Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

Creative Web Studio မှ ပေးသော CIW (1) ယောက် , PHP (1) ယောက်, Web Essential (1) ယောက် သင်တန်းတက်ရောက်ခွင့်....

MORE »
ANSWER NOW »

SUBSCRIBE

Your Email:


Seminar » Special Talk

စင်္ကာပူအမျိုးသားတက္ကသိုလ်မှ MSc in Project Management နှင့် Environmental Management ဘာသာရပ်များအတွက် Asian Graduate Scholarship အကြောင်းရှင်းလင်းပြောကြား


          စင်္ကာပူအမျိုးသားတက္ကသိုလ် National University of Singapore (NUS) တွင် 2011 January Intake အတွက် School of Design and Environment လက်အောက်ရှိ Master Program နှစ်ခုကို စတင်လျှောက်ထားနိုင်ပြီဖြစ်တယ်လို့  သိရပါတယ်၊၊ လျှောက်ထားနိုင်တဲ့ ဘာသာရပ်နှစ်ခုကတော့ Master of Science in Project Management နဲ့  Environmental Management တို့ ဖြစ်ပြီး ယခုနှစ် 2010 July လမှ စတင်၍ လျှောက်လွှာများကို လက်ခံနေပြီလို့  သိရပါတယ်၊၊ NUS ဧ။် M.Sc(PM) program ဟာ ၁၉၈၆ ခုနှစ်တဲက စတင်တည်ထောင်ခဲ့တဲ့ သက်တမ်းရင့်ဆုံး program တွေထဲတွင် တစ်ခုအပါအ၀င်ဖြစ်တယ်လို့သိရပြီး Singapore Institute of Architects နဲ့ Professional Engineers Board Singapore တို့မှ တရားဝင် အသိအမှတ်ပြုထားသော program ဖြစ်တယ်လို့ ဆိုပါတယ်၊၊ M.Sc (Project Management) ကို ၁နှစ်ကြာ တက်ရောက် သင်ယူရမှဖြစ်ပြီး လျှောက်ထား လိုသူများ အနေဖြင့် သက်ဆိုင်ရာ Bachelor Degree (Honors) တစ်ခုနှင့် Degree နှင့် ဆက်စပ်သော လက်တွေ့ လုပ်ငန်းခွင် အတွေ့ အကြုံ အနည်းဆုံး (၂)နှစ်ရှိဖို့ လိုအပ်တယ်လို့သိရပါတယ်၊၊ NUS ရဲ့  M.Sc (EM) program ဟာ ပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ ဖွံ့ ဖြိုးရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေသူတွေအတွက် ရည်ရွယ်ထားသော ဘာသာရပ်ဖြစ်ပါတယ်၊၊ (၁)နှစ်ကြာ တက်ရောက်သင် ယူရမှာဖြစ်ပြီး အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ Degree (Honors) တစ်ခုရရှိထားဖို့လိုအပ်ကာ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများနှင့် ဆက်စပ် လုပ်ငန်းများတွင် လက်တွေ့ လုပ်ငန်းခွင် အတွေ့  အကြုံရှိရန်လည်း လိုအပ် တယ်လို့  သိရပါတယ်၊၊

အထက်ပါဘာသာရပ်နှစ်ခုလုံးကို လျှောက်ထားလိုသော မြန်မာနိုင်ငံသားများအနေဖြင့် အင်္ဂလိပ်စာ အရည်အချင်းစစ် အမှတ်များဖြစ်သော IELTS / TOEFL အမှတ်များ ရရှိထားရန်လိုအပ်ပါတယ်၊၊ အဆိုပါ program နှစ်ခုအတွက် ပညာရေးထောက်ပံ့ပေးသော Asian Scholarship program လည်းရှိပါတယ်။ ဒီအစီအစဉ်က စင်္ကာပူနိုင်ငံ သားမှလွဲပြီး Asian နိုင်ငံသားအားလုံး ပါဝင်လျှောက်ထားနိုင်သော scholarship အစီအစဉ် ဖြစ်ပါတယ်၊၊  “ဒီ scholarship အစီအစဉ်က ကျောင်းသားများအတွက် စာသင်နှစ် တစ်နှစ်လုံးစာသင်ကြားစရိတ်၊ စာအုပ်စာတမ်းကြေး၊ ခရီးစရိတ်များအပြင် လစဉ်ထောက်ပံ့ကြေးငွေများကို ပေးအပ်ချီးမြှင့် သွားမယ့်အစီအစဉ်တစ်ခုဖြစ်ပါတယ်၊၊ August 2010 စာသင်နှစ်အတွက် မြန်မာနိုင်ငံက Power Engineering ကျောင်းသားတစ်ယောက် ရရှိပြီး ဖြစ်ပါတယ်၊၊ ဒီ စကောလားရှစ်ကိုလျောက်ထားတဲ့အခါ၊ လျှောက်ထား လိုသူတွေ အနေနဲ့၊ ပညာရေးဆိုင်ရာ ထူးချွန်မှု့ မှတ်တမ်းများ၊ ကျောင်း၊ အလုပ်မှ ထောက်ခံချက်များ တင်ပြ နိုင်ပါက ရရှိရန် အခွင့်အရေးကောင်းမွန်ကြောင်း” Crown Education မှ Managing Director ဦးအောင်ကျော်ဆန်းမှပြောကြားပါတယ်၊၊ အထက်ပါ အကြောင်းအရာများနှင့်ပတ်သက်ပြီး ၀င်ခွင့်နှင့် Asian Scholarship လျှောက်ထားခြင်း ဆွေးနွေးရှင်းလင်းပွဲကို July (၉) ရက် ညနေ(၄)နာရီ မှ (၅)နာရီခွဲအထိ CROWN Education Office, Summit Parkview Hotel, Room 228-229 မှာရှင်းလင်းပြောကြားမှာဖြစ်ပြီး၊ ကျောင်းလျှောက်ထားရန်နှင့် ဆွေးနွေးပွဲတက်ရောက်ရန် ဖုန်း 211888 (Ext 228/229), 730 40 688 နှင့် 09-50-85185 တို့သို့ ဆက်သွယ်စုံစမ်း စာရင်းပေးနိုင်ကြောင်း သိရှိရပါတယ်၊၊









