MCPA စာမေးပွဲ အောင်မြင်ခဲ့သူတိုင်းကို M.S.T မှ ပညာသင်ဆုချီးမြှင့်မည်
မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှ ၂ဝဝ၉ ၊ ၂ဝ၁ဝ
ခုနှစ်အတွင်းစစ်ဆေးပြီးဖြစ်သော MCPA (NA) နှင့် MCPA (FSE)
အောင်မြင်ခဲ့သူတိုင်းကို
M.S.T Computer Centre မှနည်းပညာပိုင်းနှင့် နိုင်ငံတကာအသိအမှတ်ပြု ICT/Network
Professional များအဖြစ် တက်လှမ်းနိုင်ရန်အတွက် CCNA သင်တန်းနှင့်
MCITP Package သင်တန်းများကို ပေးအပ်မည်ဖြစ်ကြောင်းသိရသည်။
အွန်လိုင်းတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရသည်ဖြစ်၍ မည်သည့်နိုင်ငံ၌ပင်
သင်ယူဖြေဆိုသည်ဖြစ်စေ အောင်လက်မှတ်မှာ အတူတူပင်ဖြစ်သော်လည်း
ပြည်ပနိုင်ငံများတွင် သင်တန်းကြေးများစွာ မြင့်မားသည့် CCNA
စာမေးပွဲကို ဝင်ရောက်ဖြေဆိုလိုကြသည့် MCPA (NA) Exam
အောင်မြင်စွာဖြေဆိုပြီးသူများကို
သင်တန်းကြေး ပညာသင်ဆု ၅ဝ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုမည့်အပြင်
သင်ကြားပြီးသော သင်ခန်းစာများကို လက်တွေ့ Cisco LAB နှင့် Network LAB
နှစ်မျိုးစလုံးကို အခမဲ့ အသုံးပြုခွင့်ပြုမည်ဖြစ်ကြောင်း၊ MCPA (NA)
နှင့် MCPA (FSE) အောင်မြင်ပြီး MCIP Package တက်ရောက်လိုသူများအတွက်
တစ်ဘာသာ
သင်တန်းကြေးကင်းလွတ်ခွင့်ပြုမည့်အပြင် OJT ဆင်းခွင့်နှင့်
အလုပ်အကိုင်အခွင့်အလမ်းများကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
M.S.T မှ
ဆရာဦးအောင်ဇော်မြင့်မှ ပြောကြားခဲ့သည်။
အထက်ပါ ပညာသင်ယူဆုကင်းလွတ်ခွင့်နှင့် အထူးအခွင့်အရေးများပေးအပ်ရသည့်
ရည်ရွယ်ချက်နှင့် ပတ်သက်၍ MCPA အမှုဆောင်တစ်ဦးဖြစ်သည့် ၎င်းက “
အဓိက ကတော့ ကိုယ့်နိုင်ငံကစစ်ဆေးတဲ့
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း MCPA Exam အောင်မြင်ပြီးသူတွေကို
ဂုဏ်ပြုချင်တာပါ။
အသင်းစာမေးပွဲကိုလည်း တစ်ဖက်တစ်လမ်းက Promote လုပ်ချင်တဲ့
ရည်ရွယ်ချက်လည်းပါတယ်။ တခြားထွေထွေထူးထူးတော့ မရှိပါဘူး”
ဟုပြောကြားသည်။
ဆက်လက်ပြီး CCNA နှင့် MCITP သင်ကြားမှုနှင့် ပတ်သက်၍ ၎င်းက “ကျွန်တော့်
သင်ကြားမှု စနစ်နဲ့ Knowledge Sharing စနစ်တွေကို ကျောင်းသားတွေ
အသိဆုံးပါ။ ဒါ ICT ခေတ်ပါ။ လိုလားမှု၊ တက်မြောက်လိုမှုနဲ့
တက်ကြွတဲ့ကျောင်းသားကျောင်းသူတွေ အတွက်တော့
အခွင့်အလမ်းကောင်းတွေရှိပါတယ်။
ဒီဘာသာရပ်တွေက တခြားနိုင်ငံတွေမှာ သင်တန်းကြေးတွေ ဈေးကြီးတယ်။
ဘယ်မှာအောင်အောင် အတူတူပဲ။
တကယ်တတ်ဖို့တော့ လိုမယ်ဆိုတာ အားလုံးသိပြီးသားပါ။
သင်တန်းပြီးဆုံးရင်တော့ ဘာတွေသင်လိုက်တယ်၊
ကိုယ့်အတွက်ဘယ်လောက်ရတယ်ဆိုတာ
ကျောင်းသားကိုယ်တိုင် ဆုံးဖြတ်ပါလိမ့်မယ်” ဟုပြောကြားခဲ့သည်။
အထက်ပါ အခွင့်အလမ်းများနှင့် ပတ်သက်၍ အသေးစိတ်စုံစမ်းလိုပါက
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ်၊ (၄၁)လမ်း၊ အမှတ် (၁၁၁) ရှိ M.S.T
Office ဖုန်း -
392165၊ 095126108 သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရှိရသည်။
(13-7-2010)
Source: Net Guide Journal
တက္ကသိုလ်ဝင်တန်းအောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများအတွက်
Info-Myanmar မှ ပညာရေးအထူးအစီအစဉ်
.
.
. ..
.
.
.
.
.
.
.
. . .
၂ဝဝ၉-၂ဝ၁ဝ ပညာသင်နှစ်တွင် ဖြေဆိုအောင်မြင်ကြသော
တက္ကသိုလ်ဝင်တန်းကျောင်းသား/သူများအား Info-Myanmar Computer Training
မှ
ပညာရေးအထောက်အပံ့ပေးရန်ရည်ရွယ်၍ Computer Basic Course တို့ကို ၅ဝ
Discount ဖြင့်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။
သင်တန်းစတင်လက်ခံမည့် ရက်မှာ 3.7.2010 ဖြစ်ပြီး သင်တန်းသားအရေအတွက်
ကန့်သတ်ထားပါသည်။ သတန်းကာလမှာ ၂ ပတ်ကြာမြင့်မည်ဖြစ်ပြီး
တစ်နေ့လျှင် 3hrs x 14 = 42 hrs ဖြစ်ပါသည်။ Computer Basic အတွက်
သင်တန်းကြေးမှာ ၁၅ဝဝဝ ကျပ်နှင့် A+ Baisc အတွက် ၂ဝဝဝဝ ကျပ်ဖြစ်ပါသည်။
Computer Basic Course သည်ရုံးလုပ်ငန်းများ၊ ကုမ္ပဏီများတွင်
ရုံးသုံးစာစီခြင်း၊ စာရင်းဇယားရေးဆွဲခြင်းနှင့်
ကွန်ပျူတာကိုကျွမ်းကျင်စွာ အသုံးပြုတတ်ရုံသာမက
Internet & Email ကိုလည်းကောင်းမွန်စွာအသုံးပြုနိုင်အောင်
သင်ကြားပေးပါသည်။ A+ Basic Course သည် ကွန်ပျူတာတစ်လုံးကို
စနစ်တကျတပ်ဆင်နိုင်ခြင်း၊
မိမိစက်အတွက် လိုအပ်သော Software များကို Installation လုပ်နိုင်ခြင်း၊
ကိုယ်တိုင် windows ကိုစနစ်တကျတင်နိုင်ခြင်း၊ Virus နှင့် ပတ်သက်သော
ပြဿနာများစသည်တို့ကို ဖြေရှင်းနိုင်သည်အထိ သင်ကြားပေးပါသည်။
၎င်းသင်တန်းပြီးဆုံးပါက Advance A+ သို့တက်ရောက်နိုင်ပြီး ကွန်ပျူတာနှင့်
ပတ်သက်သော အခက်အခဲများကို ကိုယ်တိုင်ဖြေရှင်းနိုင်ရုံသာမက Hardware
Engineer တစ်ဦးအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါသည်။ စိတ်ဝင်စားသော
ကျောင်းသား/သူများအနေဖြင့် အမှတ် (၃၇)၊ ပထမထပ်၊ ဦးထွန်းလင်းခြံလမ်း၊
ကမာရွတ်၊
လှည်းတန်း၊ ဖုန်း - 09 8501364 သို့ဆက်သွယ်နိုင်ပါသည်။
(13-7-2010)
Source: Net Guide Journal
Google Earth နှင့် Geospatial နည်းပညာသင်တန်း Ocean Gate
သင်တန်းကျောင်းတွင် ဖွင့်လှစ်တော့မည်
.
.
. . /.
.
.
.
.
f..
.
.
.
.
.
.
ယနေ့ခေတ်စီးပွားရေးလုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊
သဘာဝဘေးအန္တရာယ်ကာကွယ်ရေးစသည့် စီမံကိန်းအသီးသီးတွင် GIS
နည်းပညာသင်တန်း Ocean Gate သင်တန်းကျောင်းတွင် ဖွင့်လှစ်တော့မည်။
လက်တွေ့ဆောင်ရွက်နေကြသော Operator များသည်လည်း GIS Application
များနှင့်ဆက်စပ်ပြီး Google Earth ကို Powerful Tool တစ်ခုအဖြစ်
ကျွမ်းကျင်စွာ
ကိုင်တွယ်အသုံးပြုနိုင်ရန်လိုအပ်ပါသည်။ ထိုကဲ့သို့ GIS Application
များကို အသုံးပြုရာတွင် Software သက်သက်မဟုတ်ပဲ၊ Geospatial နည်းပညာရပ်
အကြောင်း
သေချာစွာ သိရှိမည်ဆိုလျှင် လုပ်ငန်းအတွက်များစွာ
အကျိုးရှိလာမည်ဖြစ်ပေသည်။
ထို့အတွက် Ocean Gate သင်တန်းကျောင်းတွင် လုပ်ငန်းခွင်သုံး Google
Earth နှင့် Geospatial နည်းပညာသင်တန်းကို
ဖွင့်လှစ်သင်ကြားပေးတော့မည်ဖြစ်သည်။
သင်တန်းတွင် Google Earth Overview ၊ GIS Introductory အခြေခံမှစပြီး၊
Google Earth မှ Data များ Export လုပ်ခြင်း၊ Spatial Data များ
Integrate
လုပ်ခြင်း၊ GIS တွင် Map များ Create လုပ်ခြင်းအထိ
အဆင့်ဆင့်သင်ကြားပေးသွားမည်ဖြစ်သည်။ ထို့အပြင် Terminology
များနားလည်စေရန် Theory နှင့်
Practical ကိုစနစ်တကျချိတ်ဆက်မိစေရန် Project
ကိုပါထည့်သွင်းသင်ကြားပေးသွားမည်ဖြစ်သည်။
သင်တန်းကို လုပ်ငန်းခွင်မှအတွေ့အကြုံရှိဆရာများကိုယ်တိုင်
သင်ကြားပေးသွားမည်ဖြစ်သည်။ ဇူလိုင်လ (၂ဝ) ရက်နေ့တွင်
စတင်ဖွင့်လှစ်မည်ဖြစ်ပြီး၊
သင်တန်းကာလမှာ (၁ဝ) ရက်ကြာမြင့်မည်ဖြစ်သည်။
အသေးစိတ်စုံစမ်းရန်နှင့် သင်တန်းအပ်နှံရန်အတွက် သင်တန်းကျောင်းတည်ရှိရာ
အမှတ် (၃၅၅)၊ အခန်း (၂ဝ၆)၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊
ရန်ကုန်မြို့၊ ဖုန်း - 380130 သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
(13-7-2010)
Source: Ko Lin (Myanmar Training)
Academy Bio – Medical Technology Center
(ဆေးဘက်ဆိုင်ရာဘာသာရပ်များအတွက် လျှောက်လွှာ ခေါ်ယူခြင်း)
.
.
.
.
.
.
.
.
.
.
.
.
.
.
. .
၁။ အမေရိကန်နိုင်ငံ National Center For Competency Testing
မှတိုက်ရိုက်ချီးမြှင့်ပေးအပ်မည့် Certificate နှင့် I.D (License) ရ
သင်တန်းများကို
Academy Bio – Medical Technology Center (ရန်ကုန်)
တွင်ဖွင့်လှစ်မည်ဖြစ်ပါသည်။
သင်တန်းအမျိုးအစား
သင်တန်းကာလ
(က) National Certificate Medical Assistant (NCMA) ၁၂ လ
(ဆေးဘက်ဆိုင်ရာလက်ထောက်အောင်လက်မှတ်)
(ခ) National Certificate Pharmacy Technician (NCPhT) ၆ လ
(ဆေးဝါးကျွမ်းကျင်အောင်လက်မှတ်)
(ဂ) National Certificate Patient Care Technician (NCPT) ၆ လ
(လူနာစောင့်ရှောက်မှု ကျွမ်းကျင်အောင်လက်မှတ်)
၂။ အထက်ပါသင်တန်းများအတွက် အနိမ့်ဆုံးပညာအရည်အချင်းမှာ
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ (သို့မဟုတ်) တက္ကသိုလ်တစ်ခုခုမှ
ဘွဲ့ရသူများဖြစ်ရမည်။
၃။ M.B., B.S, B.Med.Tech, B.T.Med, B.D.S, B.N.Sc ဘွဲ့ရများအတွက် NCCT,
USA စာမေးပွဲအတွက် ပြင်ဆင်မှုသင်တန်း (၃ လ) များသီးခြားဖွင့်လှစ်ပေးမည်။
၎။ လျှောက်လွှာလက်ခံမည့်နေ့ - 1.7.2010 (ကြာသပတေးနေ့)
၅။ လျှောက်လွှာပိတ်မည့်နေ့ - 19.7.2010 (တနင်္လာနေ့)
၆။ သင်တန်းစမည့်နေ့ - 20.7.2010 (အင်္ဂါနေ့)
၇။ ဆက်သွယ်ရန်လိပ်စာ - နောင်လုံပညာရေးစင်တာ (N.L.F.E.C)
အမှတ် (170/176)၊ အခန်း (701)၊
MGW တာဝါ၊ ဗိုလ်အောင်ကျော်လမ်း၊
ဖုန်း - 01-256562၊ 09-5019094
(13-7-2010)
Source: The Voice Journal