Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

Quiz Program ကဏ္ဍအား ခေတ္တခဏနားထားပါသည်။....

MORE »
ANSWER NOW »

SUBSCRIBE

Your Email:

News » Local News

PSB Academy ကူးသန်းရောင်းဝယ်ရေးဆိုင်ရာဘွဲ့လျှောက်လွှာကြေး လျှော့ပေးမည်ဟုဆို

PSB Academy ၏ Bachelor of Commerce ကူးသန်းရောင်းဝယ်ရေးဆိုင်ရာဘွဲ့ကို ဇူလိုင်လ ၁ဝ ရက်နေ့အမီလျှောက်ထားပါက လျှောက်လွှာကြေး
အဖြစ်အမေရိကန်ဒေါ်လာ ၅ဝ လျှော့ချပေးမည်ဖြစ်ကြောင်း၊ အဆိုပါဘွဲ့တွင် Finance, Management, Marketing, Public, Supply Chain Management
ဘာသာရပ်တို့ကိုသင်ကြားမည်ဖြစ်ကြောင်း Study abroad Information Center မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။





 

(13-7-2010)
Source: The Voice Journal

 


သြစတြေးလျတက္ကသိုလ် The University of Wollongong ဒုတိယနှစ်ဝင်ရောက်ခွင့်ရသူများအတွက် ဒေါ်လာ ရ၀၀ ကျော်တန်
                                  LG NoteBook နှင့် ကျောင်းဝင်ကြေးကင်းလွတ်ခွင့်
.      .    . .. .         .     .      . . .  .  . . .             

PSB Academy တွင်သင်ယူလေ့လာနိုင်သည့် The University of Wollongong ဒုတိယနှစ်သို့  တက်ရောက်ခွင့်ရ သူအား လုံးကို ဒေါ်လာ ရ၀၀ ကျော်တန်
LG NoteBook များချီးမြှင့်မည်ဖြစ်သည့်အပြင်၊ ကျောင်း လျှောက်လွှာကြေးကင်းလွတ်ခွင့်ကိုလည်း သြဂုတ်လ (၃၁) ရက်နေ့အထိထပ်မံတိုးမြှင့်လိုက်ကြောင်း PSB
Academy ၏ ကိုယ်စားလှယ် တစ်ဦးဖြစ်သည့် CROWN Education မှ တာဝန်ရှိသူတစ်ဦးမှပြောကြားပါတယ်၊၊

         “ကျောင်းလျှောက်လွှာကြေးကင်းလွတ်ခွင့် ရက်ကို ထပ်မံတိုးမြှင့်လိုက်တာကတော့ အဓိက (၁၀) တန်းအောင်မြင်ပြီး ကျောင်းသူ ကျောင်း သားတွေ
လျှောက်ထားနိုင်အောင်လို့ ရက်ထပ်မံတိုးမြှင့်လိုက်တာပါ၊၊ ဒီကင်းလွတ်ခွင့်မှာ Business Administration (Banking & Finance, Tourism& Hospitality),
Marketing& Sales Management, Electrical Engineering, Mechanical Engineering အစရှိတဲ့  Diplomaဘာသာရပ်တွေလည်းအကျူံးဝင်ပါတယ်၊၊” ဟု
CROWN Educationမှတာဝန်ရှိသူတစ်ဦးကပြောကြားပါတယ်၊၊

        “နောက်ပြီး The University of Newcastle ကချီးမြှင့်မယ့်အင်ဂျင်နီယာဘာသာရပ်တွေကို လျှောက် ထားတက်ရောက်ခွင့်ရသူတွေအတွက်၊ Study Grant
အဖြစ် စင်္ကာပူဒေါ်လာ ၁၀,၀၀၀ ပေးအပ်သွားမယ်လို့  သိရပါတယ်၊၊”

      အသေးစိတ်အချက်အလက်တွေကိုတော့ CROWN Education ဖုန်း ၂၁၁ ၈၈၈ (လိုင်းခွဲ)၂၂၈-၂၂၉ ၊ ၇၃၀ ၄၀ ၆၈၈ နဲ့  ၀၉ ၅၀၈၅ ၁၈၅ တို့ မှာဆက်သွယ်
စုံစမ်းနိုင်ပါတယ်။











 

(17-7-2010)
Source: Ko Lin (Myanmar Training)

 


Software Engineer in Java သင်တန်းဖွင့် . .    .     . . /. .        . .  .    f..  . . . . .     .   

