LCCI နှင့် British Council မှ ကြီးမှုးကျင်းပမည့် အသက်(၆) နှစ်မှ (၁၆)
နှစ်အထိ ကျောင်းသူကျောင်းသားများ အင်္ဂလိပ်စာ ဥာဏ်စမ်းပြိုင်ပွဲ.
အသက် (၆) နှစ်မှ (၁၆) နှစ်အထိ ကျောင်းသူကျောင်းသားများအတွက် အင်္ဂလိပ်စာ
ဥာဏ်စမ်း ပြိုင်ပွဲ၊ နှင့် JETSET လက်မှတ်ပေးအပ်ပွဲအား၊ LCCI နှင့် British
Council မှကြီးမှုးကျင်းပပေးမည်၊၊
British Council နှင့် English Training ကျောင်းများပူးပေါင်း၍ အသက် (၆)
နှစ်မှ (၁၆) နှစ်အရွယ် ခလေးများဝင်ရောက် ယှဉ်ပြိုင်နိုင်မည့်၊
အင်္ဂလိပ်စာဥာဏ်စမ်း
မေးခွန်းများယှဉ်ပြိုင်ပွဲနှင့် JETSET လက်မှတ်ပေးအပ်ပွဲအား မတ်လ (၁၃) ရက်
နံနက် (၉)နာရီမှ နေလည်(၁၂)နာရီ အထိ၊ MICT Hall (2), လှိုင်မြို့ နယ်တွင်
ကျင်းပမည်ဖြစ်ကြောင်းသိရသည်၊၊
ဤအစီအစဉ်အား၊ ခလေးများ အင်္ဂလိပ်စာ သင်ယူစွမ်းရည် တိုးတက်စေရန်
ဥာဏ်စမ်းအမေးအဖြေအား English Training Center များနှင့် ပူးပေါင်းကျင်းပ
ခြင်း
ဖြစ်ပြီး ၊ အသက်(၆)နှစ် မှ (၈) နှစ်ကလေးများ၊ (၉)နှစ်မှ (၁၂)နှစ်
ခလေးများနှင့် (၁၃) နှစ်မှ (၁၆) နှစ်အထိ များကို အုပ်စုခွဲ၍
ယှဉ်ပြိုင်စေပြီး၊ အုပ်စု အလိုက်၊
ပထမဆု၊ ဒုတိယဆု၊ တတိယဆုများကို လည်း၊ LCCI စာစစ်ဌာနနှင့် စပွန်စာ
ကုမ္မဏီများကျောင်းများ မှ အသီးသီး ချီးမြင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်၊၊
၎င်းနေ့ တွင်ပင်၊ English Training ကျောင်းများမှ ၄င်းတို ၏သင်တန်းများ၊
JETSET သင်တန်းများကို မိဘများနှင့်ကျောင်းသူကျောင်းသားများ၊
လေ့လာစုံစမ်းနိုင်ပြီး၊ သက်ဆိုင်ရာသင်တန်းအသီးသီးသို့ ၎င်းနေ့  တွင်ပင်
ကျောင်းအပ်သော ကျောင်းသားကျောင်းသူများအတွက်၊ Tuition Fees Discount
များကိုပါစီစဉ် ဆောင်ရွက် ပေးမည်ဖြစ်ကြောင်းသိရသည်၊၊ အသေးစိတ်သိရှိလိုသော
အချက်များနှင့် ၄င်းဥာဏ်စမ်းပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင် လိုသော
ကျောင်းသားကျောင်းသူများအနေဖြင့်၊ JETSET (Junior English Test, Senior
English Test သင်ကြားလျက်ရှိသော သင်တန်းကျောင်းများနှင့် CROWN Education
တွင် ဆက်သွယ်စုံစမ်း၊ စာရင်းပေး
နိုင်ကြောင်းသိရပါသည်၊၊
(8-3-2010)
Source : Ko Lin (Myanmar Training)
MCPA မှကြီးမှူး၍ “ Understanding On Wireless LAN (WAN) Features”
ဟောပြောပွဲကျင်းပမည်
..
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေုးအတွက်
မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း MCPA မှ ကြီးမှူး၍ Wireless
နည်းပညာဆိုင်ရာဟောပြောပွဲကို မတ်လ ၁၃ ရက်နေ့တွင်
ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲကို ရန်ကုန်မြို့၊
လှိုင်မြို့နယ်၊
မြန်မာအင်ဖိုတက်ခ်၊ ပင်မဆောင်ရှိအခန်း ၂ဝ၅ ၌ နေ့လည် ၁းဝဝ နာရီမှ ၃းဝဝ
နာရီတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။
အဆိုပါဟောပြောပွဲတွင် MCPA မှ အလုပ်အမှုဆောင် BizNet Network Solutions မှ
ဦးဇော်ဝင်းထွန်းက “ Understanding On Wireless LAN (WLAN) Features”
ခေါင်းစဉ်ဖြင့်ရှင်းလင်းဟောပြောမည်ဖြစ်သည်။
အဆိုပါဟောပြောပွဲကို Wireless Network နည်းပညာ၏ အခြေခံလုပ်ဆောင်ချက်များ၊
WiFi device, Wimax နည်းပညာများ၏ Standard များ၊ WiFi Security
ဆောင်ရွက်ချက်များအား ခြုံငုံနားလည်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။
ဟောပြောပွဲသို့ ကွန်ပျူတာ ပညာရှင်အသင်းဝင်များ၊ Wireless
ကိုစိတ်ဝင်စားသူများ၊ SOHO (Home) Wireless ကိုယ်တိုင်ဖန်တီးလိုသူများ၊
Networking
အခြေခံရှိသူ WiFi ကွန်ရက်စိတ်ဝင်စားသူများနှင့် စိတ်ပါဝင်စားသူများ
မည်သူမဆို အခမဲ့တက်ရောက်ဆွေးနွေးနိုင်မည်ဖြစ်သည်။
အသေးစိတ်ထပ်မံသိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊
အဆောင် ၄ ၊ အခန်း ၄ ၊ ဖုန်း - 652276 သို့ဆက်သွယ်မေးမြန်းစုံစမ်း
နိုင်ကြောင်း
သိရသည်။
(9-3-2010)
Source : Internet Journal
One Stop Education & Career Talk ကျင်းပမည်
.
Knowledge Bank Library & Learning Center မှ One Stop Education &
Career Talk ပွဲကို မတ်လ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ မြေပဒေသာကျွန်း
Dolphin Resturant တွင်နံနက် ၉ နာရီမှ နေ့လည် ၁ နာရီ
အထိကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲ Career Talk Show တွင် MHR Business & Management Institute မှ
ဦးအေးကျော်၊ MCC Training Institute မှ ဦးငြိမ်းဦး၊ SANTINI
Inernational
Training Academy မှ ဦးသက်နိုင်ဝင်းနှင့် MHR Center II မှ
ဒေါ်အေးအေးမာတို့မှ Career Talk & Show တွင် လူငယ်များအနေဖြင့်
မိမိတို့နှင့် သင့်တော်သော
Career Path များ ရွေးချယ်နိုင်ရန်အတွက် ရှင်းလင်းဟောပြောမည်
ဖြစ်ကြောင်းသိရသည်။
စိတ်ပါဝင်စားသူများ Knowledge Bank Library & Learning Center ဖုန်း -
386693 တွင် ကြိုတင် စာရင်းပေးသွင်းရမည် ဖြစ်ကြောင်းသိရသည်။
(9-3-2010)
Source : Internet Journal
STUDY AND JOB OPPORTUNITIES IN SINGAPORE
.
Seminar & Entry Test Schedule
Seminar
နေ့ရက် : 17.3.2010 (Wed)
အချိန် : 2:00 to 4:00 pm
နေရာ : Traders Hotel
Entry Test
နေ့ရက်
: 18.3.2010 (Thur)
အချိန်
: 8:00 to 12:00 am
နေရာ
: Traders Hotel
Care Forever Services Co.,Ltd.
ရန်ကုန်
အမှတ် (၁၄၉)၊ ၂၁ လမ်း (အပေါ်ဘလောက်)၊
လသာမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - 01-249956
မန္တလေး
အမှတ် (၈၄-B)၊ ၃၈ လမ်း၊ ၈၁x၈၂
လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊
မန္တလေးမြို့။
ဖုန်း - 09-8625443
(16-3-2010)
Source : Voice Journal