Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

'Sysnet ! JustClick' တွင် Linux သင်တန်း၊ Memory Stick၊ Internet သုံးခွင့်များ အခမဲ့ ရယူခွင့်....

SUBSCRIBE

Your Email:


Seminar » Special Talk

စဉ်းစားခြင်းနှင့် နေထိုင်ခြင်း.

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ကျင်းပသည့် ပညာရှင်များ ဟောပြောပွဲများကို ၂ဝဝ၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှစ၍ ကျင်းပခဲ့ပါသည်။ ဆက်လက်၍ ဟောပြောပွဲများကို တစ်လတစ်ကြိမ် ပထမထပ်၊ ကြာသမတေးနေ့ တွင်ကျင်းပမည်ဖြစ်ပါသည်။


ယခုကျင်းပမည့် ဟောပြောပွဲအမှတ်စဉ်(၁၁/၁၉)တွင်
ပါမောက္ခ(ဌာနမှူး)ဒေါက်တာဆန်းထွန်းမှ
စဉ်းစားခြင်းနှင့် နေထိုင်ခြင်း
Art of Thinking and living

ခေါင်းစဉ်ဖြင့် ဟောပြောပါမည်။
ကျင်းပမည့်ရက်           - ၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက် (ကြာသပတေးနေ့)
ကျင်းပမည့်အချိန်         - ညနေ ၄းဝဝ နာရီ
ကျင်းပမည့်နေရာ         - ASIA PLAZA HOTEL (အထက်-၃၈ လမ်း)
ဆက်သွယ်ရန်ဖုန်းနံပါတ် - ၅၅၄၉၈၁၊ ၅၅၄၉၈၂၊ ၅၅၄၉၈၄

(1-12-2009)
Source : Ko Lin (Myanmar Training)


သဘာဝဘေးအန္တရာယ် ကျရောက်ချိန် အရေးပေါ် ကြိုးမဲ့အင်တာနက် ချိတ်ဆက်ခြင်း အကြောင်းဆွေးနွေးမည်.

ဆက်သွယ်ရေး ပြတ်တောက်သွားသည်အထိ ကြီးမားသော သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် အရေးပေါ် Wireless Internet Emergency Networks တည်ဆောက်ခြင်း အကြောင်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် အာရှစက်မှုတက္ကသိုလ်( Asia Institute of Technology - AIT) တွင် သွားရောက် လေ့လာသင်ယူခဲ့သော မြန်မာလူငယ် ပညာရှင်ငါးဦးက ဟောပြောဆွေးနွေးမည် ဖြစ်ပါသည်။

"WirelessU: Wireless Internet Emergency Networks" အမည်ဖြင့် ဟောပြော ဆွေးနွေးမည့် အထက်ပါပွဲတွင် သတင်းအချက်အလက် ဖြန့်ချိရန် အရေးပေါ်အင်တာနက် ကြိုးမဲ့ ကွန်ယက် အမြန်တည်ဆောက်ပုံ၊ သဘာဝဘေးအန္တရာယ်မဖြစ်ပွားမီ ကာကွယ်ပြင်ဆင်ရန် လို အပ်မှု၊ ယင်းသို့ ချိတ်ဆက်ရာတွင် Communication Chanel အဖြစ် အသုံးပြုနိုင်သည့် ကိရိယာ (Tools)၊ ကျေးရွာအဆင့်တွင် တည်ဆောက်နိုင်သည့် ကြိုးမဲ့ အင်တာနက်ကွန်ယက် အကြောင်း စသည်တို့ကို ဆွေးနွေးမည် ဖြစ်သည်။

ဆွေးနွေးပွဲသို့ ITပညာရှင်များ၊ ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်လျက်ရှိသော အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ IT ဝန်ထမ်းများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အစီအစဉ် (Disaster Preparedness Plan) ကို စိတ်ပါဝင်စားသူများ၊ Wireless Technology စနစ်ကို လေ့လာလိုသူများနှင့် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည်။

ဆွေးနွေးပွဲကို ဒီဇင်ဘာ (၅) ရက် နံနက် (၉) နာရီ မှ (၁၂) နာရီအထိ သမ္မတဟိုတယ် ပထမထပ်၊ အခန်း (ME-103) တွင် ကျင်းပမည် ဖြစ်ပါသည်။ အသေးစိတ်သိလိုပါက Myanmar Egress - IT Department ဖုန်းနံပါတ် 388 367, 393 303 (ext:805) သို့ ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။

(1-12-2009)
Source : Ko Lin (Myanmar Training)


E-Commerc and Intellectual Property ဆိုင်ရာဟောပြောပွဲကျင်းပမည်.

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) နှင့် မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်း (MCIA) တို့မှ ကြီးမှူး၍ ကျင်းပသော “E-Commerc and Intellectual Property” ဆိုင်ရာဟောပြောပွဲကို ကျင်းပပြု လုပ်မည်ဖြစ်ကြောင်းသိရသည်။ဟောပြောပွဲကို ၂ဝဝ၉ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်(စနေနေ့) နေ့လည် ၁ နာ၇ီမှ ညနေ ၄ နာရီအထိ၊ မြန်မာအင်ဖိုတက် Conference Hall တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဟောပြောပွဲတွင် စင်ကာပူနိုင်ငံ WIPO (World Intellectual Property Organization)၏ Project Manager ဖြစ်သူ Dr.Jose Luis Herce-Vigil ကအသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်သော SMELevel လုပ်ငန်းများနှင့် IP(Interectual Property) နယ်ပယ်တွင် လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်များ အတွက် နည်းပညာပိုင်းဆိုင်ရာမူပိုင်ခွင့်နှင့် ပတ်သက်သောအကြောင်းအရာဆိုင်ရာများကို အဓိကဟောပြော သွားမည်ဖြစ်ကြောင်းသိ၇သည်။

ဟောပြောပွဲကို စိတ်ပါဝင်စားသူမည်သူမဆို(အခမဲ့) တက်ရောက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

(1-12-2009)
Source : Internet Journal


Curtin University ၏ပညာရေးဆွေးနွေးပွဲ.

Myanmar Search International (MSI) မှမလေးရှားနိုင်ငံရှိ Curtin University နှင့် ပတ်သက်၍ ပညာရေးဆွေးနွေးပွဲကို ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁၁းဝဝ နာရီ မှ နေ့လည် ၁းဝဝ နာရီ အထိ Park Royal Hotel Meeting Room 3 တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် One to One Consultation ကိုလည်း နေ့လည် ၁းဝဝ နာရီမှ ၂းဝဝ နာရီထိ ပြုလုပ်ပေးသွား မည်ဖြစ်သည်။ ၄င်းဆွေးနွေးပွဲတွင် Curtin University of Technology (Department of Science & Mathematics) မှ ဦးဇေယျဦး Ph.D (Curtin) Senior Lectures, Physics မှပြောကြားပေးမည်ဖြစ်ကြောင်း သိရသည်။

(1-12-2009)
Source : Internet Journal

 
   

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats