|
Seminar
»
Special Talk
စင်ကာပူ အင်ဂျင်နီယာ ဒီပလိုမာ ပညာရေးဆွေးနွေး.
စင်ကာပူအစိုးရကျောင်း Singapore Building Construction Authority Academy (BCA)
ကဖွင့်လှစ် မည့်အင်ဂျင်နီယာဒီပလိုမာ သင်တန်းများနှင့် ပတ်သက်ပြီး
ပညာရေးဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၈ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ
ကုန်သည်ကြီးများဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း ပြည်တွင်း ပညာရေးဝန်ဆောင်မှု
လုပ်ငန်း Care Forever မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
BCA တွင် Construction & Design, Mechnical & Strategic Factities
Management သင်ကြားနေ သည့်အပြင် စက်တင်ဘာလမှ စတင်၍ Electrical နှင့်
Building Information ဘာသာရပ်နှစ်ခုကိုပါ ထပ်မံ လျှောက်ထားနိုင်ကြောင်း
၎င်းကရှင်းပြသည်။
စင်ကာပူ BCA ၏အင်ဂျင်နီယာ ဒီပလိုမာသင်တန်းမျာကို စိတ်ပါဝင်စား
သူများအနေဖြင့် Care Forever Services ဖုန်း - အမှတ်- 244956၊ 09-5166240
တို့သို့ ဆက်သွယ်နိုင်ကြောင်း ယင်းပညာရေးဝန်ဆောင်မှု လုပ်ငန်းထံမှ
သိရှိရသည်။
(28-11-2009)
Source : The Voice Journal
သြစတြေးလျပညာသင်သိကောင်းစရာဟောပြောပွဲကျင်းပမည်.
MIEC.PMC Group နှင့် CETA (Complete Education and Touring Australia)
တို့ ပူးပေါင်းစီစဉ်သော သြစတြေးလျပညာသင်သိကောင်းစရာအကြောင်း
ပညာရေးဟောပြောပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဟောပြောပွဲကို ၂ဝဝ၉ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်(တနင်္ဂနွေနေ့)၊ နေ့လည် ၃းဝဝ
နာရီမှ ၄းဝဝ နာရီအထိရန်ကုန်မြို့ Trader Hotel တွင်
ကျင်းပပြုလုပ်မည်ဖြစ်သည်။
ဆွေးနွေးပွဲတွင် Studying & Living in Australia & Future Opportunities
for Gradates in Australia ခေါင်းစဉ်ဖြင့် သြစတြေးလျ၌ ပညာသင်ကြား၍
ဘွဲ့ရပြီးသူများရရှိနိုင်မည့် အခွင့်အရေး များအကြောင်းကို
ဟောပြောသွားမည်ဖြစ်သည်။
ကျောင်းတက်၇န်အတွက် တစ်ဦးချင်းတွေ့ဆုံလိုသူများနှင့်
ဟောပြောပွဲတက်ရောက်လိုသူများအနေဖြင့် ဖုန်း - 256602
သို့ဆက်သွယ်စုံစမ်းစာရင်းပေးသွင်း နိုင်မည် ဖြစ်သည်။
(28-11-2009)
Source : Internet Journal
Web Development နည်းပညာနှင့်ပတ်သက်၍ ဟောပြောပွဲကျင်းပမည်.
သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ICT
နည်းပညာရပ်များကို လေ့လာသင်ယူနေသော မြန်မာလူငယ်များ Web Application
Development နည်းပညာများကို ပိုမိုနားလည်သဘောပေါက် ကျွမ်းကျင်မှုရှိစေရန်
ရည်ရွယ်၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) မှ ကြီးမှူး၍ “Web
Development Technologies & Myanmar Online Community” ခေါင်းစဉ်ဖြင့်
နိုဝင်ဘာလ(၂၁)ရက် စနေနေ့ နေ့လည်(၂း၀၀)နာရီ မှ (၅း၀၀)နာရီအထိ ရန်ကုန်မြို့၊
လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ် အခန်း(၂၀၅)တွင်
ဆွေးနွေးဟောပြောမည်ဖြစ်ပါသည်။
၎င်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ
တွဲဖက်အတွင်းရေးမှူး - ၁ ဦးရဲရင့်ဝင်း (Bizsoft) မှ Online Community
နှင့်ပတ်သက်၍ Key Note Speech ပြောကြားမည်ဖြစ်ပြီး Web Development
နည်းပညာများနှင့်ပတ် သက်၍ အသေးစိတ်ကို “Web Development on LAMP”
ခေါင်းစဉ်ဖြင့် ဦးရာဗီ ( NovaSteps Technologies) မှ လည်းကောင်း၊ “Web
Development on Microsoft Dot Net” ခေါင်းစဉ်ဖြင့် ဦးဝင်းထိန်ဝင်း (Gusto)
မှလည်းကောင်း အသီး သီးဆွေးနွေးဟောပြောမည်ဖြစ်ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ Web Developer များ၊
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ စိတ်ပါဝင်စားသူများ မည်သူမဆို
(အခမဲ့) တက်ရောက်ဆွေးနွေးနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊
ဖုန်းနံပါတ်- ၆၅၂၂၇၆ သို့ဆက်သွယ်စုံစမ်းနိုင်သည်။
(19-11-2009)
Source : MCPA Office.
Online Learning
Info-Talk ကို Smart Resources တွင်ပြုလုပ်မည်..
မြန်မာနိုင်ငံတွင် ပထမဦးဆုံး UK, USA နှင့် Singapore တက္ကသိုလ်များ၏
Online Graduate Learning Program အားပြည်တွင်းမှာပင် Internet ဖြင့်
လျှောက်ထားနိုင်ကြောင်း အသေးစိတ်ရှင်းလင်း တင်ပြမည့် Info-Talk ကို
အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်သည်။
Date : 19 November 2009 (Thu)
Time : 3:00 to 5:00 pm
Venue : SR Education Centre (Yangon)
Speaker : Mr.Patrick Aung (Assistant Director)
အသေးစိတ်မေးမြန်းပြီး စာရင်းပေးသွင်းလိုပါက Smart Resources Education
Centre Room 104 MWEA Tower ရွှေတိဂုံဘုရားလမ်း၊ ဒဂုံမြို့နယ်၊
ရန်ကုန်မြို့၊ ဖုန်း - 374747၊ 374748 သို့ကြိုတင်စာရင်း
ပေးသွင်းနိုင်ပါသည်။
(17-11-2009)
Source : Ko Lin (Myanmar Training)
အမေရိကန်မှ Degree ရယူနိုင်သော ထိုင်းနိုင်ငံမှ ဘာသာရပ်များ Seminar
ပြုလုပ်မည်..
အမေရိကန် Degree ကိုအိမ်နီးချင်းအာရှနိုင်ငံ ထိုင်းနိုင်ငံ Webster
University တွင်တက်ရောက် နိုင် သော Program များအကြောင်း Seminar ကို
နိုဝင်ဘာလ ၂ဝရက်နေ့တွင် ဗိုလ်ကလေးဈေးလမ်းရှိ Success Language Academy
တွင် ကျင်းပပြုလုပ်မည်ဟု Myanmar Search International Services Co.,Ltd
ထံမှ သိရသည်။
American Degree အပြင် အခြားဘာသာရပ်တွေကို Webster University
မှာသင်ကြားပေးပါတယ်။ နိုဝင်ဘာ ၁၂ရက်နေ့ ၂နာရီမှာ ဆရာအာသာရဲ့ Success
Language Academy မှာပြုလုပ်မှာပါ၊ အဲဒီမှာ Webster က MBA
ဘွဲ့ရထားတဲ့ကျောင်းသူဟောင်း မနော်ဝေလင်းသွေးက သူကျောင်းတက်ခဲ့တဲ့ အတွေ့
အကြုံတွေကို ရှင်းပြသွားမှာပါ။ ပြီးတော့ Webster ကကျောင်းအုပ် Mr.Bruce
Keele ကကျောင်းမှာသင်ကြား ပေးတဲ့ Program တွေအကြောင်း ရှင်းလင်းသွားမှာပါဟု
Myanmar Search International မှ Managing Director မစုစုလှိုင်ကရှင်းပြသည်။
ထို့ပြင် မန္တလေးမြို့ Hotel Mandalay ရှိ စံပယ်ဖြူခန်းမတွင် နိုဝင်ဘာ ၂၂
ရက်မနက် ၁၁နာရီမှ ၁နာရီထိ၊ ရန်ကုန်မြို့တွင် MSI ရုံးခန်း၌ နိုဝင်ဘာ ၂၄
ရက်မနက် ၁၁နာရီမှ ၁နာရီထိ ထပ်မံပြုလုပ်မည်ဟု Myanmar Search International
Co.,Ltd ထံမှ သိရပါသည်။
အသေးစိတ်သိလိုပါက Myanmar Search International Services Co.,Ltd ဖုန်း
389915၊ 250929 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(17-11-2009)
Source : Ko Lin (Myanmar Training) |