“MCPA Exam
အကြောင်းသိကောင်းစရာ” ဟောပြောပွဲကျင်းပမည်.
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်
မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းမှကြီးမှူး၍ ယနေ့ခေတ် IT Industry ၏
လိုအပ်ချက်နှင့်အညီ အရည်အချင်းပြည့်ဝသော ITပညာရှင်များပေါ်ထွက်လာရန်
ရည်ရွယ်၍ “ MCPA Exam အကြောင်းသိကောင်းစရာ” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း တွဲဖက်အတွင်းရေးမှူး-၁ ဦးရဲရင့်ဝင်း
မှ နိုဝင်ဘာလ(၁၄)ရက်စနေနေ့ နေ့လည်(၁း၀၀)နာရီမှ (၃း၀၀)နာရီအထိ ရန်ကုန်မြို့၊
လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း(၂၀၅)တွင် ဆွေးနွေး
ဟောပြောမည်ဖြစ်ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူများ၊
ကွန်ပျူတာတက္ကသိုလ် နှင့် နည်းပညာတက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ၊ IT
နယ်ပယ်တွင် လက်တွေ့လုပ်ကိုင်နေသူများ နှင့် စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့
တက်ရောက်နိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊
အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်- ၆၅၂၂၇၆ သို့ဆက်သွယ်စုံစမ်းနိုင်သည်။
(10-11-2009)
Source : Ko Lin (Myanmar Training)
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများအတွက် ပညာရေးဆွေးနွေးပွဲပြုလုပ်မည်.
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများအတွက် မှန်ကန်သည့်
လမ်းကြောင်းများရွေးချယ်နိုင်ရန် ပညာရေးဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၄
ရက်နံနက် ၁ဝ နာရီမှ ၁၂ နာရီအထိ လပြည့်ဝန်းပလာဇာ ၈လွှာရှိ Raffles
International Admissions Office တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း
သိရှိရသည်။
ဆွေးနွေးပွဲတွင် ဆေးပညာရပ်ကို စိတ်ဝင်စားသူများ၊ အိုင်တီပညာရပ်၊
အီလက်ထရောနစ်နှင့် စက်မှု အင်ဂျင်နီယာဘာသာရပ်၊ ဆောက်လုပ်ရေးနှင့်
ဗိသုကာအင်ဂျင်နီယာ ဘာသာရပ်၊ ကွန်ပျူတာဒီဇိုင်းပညာရှင် ဖြစ်လိုသူများ၊
စီးပွားရေးလုပ်ငန်းရှင်၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊
ဘဏ္ဍာရေးငွေကြေးဆိုင်ရာ လုပ်ငန်းများ အတွက် အလုပ်လုပ်ကိုင် လိုသူများ
တက်ရောက်သင့်သည့်အတန်းများ နိုင်ငံတကာအသိအမှတ်ပြုဘွဲ့စံညွှန်းများ၊
အသက်မွေးဝမ်းကျောင်းပညာရပ်များ၊ ရွေးချယ်ပုံတို့ကိုဆွေးနွေး ဟောပြောသွားမည်
ဖြစ်ကြောင်းသိရှိရသည်။
စိတ်ပါဝင်စားသူများနှင့် ဆွေးနွေးပွဲတက်ရောက်လိုသူများ ဖုန်း - 382531၊
370836-9(809) သို့ ဆက်သွယ်စုံစမ်း၍
ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်းသိရှိရသည်။
(10-11-2009)
Source : Internet Journal
အင်္ဂလိပ်စာအရည်အသွေးတိုးတက်လိုသူတိုင်းအတွက် Free Workshop ကျင်းပမည်.
အင်္ဂလိပ်စာကို စိတ်ပါဝင်စားသူများနှင့် အင်္ဂလိပ်စာအရည်အသွေး
တိုးတက်လိုသူများအတွက် Unique Life Education မှကြီးမှူးကျင်းပသော Free
Workshop ကို ၂ဝဝ၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ရက် ညနေ ၃ နာရီမှ ၅ နာရီအထိ
ရန်ကုန်မြို့၊ Traders Hotel တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
Workshop တွင်အထူး သဖြင့်နေ့စဉ်ထိတွေ့ ပြောဆိုနေရသော English Communication
အတွက် ပိုမိုထိရောက်စွာအသုံးချနိုင်ရန်၊ Effective Englsih Communication ၏
Tips & Tricks၊ Do/ Don’t (ဆောင်ရန်၊ ရှောင်ရန်)နှင့် Presentation Skill
များကို နိုင်ငံတကာမှ ဘွဲ့ရရှိထားသောဆရာ၊ ဆရာမများက
အခမဲ့တက်ရောက်သင်ကြားဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
Workshop သို့တက်ရောက်သူတိုင်းအတွက်လည်း Unique Life Education Centre မှ
Effective English Communication စာအုပ်ငယ်များကို
အခမဲ့ပေးဝေသွားမည်ဖြစ်ကြောင်းသိရသည်။ ၄င်း Workshop ကိုစင်ကာပူနိုင်ငံရှိ
Case Trust နှင့် Singapore Quality Class ရရှိထားသော MDIS, TMC, ERC နှင့်
KAPLAN တို့မှ ပံ့ပိုးကူညီထားကြောင်းသိရသည်။ ထို့ပြင် Workshop တွင် Game
နှင့် Quiz အစီအစဉ်များ လည်း ပါဝင်ပြီး ဖြေဆိုနိုင်သူများကို Memory Stick
နှင့် အခြားလက်ဆောင်ပစ္စည်းများ ချီးမြှင့်သွားမည် ဖြစ် သည်။
Workshop သို့တက်ရောက်လိုသူများအနေဖြင့် Unique Life Education Centre
ဖုန်း - 542691၊ 095135115 သို့စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။
(10-11-2009)
Source : Internet Journal
MBA ဘွဲ့ဆိုင်ရာ
ဆွေးနွေးပွဲပြုလုပ်မည်.
MBA ဘွဲ့များနှင့် ပတ်သက်၍သတိပြုစရာများအကြောင်း ပညာရေးဆွေးနွေးပွဲတစ်ခုကို
၂ဝဝ၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နံနက်၊ ၁ဝ နာရီမှ နေ့လယ် ၁၂ နာရီအထိ Park
Royal Hotel တွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပညာရေးဆွေးနွေးပွဲကို CROWN Education မှစီစဉ်ပြုလုပ်ခြင်းဖြစ်ပြီး
MBA ဘွဲ့များနှင့်ပတ် သတ်၍ ဆွေးနွေးသွားမည်ဖြစ်သည်။ ဆွေးနွေးပွဲတွင် အနာဂတ်
MBA အလားအလာနှင့် ယူကေ MBA နှင့် သြစတြေးလျ MBA
ဘွဲ့များ၏ကွဲပြားခြားနားမှုများ၊ MBA ဘွဲ့သင်ကြားပေးသည့်ကျောင်းများ
မှန်ကန်စွာရွေး ချယ်နိုင်ရန်အတွက် MBA တက်ရောက်မည့်
ကျောင်းများတွင်ရှိသင့်သည့် အရည်အသွေးများနှင့် ထည့်သွင်း စဉ်းစားရမည့်
အချက်များMBA တက်ရောက်လိုသူများတွင် ရှိရမည့် အရည်အချင်းများနှင့်
ကြိုတင်ပြင်ဆင်မှု ထားရမည့် အချက်အလက်များ၊ IT ဘွဲ့ရများအနေဖြင့် Master of
IT ကို MBA နှင့်ပူးတွဲယူနိုင်မည့် အခွင့်အ ရေး စသည်တို့ကို
ဆွေးနွေးသွားမည်ဖြစ်သည်။ ထို့ပြင် သြစတြေးလျ MBA ရရှိထားသူတစ်ဦးကလည်း MBA
သင်ကြားမှု အတွေ့အကြုံများကို ရှင်းလင်းပြောကြားမည်ဖြစ်သည်။
ဆွေးနွေးပွဲတွင် လူဦးရေ ကန့်သတ်ထားသောကြောင့် တက်ရောက်လိုသူများနေဖြင့်
CROWN Education ဖုန်း - 211888 (လိုင်းခွဲ - 228 – 229)
တွင်ကြိုတင်စာရင်ပေးသွင်းနိုင်ကြောင်းသိရသည်။
(10-11-2009)
Source : Internet Journal
Singapore Institute
of Management (SIM)၏ ပညာရေး မိတ်ဆက်ပွဲကျင်းပမည်.
Regent ပညာရေးကုမ္ပဏီမှကြီးမှူးစီစဉ်သော စင်ကာပူနိုင်ငံရှိ Singapore
Institite of Management (SIM)၏ ပညာရေးမိတ်ဆက်ပွဲကို ၂ဝဝ၉ ခုနှစ်၊
နိုဝင်ဘာလ ၁၄ရက် (စနေနေ့) ညနေ ၄း၃ဝ နာရီမှ ၆းဝဝ နာရီ အထိ ရန်ကုန်မြို့၊
Trader Hotel (Level-3) ပုဂံခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပညာရေးမိတ်ဆက်ပွဲတွင် စင်ကာပူနိုင်ငံရှိ SIM မှ တာဝန်ရှိသူများမှ
လာရောက်၍ SIM တွင် တက်ရောက်နိုင်မည့် ဘာသာရပ်များ၊ ကျောင်းဝင်ခွင့်
သတ်မှတ်ချက်များနှင့် အခြားအချက်အလက်များ ဆွေးနွေးဟောပြောသွားမည်ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက Regent ပညာရေးကုမ္ပဏီ ဖုန်း - 504369၊ 726826
တို့သို့ဆက်သွယ်စုံစမ်း မေးမြန်းနိုင်မည်ဖြစ်သည်။
(10-11-2009)
Source : Internet Journal
James Cook
University ၏ ပညာရေး Seminar ကျင်းပမည်.
သြစတြေးလျနိုင်ငံရှိ James Cook University (JCU) ၏ ပညာရေး Seminar ကို
၂ဝဝ၉ ခုနှစ်၊ နိုဝင်ဘာလ ၁၄ရက် (စနေနေ့)၊နံနက် ၁ဝနာရီမှ နေ့လည်၁၂ နာရီအထိ
ရန်ကုန်မြို့ Park Royal Hotel တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပညာရေး Seminar တွင် James Cook University မှတာဝန်ရှိသူများမှ JCU
တွင် တက် ရောက်နိုင်မည့် ဘာသာရပ်ဆိုင်ရာများ၊ မြန်မာနိုင်ငံမှ IT ဘွဲ့ရ
ကျောင်းသားများအနေဖြင့် တက်ရောက်နိုင်မည့် Joint Master Programme ဆိုင်ရာ
အကြောင်းများကို ဆွေးနွေးသွားမည်ဖြစ်သည်။
Seminar ကိုမည်သူမဆို (အခမဲ့) တက်ရောက်နိုင်မည်ဖြစ်ပြီး
အသေးစိတ်သိရှိလိုပါက Crown Education ဖုန်း - 211888 (လိုင်းခွဲ) 228/229
တို့သို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။
(10-11-2009)
Source : Internet Journal
Education and
Career Knowledge Fair ပြုလုပ်မည်.
ပညာရေးနှင့်ပတ်သက်သော မီဒီယာလုပ်ငန်းများလုပ်ကိုင်နေသည့် ပြည်တွင်း
အခြေစိုက်လုပ်ငန်း တစ်ခုဖြစ်သည့် Conquest Knowledge Maker ကပညာရေးကဏ္ဍ
ဆိုင်ရာပြပွဲကို Education of Career Knowledge Fair အမည်ဖြင့် နိုဝင်ဘာလ
၂၁ရက်နှင့် ၂၂ ရက်တွင် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေရှိ မြန်မာ အင်ဖိုတက်ခ်
အဆောက်အအုံ တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စီစဉ်သူ Conquest
Knowledge Marker မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးချမ်းငြိမ်း ကပြောကြားသည်။
အဆိုပါပြပွဲကို နိုင်ငံတကာကျောင်းများ၊
အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာသင်တန်းများ၊ ပညာရေး စင်တာများ၊
သင်တန်းကျောင်းများနှင့် ပညာရေးဝန်ဆောင်မှုကုမ္ပဏီများ ပါဝင်ပြသကြမည်ဖြစ်ပြီး
ပြခန်းပေါင်း ၈၈ ခန်း ပါဝင်မည်ဖြစ်ကြောင်းနှင့် နံနက် ၉ နာရီမှ ညနေ ၅
နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စီစဉ်သူက ပြောကြားသည်။
“ဒီနေ့ခေတ်မှာ ပညာရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေ၊
သင်တန်းကျောင်းတွေများလာတယ်။ အဲဒီ အပေါ်လူငယ်တွေဟာ ရွေးချယ်စရာများလာပေမယ့်
ဘာကို ရွေးချယ် ရမှန်းမသိကြဘူး။ ဒါကြောင့် ဒီပွဲမှာ
ဘာသာရပ်ဆိုင်ရာကျွမ်းကျင်တဲ့ပညာရှင်တွေ ဟောပြောပို့ချတာ လမ်းညွှန်တာတွေကို
နားထောင်ပြီးသူတို့နဲ့ အံ့ဝင်ခွင်ကျ ဖြစ်စေမယ့် ကျောင်းတွေ၊ သင်တန်းတွေ၊
ပညာရပ်တွေကို စနစ်တကျရွေးချယ်နိုင်စေဖို့ စုစည်းစီစဉ် ဖြစ်တာပါ” ဟု
ဦးချမ်းငြိမ်းကဆိုသည်။
“ပညာရေးဆိုင်ရာ လုပ်ငန်းတွေကို လုပ်နေသူတွေအနေနဲ့ ကိုယ့်လုပ်ငန်းစုတွေ၊
သူ့လုပ်ငန်းစုတွေအ လိုက် သီးခြားပြပွဲတွေ လုပ်တာရှိပေမယ့် အခုလို
ပညာရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒီလိုစုစုစည်းစည်း ပြသတဲ့
ပွဲမျိုးမရှိသေးပါဘူး” ဟုအဆိုပါပြပွဲတွင် ပါဝင်ပြသမည့် Gold Crown
Engineering and Business Training Centre မှ တာဝန်ရှိသူ ဦးပိုင်စိုးက
ပြောကြားသည်။
အဆိုပါပွဲစီစဉ်သည့် Conquest Knowledge Maker အနေဖြင့် ပညာရေးနှင့်
ပတ်သက်သည့် မီဒီယာ လုပ်ငန်းများ၊ ပုံနှိပ်လုပ်ငန်းများကို
လုပ်ကိုင်လျက်ရှိပြီး ယခုပွဲသည် အဆိုပါကုမ္ပဏီအနေဖြင့် ပထမဦးဆုံးကျင်းပ
သည့်ပွဲဖြစ်ကြောင်း ဦးချမ်းငြိမ်းကဆိုသည်။
(10-11-2009)
Source : The Voice Journal