Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

Creative Web Studio မှ ပေးသော CIW (1) ယောက် , PHP (1) ယောက်, Web Essential (1) ယောက် သင်တန်းတက်ရောက်ခွင့်....

SUBSCRIBE

Your Email:


Seminar » Special Talk

USA နှင့် UK ထိပ်တန်းတက္ကသိုလ်များဆိုင်ရာ ပညာရေးရှင်းလင်းပွဲကျင်းပမည်

USA နှင့် UK နိုင်ငံရှိ ထိပ်တန်းတက္ကသိုလ်များသို့ တက်ရောက်နိုင်ရန်အတွက် Regent ပညာရေး ကုမ္ပဏီမှ ကြီးမှူးကျင်းပသော ပညာရေးမိတ်ဆက်ပွဲတွင်
INTO University မှ လာရောက်တင်ပြမည်ဖြစ်ကြောင်း သိရသည်။ INTO University ၏ ပညာရေးမိတ်ဆက်ပွဲကို မတ်လ (၂ဝ)ရက်၊ စနေနေ့ ညနေ ၅ နာရီမှ ၆
နာရီအတွင်း Traders Hotel (Level 3) ကုန်းဘောင်တကောင်းခန်းမဆောင်တွင် ကျင်းပမည်ဖြစ်ပြီး မတ်လ ၂၁ ရက်၊ တနင်္ဂနွေနေ့ နံနက် ၁ဝ နာရီတွင် Regent ၌
Scholarship Interview ကိုကျင်းပမည်ဖြစ်ကြောင်း သိရသည်။
INTO University Partnership သည် University of Exeter, University of East Anglia, University of Manchester, Scotland ရှိ Glasgow Caledonian University, City University London, USA ရှိ Oregon State University နှင့် University of South Florida စသည့် တက္ကသိုလ်များနှင့် ပူးပေါင်း၍ University Foundation, Diploma နှင့် Graduate Diploma သင်တန်းများကို သင်ကြားပို့ချလျက်ရှိကြောင်းသိရသည်။ အဆိုပါသင်တန်းကို တက်ရောက်မည့် ထူးချွန်သော
ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ဆု ပေးအပ်မည့် အစီအစဉ်များလည်းရှိကြောင်းသိရသည်။
Info University ၏ ပညာရေးမိတ်ဆက်ပွဲကို မည်သူမဆိုတက်ရောက်နိုင်ပြီး USA နှင့် UK နိုင်ငံရှိ တက္ကသိုလ်များသို့ တက်ရောက်လိုသော ကျောင်းသား
ကျောင်းသူများ အနေဖြင့် အသေးစိတ်အချက်အလက်ကို Regent ပညာရေးကုမ္ပဏီ ဖုန်း - 504369 သို့ ဆက်သွယ်စုံစမ်းလျှောက်ထားနိုင်မည်ဖြစ်သည်။

 

(19-3-2010)
Source : 7 Day News


Asia Speed Education နှင့် ERC Institute တို့ပူးပေါင်း၍ ပညာရေးဆွေးနွေးပွဲကျင်းပမည် .

Asia Speed Education နှင့် ERC Institute တို့ပူးပေါင်း၍ “ Right Education for the Right Carrer ” ခေါင်းစဉ်ဖြင့် MBA in International Business ပညာရေးဟောပြောပွဲကို မန္တလေးမြို့ဆီဒိုးနားဟိုတယ်၌ မတ်လ ၂၄ ရက်နေ့ နေ့လည် ၂ နာရီမှ ၄ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ERC Institute (Singapore) မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Ms Joe Tan နှင့် Asia Speed Education တာဝန်ရှိသူက ဝန်ဆောင်မှုများ
အကြောင်းကို ဆွေးနွေးမည်ဖြစ်သည်။ ၎င်းအပြင် ERC Institute မှ ပေးအပ်ချီးမြှင့်မည့် US$ 16500 တန် MBA Full Scholarship များအကြောင်းကိုလည်း ပြည့်စုံစွာ ရှင်းလင်းသွားမည်ဟု သိရသည်။ MBA ဘွဲ့သင်တန်းတက်ရောက်လိုသူများသည် ပြည်တွင်းတက္ကသိုလ် တစ်ခုမှ ရရှိထားသူဖြစ်ရမည်ဖြစ်သည်။ ထို့အပြင်
လုပ်ငန်းအတွေ့အကြုံအနည်းဆုံး နှစ်နှစ်နှင့် အထက်ရှိရမည်ဖြစ်ပြီး အသက် ၂၃ နှစ်အထက်ရှိသဖြစ်ရမည်။ ဆွေးနွေးပွဲတက်ရောက်လိုသူများအနေဖြင့် Asia Speed Education ဖုန်း - 02-69325 နှင့် 02-91003477 သို့ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။

 

(19-3-2010)
Source : Ko Lin (Myanmar Training)


MAA Learning Center မှ ပညာရေးဆွေးနွေးပွဲကျင်းပမည် .