 

(1-7-2010)
Source : Ko Lin (Myanmar Training)


အင်ဂျင်နီယာ၊ ကွန်ပျူတာနှင့် စီးပွားရေးဘာသာရပ်ဆိုင်ရာ ပညာရေးဆွေးနွေးပွဲကျင်းပမည် . .       

          တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး စင်ကာပူနိုင်ငံတွင် အင်ဂျင်နီယာ၊ ကွန်ပျူတာနှင့် စီးပွားရေးဘာသာရပ်များဖြင့် ပညာဆက်လက် ဆည်းပူးလိုသူ
ကျောင်းသားကျောင်းသူများအတွက် ပညာရေးဆွေးနွေးပွဲ တစ်ခုကို ၂ဝ၁ဝ ခုနှစ်၊ ဇူလိုင်လ ၁ဝ ရက်နေ့ နံနက် ၁ဝ နာရီမှ နေ့လယ် ၁၂ နာရီအထိ OESC Seminar
Room တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ပညာရေးဆွေးနွေးပွဲ၌ စင်ကာပူနိုင်ငံတွင် အင်ဂျင်နီယာဘာသာရပ်၊ ကွန်ပျူတာဘာသာရပ်နှင့် စီးပွားရေးဘာသာရပ်များကို Diploma မှ စ၍ Advanced
Diploma, Bachelor Degree နှင့် Post Graduate Diploma, Master Program များအထိ ဆက်လက်သင်ယူနိုင်မည့် Pathway များ၊ ကျောင်းပြီးလျှင် ရရှိနိုင်မည့်
အလုပ်အကိုင်အခွင့်အလမ်းများ၊ Bachelor Degree နှင့် Post Graduate Diploma, Master Program များပြီးပါက စင်ကာပူနိုင်ငံတွင် Long Stay Visa ဖြင့်
နေထိုင်နိုင်သည့် EPEC Visa အကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် စင်ကာပူနိုင်ငံတွင် ပညာသင်ယူလိုသူများအနေဖြင့် ပြင်ဆင်ထားသင့်သည့်အချက်များ၊ ကုန်ကျစရိတ်များ၊ သိရှိထားသင့်သည့်အချက်များ၊ ကျောင်းပြီးပါက
ရရှိနိုင်မည့် အလုပ်အကိုင်များ စသည့် အကြောင်းအရာတို့နှင့် ပတ်သက်၍လည်း ဆွေးနွေးသွားမည်ဖြစ်သည်။
ပညာရေးဆွေးနွေးပွဲသို့ မည်သူမဆိုအခမဲ့တက်ရောက်လေ့လာနိုင်ပြီး လူဦးရေကန့်သတ်ထားသောကြောင့် OESC ဖုန်း - 519092၊ 095086819 သို့ ကြိုတင်စာရင်း
ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။










 

(6-7-2010)
Source : Internet Journal


ဒေါက်တာအောင်ထွန်းသက် ဟောပြောပွဲဖိတ်ကြားခြင်း . .    ..  .     .    


အကြောင်းအရာ ။ Myanmar Strategic Position in the Asia Region


အချိန် ။ နေ့လည် ၂း၀၀ နာရီ
နေ့ရက် ။ ဇူလိုင်လ ၁၀ ရက်နေ့ (စနေနေ့)
နေရာ ။ UMFCCI ၊ မင်းရဲကျော်စွာလမ်း၊ စွမ်းအင်ဝန်ကြီးရုံးအနီး။











 

(9-7-2010)
Source :
Ko Lin (Myanmar Training)


“ပညာမတတ်သော ပညာရှိ” ခေါင်းစဉ်ဖြင့် မန္တလေး၌ ဟောပြောပွဲ ကျင်းပမည် .  .    .  .    .       

         လုပ်ငန်းရှင်များ၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများအတွက် ရည်ရွယ်ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲကို Tip Top:
Capacity Development Institute of Myanmar မှ ဦးစီး၍ မန္တလေးမြို့ရှိ ဈေးချိုဟိုတယ်တွင် ဇူလိုင်လ ၁၁ ရက်နေ့ (တနင်္ဂနွေနေ့) နေ့လည် ၂ နာရီတွင်
ဒေါက်တာနေဇင်လတ် (MBA, DBA) မှ “ပညာမတတ်သော ပညာရှိ၊ ပညာမရှိသော ပညာတတ်” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည်ဖြစ်ရာ
တက်ရောက်ဆွေးနွေးလိုသူများ၊ ယင်းစောပြောပွဲတွင် မ တည်သူအနေဖြင့် ပါဝင်လိုသူများအနေဖြင့် ဖုန်း - 91001818၊ 095162062 သို့ဆက်သွယ်
စုံစမ်းနိုင်ကြောင်းသိရသည်။











 

(13-7-2010)
Source : Net Guide Journal

 
   

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats