငံရှိ STET Institute တွင် ရေကြောင်းဆိုင်ရာဒီပလိုမာကို အချိန်တိုအတွင်းရယူနိုင် .     . .  .  . . . .    . . . . .              

စင်ကာပူနိုင်ငံ STET Institute တွင်ရေကြောင်းနှင့်ပတ်သက်၍ On-Share လုပ်ချင်သူများအတွက် ရည်ရွယ်ကာ အချိန်ပြည့် ၃ လ ဒီပလိုမာသင်တန်းကို
၂ဝ၁ဝ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း KSN Education Services မှ သိရသည်။
အဆိုပါ ဒီပလိုမာသင်တန်းကို သင်္ဘောကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်လိုသူသင်္ဘောသားများ၊ ကုန်းပေါ်တွင် အလုပ်လုပ်ကိုင်လိုသူသင်္ဘောသားများ၊ Shipping နှင့်
Logistics ဆိုင်ရာကုမ္ပဏီများတွင်လက်ရှိ လုပ်ကိုင်လျက်ရှိပြီး သက်ဆိုင်ရာကဏ္ဍများတွင် ဗဟုသုတနှင့် အတွေ့အကြုံပိုမိုရရှိလိုသူများအတွက် အဓိက
ရည်ရွယ်ကြောင်းသိရသည်။ ၎င်းဒီပလိုမာသင်တန်းတွင် ဘာသာရပ် ၁၂ မျိုး သင်ကြားရမည်ဖြစ်ပြီး မိမိနှစ်သက်ရာ Module များကို ရွေးချယ် တက်ရောက်နိုင်ကာ
သက်ဆိုင်ရာ Certificate ကို ရယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ သင်တန်းကာလ ၃ လပြီးပါက Professional Diploma in Maritime Studies ကို ရရှိမည်ြဖစ်ကာ
၎င်း Certificate မှာ စင်ကာပူနိုင်ငံ Maritime and Port Authority of Singapore မှ အသိအမှတ်ပြုထားသော နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်ဖြစ်ကြောင်း
သိရသည်။ သင်တန်းပြီးဆုံးပါကလည်း သက်ဆိုင်ရာကုမ္ပဏီများတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်သကဲ့သို့ Australia Maritime College တွင် Maritime and
Logistics Management Degree Program တက်ရောက်လိုပါကလည်း ဘာသာရပ် ၅ ခုကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်းသိရသည်။
ဝင်ခွင့်သတ်မှတ်ချက်များအနေဖြင့် အသက် ၁၈ နှစ်နှင့်အထက် ဖြစ်ရမည်ဖြစ်ပြီး GCE ‘O’ Level သို့မဟုတ် အခြေခံပညာအထက်တန်းအောင်မြင်ကာ အင်္ဂလိပ်စာ
အမှတ်ကောင်းရန်လိုကြောင်းသိရသည်။ ထို့ပြင် အလုပ်အကိုင်အတွေ့အကြုံ ၂ နှစ်နှင့် အထက်ရှိသူများအတွက် ပညာအရည်အချင်းကန့်သတ်ချက်ကိုလျှော့ပေါ့
စဉ်းစားပေးမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းတစ်ခုလျှင် သင်တန်းသားဦးရေ ၂၅ ဦးသာ လက်ခံမည်ဖြစ်ပြီး သတ်မှတ်ချက်နှင့်ကိုက်ညီသော သင်တန်းသားများ
ကိုသာ ရွေးချယ်တက်ရောက်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
စိတ်ပါဝင်စားသူများအနေဖြင့် အသေးစိတ်အချက်အလက်များသိရှိလိုပါက KSN Education Services ဖုန်း - 539581 ၊ 546306 သို့ဆက်သွယ်စုံစမ်း
မေးမြန်းနိုင်ကြောင်းသိရသည်။







 

 


 

(25-6-2010)
Source: Internet Journal

a

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats