MDIS နှင့် AT&S တို့ပူးပေါင်း၍ ပညာရေးဆွေးနွေးပွဲကျင်းပမည်.
MDIS နှင့် AT&S တို့ပူးပေါင်းကျင်းပသော
အထူးပြုဘာသာရပ်များရွေးချယ်မှုနှင့် ကျောင်းဝင်ခွင့် ဆိုင်ရာ
ပညာရေးဆွေးနွေးပွဲကို ၂ဝ၁ဝပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ရက်နေ့တွင်
မန္တလေးမြို့ဟိုတယ်မန္တလေး၊ စံပယ်ဖြူခန်းမ၌ နံနက် ၁ဝနာရီမှ
၁၂နာရီထိလည်းကောင်း၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်ရန်ကုန်မြို့၊
ပက်ခ်ရွိုင်ရယ်ဟိုတယ်၊ အစည်းအဝေးခန်းမ ၃၌နေ့လည် ၂နာရီမှ ၄နာရီထိလည်းကောင်း
ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း AT&S Co.LTd မှသိရသည်။ ဆွေးနွေးပွဲတွင်
အင်္ဂလန်နိုင်ငံမှ ကမ္ဘာ့ထိပ်တန်းစာရင်းဝင် Mechanical Engineering နှင့်
Mechanical Design Engineering ဘာသာရပ်များအကြောင်း၊ ဇီဝဆေး
သိပံ္ပ(Biomedical) နှင့် ဆေးဝါးစီမံခန့်ခွဲမူဆိုင်ရာ (Phanaceutical)
ကျွမ်းကျင်ပညာရှင်ဖြစ်လိုသူများအတွက်ကျောင်း
ဝင်ခွင့်ဆိုင်ရာအချက်အလက်များကို ဆွေးနွေးဟောပြောခြင်း Microsoft Certified
System Engineer(MCSE) အောင်လက်မှတ်ကို ပူးတွဲရရှိနိုင်မည့်
သြစတြေးလျတက္ကသိုလ်ကြီးမှ အိုင်တီဘွဲ့ သင်တန်းအကြောင်း
များကိုဟောပြောသွားမည်ဖြစ်သည်။
ထို့အပြင် အင်္ဂလန်တက္ကသိုလ်ကြီးမှ စီးပွားရေး၊ စီမံခန့်ခွဲ့ရေးနှင့်
ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ ဘွဲ့ များနှင့် MBA ဘွဲ့များအကြောင်း၊
စင်ကာပူနိုင်ငံတွင် အကောင်းဆုံးအဖြစ် သတ်မှတ်ခြင်းခံထားရသော
အမေရိကန်တက္ကသိုလ်ကြီးမှ ပေးအပ်သောလူထုဆက်သွယ်ရေး Mass Communication
ဘွဲ့ရဒီဂရီအတွက် ဝင်ခွင့်လိုအပ်ချက်များနှင့် iCPAS, CPA(Australia) တို့မှ
တရားဝင်အသိအမှတ်ပြု စာရင်းကိုင်ဘွဲ့ပညာရပ် အကြောင်းများကို MDIS မှ Country
Manager ကိုယ်တိုင် စုံလင်စွာဆွေးနွေးပေးမည်ဖြစ်သည်။
၎င်းဆွေးနွေးပွဲတက်ရောက်ရန်စိတ်ပါဝင်စားသူမည်သူမဆို AT&S Co.Ltd ဖုန်း -
521125၊ 652288၊ 652320 သို့ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။
(2-2-2010)
Source : Internet Journal
စင်္ကာပူပညာရေးဝန်ကြီးဌာနနှင့် အင်္ဂလန်နိုင်ငံ University of Cambridge မှ
စစ်ဆေးသော Singapore Cambridge GCE ‘O’ Level နှင့်
သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနား.
Singapore Cambridge GCE ‘O’ Level သင်တန်းကို မြန်မာပြည်တွင် 2009
October မှ စတင်၍ ပထမဦးဆုံး အောင်မြင်စွာဖွင့်လှစ်သင်ကြားခဲ့သည်မှာ
ယခုဆိုလျှင် ၃ လကျော် ကြာမြင့်ခဲ့ပြီးဖြစ်ပါသည်။ ယခုတက်ရောက်
နေသောကျောင်းသား၊ ကျောင်းသူများနှင့်အတူ မိဘ ဆရာများ Cambridge Institute
မှ တာဝန်ရှိသူများ ဆုံညီပွဲနှင့် နောက်ထပ်ထပ်မံတက်ရောက်လိုသော ကျောင်းသား၊
ကျောင်းသူများ မိဘ ဆရာများ အတွက် ရှင်းလင်းပြောကြားပေးမည့်
အထူးအစီအစဉ်ဖြစ်ပါသည်။ထိုအစီအစဉ်တွင် Cambridge Institute Singapore မှ
အစိုးရပညာရေး စနစ်နှင့် နိုင်ငံတကာကျောင်းသားများ၏ College, University
ဝင်ခွင့် အချက်အလက်များအကြောင်း ရှင်းလင်းခြင်း၊ ကျောင်းသား၊
ကျောင်းသူများ၏ သရုပ်ပြအစီအစဉ်များ သင်တန်းအသေးစိတ်အချက်အလက်များနှင့်
Singapore တွင် Homestay နေထိုင်နိုင်ရန် ဆောင်ရွက်ပေးခြင်းများကို
ရှင်းပြပေးခြင်း၊ သိလိုသည်များကို ဆွေးနွေးတိုင်ပင်ပေးခြင်းများ
ပြုလုပ်သွားမည် ဖြစ်ပါသဖြင့် လေးစားအပ်ပါသော သတင်းနှင့်
စာနယ်ဇင်းလူကြီးမင်းများကို အကြောင်းကြားအပ်ပါသည်။
အစီအစဉ်များ
နေ့ရက် -၂ဝ၁ဝ-ခုနှစ်၊ ဖေဖေါ်ဝါရီ၊ (၁)ရက်
အချိန် - နေ့လည် (၂) နာရီမှ (၄)
နာရီအထိ
နေရာ - အပြည်ပြည်ဆိုင်ရာ
စီးပွားရေးအဆောက်အအုံ(IBC)
*မှတ်ချက်* ကျောင်းသား၊ ကျောင်းသူများနှင့်
စိတ်ပါဝင်စားသူများအနေဖြင့် ခုံနေရာအတွက်
ကြိုတင်စာရင်းပေးသွင်းရန်စာနယ်ဇင်းများမှ အသေးစိတ်မေးမြန်းလိုပါက Smart
Resource Phone – 374747 / 374748 နှင့် SHINE Universal Services Phone –
393041 / 393140 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။ တစ်ဦးချင်းသီးသန့်
ဆွေးနွေးလိုပါက Smart Resources ၏ Singapore Education Specialist
ဦးနေလင်းဖြိုး (CEO) နှင့် SHINE Universal Services မှ Singapore
Cambridge GCE ‘O’ သင်တန်းအတိုင်ပင်ခံ ဒေါ်အေးမြဝင်းတို့နှင့်
တွေ့ဆုံနိုင်ပါကြောင်း အကြောင်းကြားအပ်ပါသည်။
(26-1-2010)
Source : Ko Lin (Myanmar Training)
Curtin University နှင့်ပတ်သက်၍ ဟောပြောပွဲကျင်းပမည်.