Nanyang Institute of Management (Singapore) မှ ပေးအပ်ချီးမြှင့်မည့် Diploma in Tourism and Hospitality Management နှင့် ပတ်သက်၍ ပညာရေးဆွေးနွေးပွဲကို မတ်လ ၂၉ ရက်နေ့တွင် မန္တလေးမြို့ MAA Learning Center သင်တန်း ခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါဟောပြောပွဲတွင် Nanyang Institute of Management (Singapore)မှ Marketing Executive ဖြစ်သူ Ms.Tanny မှ သင်တန်းတက်ရောက်ကြရာတွင် လိုအပ်သည့် အရည်အချင်းများ၊ သင်တန်းပြီးဆုံးပါက ရရှိနိုင်မည့် အခွင့်အလမ်းများ၊ ၎င်းသင်တန်းအတွက် MAA Learning Center မှ ပေးနိုင်သောဝန်ဆောင်မှုများ အကြောင်းကို ဆွေးနွေးဟောပြောမည်ဖြစ်သည်။ ၎င်း Diploma သင်တန်းကာလမှာ တစ်နှစ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကာလများအတွင်း စင်ကာပူနိုင်ငံတွင် Student Visa ဖြင့် နေထိုင်နိုင်ရမည်ဖြစ်သည်။ အဆိုပါ ပညာရေးဆွေးနွေးပွဲသို့ တက်ရောက်လိုပါက MAA Learning Center ဖုန်း - 02-69316 နှင့် 09-2037494 သို့ ကြိုတက်စာရင်း ပေးသွင်းနိုင်ကြောင်းသိရသည်။

 

(19-3-2010)
Source : Ko Lin (Myanmar Training)


MDIS Seminar . .

               MDIS မှ Manager များ၊ Professor များမှ Engineering ဆိုင်ရာ၊ ဇီဝဗေဒဆိုင်ရာ အစရှိသော ဘာသာရပ်များ အကြောင်းကို ဟောပြောပွဲများပြုလုပ်ရာတွင် မြန်မာကျောင်းသား၊ ကျောင်းသူများ အထူးစိတ်ပါဝင်စားစွာ လာရောက်တက်ရောက်ကြသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ယခုအခါ MDIS ကျောင်းမှ ဘာသာရပ်များအတွက် ဝင်ခွင့် အကြောင်းကို အဓိကထားပြီး MDISမှ Manager ကိုယ်တိုင်ရှင်းလင်း ပြောပြပါမည်။
ထို့ပြင် Thingyan Promotiion ကိုလည်း MDIS နှင့် SR Education မှ စီစဉ်ထားပါသည်။
ယခု MDIS ကျောင်းတွင် နိုင်ငံတကာ ကျောင်းသားများအတွက် စင်ကာပူဒေါ်လာ 500 မှ 1500 အထိ Cash Rebate များကိုလည်းပေးအပ်သွားပါမည်။ MDIS ကျောင်းတွင် 2010 Intake အတွင်းသွားရောက် ပညာသင်ယူမည့် ကျောင်းသား၊ ကျောင်းသူများသည်သင်္ကြန် မတိုင်ခင် မိမိတို့၏ နာမည်စာရင်း ပေးသွင်းရုံဖြင့် ထို MDIS ကျောင်းမှာ ပေးအပ်သော Cash Rebate နှင့် SR Education မှ Academic English Course ကိုခံစားခွင့် ရရှိနိုင်သည်။
ထို Academic English 4 skills (IELTS) ကို English Native Lecture ကိုယ်တိုင် အထူးကြပ်မတ် သင်ကြားပေးသွားမည်ဖြစ်ပြီး 100% Scholarship လည်း ပေးသွားမှာဖြစ်သည်။
ထိုသင်တန်းများ က ကျောင်းဝင်ခွင့်ရရှိရန် IELTS လိုအပ်သော ကျောင်းသား၊ ကျောင်းသူများအတွက် အထောက်အကူ ပြုစေရန်ရည်ရွယ်ပါသည်။ ထို့အပြင် စင်္ကာပူမှတဆင့် အခြားသော နိုင်ငံကြီးများသို့ Visa ဝင်ရန် IELTS လိုအပ်သောအခါ စင်္ကာပူဒေါ်လာ 2000 ခန့်ကုန်ကျသော သင်တန်းကို တက်နေစရာ မလိုတော့ဘ Self-Study လုပ်ရုံမျှနှင့်သာ ဖြေဆိုနိုင်သည်။
Admission Seminar
ကျောင်းဝင်ခွင့်နှင့် ပတ်သက်ပြီး ဆွေးနွေးပွဲကို ရန်ကုန် အတွက် 28th March 2010 (Sunday), 3:00 PM to 5:00 PM အထိ Park Royal Hotel ၏ Meeting Room – 3 တွင် ၎င်း၊ မန္တလေးအတွက် 29th March 2010 (Monday), 1:00 PM to 4:00 PM အထိ Smart Resources Office တွင်၎င်းပြုလုပ်မည်ဖြစ်ပါသဖြင့် ရန်ကုန်ရုံး 374747, 374748, 096872010 သို့ ၎င်း၊ မန္တလေးရုံး 09 5148848 သို့လည်းကောင်း ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။
အဆိုပ် Admission Seminar (ကျောင်းဝင်ခွင့်နှင့် ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးပွဲ) ပြီးနောက် တစ်ပတ်အတွင်း MDIS ကျောင်းမှ မြန်မာကျောင်းသားတစ်ဦးနှင့်လည်း ကျောင်းတက်စဉ် အတွေ့အကြုံများ အကြောင်းကို လွတ်လပ်စွာ မေးမြန်းနိုင်ပါသည်။ Singapore Education Specialist နှင့်လည်းကြိုတင် appointment ယူ၍ ဆွေးနွေးနိုင် ပါသည်။

 

(19-3-2010)
Source : Ko Lin (Myanmar Training)

 
   

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats