|
Seminar
»
Special Talk
Software Testing နှင့်ပတ်သက်၍ ဟောပြောပွဲနှင့်
အလုပ်ရုံဆွေးနွေးပွဲကျင်းပမည်.
သတင်းအချက်အလက်နှင့် ဆင်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်
မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း(MCPA)မှ ကြီးမှူး၍ ဇန်နဝါရီလ ၂၂ရက်
(သောကြာ)နေ့တွင်
ရန်ကုန်မြို့ လှိုင်မြို့နယ်၊ Myanmar Info-Tech အခန်း ၂ဝ၅ ၌ “Software
Testing” နှင့်ပတ်သက်၍ဟောပြောပွဲနှင့်
အလုပ်ရုံးဆွေးနွေးပွဲတစ်ခုကိုကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါဟောပြောပွဲနှင့် အလုပ်ရုံဆွေးနွေးပွဲတွင် အင်္ဂလန်နိုင်ငံရှိ Nokia
ကုမ္ပဏီမှ Senior Test Analyst ဖြစ်သူ Mr.Len Aye က
ပထမပိုင်းဟောပြောပွဲအဖြစ် နေ့လယ် ၁းဝဝ နာရီမှ ၂း၃ဝ
နာရီအထိ “Software Testing” ပြုလုပ်သည့် နည်းစနစ်များဖြစ်သော “Testing
Tools, Test Case Generation, Error Management, Test Case Management,
Test Reporting”
စသည့်တို့နှင့်ပတ်သက်၍ ဆွေးနွေးဟော ပြောပေးသွားမည်ဖြစ်ရာ စိတ်ဝင်စားသူ
မည်သူမဆိုကြိုတင်စာရင်းပေးသွင်းရန်မလိုဘဲအခမဲ့ တက်ရောက်နိုင်ကြောင်း သိရသည်။
အဆိုပါ “Handson Workshop” တွင်” Software Testing” နှင့်ပတ်သက်၍
ရှင်းလင်းခြင်းနှင့် Exercises
ပေးခြင်းများကိုပြုလုပ်မည်ဖြစ်ရာ တက်ရောက်လိုသူများအနေဖြင့် MCPA
ရုံးခန်း၌ကြိုတင် လျှောက်လွှာတင်စာရင်းပေးသွင်းရန်လိုအပ်ပြီး
၎င်းစာရင်းပေးသွင်းသူများအနက်မှသင့်တော်သူဦးရေ ၅ဝ ကို MCPA မှရွေးချယ်၍
အခမဲ့
တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်။ယင်းဟောပြောဆွေးနွေးပွဲနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက
မြန်မာနိုင်ငံကွန်ပျုတာပညာရှင် အသင်းရုံးခန်း၊ အဆောင် ၄၊ အခန်း ၄၊ Myanmar
Info-Tech ဖုန်း 652-276
သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
(22-1-2010)
Source : Internet Journal
Data Security, Internet & Virus Protection ဆိုင်ရာဟောပြောပွဲကျုင်းပမည်.
Data Security, Internet & Virus Protection ဆိုင်ရာ ဟောပြောပွဲကို
၂ဝ၁ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၃ ရက်(စနေနေ့)၊ နေ့လယ် ၁းဝဝနာရီမှ ၃းဝဝ နာရီအထိ
Emergent Services
Co.,Ltd တွင်ကျင်းပပြုလုပ် မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် ကွန်ပျုတာအသုံးပြုသူများသိရှိထားသင့်သော
ဗိုင်းရပ်စ်ကာကွယ်ခြင်းဆိုင်ရာ အင်တာနက်အသုံးပြုမှုတွင်
သတိပြုသင့်သည်များနှင့် မိမိတို့၏
အချက်အလက်များကိုမည်သို့ အကာအကွယ် များပြုလုပ်ထားသင့် သည်များကို ES
(Emergent Services) မှ ကွန်ပျုတာပညာရှင် လူငယ်များက ရှင်းလင်း
ပြောကြားပေးမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် Presentation Style/ About Education Hub of Asia
ခေါင်းစဉ်ဖြင့်လည်း ၂၄.၁.၂ဝ၁ဝ ရက် (တနင်္ဂနွေနေ့)၊ ၁းဝဝ နာရီမှ ၃းဝဝ နာရီအထိ
အဆိုပါ Services တွင်ပင်ဟောပြောပေးသွားမည်ဖြစ်ကြောင်း သိရသည်။ဟောပြောပွဲကို စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့တက်ရောက်နိုင်မည်ဖြစ်ပြီး
တက်ရောက်လိုသူများ အနေဖြင့် Emergent Serviecs Co.,Ltd ဖုန်း 387635၊
095505193 တို့သို့
ဆင်သွယ်စာရင်းပေးသွင်း တက်ရောက်နိုင်ပါမည်ဖြစ်သည်။
(22-1-2010)
Source : Internet Journal
ထိုင်းနိုင်ငံပညာရေးနှင့် ပညာသင်ဆုဆိုင်ရာ ပညာရေးဆွေးနွေးပွဲ ကျင်းပမည်.
ထိုင်းနိုင်ငံတွင် သွားရောက်ပညာဆည်းပူလိုသူ
မြန်မာကျောင်းသားကျောင်းသူများ အတွက် ထိုင်းနိုင်ငံပညာရေးနှင့်
ပညာသင်ဆုဆိုင်ရာ ပညာရေးဆွေးနွေးပွဲကို ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၆ ရက်
နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ Oversea Education Service Center တွင်
ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါ ပညာရေးဆွေးနွေးပွဲတွင်
ထိုင်းနိုင်ငံရှိ ပညာသင်ဆုလျှောက်ထားနိုင်သော တက္ကသိုလ်များ၊
လျှောက်ထားတက်ရောက်နိုင်သော ဘာသာရပ်များနှင့် ၄င်းတက္ကသိုလ်များ၏
ကျောင်းဝင်ခွင့် သတ်မှတ်ချက်များ၊ ကျောင်းမတက်မီ ပြင်ဆင်ထားသင့်သည့်
လိုအပ်ချက်များကို MBA ဘာသာရပ် ရာနှုန်းပြည့် ပညာသင်ဆုဖြင့်
ထိုင်းနိုင်ငံတွင် ၇ နှစ်ကြာ ပညာဆည်းပူးခဲ့သူ မဟာဘွဲ့ရတစ်ဦးက
ရှင်းလင်းဆွေးနွေး ပြောကြားသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ထိုင်းနိုင်ငံ၌ပညာသင်ကြားခြင်း (Studying in Thailand)နှင့်
ထိုင်းနိုင်ငံ၌ နေထိုင်ခြင်း(Living in Thailand)အကြောင်းတို့ကိုလည်း
ဆွေးနွေးသွားမည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင်
မိမိတို့သွားရောက်တက်ရောက်ရမည့် ကျောင်းရွေးချယ်မှုမပြုမီ
၎င်းတက္ကသိုလ်များသို့ ကိုယ်တိုင်ကိုယ်ကျသွား ရောက် ကြည့်ရှုလိုသူ
မိဘများနှင့်ကျောင်းသား ကျောင်းသူများ အတွက်လည်း Compus ခရီးစဉ်များကို
ရှင်းလင်းပြောကြားသွားမည် ဖြစ်ကြောင်းသိရသည်။
ဆွေးနွေးပွဲသို့ ထိုင်းနိုင်ငံတွင်သွားရောက်ပညာသင်ကြားလိုသူမည်သူမဆို
တက်ရောက်နိုင်ကြောင်းသိရသည်။ ဆွေးနွေးပွဲနှင့် ပတ်သက်၍ အခြားသိရှိလိုပါက
OESC ဖုန်း-519092၊ 0950-86819 သို့
ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရသည်။
(15-1-2010)
Source : Internet Journal
၂၀၁၀ နိုင်ငံတကာပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ
ဟောပြောပွဲကျင်းပမည်.