သြစတြေးလျဘွဲ့ ဒီဂရီများကို ရယူလိုသူမြန်မာကျောင်းသားမျာအတွက် Western
Australia တွင်အကြီးဆုံးနှင့် အကောင်းဆုံးအစိုးရ တက္ကသိုလ်ကြီးဖြစ်သည့်
Curtin University of Technology ၏ Singapore Campus မှ
ဒါရိုက်တာတစ်ဦးဖြစ်သူ Mr. Jeremy Histon သည် ပညာရေးဆိုင်ရာ
ဟောပြောပွဲတစ်ခုအား ဇန်နဝါရီ ၃ဝ ရက်၊ စနေနေ့တွင် Park Royal Hotel ,
Meeting Room 3 ၌ ညနေ ၃ နာရီ မှ ၅ နာရီထိ ကျင်းပပြုလုပ်မည်
ဖြစ်ကြောင်းသိရသည်။ဟောပြောပွဲတွင် Curtin University (Singapore) ၌
တက်ရောက်သင်ယူနိုင်သော ဘာသာရပ်များအကြောင်း၊ Curtin (Singapore) မှ တဆင့်
Australia နိုင်ငံ Perth မြို့နှင့် Sydney မြို့များရှိ Curtin University
of Technology သို့ ပြောင်းရွှေ့ပညာသင်ယူနိုင်မည့်
ပညာရေးအခွင့်အလမ်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများ စသည်တို့အား
ရှင်းလင်းပြောကြားပေးသွားမည်ဖြစ်သည်။
ကျောင်းသားများအတွက်အထူးအခွင့်အရေးတစ်ရပ်အနေဖြင့် ၂ဝ၁ဝ ခုနှစ်၊
မတ်လအတွက် Curtin (Singapore) တွင်ရယူနိုင်မည့် စကောလားရှစ်
အစီအစဉ်နှင့်ပတ် သက်၍ ရှင်းလင်းဆွေးနွေးပေးမည် ဖြစ်သည်။
စကောလားရှစ်နှင့်အတူ ကျောင်းဝင်ခွင့် လျှောက်ထားခြင်းများကို Curtin
University နှင့် တိုက်ရိုက်ဆက်သွယ်ထားသော Navitas Authorized Australia
Education Specalist ဖြစ်သည့် AT&S Co.,Ltd. တွင်
လျှောက်ထားနိုင်ကြောင်းသိရသည်။ အဆိုပါ ပွဲသို့
တက်ရောက်လိုသူများအနေဖြင့် AT&S Co.,Ltd, ဖုန်း - 521125၊ 652258 သို့
ဆက်သွယ်စုံစမ်းပြီး ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။
(26-1-2010)
Source : Internet Journal
YIUS တွင် INFO-WEEK @ YIUS ပြုလုပ်မည်.
YIUS ( Yangon Institute for University Studies ) Australian
Foundation Course တွင် Bachelor First Year နှင့်ညီမျှသော Diploma of
Commerce, Engineering & IT သို့ တိုက်ရိုက်
တက်ရောက်နိုင်သောသင်တန်းဖြစ်ပြီး Pre-University English Course တွင်
Grammar and Vocabulary Development , Speaking , Listening , Writing )
ကို Feb, 15 ရက်နေ့မှ စတင်ဖွင့်လှစ် မည်ဖြစ်ကြောင်း YIUS မှသိရပါသည်။
အဆိုပါသင်တန်းကို Australia, Singapore နှင့် Malaysia
နိုင်ငံများသို့သွားရောက်ပညာသင်ကြား လိုသူများ အတွက် ရည်ရွယ်
ဖွင့်လှစ်ပေးသောAustralia နိုင်ငံ၏တရားဝင်သင်တန်းဖြစ်ပြီး Interactive
Course Management System ဖြင့်သင်ကြားပေးသော ကျောင်းဖြစ်ပါသည်။
အဆိုပါသင်တန်းသို့ တက်ရောက်လိုသူများ အနေဖြင့် Free English Placement Test
ကို 1st, 3rd & 5th / Feb/ 2010 တွင် 10 am မှ 12:30 pm
အတွင်းလာရောက်ဖြေဆိုနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက Bldg 7, Rm 4, Myanmar
Info-Tech, University of Hlaing Campus, Yangon. Ph: 652 311, 652 297
သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိရသည်။
နေ့ရက် - 25th to 30th January 2010
အချိန် - 10 am to 3 pm
နေရာ - Room ( 4 ), Building ( 7 ), Myanmar Info-Tech,
Hlaing University Campus, Hlaing Tsp, Yangon.
(26-1-2010)
Source : Myanmar Training
MDIS နှင့် CROWN Education တို့ ပူပေါင်းကျင်းပမည့်၊ ပြောင်းလဲလာနေသည့်
နိုင်ငံတကာ စီးပွားရေးနှင့်စီမံခန့် ခွဲမှု ဆိုင်ရာဘာသာရပ်များ၊
အင်ဂျင်နီယာဘာသာရပ်များ၊ ဆေးပညာဆိုင်ရာဘာသာ နှင့် MBA ဘာသာရပ်များဝင်ခွင့်
အကြောင်းဆွေးနွေးပွဲ ရန်ကုန်နှင့် မန္တလေးတွင်ကျင်းပမည်.
MDIS နှင့် CROWN Education တို့ ပူးပေါင်း၍၊ စီးပွားရေးဘာသာရပ်များ၊
နိုင်ငံတကာတွင် ပြောင်းလဲလာနေသည့် ၊ စီမံခန့် ခွဲမှု့ ဘာသာရပ်များ၊
အင်ဂျင်နီယာ ဘာသာရပ်များ၊ နိုင်ငံ တကာမှ MBA ဘွဲ့  များ၏
အားနည်းချက်အားသာချက်များနှင့်၊ ၀င်ခွင့်လိုအပ်ချက်များအကြောင်း၊
Management ဘာသာရပ်များနှင့် ၄င်းတို့၏ အထူးပြုဘာသာရပ်များအကြောင်း၊
Finance နှင့် Accounting အထူးပြု ဘာသာရပ်များ၏ ကွဲပြားချားနားချက်၊
အနာဂတ်တွင် ပြည်တွင်း ပြည်ပ အလုပ်အကိုင် အခွင့် အရေးများနှင့်ပတ်သက်၍၊
ပိုမိုအသုံးဝင်လာနိုင်သည့်၊ အထူးပြုဘာသာရပ်များအကြောင်းကို၊ ဇန်န၀ါရီ (၃၀)
ရက်နေ့ ၊ စနေနေ့ တွင်၊ ညနေ (၃)နာရီမှ (၅) နာရီအထိ၊ Trader Hotel,
တကောင်းခန်းမတွင်လည်းကောင်း၊ ဇန်န၀ါရီလ (၃၁) ရက်နေ့ ၊ တနင်္ဂနွေနေ့ တွင်၊
ညနေ(၃) နာရီမှ (၅)နာရီ အထိ၊ မန္တလေးမြို့ ၊ Sedona Hotel တွင်လည်းကောင်း၊
MDIS မှတာဝန်ရှိသူတစ်ဦးနှင့်၊ CROWN Education မှ ပညာရေး အတိုင်ပင်ခံ
ဦးအောင်ကျော်ဆန်းတို့မှ ရှင်းလင်းဆွေးနွေးမည်ဖြစ်ပါသဖြင့်
စိတ်ပါဝင်စားသူမည်သူမဆို CROWN Education - Yangon Office, Summit Parkview
Hotel, Room 228,229၊ ဖုန်းနံပါတ်၊ ၂၁၁ ၈၈၈ (လိုင်ခွဲ) ၂၂၈ -၂၂၉၊
မိုဘိုင်းနံပါတ်၊ ၀၉ ၅၀၈၅ ၁၈၅ နှင့် မန္တလေးရုံးခွဲ၊ အမှတ်(၇၀)၊ လမ်း(၃၀)၊
၇၃ လမ်းနှင့် ၇၄ လမ်းကြား၊ ဖုန်း- ၀၉ ၂၀၃ ၆၀၃၅
သို့ဆက်သွယ်စာရင်းပေးသွင်းနိင်ပါသည်၊၊
(26-1-2010)
Source : Ko Lin (Myanmar Training)