Home | Forum | Contact Us | Site Map

Download Myanmar Font For Mozila Firefox Download Myanmar Font RSS RSS

Studying Abroad

Singapore

Malaysia

Australia

England

Thailand

Quiz Program

Quiz Program ကဏ္ဍအား ခေတ္တခဏနားထားပါသည်။....

MORE »
ANSWER NOW »

SUBSCRIBE

Your Email:


Seminar » Special Talk

စင်ကာပူပညာရေးအပြောင်းအလဲ ဆွေးနွေးမည်


            စင်ကာပူနိုင်ငံအခြေစိုက် AEC College နှင့်ပြည်တွင်းပညာရေးအတိုင်ပင်ခံလုပ်ငန်းတစ်ခုဖြစ်သော OESC တို့ပူးပေါင်း၍ ၂ဝ၁ဝ စင်ကာပူပညာရေး
အပြောင်းအလဲများအကြောင်း ပညာရေးဆွေးနွေးပွဲကို ဇူလိုင်လ ၁၈ ရက်တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့တော်ရှိ Parkroyal ဟိုတယ်၌ နံနက် ၁ဝ နာရီမှ ၁၂ နာရီအထိ
ပြုလုပ်မည်ဖြစ်ကြောင်း OESC တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
ယင်းနေ့တွင် ဘာသာရပ်များအကြောင်းအရာအသေးစိတ်ဆွေးနွေးမည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံ AEC College မှ Assistant Director Mr.Gobee က
လာရောက်ဆွေးနွေးပေးမည်ဖြစ်ပြီး ယင်းနေ့တွင် ပထမဆုံးကျောင်းအပ်သူ ငါးဦးကို ကျောင်းဝင်ကြေး၏ ၂ဝ ရာခိုင်နှုန်းလျှော့ပေးမည်ြဖစ်ကြောင်း
၎င်းကဆက်လက်ပြောကြားသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လိုသူများသည် OESC ဖုန်း - 519092၊ 09-5086819 သို့ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း ၎င်းထံမှ သိရသည်။









 

(13-7-2010)
Source : The Voice Journal


BioMedical Science ဒီဂရီအတွက်အသစ်သင်ယူရရှိနိုင်သည့် Cancer Biology ဘာသာရပ်နှင့် နှင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များအကြောင်း CROWN Education မှ ရှင်းလင်းပြောကြား .    .       

          နိုင်ငံတကာပညာရေးနှင့်ပတ်သက်၍ ဘာသာရပ်ရွေးချယ်ခြင်း၊ အသက်မွေးဝမ်းကြောင်းရွေးချယ်ခြင်းများ အတွက်စဉ်း စားရာတွင်၊ ဆေးပညာကို
စိတ်ဝင်စားပြီး၊ နိုင်ငံတကာအသိအမှတ်ပြု ဒီဂရီရရှိလိုသူများအတွက် BioMedical Science နဲ့  Pharmaceutical Management ဘာသာရပ်များကို
ကျောင်းသူကျောင်းသားများ စိတ်ဝင်စားကြောင်းသိရပါတယ်၊၊
Biomedical Science ဆိုတာ လူတွေရဲ့ အသက်ဇီဝ ဖြစ်စဉ် တွေကို လေ့လာခြင်းနဲ့ လူတွေမှာ ဖြစ်လေ့ရှိတဲ့ ရောဂါတွေနဲ့ ဒီရောဂါတွေရဲ့ နောက်ဆက်တွဲ
အကြောင်းအရာတွေကို လေ့လာတဲ့ ဘာသာရပ်တစ်ခုဖြစ်ပါတယ်၊၊ နောက်ပြီး အဆိုပါရောဂါတွေနဲ့ပတ်သက်လို့ ရောဂါကုထုံးတွေရှာဖွေတာ၊ သုတေသန
ပြုတာတွေအပြင် ၄င်းဖြစ်စဉ်တွေနဲ့ပတ်သက် တဲ့ဖြစ်စဉ်တွေကို Scientific ရှု့ထောင့်မှာ လေ့လာတဲ့ဘာသာရပ်ဖြစ်ပါတယ်၊၊

        BSc(Hons) in Biomedical Sciences စာသင်နှစ်ရဲ့  ပထမနှစ်နဲ့ ဒုတိယနှစ်တွေမှာ ဇီဝကမ္မဖြစ်စဉ်နဲ့ ရောဂါဗေဒ တွေကိုလေ့လာပြီး၊ နောက်ဆုံးနှစ်မှာ Cancer
Biology, Medical Cell Biology နဲ့  Medical Biochemistry တို့ အနက် မှနှစ် သက်ရာ Major ကိုလေ့လာနိုင်မှာဖြစ်ပါတယ်၊၊
Cancer Biology ဘာသာရပ်မှာ Cancer ဖြစ်ပွားစေတဲ့ Molecular နဲ့ Geneticအကြောင်းအရင်းများ၊ နဲ့ ယခုအသစ်ပေါ်ပေါက်တာတဲ့ ကင်ဆာကုထုံးသစ်များ
အကြောင်းကို လေ့လာရမှာဖြစ်ပြီး၊ Medical Cell Biology မေဂျာမှာတော့ ရောဂါဗေဒ နဲ့  ကုထုံးများ၊ Medical Biochemistry မှာတော့ Cell များအလုပ်လုပ်ပုံနဲ့ 
ရောဂါများ အပေါ် အကျိုးသက်ရောက်မှု့ များကိုလေ့လာရမှာဖြစ်ပါတယ်၊၊
Pharmaceutical Management ဘာသာရပ်မှတော့ဆေးဝါးများဒီဇိုင်းထုပ်လုပ်ခြင်း၊ ဖြန့် ဖြူးခြင်း၊ လူခန္ဒာတွင် ဆေးဝါးများအလုပ်လုပ်ခြင်းအပြင် ဆေးဝါးများနှင့်
ပတ်သက်သည့် စီးပွားရေး၊ ဈေးကွက်ရှာဖွေခြင်း၊ စီမံခန့်  ခွဲခြင်းများအပါအ၀င် ဆေးဝါးသစ်များထုတ်လုပ်ခြင်း၊ ခွင့်ပြုချက်ရယူခြင်းနှင့်ပတ်သက်သည့်
စည်းမျဉ်းစည်းကမ်းများ လုပ်ထုံးလုပ်နည်းများ ပါလေ့လာသင်ယူရမှာဖြစ်ပါတယ်၊၊
ဘွဲ့ ရများအနေဖြင့် ဆေးဝါးနယ်ပယ်တွင်မကပဲ ကျန်းမားရေးစောက်ရှောက်မှု့ဆက်စပ်အလုပ်အကိုင်တွေကိုပါ လုပ်ကိုင် နိုင်တယ်လို့သိရပါတယ်၊၊University of
Bradford ကချီးမြင့်တဲ့  BSc(Hons) in Biomedical Science နဲ့  BSc(Hons) in Pharmaceutical Management ဘာသာရပ်ကို Management Development
Institute of Singapore Institute of Singapore တွင်လေ့လာနိုင်ပြီး၊ (၁၀) တန်းအောင်မြင်ထားသူများ Foundation Program မှစတင်တက်ရောက်နိုင်ကာ၊
Foundation ပရိုဂရမ်အပါအ၀င်၊ (၃) နှစ်ခွဲတက်ရောက်ရန် လိုအပ်ပါတယ်၊၊
M.B.B.S ဘွဲ့ရများအနေနဲ့ ပထမနှစ်မှ Human Genetic နှင့် ဒုတိယနှစ်မှ Molecular Genetic and Molecular Cell Biology ဘာသာရပ်များကို
သာသင်ယူရန်လိုအပ်ပြီး၊ Foundation, ပထမနှစ် နှင့် ဒုတိယနှစ်တို့ကို ကင်းလွတ်ခွင့်ရရှိကာ တတိယနှစ်သို့တက်ရောက်ခွင့်ရရှိနိုင်တယ်လို့သိရပါတယ်၊၊ Bachelor
of Pharmaceutical Management ဘွဲ့ရရှိထားသူများအနေဖြင့် တစ်နှစ်ခွဲကင်းလွတ်ခွင့်ရရှိနိုင်ပါတယ်၊၊
အသေးစိတ်အချက်အလက်များကို July 23, သောကြာနေ့ ညနေ (၄)နာရီမှ (၅)နာရီခွဲအထိ၊ CROWN Education Office, အခန်း (၂၂၈-၂၂၉), Summit Parkview
Hotel, တွင်ကျင်းပပြုလုပ်မှာဖြစ်လို့ စိတ်ဝင်စားသူများ ဖုန်းနံပါတ်၊ 211 888 (လိုင်းခွဲ ၂၂၈ - ၂၂၉) နဲ့ ၀၉ ၅၀၈၅ ၁၈၅၊ ၇၃၀ ၄၀ ၆၈၈ မှာ ကြိုတင်စာရင်းပေး
တက်ရောက်နိုင် တယ်လို့သိရ ပါတယ်၊၊









 

(13-7-2010)
Source : Ko Lin (Myanmar Training)


ပဉ္စမအကြိမ်မြောက် Y.E.D.C ၏ Online လူငယ်တွေ့ဆုံပွဲကျင်းပမည် . . .  .    ..  .     .    

ပဉ္စမအကြိမ်မြောက် Y.E.D.C (Youth Education & Development Centre) ၏ Online လူငယ်တွေ့ဆုံပွဲကို ၂ဝ၁ဝ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်(တနင်္ဂနွေနေ့) နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိ Asia Plaza Hotel တွင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ လူငယ်မောင်မယ်များ တွေ့ဆုံပြီးရင်းနှီးမှုရရှိစေရန်၊ ပညာရှာဖွေသူ လူငယ်များအတွင်းတိုးတက်မှုနှင့် အခွင့်အလမ်းကောင်းများရရှိစေရန်၊ လူငယ်များစုစည်းပြီး လူမှုရေးလုပ်ငန်းများကို စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါပွဲသို့ တက်ရောက်လိုသူများအနေဖြင့် လက်မှတ်တစ်စောင်ကို ၃ဝဝဝ ကျပ်ဖြင့်ဝယ်ယူ တက်ရောက်နိုင်မည်ဖြစ်ပြီး Y.E.D.C ဖုန်း - 298 987 ၊ 09-5061942 သို့ဆက်သွယ်၍ စုံစမ်းဝယ်ယူနိုင်မည်ဖြစ်သည်။











 

(24-7-2010)
Source :
Internet Journal


မြန်မာကျောင်းသားများအတွက် နိုင်ငံတကာတက္ကသိုလ်များတွင် ရွေးချယ်သင့်သောဘာသာရပ်များ အကြောင်းနှင့် MDIS မှပေးအပ်မည့် Merit Scholarship အကြောင်းရှင်းလင်း ပြောကြား . . .  .    .  .    .       

နိုင်ငံတကာတွင်ပညာသင်ယူမည့် မြန်မာကျောင်းသူကျောင်းများအတွက် တက္ကသိုလ်များတွင် ရွေးချယ်သင့်သောဘာသာရပ်များ၊ အလုပ်အကိုင် အခွင့်အလမ်းအတွက် အားသာချက်ရှိသောဘာသာရပ်များ၊ မိမိနဲ့ကိုက်ညီမှု့ရှိသော ဘာသာရပ်များကိုရွေးချယ်နည်းစသည့် အကြောင်းအရာများအပါအ၀င်၊ Management Decelopment Institute of Singapore မှ နှစ်စဉ်ပေးအပ်လျက်ရှိသော Merit Scholarship အကြောင်းကို MDIS နှင့် CROWN Education တို့ပူးပေါင်းစီစဉ်မှု့ဖြင့် ရန်ကုန်မြို့၊မန္တလေးမြို့များတွင် ရှင်းလင်းပြောကြားသွားမယ်လို့သိရပါတယ်၊၊ မြန်မာနိုင်ငံမှကျောင်းသူကျောင်းသားများအတွက် နိုင်ငံတကာပညာရေးအတွက်၊ မိမိနှင့်လိုက်ဘက်မည့် အသက်မွေးဝမ်းကျောင်းမှု့ဘာသာရပ်ရွေးချယ်ရာတွင်၊ အခက်အခဲတွေ့ရလေ့ရှိကြောင်း၊ မတူညီသည့် ပညာရေးစနစ်များအတွက် စနစ်တကျရွေးချယ်တတ်စေရန်လိုအပ်တယ်လို့ဆိုပါတယ်၊၊

အဆိုပါရှင်းလင်းပြောကြားမည့်အစီအစဉ်တွင်၊ အင်ဂျင်နီယာဘာသာရပ်များ၏ သဘောသဘာဝများ၊ Finance နှင့် Accounting ဘာသာရပ်များ၏ ကွဲပြားခြားနားမှု့များ၊ Management ဘာသာရပ်ကို ရွေးချယ်မည့် ကျောင်းသူကျောင်းသားများအတွက်၊ နိုင်ငံတကာအလုပ်အကိုင်အခွင့်အရေးနှင့် ပတ်သက်သည့် သတိထားရမည့်အချက်များ၊ သြစတြေလျ PR အတွက် ရွေးချယ်သင့်သောဘာသာရပ်များအကြောင်းနှင့် MDIS မှချီးမြင့်မည့် Merit Scholar လျှောက်ထားခြင်း အကြောင်း အသေးစိတ်အချက်အလက်များကို ရှင်းလင်းပြောကြားသွားမယ်လို့သိရပါတယ်၊၊ “ကျွန်တော့်တို့ဒီကကျောင်းသားလေးတွေက ဘာသာရပ်ရွေးချယ်တဲ့ နေရာမှာ အခက်အခဲတွေ့ရလေ့ရှိပါတယ်၊၊ စင်္ကာပူ၊ သြစတြေလျမှာသူတို့ပညာရေးစနစ်အတိုင်းတက်ခဲ့တဲ့ ကျောင်းသား တစ်ယောက်အတွက်၊ တက္ကသိုလ်ဘာသာရပ် တွေရွေးချယ်တဲ့အခါ အခက်အခဲမရှိနိုင်ပေမဲ၊့ တဖက်ပညာရေးစနစ်က တဖက်ပညာရေးစနစ်ကိုကူးတဲ့အခါ ကျွန်တော်တို့ ကျောင်းသူ ကျောင်းသားလေးတွေအတွက် တစ်ချို့အခက်အခဲလေးတွေရှိပါတယ်၊၊ ဥပမာ၊ သြစတြေလျတက္ကသိုလ်တွေလျှောက်တဲ့အခါ၊ အင်္ဂလိပ်စာကျွမ်းကျင်မှု့လိုအပ်ချက်၊ (၁၂ တန်းပညာရေးပြီးဆုံးခဲ့ရမယ် ဆိုတဲ့လိုအပ်ချက် ၊ ဘယ်ဘာသာမျိုးကို သင်ယူပြီးဆုံးမှသာ အလုပ်အကိုင်အတွက် ဦးစားပေးစဉ်းစားမယ်ဆိုတဲ့ အချက်လေးတွေရှိတဲ့အတွက် ဘာသာရပ် ရွေးချယ်တဲ့အခါ ကျွန်တော်တို့အတွက်အရေးကြီးလာပါတယ်၊၊” “ဒါကြောင့် ဒီအစဉ်ကနေပြီး၊ ဘာသာရပ်တွေရဲ့သဘောသဘာဝအကြောင်း၊ သူတို့နဲ့ကိုက်ညီမှု့ရှိတဲ့ ဘာသာရပ်တွေကိုရွေးချယ်နိုင်ဘို့ နိုင်ငံတကာ CareerAptitude Test တွေမှာသုံးတဲ့ဉာဏ်စမ်း မေးခွန်းတိုလေးတွေနဲ့ နမူနာပေးပြီး အသေးစိတ်ရှင်းလင်းပြသွားဖို့ စီစဉ်ထားပါတယ်၊၊

အဆိုပါအစီအစဉ်တွင်၊ ပြည်တွင်းမှာပင်ပညာသင်ယူမည့်ကျောင်းသားများအတွက်လည်း၊ တစ်ချိန်နိုင်ငံတကာ တွင်ပညာဆက်လက်သင်ရာတွင် အခွင့်အရေးများစေရန်၊ လိုက်ဖက်မှု့ရှိသော ပြည်တွင်းတက္ကသိုလ်များ၊ ဘာသာရပ်များအကြောင်းကိုပါ ထည့်သွင်းရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပြီး၊ အဆိုပါ ရှင်းလင်းပွဲကို ရန်ကုန်မြို့၊ Park Royal Hotel တွင်၊ သြဂုတ်လ (ရ)ရက်(စနေနေ့)၊ နံနက် (၁၀)နာရီမှာ (၁၂)နာရီအထိ၎င်း၊ တစ်ဦးချင်း ဆွေးနွေးပေးမည့် အစီအစဉ်ကို မန္တလေးမြို့၊ Mandalay Swan Hotel တွင်၊ သြဂုတ်လ (၈)ရက်၊ ညနေ(၄)နာရီမှ (၆)နာရီအထိ ပြုလုပ်မည်ဖြစ်ပါသဖြင့်၊ CROWN Education, Summit Parkview Hotel, အခန်းနံပါတ် (၂၂၈-၂၂၉)၊ ဖုန်း ၂၁၁ ၈၈၈ (လိုင်းခွဲ- ၂၂၈ - ၂၂၉) နှင့် ၀၉ ၅၀၈၅ ၁၈၅ တို့တွင်ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်၊၊













 

(30-7-2010)
Source : Ko Lin (Myanmar Training)

 
   

    ››Do and Don't      ›› Categories       ›› A to Z listing       ›› International Exam       ›› Questions & Answers       ›› Studying Abroad       ›› Cyber Cafe List
    ›› Scholarship       ›› Seminar       ›› Download       ›› News       ›› Quiz Program       ›› Contact Us       ›› Video program New!

Advertising Programs - Business Solutions - About Myanmartraining

© 2009 MyanmarTraining.com. All rights reserved.

Total Hits :  counter stats