နဝရတ်ပညာရေး၏ Education for All အစီအစဉ်အရ ၂၀၁၀ နှစ်ဦး
နိုင်ငံရပ်ခြားပညာသင် သိကောင်းစရာ ဟောပြောပွဲကို ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီ
၂၃ ရက်(စနေနေ့)၊ နေ့လယ် ၁းဝဝ နာရီမှ ၃းဝဝ နာရီ အထိ၊ ရန်ကုန်မြို့ Traders
Hotel (ကုန်းဘောင်း၊ တကောင်း)၊ ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း
သိရသည်။အဆိုပါဟောပြောပွဲတွင် အင်္ဂလန်အခြေစိုက် Worldwide Education
Management ၏ ဒါရိုက်တာဖြစ်သူ ဒေါက်တာနေ Ph.D(UK) မှ ၂၀၀၉ အလွန်ကာလ
နိုင်ငံခြားပညာ ဆည်းပူမှုဆိုင်ရာ သိကောင်းစရာများနှင့်
အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းကို ဟောပြောမည်ဖြစ်ကြောင်းသိရသည်။
ဗြိတိန်၊ အမေရိကန်နှင့်သြစတြေးလျနိုင်ငံများ၏ ၂၀၁၀ ပညာရေး
ပုံစံသစ်အတွက် ၂၀၀၉ ခုနှစ်ကတည်းက ကြိုတင်စီမံပြင်ဆင်ထားသော တက္ကသိုလ်၊
ကောလိပ်များအကြောင်းနှင့် ပညာသင်ယူနေစဉ်အချိန်ပိုင်း
အလုပ်လုပ်ကိုင်ခွင့်နှင့် ပညာသင်ယူပြီး အလုပ်ခွင်ဝင်ရောက်ခြင်းဆိုင်ရာ
သိကောင်းစရာများကို ဟောပြောမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို (အခမဲ့)
တက်ရောက်နိုင်မည်ဖြစ်သည်။ ဟောပြောပွဲသို့ တက်ရောက်လိုသူများအနေဖြင့်
နဝရတ်ပညာရေး၊ ဖုန်း-250225၊ 250150 တို့သို့ ကြိုတင်စာရင်းပေးသွင်း
တက်ရောက်နိုင်မည်ဖြစ်ကြောင်းသိရသည်။
(15-1-2010)
Source : Internet Journal
ဂျပန်နိုင်ငံမှ ရာနှုန်းပြည့်ရရှိနိုင်မည့် ပညာသင်ဆုအကြောင်း
ပညာရေးဆွေးနွေးပွဲပြုလုပ်မည်.
ဂျပန်နိုင်ငံတွင် ပညာသင်ဆုဖြင့် သွားရောက်ပညာ သင်ကြားလိုသူများအတွက်
ဂျပန်နိုင်ငံမှ ရာနှုန်းပြည့်ရရှိနိုင်မည့်ပညာသင်ဆုအကြောင်း
ပညာရေးဆွေးနွေးပွဲတစ်ခုကို ၂၀၁၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၄ ရက် နံနက် ၁၀
နာရီမှ ၁၂ နာရီအထိ OESC Seminar Room
တွင်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါ ဆွေးနွေးပွဲတွင်
ဂျပန်နိုင်ငံ၌ ရာနှုန်းပြည့်ပညာသင်ဆုဖြင့်ဘွဲ့(Bachelor) နှင့် ဘွဲ့လွန်
(Master)ကို တက်ရောက်သင်ယူ ခဲ့ပြီး ၈ နှစ်ကြာနေထိုင်ခဲ့သူ
မဟာဘွဲ့ရတစ်ဦးက ၄င်း၏ ဂျပန်နိုင်ငံတွင် ပညာသင်ကြားခဲ့စဉ်
တွေ့ကြုံခဲ့သည့် အတွေ့အကြုံများကို မျှဝေရင်း
အကြံပြုဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင်ဆွေးနွေးပွဲ၌
မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ
အရည်အချင်းရှိသော ကျောင်းသားကျောင်းသူများ အတွက် ဂျပန်နိုင်ငံရှိ
အထင်ကရ တက္ကသိုလ်မှပေးအပ်မည့် ရာနှုန်းပြည့်ရရှိနိုင်သည့်
ပညာသင်ဆုများနှင့် ပတ်သက်၍လည်း
အဓိကဆွေးနွေးပြောကြားသွားမည် ဖြစ်ကြောင်းသိရသည်။
ပညာသင်ဆုရရှိသူများသည် ရာနှုန်းပြည့် ကျောင်းစရိတ်၊ လစဉ်ထောက်ပံ့စရိတ်၊
စာအုပ်စာတမ်းစရိတ်၊ ကျန်းမာရေးကုသစရိတ်နှင့် ခရီးစရိတ်များကို
ရရှိမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဆွေးနွေးပွဲသို့
တက်ရောက်လိုသူများအနေဖြင့် OESC ဖုန်း-519092၊ 0950-86819 သို့
ကြိုတင်စာရင်းပေးသွင်းထားရန် လိုအပ်ကြောင်းသိရသည်။
(15-1-2010)
Source : Internet Journal |