Software Engineer ဖြစ်လိုသူ လူငယ်များနှင့် ကျောင်းသူ ကျောင်းသားအတွက် Software Engineer in Java သင်တန်းကို သြဂုတ်လ ဒုတိယအပတ်တွင် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း Bizsoft မှသိရသည်။ သင်တန်းကို ကွန်ပျူတာတက္ကသိုလ်တက်ရောက်နေသော ကျောင်းသူ၊ ကျောင်းသားများ၊ ကွန်ပျူတာ programming အခြေခံရှိပြီး Software Engineer ဖြစ်လိုသူများနှင့် Software Engineer/ Programmer အဖြစ် လုပ်ကိုင်နေပြီး လက်တွေ့ Program များရေးသားမှုတွင် အခက်အခဲဖြစ်နေသူများအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါသင်တန်းတွင် နိုင်ငံတကာအဆင့် Software Engineer အဖြစ်လုပ်ကိုင်နိုင်မှုအတွက် လိုအပ်သည့်အခြေခံ အလေ့အကျင့်ကောင်းများကို ပျိုးထောင်ပေးခြင်း၊ Software ဖွံ့ဖြိုးမှုလုပ်ရာတွင်မသိမဖြစ်သည့် Object Orientation နှင့် Object Orientated Design Pattern များဆိုင်ရာအခြေခံကောင်းများကို ပိုင်နိုင်ကျွမ်းကျင်စေရန်တို့အတွက် သင်ကြားမှုကို လက်တွေ့လုပ်ငန်းခွင်ဆိုင်ရာ Case များဖြင့်ဆက်စပ်သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက MCPA ၏ ITPEC စာမေးပွဲ Java Questions ဖြေဆိုနိုင်မည်ဖြစ်ပြီး သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်ထပ်မံသိရှိလိုပါက ဖုန်း - 383 871 သို့ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။











 

(24-7-2010)
Source:
Internet Journal


English Speaking Skills နှင့် Free Conversation Workshop အခမဲ့ဖွင့် .  .      .    . .      . .  .  . . . .    . . . . .              

ပညာဒါနတန်းခွဲ အမှတ်စဉ်-၂ အဖြစ် English Speaking Skills သင်တန်းကို ၂ဝ၁၁ ခုနှစ်၊ သြဂုတ်လ ၇ ရက်နှင့် Free Conversation Workshop ကိုသြဂုတ်လ ၈ ရက်တို့တွင် အသီးသီးထပ်မံ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Hawaii Education မှသိရသည်။ အဆိုပါအခမဲ့သင်တန်းတွင် Oxford University မှထုတ်သော NOVA Corporation ၏ Quick Access ပြဋ္ဌာန်းစာအုပ်၊ Speaking Skills, Listening Skills, Reading Skills, Pronunciation Skills စသည်တို့ကို အဓိကသင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းတွင် Experienced, Strengthen Skills, Ability to Speak Fluent and Correct Pronunciation စသည်ဖြင့် အရည်အချင်းပြည့်ဝသော ဆရာ/ဆရာမများမှ အဆင့်မြင့် သင်ကြားရေးနည်းစနစ်များအသုံးပြုကာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။ အင်္ဂလိပ်စာအပြောကို ဦးစားပေးပြီး သင်ကြားပေးမှဖြစ်သည့်အတွက် အပြောစွမ်းရည်ကို အထူးလေ့လာလိုသူများ တက်ရောက်နိုင်ပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပြောဆိုခြင်းကို အခြေခံပြီးသင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းချိန်အဖြစ် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် တက်ရောက်နိုင်ရန် စီစဉ်ထားပြီး သင်တန်းကာလမှာ ၃ လ ကြာမြင့်မည်ဖြစ်ကာ တန်းခွဲတစ်ခုလျှင် သင်တန်းသားဦးရေ ၂ဝ သာလက်ခံသင်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။ စိတ်ပါဝင်စားသူများ အနေဖြင့် Hawaii Education အမှတ် (၁၉၂)၊ ပထမထပ်၊ ၂၈ လမ်း(အထက်) ရွှေဘုံသာ Super One အနီး၊ ပန်းဘဲတန်းမြို့နယ်။ ဖုန်း - 248211 ၊ 252752 တိုသို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။











 

(24-7-2010)
Source: Internet Journal

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats